
လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ Xiaomi ဟာ
သူ့ပရိတ်သတ်တွေအတွက် MIUI 12 OS နဲ့ Mi 10 Youth
ကိုမိတ်ဆက်ပေးတော့မှာပါ..
Mi10 Youth ရဲ့ ကြော်ငြာတွေကိုလည်း အရောင်ပေါင်းစုံနဲ့ ဝေဝေဆာဆာ
ကြော်ငြာထားတာကို Playfuldroid ဆိုတဲ့ ဆိုဒ်မှာ တွေ့လိုက်ပါသေးတယ်..

TENAA ရဲ့ဖေါ်ပြချက်အရ ကျစ်ကျစ်လစ်လစ်နဲ့ ပေါ့ပေါ့ပါးပါး သုံးလို့ကောင်းမယ်လို့ ပြောနေကြတဲ့
Xiaom Mi 10 Youth မှာ−
- Snapdragon 765 SOC ကို 2.4 GHz CPU နဲ့မောင်းနှင်ထားမယ်
- 4GB, 6GB နဲ့ 8GB ဆိုပြီး RAM ကို ၃ မျိုးရွေးချယ်နိုင်မယ်..
- Storage ကိုလည်း 64GB, 128GB နဲ့ 256GB ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မယ်..
- 6.57 လက်မ OLED မျက်နှာပြင်မှာ Waterdrop notch တပ်ဆင်ပေးထားပြီး underdisplay fingerprint လည်း မြှပ်ထားမယ်လို့ဆိုပါတယ်..
- 100mm သာထူပြီး အလေးချိန်ကလည်း 200 ဂရမ်သာရှိတယ်ဆိုတော့ တော်တော်ပါးပြီး ပေါ့မယ့်ပုံပါပဲ..

- 48MP Main Camera ပါဝင်တဲ့ ကင်မရာ ၄ လုံးတပ်ဆင်ပေးထားမှာဖြစ်ပြီး အဲဒီထဲက တစ်လုံးဟာ 50X ထိထောက်ပံ့နိုင်တဲ့ Periscope Zoom ဖြစ်သတဲ့..
- 4060mAh ဘက်ထရီကို 18W ဒါမှဟုတ် 27W Fast-Charging စနစ်ပါမယ်လို့ဆိုပေမယ့် အချို့ကတော့ 22.5W ပါမယ်လို့လည်း ခန့်မှန်းနေကြပါတယ်..
No comments:
Post a Comment