
မည်သူမဆို ကိုယ့်ရဲ့ဖုန်းထဲက ဓါတ်ပုံတွေ၊ဗွီဒီယိုတွေကိုမှားပြီးဖျက်မိတာမျိုးတွေ ရှိခဲ့ဖူးမှာပါ။ အဲ့ဒီလို မျိုးဖြစ်ခဲ့ရင် အခုပြောတဲ့နည်းလေးနဲ့ မှားဖျက်မိတဲ့ဓါတ်ပုံတွေ၊ဗွီဒီယိုတွေအပြင် messages နဲ့ contacts တွေကို ပါ အလွယ်တကူပြန်ယူလို့ပါတယ်။
အဆင့်(၁)- ဒေတာမှားဖျက်မိသွားပြီဆိုတာနဲ့ သင်ရဲ့ Android ဖုန်းကို update မလုပ်ပါတော့နဲ့။
အဆင့်(၂)- Android Data Recovery
ပရိုဂရမ်ကို ဒေါင်းလုတ်ဆွဲ၍ ကွန်ပြူတာတွင်ဖွင့်ပါ။
USB
ကြိုးမှတစ်ဆင့် Android ဖုန်းကို ကွန်ပြူတာသို့ချိတ်ဆက်ခိုင်းပါလိမ့်မည်။
ချိတ်လိုက်ပါ။
အဆင့်(၃)- Android ဖုန်းတွင် USB Debugging ကိုဖွင့်ပါ။
ဒါကတော့ Android Version ကိုလိုက်ပြီးတော့ အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။
Android 4.2 နဲ့အထက်ဆိုရင်တော့
Settings>About Phone>Build Number ကို “You are under
Developer
mode” ဆိုတဲ့စာသားပေါ်လာတဲ့အထိ
အကြိမ်များစွာနှိပ်ပေးပါ။
(အချို့ဖုန်းများတွင်မလိုပါ) ထို့နောက်
Settings>Developer Option> USB debugging ကိုအမှန်ခြစ်ပေးပါ။
Android 3.0 နဲ့ 4.1 ကြားဆိုရင်တော့
Setting>Developer option>USB debugging
ကိုအမှန်ခြစ်ပေးပါ။ Android
2.3 နဲ့ အစောပိုင်း Version များမှာတော့ Setting>Applications>
Development>USB debugging ကိုအမှန်ခြစ်ပေးပါ။

ထို့နောက် Android Data Recovery ပရိုဂရမ်က သင် recover လုပ်လိုသော data များကိုရွေးခိုင်းပါလိမ့်မယ်။ အမှန်ခြစ်၍ရွေးလိုက်ပါ။

အဆင့်(၄)- သင်မှားဖျက်မိလိုက်တဲ့
Android ထဲက ဒေတာတွေကို Scan စဖတ်ပါမယ်။ ကွန်ပြူတာက ပရိုဂရမ်ကို Start
လုပ်ပါ။ အဲ့ဒီအချိန်မှာတော့ သင့်ရဲ့ဖုန်းစကရင်မှာ ခွင့်ပြုချက်တောင်းခံတဲ့
Box တစ်ခုကျလာပါလိမ့်မယ်။ Allow ကိုနှိပ်ပါ။ ကွန်ပြူတာမှာ Start
ကိုပြန်နှိပ်ပါ။

အဆင့်(၅) သင်မှားဖျက်မိလိုက်တဲ့
ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ Contacts တွေ၊ Messages တွေကို ပြန်ကြည့်ပြီး
Recovery လုပ်ပါမယ်။ သင်ဖျက်မိတဲ့ဒေတာတွေအားလုံးဟာ ပြန်ပေါ်လာပါပြီ။
ကိုယ်လိုချင်တဲ့ဟာတွေကို အမှန်ခြစ်ပေးလိုက်ပြီး recover ကိုနှိပ်လိုက်ပါ။

အခုဆိုရင်တော့ ဒေတာအားလုံးကိုပြန်လည်ရယူနိုင်ပါပြီ။
#kolinn (ဎ)
No comments:
Post a Comment