My.com က ထုတ်လုပ်ထားတဲ့ Artisto အက်ပလီကေးရှင်းရဲ့
နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့ ဗီဒီယိုတွေကို ကူးပြောင်းရမှာ
စက္ကန့်ပိုင်းလောက်သာကြာပြီး၊ လုပ်ဆောင်ချက်တော်တော် မြန်ပါတယ်။
AI နည်းပညာသုံး ဓာတ်ပုံမွမ်းမံဆော့ဖ်ဝဲတွေ
အပြိုင်အဆိုင်ထွက်ပေါ်လာမှာကြောင့် app ဈေးကွက်ဟာ ပိုမိုစိတ်ဝင်စားဖို့
ကောင်းလာပြီး၊ Prisma အနေနဲ့လည်း သူ့ပရိတ်သတ်တွေကို ဆွဲဆောင်ထားဖို့အတွက်
ဗီဒီယို Mode ကို မကြာခင်ထုတ်ပေးသွားတော့မယ်လို့ သိရပါတယ်။
Artisto အက်ပလီကေးရှင်းကို App Store မှာတော့ အဆင်သင့်ဒေါင်းလုဒ်ယူနိုင်မှာဖြစ်ပြီး၊ Google Play မှာတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက် မထုတ်ပေးသေးတာကြောင့် VPN သုံးပြီး ဒေါင်းလုဒ်ဆွဲရင်ဆွဲ ဒါမှမဟုတ် ဒီလင့်ခ်ကနေ သွားရောက်ရယူနိုင်မှာပါ။
Ref: TNW
Ref: digitaltimes.com.mm/
Ref: digitaltimes.com.mm/
No comments:
Post a Comment