ဖုန်းဘေလ်တွေ ခဏခဏကုန်လို့ စိတ်ညစ်နေရပါသလား။ ကိုယ်က Facebook တို့
Instagram တို့လို social network app တွေ သိပ်သုံးလေ့ရှိသူမဟုတ်၊
ရုပ်ရှင်တွေ၊သီချင်းတွေလည်း ဒေါင်းလုဒ်ဆွဲသူမဟုတ်ဘဲနဲ့၊
ဖုန်းအင်တာနက်ဖိုးတော်တော်ကုန်နေတယ်ဆိုရင်တော့ သင့် iPhone က
အင်တာနက်သုံးစွဲမှုများနေတာ ဖြစ်နိုင်ပါတယ်။ မပူပါနဲ့ သင့် iPhone ရဲ့
ဖုန်း settings ထဲမှာ အင်တာနက်ဒေတာသုံးစွဲမှုကို လျော့ချပေးနိုင်မယ့်
နည်းလမ်းလေးတွေ ရှိပါတယ်။

Wi-Fi Assist ကို ပိတ်ပစ်ချင်တယ်ဆိုရင်၊ Settings > Cellular ထဲဝင်ပြီး၊ အောက်ဆုံးထိ ဆွဲချကာ၊ Wi-Fi Assit ကို ပိတ်ပစ်လိုက်ပါ။


Apple Music မှာ Settings > Music ကနေ Streaming & Downloads ဆက်ရှင်ကို သွားလိုက်ရင်၊ setting နှစ်ခုကို တွေ့ပါလိမ့်မယ်။ ပထမဆုံး Use Cellular Data ကို ပိတ်လိုက်ရင်၊ မိုဘိုင်းအင်တာနက်ကနေ လုံးဝ streaming လုပ်ရတော့မှာမဟုတ်ဘဲ၊ Wi-Fi နဲ့ပဲ stream လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမလုပ်ချင်ဘူး၊ မိုဘိုင်း အင်တာနက်နဲ့ပဲ stream လုပ်ချင်တယ်ဆိုရင်တောင် အောက်က High Quality on Cellular ကို off ထားလိုက်ရင်၊ အသံဖိုင်က အရမ်း bitrate အမြင့်စားကြီးမဟုတ်တော့ဘဲ၊ ဒေတာစားနည်းနည်းသက်သာတဲ့ low bitrate ဖြစ်သွားမှာပါ။

Credit to ==> Digital Times
၁။ ဖုန်းအင်တာနက်နဲ့ app တွေ update အလိုလိုလုပ်တာကို ပိတ်ပေးပါ။
တကယ်လို့ သင့်ဖုန်းထဲက app တွေကို အလိုအလျောက် update လုပ်ခိုင်းထားတယ်ဆိုရင်၊ Cellular data မသုံးဘဲ၊ Wi-Fi နဲ့ပဲ update လုပ်ဖို့ ပြောင်းထားပေးပါ။ Settings> iTune & App Stores ကနေ Use Cellular Data ကို ပိတ်ပေးပါ။၂။ app က အလိုအလျောက် ဒေတာတွေဆွဲတာကို ပိတ်ပေးပါ။
iOS app တွေဟာ နောက်ကွယ် background မှာ update လုပ်နိုင်သလို၊ ကိုယ်က ဒီ app တွေကို မဖွင့်ထားရင်တောင်၊ နောက်ကွယ်ကနေ သတင်း၊ဓာတ်ပုံ၊အကြောင်းအရာအသစ်တွေကို လှမ်းဆွဲနေနိုင်ပါတယ်။ ဒါမှ ဒီ app တစ်ခုကို သင်ပြန်ဖွင့်လိုက်တဲ့အခါမှာ၊ နောက်ဆုံးသတင်းတွေကို သင့်ကို တန်းပြနိုင်မှာပါ။ ဒီလို Refresh လုပ်နေတာကို ပိတ်ဖို့အတွက် Settings> General > Background App Refresh ကို သွားပြီး၊ ဒီ feature ကြီးတစ်ခုလုံးကို ပိတ်ပစ်နိုင်သလို၊ ကိုယ့်စိတ်ကြိုက် app တွေပဲ ရွေးပြီး၊ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။၃။ Wi-Fi ကို မိုဘိုင်းဒေတာက စစ်ကူပေးနေရတာ ပိတ်ပစ်ပါ။
Wi-Fi Assit ဆိုတာ iOS ရဲ့ အမိုက်စား feature တစ်ခုပါ။ ကိုယ် ချိတ်ထားတဲ့ Wi-Fi က အရမ်းနှေးကွေးနေရင်၊ မိုဘိုင်းအင်တာနက်ကနေ ၀င်ဆွဲပေးပြီး၊ page တွေ တက်တာမြန်အောင်၊ ဓာတ်ပုံတွေမြန်မြန်ပေါ်အောင် လုပ်ပေးပါတယ်။ ဒါပေမယ့်၊ ဒါဟာ သင့်မိုဘိုင်းအင်တာနက်ကိုလည်း သုံးတာကြောင့်၊ Wi-Fi သုံးရင်းနဲ့ ဖုန်းဘေလ်ကုန်နေရမှာပါ။Wi-Fi Assist ကို ပိတ်ပစ်ချင်တယ်ဆိုရင်၊ Settings > Cellular ထဲဝင်ပြီး၊ အောက်ဆုံးထိ ဆွဲချကာ၊ Wi-Fi Assit ကို ပိတ်ပစ်လိုက်ပါ။
၎။ iCloud Drive ကို Cellular Data နဲ့ မသုံးပါနဲ့
ဒေတာတွေကို iCloud Drive သုံးပြီး အတင်အချလုပ်တတ်သူဆိုရင်၊ မိုဘိုင်းဒေတာနဲ့ မသုံးတာအကောင်းဆုံးပါ။ ရုံးလို Wi-Fi ရတဲ့နေရာမှ Wi-Fi နဲ့ cloud သုံးတာ ပိုအဆင်ပြေပါလိမ့်မယ်။ iCloud Drive ကို Cellular နဲ့ မသုံးဘဲ၊ Wi-Fi နဲ့ပဲ သုံးဖို့ Settings> iCloud > iCloud Drive ကို သွားပြီး၊ အောက်ဆွဲချကာ၊ Use Cellular Data ကို ပိတ်လိုက်ပါ။၅။ သီချင်းတွေကို ခဏခဏ Stream လုပ်ပြီး နားမထောင်ပါနဲ့
သီချင်း၊ရေဒီယိုတွေကို stream လုပ်ပြီး အချိန်ကြာကြာနားထောင်ရင် ဘေလ်တော်တော်ထိပါတယ်။ Spotify နဲ့ Apple Music လို streaming app တွေမှာ Wi-Fi ကနေပဲ stream လုပ်နားထောင်နိုင်အောင် ပြောင်းထားနိုင်ပါတယ်။Apple Music မှာ Settings > Music ကနေ Streaming & Downloads ဆက်ရှင်ကို သွားလိုက်ရင်၊ setting နှစ်ခုကို တွေ့ပါလိမ့်မယ်။ ပထမဆုံး Use Cellular Data ကို ပိတ်လိုက်ရင်၊ မိုဘိုင်းအင်တာနက်ကနေ လုံးဝ streaming လုပ်ရတော့မှာမဟုတ်ဘဲ၊ Wi-Fi နဲ့ပဲ stream လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမလုပ်ချင်ဘူး၊ မိုဘိုင်း အင်တာနက်နဲ့ပဲ stream လုပ်ချင်တယ်ဆိုရင်တောင် အောက်က High Quality on Cellular ကို off ထားလိုက်ရင်၊ အသံဖိုင်က အရမ်း bitrate အမြင့်စားကြီးမဟုတ်တော့ဘဲ၊ ဒေတာစားနည်းနည်းသက်သာတဲ့ low bitrate ဖြစ်သွားမှာပါ။
Credit to ==> Digital Times
No comments:
Post a Comment