ဝန်ခံချက်
။ ။ ယခု Post မှာ ( XDA Developers) များမှ တရားဝင်ရေးဆွဲထားသော Root အကြောင်း ဆော့ဖ်ဝဲတစ်ခုမှ Top Ten Reasons Why We Root စာပိုဒ်ကို English ဘာသာမှ နားလည်လွယ်အောင် တောသားလေး (ကောင်းခန့်ကျော်) မှ အနီးစပ်ဆုံး ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ငြင်းဆိုချက်
။ ။ ကျွန်တော် Root Access ရယူခြင်းကို နှစ်သက်ပါသည်။ ကျွန်တော် ကိုင်ဖူးသမျှ ဖုန်းတိုင်းကိုလည်း Root ဖောက်ပြီး ကိုင်ခဲ့ပါသည်။ သို့သော် ROOT အကြောင်းကို အတော်အတန် နားမလည်ဘဲ ROOT မဖောက်ကြပါရန် အကြံပြုချင်ပါသည်။ ROOT အကြောင်း နားမလည်ဘဲ ROOT ဖောက်ပြီှး ဖြစ်လာသော ပြဿ နာ များကို တောသားလေးမှ တာဝန်ယူမည် မဟုတ်ပါ။
Android သည်
ဖုန်း၏ system လုပ်ဆောင်ချက်များကို စိတ်ကြိုက် ပြု ပြင်နိုင်သော
အရှင်းလင်းဆုံး စနစ်တစ်ခု ဖြစ်သည်။ သင်သည် သင်၏ ဖုန်းကို root
ဖောက်စရာ မလို ဟု ထင်ကောင်းထင်ပါလိမ့်မည်။ သို့သော် root
ဖောက်ခြင်းအားဖြင့် အလုပ်အနည်း ငယ် ပြု လုပ်ရုံနှင့်
များစွာပြီးမြောက်နိုင်သည်ကိုတော့ သင် အံ့သြသွားပါလိမ့်မည်။
အောက်တွင် ကမ္ဘ္ဘာတစ်ဝှမ်းရှိ Android ဖုန်းကိုင်သူများ၏ root
ဖောက်ရခြင်း အဓိက အကြောင်းအရင်း (၁၀) ချက်ကို ဖော်ပြထားသည်။
(၁)
မိမိဖုန်းနှင့် မကိုက်ညီသော App များကို install လုပ်နိုင်ခြင်း
နှင့် ပျောက်ကွယ်နေသော Feature များကို Unlock လုပ်နိုင်ခြင်း
တစ်ခါတစ်ရံတွင်
Android သည် သင်လိုချင်သော permittions ၊ စွမ်းဆောင်ချက်များနှင့်
Feature အချို့ကို သုံးခွင့်ပေးမထားပါ။ App တစ်ခုကို ၎င်းကုမ္ပဏီများက
block ထားလျှင်ဖြစ်စေ ၊ Android ၏ System file အတွင်း သို့
ထည့်မထားလျှင်ဖြစ်စေ ထို app ကို System အဖြစ် ပြောင်းလဲခွင့်
မရနိုင်ပါ။ Root ဖောက်ခြင်းသည် ၎င်းကုမ္ပဏီများမှ block ထားသော app
များကို install လုပ်နိုင်ခြင်း ၊ System app များအဖြစ်
ပြောင်းလဲနိုင်ခြင်း ၊ Android ၏ နောက်ဆုံးပေါ် Version (Firmware) မှ
feature များ ရနိုင်ခြင်း ၊ မကိုက်ညီသော app များကို ကိုက်ညီအောင်
ပြုလုပ်ပေးနိုင်ခြင်း ၊ သင့်ဖုန်း၏ Hardware ပိုင်းကို
စွမ်းအားမြှင့်ပေးနိုင်ခြင်း ၊ Audio ပိုင်းကို စည်းချက်မှန်၍
ကောင်းမွန်အောင် ပြုလုပ်ပေး နိုင်ခြင်း ၊ Moto X ဖုန်းကဲ့သို့
အသံပိုင်းဆိုင်ရာတွင် အထူးသီးသန့် Feature များကို ထိုစက်၏
အရည်အသွေးအတိုင်း အသုံးပြု နိုင်ခြင်း စသည်တို့ကို
ကံကောင်းထောက်မစွာ ကူညီပေးနိုင်ပါသည်။ root ဖောက်ခြင်း သည်
သင်လိုချင်သော မည်သည့်အရာပင်ဖြစ်စေ ထိုအရာများကို ပိုမို
အောင်မြင်ပြီးမြောက်ရန်အတွက် စွမ်း အားပေးနိုင်ပါသည်။
(၂) app တိုင်းကို အလိုအလျှောက် ပြုလုပ်စေနိုင်ခြင်း ၊ ရပ်တန့်စေနိုင်ခြင်း
သင်၏ ဖုန်းတွင်
Tasker ဟုခေါ်သော back ထွက်လိုက်သော်လည်း ဆက်လက်၍ အလိုအလျှောက်
လုပ်ဆောင်နေသည့် app များကို သင် ကြားကောင်း ကြားဖူးပါလိမ့်မည်။
ထို app များကို ပိတ်ရန်နှင့် စီမံခန့်ခွဲရန် အတွက် root
မလိုအပ်ပါ။ သို့သော် သင် root ဖောက်ထားလျှင် ထို app တစ်ခုလုံးကို
ပိုမို စနစ်တကျ စီမံခန့်ခွဲနိုင်သည်။ အင်တာနက်လိုင်း (3G) နှင့်
ဂြိုလ်တုစနစ် (GPS) တို့ကို အသုံးပြုသော Task များ ၊ CPU ၏ အရှိန်ကို
ပြင်ဆင်နိုင်သော Task များ ၊ Screen ပွင့်နေစေသော Task များ နှင့်
အခြား Task များ စသည့် Task အချို့ကို စီမံခန့်ခွဲ၍ ထိန်းချုပ်ရန်
root access ( root ဖောက်ရန် ) လိုအပ်သည်။ ထို့ကြောင့် သင်သည်
Tasker ကဲ့သို့သော app တစ်ခု၏ အကျိုးကျေးဇူးကို အပြည့်အဝ
ခံစားချင်လျှင် သင်၏ ဖုန်းကို root ဖောက်ရမည်မှာ အသေအချာပင်
ဖြစ်သည်။
(၃) သင့်ဖုန်း၏ သွက်လက်မှုနှင့် ဘတ္ထရီသက်တမ်းကို မြှင့်တင်ပေးခြင်း
root မဖောက်ဘဲ
သင်သည် သင်၏ ဖုန်းသွက်လက်မှုနှင့် ဘတ္ထရီသက်တမ်းကို မြှင့်တင်ရန်
နည်းလမ်းများစွာဖြင့် ဆောင်ရွက်နိုင်ပါသည်။ သို့သော် root
ဖောက်ထားလျှင် သင့်ဖုန်းသည် အမြဲတမ်း သွက်လက်ပြီး ဘတ္ထရီ
သက်တမ်းကို ရှည်ကြာစေအောင် ပြင်ဆင်နိုင်ပါလိမ့်မည်။ ဥပမာအားဖြင့် CPU
ကို ပြင်ဆင်နိုင်သော app တစ်ခုနှင့် CPU ကို အနည်းငယ်
မြှင့်ခြင်းဖြင့် သင်၏ ဖုန်းကို များစွာ သွက်စေနိုင်သကဲ့သို့ CPU
ကို လျှော့ခြင်းဖြင့်လည်း ဘတ္ထရီသက်တမ်းကို မြှင့်တင်နိုင်ပါသည်။
သင်မဖွင့်မီ နောက်ကွယ်တွင် အလိုအလျှောက် အလုပ်လုပ်နေသော app
များကို ပိတ်နိုင်သော application ကိုလည်း root ဖောက်ထားခြင်းဖြင့်
အသုံးပြုနိုင်ပါသည်။
(၄) မည်သည့် app မှမဆို ads (ကြော်ငြာများ) ကို block (ပိတ်) ထားနိုင်ခြင်း
ရှုပါလော့!!
အခါအားလျော်စွာ ထည့်သွင်းထားသော ကျွန်ုပ်တို့
ဝင်ငွေရှာရာဖြစ်သည့် ကြော်ငြာများ၏ လိုအပ်ချက် ကို
ကျွန်ုပ်တို့အားလုံး နားလည် သဘောပေါက်ကြပါ၏။ သို့သော်
ထိုကြော်ငြာများသည် ကျွန်ုပ်တို့၏ ဖုန်း လက်ကျန်ငွေများနှင့်
Internet traffic (အင်တာနက် သုံးစွဲရန် ပမာဏ) များ ၊
ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူသွားနိုင်ပါသည်။
အချို့ဖုန်းများနှင့် app များမှ ကြော်ငြာများကို သင်
ပိတ်ထားချင်လျှင် root ဖောက်ခြင်းသည် ထိုကဲ့သို့ ပြုလုပ်ရန်
အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ကြော်ငြာ အား အခမဲ့
ပြုလုပ်နိုင်ခြင်း ၊ ကြော်ငြာအား ပိတ်နိုင်ခြင်းနှင့်
ကြော်ငြာများ ပယ်ဖျက်နိုင်ခြင်း တို့သည် ကြီးမားသော option
(ရွေးပိုင်ခွင့်) ကြီးပင် ဖြစ်သည်။ တစ်ကယ်တော့ သင်၏ ဖုန်းကို
root ဖောက်မထားလျှင် သင့်ဖုန်းသည် pinch တစ်ခုအတွင်း
အလုပ်လုပ်နေသော Feature တစ်ချို့ကို သုံးစွဲခွင့် ပေးမည်မဟုတ်ပါ။
(၅) မည်သည့် data မျှ ပျက်စီးမှုမရှိဘဲ backup လုပ်နိုင်ခြင်း
သင်သည် Android
ဖုန်း အသစ်တစ်လုံး ပြောင်းကိုင်လျှင် သော်လည်းကောင်း ၊
အကြောင်းကြောင်းကြောင့် သင့်ဖုန်းကို restore
လုပ်လိုလျှင်သော်လည်းကောင်း သင် ပထမဆုံး သင်၏ app များ နှင့်
setting များကို backup လုပ်ရမည် ဖြစ်သည်။ သင့် device အား Root
ဖောက်လိုက်လျှင် လုပ်ဆောင်ချက် အနည်းမျှဖြင့် သင့်ဖုန်း၏ setup
တစ်ခုလုံးကို backup လုပ်နိုင်သည်။ Root မဖောက် ရသေးပါက app နှင့်
data များ စသည့် အရာ အနည်းငယ်ကိုသာ backup လုပ်နိုင်ပြီး လိုအပ်သော
system app များနှင့် ထို app တို့၏ data များ ၊ Titanium backup ( စက်
process တစ်ခုလုံး၏ သတင်း အတိုအထွာ များကို backup လုပ်ခြင်း )
မလုပ်နိုင်ပါ။
(၆) ဖုန်းရှိ အလိုအလျောက် Install လုပ်ထားပြီးသော Crapware များကို ဖယ်ရှားနိုင်ခြင်း
Titanium backup
သည် ဖုန်းများစွာတို့၌ ဦးစွာ Install လုပ်ထားပြီးသည့် စိတ်
အနှောင့်အယှက် ဖြစ်စေသော ၊ battery အားကုန်မြန်စေသော ၊ memory
နေရာလွတ်များကို ဖြုန်းတီးနေသော Crapware များကို unistall
လုပ်နိုင်ပါသည်။ ထိုကဲ့သို့သော Feature ကို root ဖောက်မှသာ
ရနိုင်သည်။ သင့်ဖုန်းကို ထို Crapware များ မပါဘဲ ပုံမှန်
လုပ်ဆောင်နိုင်ရန် ပထမဆုံး ၎င်း Crapware များကို Freeze လုပ်ပါ။
ထို့နောက် ဖုန်း၏ memory နေရာလွတ် တိုးလာစေရန် ထို Crapware
များကို အပြီး ဖျက်ပစ်လိုက်ပါ။
[Freeze လုပ်နည်းကို ကျွန်တော့် Blog တွင် နောက်မှ ဖော်ပြပေးသွားပါမည်။ တောသားလေး (ကောင်းခန့်ကျော်) ]
(၇) Android apk များအား ပြင်ဆင်နိုင်ခြင်း
သင်သည် ဖုန်း၏
Feature အသစ်တိုင်းနှင့် ကလိတတ်သောသူ ဖြစ်လျှင် root
ဖောက်ခြင်းသည် သင့်အတွက် အကောင်းဆုံး ဖြစ်သည်။ သင့် Keyboard ၏
layout ပိုင်းကို Keyboard Manager ကဲ့သို့သော application
တစ်ခုခုနှင့် ပြင်ဆင်ချင်လျှင် သော်လည်းကောင်း ၊
သင်ကိုယ်တိုင် စာရေးရာတွင် ပိုမို သွက်လက်စေခြင်း ၊
အဆင့်မြှင့်ပြီး လက်ကွက်များ နှင့် အခြား အပို theme များကို Pimp My
ROM နှင့် ပြင်ဆင်ထည့်သွင်း ချင်လျှင် သော်လည်းကောင်း Root
ဖောက်ခြင်းသည် သင့်စိတ်ကူးအတိုင်း ဖန်တီးရန် စွမ်းအင်
ပေးနိုင်ပါသည်။ သင် ထိုသို့လုပ်လျှင် XDA နည်းပညာအသင်းကြီးသည်
တစ်စုံတစ်ရာ ကူညီနိုင်သော အသေးစား app သိုမဟုတ် tweak တစ်ခု ကို
ဖန်တီးသကဲ့သို့ ပြောင်းလဲမှုများသည် forum တစ်ခုကို ကျော်လွန်အောင်
ဆောင်ရွက်စေနိုင်ပါသည်။ System app အဖြစ်လည်း ပြောင်းလဲနိုင်ပါသည်။
(၈) Custom Kernel တစ်ခုကို Flash လုပ်နိုင်ခြင်း
Android တစ်ချို့၏
under-the-hood tweak များသည် root ဖောက်ထားသော ဖုန်းဖြင့်သာလျှင်
flash လုပ်နိုင်သော custom kernel တစ်ခု လိုအပ်ပါသည်။ Kernel သည်
သင့် app များနှင့် ဖုန်း၏ Hardware ပိုင်းကို ဆက်သွယ်ရန်
ကူညီပါသည်။ ဆိုလိုသည်မှာ Custom kernel တစ်ခုသည် သင့်ကို performance
များ ပိုမို ကောင်းမွန်စေခြင်း ၊ ဘတ္ထရီသက်တမ်းကို ရှည်ကြာစေခြင်း
နှင့် ဘတ္ထရီအားဖြည့်လျှင် လျှင်မြန်စွာ အားပြည့်စေခြင်း
(အားဖြည့်လျှင် backgroud data များကို ပိတ်ပေးထားခြင်း) ၊ အခြား feature
အများအပြားကို ပေးစွမ်းနိုင်ပါသည်။ သင်သည် kernel များအား Kernel
manager ကဲ့သို့ တစ်ခုခုဖြင့် တစ်ဆင့်ချင်း သို့မဟုတ် ရိုးစင်းစွာ
flash လုပ်နိုင်ပါသည်။
(၉) Custom ROM တစ်ခုကို Flash လုပ်နိုင်ခြင်း
သင် ယခု Feature
ကို သိပြီး ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် ၎င်းသည်လည်း root
ဖောက်ခြင်း၏ အကောင်းဆုံး အကျိုး ရလဒ်တစ်ခု ဖြစ်ပါသည်။ Custom ROM
တစ်ခုသည် Android Custom version တစ်ခု၏ အခြေခံ ဖြစ်သည်။ ထို့ပြင်
သင်၏ ဖုန်းအသုံးပြုပုံ ကိုပါ ပြောင်းလဲပစ် နိုင်ပါသည်။ Custom ROM
အချို့သည် Android ၏ stock version တစ်ခုကို stock version မဟုတ်သော
ဖုန်းအဖြစ် ပြောင်းပေးခြင်း သို့မဟုတ် Android ၏ Version
အဟောင်းတစ်ချို့ကို အသစ်အဖြစ် ပြောင်းပေးခြင်း စသော
စွမ်းရည်တို့ကို အလွယ်တကူ ဆောင်ကြဉ်းပေးနိုင် ပါသည်။ Custom ROM
တစ်ချို့သည် Handy feature အသစ် တို့ကို ပေးစွမ်းနိုင်သည်။
အချို့သည် ပြိုင်ဘက်ကင်း Feature အစစ်အမှန် အများအပြားကို
ပေးစွမ်းနိုင်သည်။ အချို့သည် သင့်ဖုန်း၏ system လုပ်ဆောင်ချက်
အားလုံးကို ခြေဆုံးခေါင်းဆုံး ပြောင်းလဲပစ် နိုင်ပေသည်။
သင့်ဖုန်းသည် Nexus ဖုန်း အမျိုးအစားပင် ဖြစ်နေပါစေ မည်သို့သော
ဖုန်းပင် ဖြစ်စေ အကြောင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် root
ဖောက်ခြင်းဖြင့် Custom ROM များကို စိတ်ကြိုက်တင်ပြီး Feature
အလန်းများကို ရယူရန် အကြံပြု လိုက်ပါသည်။ သင့်ကို ဘယ်တော့မှ စိတ်
မချမ်းမသာ မဖြစ်စေပါ။သို့သော် မိမိတင်လိုသော Custom ROM သည် Error
လုံးဝမရှိ သို့မဟုတ် Error အနည်းဆုံး ဖြစ်သင့်ပြီး စမ်းသပ်ဖူးသူ အတန်အသင့်
ရှိသင့်ပါသည်။
မှတ်ချက်။ ။ သင် ဖတ်ဖူးသော စာအုပ်များနှင့် အတွေ့အကြုံ များတွင်
Custom ROM တစ်ခုကို Flash လုပ်ရန် အမှန်တကယ်ပင် root access
မလိုအပ်ဘူး ဟု ဆိုလျှင်သော်မှ သင့် bootloader ( တစ်ခါတစ်ရံ root
access နှင့်အတူ ကွယ်ပျောက်နေသော process တစ်ခု ) ကို Unlock
လုပ်ရန် လိုအပ်ပါလိမ့်မည်။ Root ဖောက်ခြင်းသည် ထုတ်လုပ်သူ၏
ကန့်သတ် ထားမှု အောက်မှလည်း ကင်းလွတ်စေနိုင်ပါသည်။ ထို့ကြောင့်
ထိုထုပ်လုပ်သူ၏ နည်းပညာ စာရင်းပင် ဝင်သော်ငြားလည်း
ထိုစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ပါသည်။
(၁၀) သင့်ဖုန်းအား သင် အမှန်တကယ် ပိုင်ဆိုင်စေခြင်း
နောက်ဆုံးတွင်
အထက်တွင် ဖော်ပြခဲ့သော root ဖောက်ခြင်း၏ စွမ်းရည်အားလုံး
တို့သည် အောက်ပါအချက် တစ်ချက်တည်း ကိုသာ ရည်ညွှန်းပါသည်။
ထိုအချက်မှာ သင်သည် သင့်ဖုန်းကို စိတ်ရှိတိုင်း ပြုပြင်နိုင်၍
သင့်ကို အမှန်တကယ် ပိုင်ဆိုင်စေခြင်း ပင်ဖြစ်သည်။
ထုတ်လုပ်သူများနှင့် ကုမ္ပဏီများသည် ထိုအချက်ကို
ထိန်းသိမ်းနိုင်ရန် ကြိုးစားနေကြသည်။ သို့သော် root access သာ
ရလျှင် သင့်ဖုန်းကို အမှန်တကယ် ပိုင်ဆိုင်နိုင်ပြီး
ထုတ်လုပ်သူများက ပိတ်ပင်နိုင်ရန် ကြိုးစားနေသော အခြား party များ၊
အခွင့်အလမ်းများ အားလုံးကို သင်ကိုယ်တိုင် ဖွင့်ပစ်နိုင်ပါသည်။
ကျွန်တော်သည် အများအားဖြင့် အခြားသူများ၏ ဖုန်း များကို Root ဖောက်ရန်
မတိုက်တွန်း ပါ။ သို့သော် နောက်ဆုံးတွင် Root ဖောက်ခြင်းဖြင့်
ရလာသည့် ထိန်းချုပ်နိုင်မှု စွမ်ရည်များ ၊ အခွင့်အလမ်းများ
စသည်တို့ကို သင် တန်ဖိုးဖြတ်နိုင်လိမ့်မည် မဟုတ်ပါ။
Root နှင့်ပတ်သတ်၍ နောက်ထပ် သိရှိလိုပါက ကျွန်တော့်ထံ Email မှတစ်ဆင့်
ပေးပို့မေးမြန်းနိုင်ပါသည်။ ဆရာမဟုတ်ပါခင်ဗျာ။ သိသမျှ ပြန်ဖြေပေးပါမယ် ။
တစ်ခါတစ်ရံတွင် Android သည် သင်လိုချင်သော permittions ၊ စွမ်းဆောင်ချက်များနှင့် Feature အချို့ကို သုံးခွင့်ပေးမထားပါ။ App တစ်ခုကို ၎င်းကုမ္ပဏီများက block ထားလျှင်ဖြစ်စေ ၊ Android ၏ System file အတွင်း သို့ ထည့်မထားလျှင်ဖြစ်စေ ထို app ကို System အဖြစ် ပြောင်းလဲခွင့် မရနိုင်ပါ။ Root ဖောက်ခြင်းသည် ၎င်းကုမ္ပဏီများမှ block ထားသော app များကို install လုပ်နိုင်ခြင်း ၊ System app များအဖြစ် ပြောင်းလဲနိုင်ခြင်း ၊ Android ၏ နောက်ဆုံးပေါ် Version (Firmware) မှ feature များ ရနိုင်ခြင်း ၊ မကိုက်ညီသော app များကို ကိုက်ညီအောင် ပြုလုပ်ပေးနိုင်ခြင်း ၊ သင့်ဖုန်း၏ Hardware ပိုင်းကို စွမ်းအားမြှင့်ပေးနိုင်ခြင်း ၊ Audio ပိုင်းကို စည်းချက်မှန်၍ ကောင်းမွန်အောင် ပြုလုပ်ပေး နိုင်ခြင်း ၊ Moto X ဖုန်းကဲ့သို့ အသံပိုင်းဆိုင်ရာတွင် အထူးသီးသန့် Feature များကို ထိုစက်၏ အရည်အသွေးအတိုင်း အသုံးပြု နိုင်ခြင်း စသည်တို့ကို ကံကောင်းထောက်မစွာ ကူညီပေးနိုင်ပါသည်။ root ဖောက်ခြင်း သည် သင်လိုချင်သော မည်သည့်အရာပင်ဖြစ်စေ ထိုအရာများကို ပိုမို အောင်မြင်ပြီးမြောက်ရန်အတွက် စွမ်း အားပေးနိုင်ပါသည်။
(၂) app တိုင်းကို အလိုအလျှောက် ပြုလုပ်စေနိုင်ခြင်း ၊ ရပ်တန့်စေနိုင်ခြင်း
သင်၏ ဖုန်းတွင် Tasker ဟုခေါ်သော back ထွက်လိုက်သော်လည်း ဆက်လက်၍ အလိုအလျှောက် လုပ်ဆောင်နေသည့် app များကို သင် ကြားကောင်း ကြားဖူးပါလိမ့်မည်။ ထို app များကို ပိတ်ရန်နှင့် စီမံခန့်ခွဲရန် အတွက် root မလိုအပ်ပါ။ သို့သော် သင် root ဖောက်ထားလျှင် ထို app တစ်ခုလုံးကို ပိုမို စနစ်တကျ စီမံခန့်ခွဲနိုင်သည်။ အင်တာနက်လိုင်း (3G) နှင့် ဂြိုလ်တုစနစ် (GPS) တို့ကို အသုံးပြုသော Task များ ၊ CPU ၏ အရှိန်ကို ပြင်ဆင်နိုင်သော Task များ ၊ Screen ပွင့်နေစေသော Task များ နှင့် အခြား Task များ စသည့် Task အချို့ကို စီမံခန့်ခွဲ၍ ထိန်းချုပ်ရန် root access ( root ဖောက်ရန် ) လိုအပ်သည်။ ထို့ကြောင့် သင်သည် Tasker ကဲ့သို့သော app တစ်ခု၏ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားချင်လျှင် သင်၏ ဖုန်းကို root ဖောက်ရမည်မှာ အသေအချာပင် ဖြစ်သည်။
(၃) သင့်ဖုန်း၏ သွက်လက်မှုနှင့် ဘတ္ထရီသက်တမ်းကို မြှင့်တင်ပေးခြင်း
root မဖောက်ဘဲ သင်သည် သင်၏ ဖုန်းသွက်လက်မှုနှင့် ဘတ္ထရီသက်တမ်းကို မြှင့်တင်ရန် နည်းလမ်းများစွာဖြင့် ဆောင်ရွက်နိုင်ပါသည်။ သို့သော် root ဖောက်ထားလျှင် သင့်ဖုန်းသည် အမြဲတမ်း သွက်လက်ပြီး ဘတ္ထရီ သက်တမ်းကို ရှည်ကြာစေအောင် ပြင်ဆင်နိုင်ပါလိမ့်မည်။ ဥပမာအားဖြင့် CPU ကို ပြင်ဆင်နိုင်သော app တစ်ခုနှင့် CPU ကို အနည်းငယ် မြှင့်ခြင်းဖြင့် သင်၏ ဖုန်းကို များစွာ သွက်စေနိုင်သကဲ့သို့ CPU ကို လျှော့ခြင်းဖြင့်လည်း ဘတ္ထရီသက်တမ်းကို မြှင့်တင်နိုင်ပါသည်။ သင်မဖွင့်မီ နောက်ကွယ်တွင် အလိုအလျှောက် အလုပ်လုပ်နေသော app များကို ပိတ်နိုင်သော application ကိုလည်း root ဖောက်ထားခြင်းဖြင့် အသုံးပြုနိုင်ပါသည်။
(၄) မည်သည့် app မှမဆို ads (ကြော်ငြာများ) ကို block (ပိတ်) ထားနိုင်ခြင်း
ရှုပါလော့!! အခါအားလျော်စွာ ထည့်သွင်းထားသော ကျွန်ုပ်တို့ ဝင်ငွေရှာရာဖြစ်သည့် ကြော်ငြာများ၏ လိုအပ်ချက် ကို ကျွန်ုပ်တို့အားလုံး နားလည် သဘောပေါက်ကြပါ၏။ သို့သော် ထိုကြော်ငြာများသည် ကျွန်ုပ်တို့၏ ဖုန်း လက်ကျန်ငွေများနှင့် Internet traffic (အင်တာနက် သုံးစွဲရန် ပမာဏ) များ ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူသွားနိုင်ပါသည်။ အချို့ဖုန်းများနှင့် app များမှ ကြော်ငြာများကို သင် ပိတ်ထားချင်လျှင် root ဖောက်ခြင်းသည် ထိုကဲ့သို့ ပြုလုပ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ကြော်ငြာ အား အခမဲ့ ပြုလုပ်နိုင်ခြင်း ၊ ကြော်ငြာအား ပိတ်နိုင်ခြင်းနှင့် ကြော်ငြာများ ပယ်ဖျက်နိုင်ခြင်း တို့သည် ကြီးမားသော option (ရွေးပိုင်ခွင့်) ကြီးပင် ဖြစ်သည်။ တစ်ကယ်တော့ သင်၏ ဖုန်းကို root ဖောက်မထားလျှင် သင့်ဖုန်းသည် pinch တစ်ခုအတွင်း အလုပ်လုပ်နေသော Feature တစ်ချို့ကို သုံးစွဲခွင့် ပေးမည်မဟုတ်ပါ။
(၅) မည်သည့် data မျှ ပျက်စီးမှုမရှိဘဲ backup လုပ်နိုင်ခြင်း
သင်သည် Android ဖုန်း အသစ်တစ်လုံး ပြောင်းကိုင်လျှင် သော်လည်းကောင်း ၊ အကြောင်းကြောင်းကြောင့် သင့်ဖုန်းကို restore လုပ်လိုလျှင်သော်လည်းကောင်း သင် ပထမဆုံး သင်၏ app များ နှင့် setting များကို backup လုပ်ရမည် ဖြစ်သည်။ သင့် device အား Root ဖောက်လိုက်လျှင် လုပ်ဆောင်ချက် အနည်းမျှဖြင့် သင့်ဖုန်း၏ setup တစ်ခုလုံးကို backup လုပ်နိုင်သည်။ Root မဖောက် ရသေးပါက app နှင့် data များ စသည့် အရာ အနည်းငယ်ကိုသာ backup လုပ်နိုင်ပြီး လိုအပ်သော system app များနှင့် ထို app တို့၏ data များ ၊ Titanium backup ( စက် process တစ်ခုလုံး၏ သတင်း အတိုအထွာ များကို backup လုပ်ခြင်း ) မလုပ်နိုင်ပါ။
(၆) ဖုန်းရှိ အလိုအလျောက် Install လုပ်ထားပြီးသော Crapware များကို ဖယ်ရှားနိုင်ခြင်း
Titanium backup သည် ဖုန်းများစွာတို့၌ ဦးစွာ Install လုပ်ထားပြီးသည့် စိတ် အနှောင့်အယှက် ဖြစ်စေသော ၊ battery အားကုန်မြန်စေသော ၊ memory နေရာလွတ်များကို ဖြုန်းတီးနေသော Crapware များကို unistall လုပ်နိုင်ပါသည်။ ထိုကဲ့သို့သော Feature ကို root ဖောက်မှသာ ရနိုင်သည်။ သင့်ဖုန်းကို ထို Crapware များ မပါဘဲ ပုံမှန် လုပ်ဆောင်နိုင်ရန် ပထမဆုံး ၎င်း Crapware များကို Freeze လုပ်ပါ။ ထို့နောက် ဖုန်း၏ memory နေရာလွတ် တိုးလာစေရန် ထို Crapware များကို အပြီး ဖျက်ပစ်လိုက်ပါ။
[Freeze လုပ်နည်းကို ကျွန်တော့် Blog တွင် နောက်မှ ဖော်ပြပေးသွားပါမည်။ တောသားလေး (ကောင်းခန့်ကျော်) ]
Translated by : Taw Thar Lay .
Ema
No comments:
Post a Comment