ညဘက်
အင်တာနက်သုံးနေရင်း အိပ်ပျော်သွားလို့ Bill ကုန်မှာ မပူပါနဲ့ တော့။ အခု
တင်ပေးလိုက်တဲ့ Wifi/Data Auto Off က အလွန် အသုံးဝင်တဲ့ app ပါ။ ဖုန်း
screen off ဖြစ်သွားတာနဲ့ Wifi (သို့) Mobile internet လိုင်းတွေကို
အော်တိုပိတ်ပစ်ပေးမှာဖြစ်ပါတယ်။ Timer ပေးပြီး ပိတ်လို့ရပါတယ်။ Wifi/Data
Auto Off ကို ဖွင့်လိုက်တာနဲ့ Enable / Disable ဆိုပြီး တွေ့ပါမယ်။ Enable
ကိုနှိပ်လိုက်တာနဲ့ စတင်ပြီး လုပ်ဆောင်ပါမယ်။ ဖုန်း menu
ခလုတ်ကိုနှိပ်လိုက်ရင် Set timeout ဆိုတာ ပေါ်လာမယ်။ အဲ့ဒီမှာ
ကိုယ်သတ်မှတ်ချင်တဲ့ အချိန်ကို ရွေးပေးလိုက်ပါ။ ဥပမာ 10 minutes ကို
ရွေးလိုက်ရင် ဖုန်း screen off ဖြစ်သွားပြီး နောက်ပိုင်း 10 မိနစ်
ကြာမှအင်တာနက်လိုင်းတွေကို
အော်တိုပိတ်ပစ်ပါမယ်။ 10 မိနစ် မပြည့်သေးရင် မပိတ်သေးပါဘူး။ Timer မပြည့်ခင် screen ကို ပြန် on ပြီး ဆက်သုံးလို့ရပါတယ်။ File Size မှာ 174 KB မျှသာရှိပြီး Android OS Version 2.3 နှင့်အထက်ဖုန်းများတွင်ထည့်သွင်းအသုံးပြုနိုင်ပါသည်။

ဆော့ဖ်ဝဲဖ်ကိုတော့အောက်ကလင်ခ့်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်။
No comments:
Post a Comment