Windows ကွန်ပြူတာတွေမှာ folder access ကအစ လုံးဝမတူတဲ့ user
အကောင့်တွေအများကြီးဖွင့်ပြီး သုံးနိုင်တယ်ဆိုတာ သိပြီးဖြစ်မှာပါ။
ဒီလိုစွမ်းဆောင်ရည်မျိုးကို သင့် Android ဖုန်းမှာကော မလိုချင်ဘူးလား။
Xiaomi ရဲ့ MIUI 8 မှာ ယခုစွမ်းဆောင်ရည်အတိုင်း လုပ်ဆောင်နိုင်တဲ့ “Second Space” ဆိုတဲ့ feature တစ်ခုပါဝင်လာပြီး၊ Xiaomi ရဲ့ အဆိုအရ ဖုန်းတစ်လုံးတည်းနဲ့ ဖုန်းနှစ်လုံးကိုင်နေရသလိုမျိုး ခံစားရမှာပါတဲ့။
ဒီလို အကောင့်နှစ်ခုပုံစံသုံးနိုင်တဲ့လုပ်ဆောင်ချက်ကို Google က Android စနစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ Android အသုံးပြုသူတွေအနေနဲ့ ဖုန်းတစ်လုံးမှာ theme မတူ၊ background ပုံမတူတဲ့ အကောင့်တစ်ခုထပ်ဖွင့်ကာ ကြိုက်ရာပြောင်းသုံးနိုင်ပါတယ်။ ဒါပေမယ့် Windows နဲ့မတူတာက၊ Android စနစ်မှာတော့ အကောင့်ပြောင်းသွားပေမယ့်၊ ဖိုင်တွေ၊ apps တွေကိုတော့ ဝင်သုံးနိုင်ဆဲဖြစ်ပြီး၊ လုံခြုံရေးပိုင်းက ဘာမှမကွာသွားပါဘူး။
ဒီအခြေအနေကို သတိထားမိတဲ့ Xiaomi ဟာ ၎င်းတို့ရဲ့ MIUI 8 မှာ “Second Space” ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Mi ရဲ့ Second Spcae မှာ user အနေနဲ့ ပုံစံကော၊ လုပ်ဆောင်ချက်ကော လုံးဝမတူတဲ့ အကောင့်တစ်ခုကို ထပ်ဖွင့်နိုင်မှာဖြစ်ပြီး၊ သီးသန့် apps ၊ folder ၊ theme ၊ ဗီဒီယို စတာတွေကိုပါ ထည့်ထားနိုင်ပါတယ်။
ဒီ့အပြင် Second Space ကို နောက်ထပ် Mi Account တစ်ခုနဲ့လည်း ထပ်ဝင်နိုင်သေးပြီး၊ ဖုန်းတစ်လုံးကိုင်ပေမယ့်၊ နှစ်လုံးကိုင်ထားရသလို ခံစားရမှာဖြစ်ပါတယ်။ Second Space ဖွင့်ထားတာဟာ၊ ဖုန်းမှာ သီးသန့်ဧရိယာတစ်ခု ဆောက်ထားသလိုဖြစ်ပြီး၊ တခြားလူတွေမမြင်တွေ့စေချင်တဲ့ ဖိုင်၊ ဗီဒီယို၊ apps စတာတွေ အကုန်လုံးကို Second Space ဆိုတဲ့ သီးသန့်တစ်နေရာမှာ သွားသိမ်းထားနိုင်မှာလည်းဖြစ်ပါတယ်။ Second Space ကို အသုံးချတတ်မယ်ဆိုရင် နောက်ထပ် အသုံးဝင်တဲ့အချက်တွေအများကြီးရှိပါသေးတယ်။
ဒါဆို MIUI 8 Second Space ကို ဘယ်လိုဖွင့်မလဲ
Credit to ==> Digital TimesXiaomi ရဲ့ MIUI 8 မှာ ယခုစွမ်းဆောင်ရည်အတိုင်း လုပ်ဆောင်နိုင်တဲ့ “Second Space” ဆိုတဲ့ feature တစ်ခုပါဝင်လာပြီး၊ Xiaomi ရဲ့ အဆိုအရ ဖုန်းတစ်လုံးတည်းနဲ့ ဖုန်းနှစ်လုံးကိုင်နေရသလိုမျိုး ခံစားရမှာပါတဲ့။
ဒီလို အကောင့်နှစ်ခုပုံစံသုံးနိုင်တဲ့လုပ်ဆောင်ချက်ကို Google က Android စနစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ Android အသုံးပြုသူတွေအနေနဲ့ ဖုန်းတစ်လုံးမှာ theme မတူ၊ background ပုံမတူတဲ့ အကောင့်တစ်ခုထပ်ဖွင့်ကာ ကြိုက်ရာပြောင်းသုံးနိုင်ပါတယ်။ ဒါပေမယ့် Windows နဲ့မတူတာက၊ Android စနစ်မှာတော့ အကောင့်ပြောင်းသွားပေမယ့်၊ ဖိုင်တွေ၊ apps တွေကိုတော့ ဝင်သုံးနိုင်ဆဲဖြစ်ပြီး၊ လုံခြုံရေးပိုင်းက ဘာမှမကွာသွားပါဘူး။
ဒီအခြေအနေကို သတိထားမိတဲ့ Xiaomi ဟာ ၎င်းတို့ရဲ့ MIUI 8 မှာ “Second Space” ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Mi ရဲ့ Second Spcae မှာ user အနေနဲ့ ပုံစံကော၊ လုပ်ဆောင်ချက်ကော လုံးဝမတူတဲ့ အကောင့်တစ်ခုကို ထပ်ဖွင့်နိုင်မှာဖြစ်ပြီး၊ သီးသန့် apps ၊ folder ၊ theme ၊ ဗီဒီယို စတာတွေကိုပါ ထည့်ထားနိုင်ပါတယ်။
ဒီ့အပြင် Second Space ကို နောက်ထပ် Mi Account တစ်ခုနဲ့လည်း ထပ်ဝင်နိုင်သေးပြီး၊ ဖုန်းတစ်လုံးကိုင်ပေမယ့်၊ နှစ်လုံးကိုင်ထားရသလို ခံစားရမှာဖြစ်ပါတယ်။ Second Space ဖွင့်ထားတာဟာ၊ ဖုန်းမှာ သီးသန့်ဧရိယာတစ်ခု ဆောက်ထားသလိုဖြစ်ပြီး၊ တခြားလူတွေမမြင်တွေ့စေချင်တဲ့ ဖိုင်၊ ဗီဒီယို၊ apps စတာတွေ အကုန်လုံးကို Second Space ဆိုတဲ့ သီးသန့်တစ်နေရာမှာ သွားသိမ်းထားနိုင်မှာလည်းဖြစ်ပါတယ်။ Second Space ကို အသုံးချတတ်မယ်ဆိုရင် နောက်ထပ် အသုံးဝင်တဲ့အချက်တွေအများကြီးရှိပါသေးတယ်။
ဒါဆို MIUI 8 Second Space ကို ဘယ်လိုဖွင့်မလဲ
- အဆင့် ၁ ။ MIUI 8 တင်ထားတဲ့ သင့်ဖုန်းက Settings ထဲဝင်ပြီး၊ ‘Nofications & status bar’ အောက်က ‘Second Space’ ကို ဝင်လိုက်ပါ။
- အဆင့် ၂ ။ Turn On Second Space ကို ဖွင့်လိုက်မယ်ဆိုရင် ၊ အလိုအလျောက်အကောင့်တစ်ခုကို ဖွင့်ပေးသွားမှာဖြစ်ပါတယ်။
- အဆင့် ၃ ။ အခုဆိုရင် ပထမအကောင့်နဲ့ System Apps တွေကလွဲလို့ ကျန်တာလုံးဝမတူတဲ့ နောက်အကောင့်တစ်ခုကျလာမှာဖြစ်ပါတယ်။ ပထမဆုံးမြင်ရတဲ့ Home Page က ‘Manage’ ကို နှိပ်လိုက်ပါ။
- ‘Set’ ဆိုတာနှိပ်ပြီး ယခု ‘Second Space’ အတွက် password သက်သက်ထားပေးရမှာဖြစ်ကာ၊ ဓာတ်ပုံတွေ၊ ဖိုင်တွေကိုလည်း ကိုယ့်စိတ်ကြိုက် Import လုပ်ပြီး၊ ဒီထဲ ပြောင်းထားနိုင်ပါတယ်။ First Space ( မူလဖုန်း) ထဲက Apps တွေကိုလည်း ယခု Second Space ထဲ အဆင်သင့်ပြောင်းရွှေ့နိုင်ပါတယ်။
- အားလုံးပြီးသွားရင် OK ဆိုတာနှိပ်လိုက်ရုံနဲ့ သင့်ဖုန်းမှာ နောက်ထပ်ဖုန်းတစ်လုံး သုံးနိုင်ပြီဖြစ်ပါတယ်။
- မူလနေရာ (First Space) ကို ပြန်သွားချင်တယ်ဆိုရင် Notification bar ကို အောက်ဆွဲချလိုက်တာနဲ့၊ Go to First Place ဆိုတာပေါ်လာမှာဖြစ်ပြီး၊ တစ်ချက်နှိပ်လိုက်ရုံနဲ့ ပြန်သွားနိုင်ပါတယ်။
- မူလနေရာကနေ Second Space ကို သွားချင်တယ်ဆိုရင်တော့၊ အပေါ်ကနည်းအတိုင်း Settings ထဲကသွားရင်သွား၊ ဒါမှမဟုတ် Notification bar ကနေ သွားနိုင်ပါတယ်။
- ကိုယ့်ဖုန်းမှာ ‘Second Space’ ဖွင့်ထားတာကို တခြားလူမသိစေချင်ဘူးဆိုရင် Noti ဘားမှာ ပေါ်မနေအောင်၊ Second Space icon ဆိုတာလေးကို ပိတ်ထားနိုင်ပါတယ်။
- အကယ်၍ Second Space ကို ပြန် delete လုပ်ချင်တယ်ဆိုရင်တော့၊ သင့် Mi အကောင့်လှို့ဝှက်နံပါတ်နဲ့ စာလိမ်ကို ဖြေပေးရမှာဖြစ်ပါတယ်။
No comments:
Post a Comment