သင့်မှာ Facebook အကောင့်များစွာ ရှိရင်ပဲဖြစ်ဖြစ်၊ Android Phone or
Tablet တစ်လုံးကို မိသားစုဝင်များ မျှဝေ အသုံးပြုရင်ပဲဖြစ်ဖြစ် ဒီနည်းလမ်းက
အသုံးဝင်ပါတယ်။ Facebook က Messenger Version အသစ်မှာ အကောင့်များစွာကို
အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ သင့်
အကောင့်များစွာ ဒါမှမဟုတ် မိသားစုဝင်များရဲ့ အကောင့်များစွာကို Messenger
မှာ Add လုပ်နိုင်ပါတယ်။ အဲဒီအတွက် သင့်အကောင့်နောက်တစ်ခုကို
အသုံးပြုချင်ရင်ဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက်က အသုံးပြုချင်ရင် ဖြစ်ဖြစ်
Login , Logout လုပ်ရတဲ့ အလုပ်ရှုပ်မှုများ ကင်းဝေးစေမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အကောင့်များစွာကို အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်ကို
Android Device များမှာသာ အသုံးပြုနိုင်ပါသေးတယ်။
အကောင့်များစွာကို သင့်ရဲ့ Android မှာ ထည့်သွင်းနိုင်ဖို့အတွက်
သင့်ဖုန်းမှာ Messenger Version အသစ်ကို Install လုပ်ထားပါ။ Version Number
59.0.0.27.79 အောက်မှာတော့ အလုပ်မလုပ်ပါဘူး။
သင့်ဖုန်း ၊ တက်ဘလက်မှ Facebook Messenger ကို ဖွင့်ပါ။
Settings Tab ကို နှိပ်ပါ။
အောက်ခြေကို ဆင်းပြီး Accounts ထဲကို သွားပါ။
Accounts ကဏ္ဍထဲမှ Plus Button ကို နှိပ်ပါ။
အီးမေး သို့မဟုတ် ဖုန်းနံပါတ်နဲ့ အတူ Password ထည့်ပေးပါ။ “ Require a
password when switching to this account.” မှာ အမှန်ခြစ်ပေးသင့်ပါတယ်။
အဲဒါမှသာ သင့်အကောင့်ကို အခြား လူများက အသုံးမပြုနိုင်မှာ ဖြစ်ပါတယ်။
အလားတူပဲ အခြားလူများအကောင့်ကိုလည်း ကာကွယ်ပေးထားပြီးသား ဖြစ်မှာပါ။
အကောင့်အသစ်တစ်ခုကို ထည့်သွင်းပြီးတာနဲ့ အဲဒီအကောင့်ကို အလိုအလျှောက်
ပြောင်းပေးမှာပါ။ အဲဒီအကောင့်ရဲ့ Conversations များကိုသာ
ပြသပေးမှာဖြစ်ပြီး အခြားအကောင့်များရဲ့ Conversations များကို
ဖွက်ထားပေးမှာဖြစ်ပါတယ်။
အကောင့်တစ်ခုကို ဖယ်ရှားချင်ရင် Settings> Accounts ထဲသွားပါ။
ဖယ်ရှားချင်တဲ့ အကောင့်ရဲ့ ညာဘက်ဘေးမှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပါ။
Remove account ကို နှိပ်ပါ။
အကောင့်များကို ပြောင်းလဲ အသုံးပြုချင်ရင် Settings> Accounts ထဲသွားပါ။
အသုံးပြုချင်တဲ့ အကောင့်ကို တစ်ချက်နှိပ်ပါ။ Continue ကို နှိပ်ပြီး
Password ကို ထည့်ပေးပါ။
Messenger မှာ နှစ်သက်သလောက် အကောင့်များစွာကို ထည့်သွင်းနိုင်ပါတယ်။
Ref: Myanmardigitallife.com
No comments:
Post a Comment