ကျွန်တော့်အနေနဲ့ မနေ့က Facebook ပေါ်က GIF တွေကို မိမိကွန်ပျူတာနဲ့ ဖုန်းတွေမှာ ဘယ်လိုSave လုပ်မလဲဆိုတဲ့
နည်းလေးကို ပြသခဲ့ပြီးပါပြီ။ ဒီနေ့မှာတော့ ကျွန်တော်ဟာ ဗီဒီယိုတွေကနေ GIF
ဖိုင်တွေအဖြစ်ပြောင်းလဲနိုင်မယ့် နည်းလမ်းတစ်မျိုးကို တင်ပြပေးမှာ
ဖြစ်ပါတယ်။ သင့်မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့ အတူရိုက်ထားတဲ့
ဗီဒီယိုဖိုင်တွေကို လွယ်လွယ်ကူကူနဲ့ ပျော်စရာ GIF
တွေအဖြစ်ပြောင်းနိုင်ပါပြီ။
အရင်ဆုံးပြုလုပ်ရမှာက PlayStore ကိုသွားပြီး Video & GIF meme လို့ရိုက်ရှာလိုက်ပါ။ အောက်မှာပြထားတဲ့ ပုံစံနဲ့ App ကိုတွေ့ရင် ဒေါင်းလုဒ်ရယူလိုက်ပါ။

တခြား ဗီဒီယိုကနေ GIF အဖြစ် Convert လုပ်တဲ့ App တွေရှိပေမယ့် ကျွန်တော်သုံးကြည့်တဲ့အထဲမှာ ဒီကောင်လေးက တော်တော်အဆင်ပြေတာကြောင့် ဒါလေးကိုပဲသုံးတာပါ။ ပြီးရင် App ကိုဖွင့်လိုက်ပါ။

အပေါ်မှာပြထားတဲ့အတိုင်းစမြင်ပြီဆိုရင် Video ကိုနှိပ်ပြီး သင့်စက်ထဲက သင် GIF လုပ်လိုတဲ့ ဗီဒီယိုတစ်ခုကိုရွေးလိုက်ပါ။ ကျွန်တော်ကတော့ Viva Video နဲ့ ပြင်ထားပြီးသားဖြစ်တဲ့ ခြောက်စက္ကန့်စာ ဗီဒီယိုဖိုင်တစ်ခုကို ရွေးလိုက်ပါတယ်။

ဒီအတိုင်းမြင်နေရရင် ဘာမှပြင်စရာမလိုပါဘူး။ Next Step ကိုပဲနှိပ်လိုက်ပါ။ အဲ့ဒီမှာ သင့်ကို GIF အတွက် Meme စာသားတွေထည့်လိုမထည့်လိုမေးပါလိမ့်မယ်။ သင်ထည့်ချင်လည်းထည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ မထည့်တော့ပါဘူး။ နောက်တစ်ဆင့်တက်မယ့် Next Step ကိုပဲရွေးလိုက်ပါတယ်။

အဲ့ဒါပြီးရင် GIF အတွက် Frame တွေ၊ Speed တွေ ရွေးချယ်ရမှာပါ။ နည်းနည်းလေးပြင်ပါမယ်။ Frame rate ကို နဂို 8 FPS ကနေ 10 FPS လောက်ထားလိုက်ပါ။ ပြီးရင် တော့ Speed ကိုနည်းနည်းလေးတိုးလိုက်ပါ။ အိုကေပြီထင်ရင် Next Step ကို နှိပ်လိုက်ပါ။ Convert လုပ်နေကြောင်း Percent တွေတက်ပြီးပြနေပါလိမ့်မယ်။

ပြီးရင်တော့ Preview အနေနဲ့ သင်မြင်ရမယ့် GIF ကိုပြမှာပါ။ အဲ့ဒီမှာ သင်က GIF ကိုသိပ်မကျေနပ်သေးဘူးဆိုရင် Back ကီးနှိပ်ပြီး ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ အိုကေသွားပြီဆိုရင်တော့ Save လုပ်လိုက်ပါ။

သင့်ရဲ့ Video ကနေ GIF အဖြစ်ပြောင်းလိုက်တဲ့ ဖိုင်ကို Gallary ထဲမှာတွေ့နိုင်မှာပါ။ ဒီနည်းလမ်းနဲ့ Android မိုဘိုင်းလ်ဖုန်းတွေကနေ ဗီဒီယိုတွေကို GIF အဖြစ်အလွယ်တကူပြောင်းလဲနိုင်ပါတယ်။
Credit to ==> Digital Times

No comments:
Post a Comment