Sunday, February 21, 2016

♪ Android ဖုန်းမှာ အခမဲ့ရယူနိုင်တဲ့ အကောင်းဆုံး Antivirus app (၆) ခု ♫


ကိုယ့်ဖုန်းကို ဖျက်လိုဖျက်ဆီးလုပ်မယ့်ဗိုင်းရပ်စ်တွေ၊ ကိုယ့်ရဲ့အချက်အလက်တွေကို ခိုးယူမယ့် app တွေရန်က ကာကွယ်ဖို့အတွက် ရွေးချယ်စရာ အခမဲ့ Antivirus app တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း အသုံးလည်းဝင်၊ အခမဲ့လည်းရနိုင်တဲ့ Antivirus app မျိုးရှာတွေ့ဖို့ကတော့ တော်တော်ကို ခက်ခဲပါတယ်။
တစ်ချို့ antivirus app တွေက တကယ့်အမိုက်စားစွမ်းဆောင်ရည်တွေ ပါဝင်တယ်ဆိုပေမယ့်လည်း၊ ပရီမီယမ်ကြေးပေးမှ သုံးလို့ရတာတွေဖြစ်လို့၊ ပိုက်ဆံလည်း တပြားမှမကုန်၊ အမိုက်စားစွမ်းဆောင်ရည်တွေ လည်းပါဝင်တဲ့ အခမဲ့ Android antivirus app တွေကို စာဖတ်သူပရိတ်သတ်တွေအတွက် တင်ပြလိုက်ပါတယ်။
၁။ CM Security
Clean Master Security က အကောင်းဆုံးမိုဘိုင်း app ဆုရထားတဲ့ antivrius app ဖြစ်ပါတယ်။ Android ဖုန်းတွေရဲ့ စနစ်ထဲကို ၀င်ရောက်နှောင့်ယှက်တိုက်ခိုက်မယ့် malware တွေရန်ကနေ အကောင်းဆုံးကာကွယ်မှု ပေးပြီး၊ လုပ်ဆောင်မှုကလည်း မြန်ဆန်ပါတယ်။
မက်ဆေ့၊ browser ၊ ဓာတ်ပုံ gallery ၊ app တွေ နဲ့ ဖုန်း setting ကို လော့ခ်လုပ်ထားနိုင်သလို၊ လက်ဗွေရာစနစ်ပါတဲ့ဖုန်းတွေမှာဆို လက်ဗွေရာနဲ့တင် ဖုန်းထဲက အရာမှန်သမျှကို လော့ခ်လုပ်ထားနိုင်ပါတယ်။ Cheetah Mobile ဆိုတဲ့ သုတေသနကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားတာဖြစ်ပြီး အောက်ပါ Google Play Store လင့်ခ်ကနေ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
CM Security Antivirus AppLock Download Here
၂။ 360 Security
360 Security app ဟာ နာမည်အကြီးဆုံး နဲ့ လူသုံးအများဆုံး Antivirus app ဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေရန်ကို အချိန်တိုင်းကာကွယ်ပေးနိုင်ပြီး၊ ဒီ app ကို စတင်သွင်းစဉ်မှာ ကိုယ့်ဖုန်းကို မဖြစ်မနေ စကင်စစ်ဆေးပေးရတာဖြစ်လို့၊ မိမိဖုန်းမှာ virus တွေ malware တွေ ရှိနေမလား ချက်ချင်းသိနိုင်မှာဖြစ်ပါတယ်။
ဒီ့အပြင် System Cleaner ပါဝင်တာကြောင့်၊ ဖုန်းကနေ app တစ်ခုဖွင့်သုံးပြီးတဲ့အခါ၊ ရှိနေတဲ့ Junk ဖိုင်တွေကို ဖျက်တာ၊ ကွန်ပြူတာစွမ်းဆောင်ရည်ကို မြှင့်တင်တာတွေ လုပ်နိုင်ပါတယ်။ ဒီ့အပြင် ဘက်ထရီချွေတာမှုစွမ်းရည်တွေလည်း ပါဝင်တာကြောင့် မိမိ Android ဖုန်းရဲ့ ဘက်ထရီသုံးစွဲမှုသက်တမ်းကို ပိုကြာအောင် လုပ်ဆောင်နိုင်ပါတယ်။
360 Security – Antivirus Boost Download Here
၃။ Kaspersky Internet Security
PC ကွန်ပြူတာမှာ နာမည်ကြီး antivirus ဆော့ဖ်ဝဲဖြစ်တဲ့ Kaspersky ကို Android မှာလည်း အခမဲ့သုံးနိုင်ပါတယ်။ ဒီမိုဘိုင်းဗားရှင်းမှာ malware တွေရန်က အကောင်းဆုံးကာကွယ်မှုပေးနိုင်သလို၊ ဖုန်းပျောက်သွားတာ၊ အခိုးခံရတဲ့ရန်တွေကနေ ကာကွယ်ပေးမယ့် features တွေလည်း အများအပြား ပါဝင်ပါတယ်။
Kaspersky Internet Security
၎။ Malwarebytes Anti-Malware
Malwarebytes က ဒီနိုင်ငံမှာ လူသိပ်မသိတဲ့ antivirus app တစ်ခုဖြစ်ပေမယ့်၊ PC ကော Android မှာပါ စွမ်းဆောင်ရည် ကောင်းတဲ့ app တစ်ခုပါ။ အသုံးပြုရလွယ်ကူရိုးရှင်းမှုရှိပြီး၊ malware နဲ့ privacy ကာကွယ်နိုင်မှု အပြင်၊ ကိုယ့်ဖုန်းထဲကအချက်အလက်တွေကို ယူဆောင်နေတယ်လို့ သံသယရှိရတဲ့ app တွေကို ဖော်ထုတ်ပေးနိုင်မှု စတဲ့ အမိုက်စားစွမ်းဆောင်ရည်တွေ ပါဝင်ပါတယ်။
Malwarebytes Anti-Malware ကို ရေးဆွဲခဲ့တဲ့ developer တွေဟာ Android ဖုန်းရဲ့ သူခိုးရန်ကကာကွယ်နိုင်တဲ့ Android Device Manager ကို ဒီ app မှာ ပေါင်းစပ်ထည့်ပေးထားတာကြောင့် ဖုန်းပျောက်သွားရင်တောင် ဖုန်းတည်နေရာကို ရှာဖွေတာ၊ ဖုန်းထဲကအချက်အလက်တွေ ဖျက်ပစ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။
Malwarebytes Anti-Malware Download Here
၅။ AVG Antivirus Security
အခမဲ့ရယူနိုင်တဲ့ အမိုက်စား antivirus app ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ လူသိများပါတယ်။ ဗိုင်းရပ်စ် နဲ့ အန္တရာယ်ရှိ app တွေ၊ သူလျှိုဆော့ဖ်ဝဲတွေ ရန်က ကာကွယ်ပေးနိုင်ပါတယ်။ ဖုန်းထဲက app တစ်ခုချင်းစီကို စစ်ဆေးနိုင်သလို၊ ဖုန်းစွမ်းဆောင်ရည်နဲ့ ဘက်ထရီကို သုံးစွဲမှုများတဲ့ app တွေကို ရွေးချယ်ပိတ်နိုင်တဲ့ စွမ်းဆောင်ရည်လည်းပါရှိပါတယ်။ ဖုန်းပျောက်သွားရင်၊ ဖုန်းကို လော့ခ်ချပစ်နိုင်၊ ဖုန်းထဲက အချက်အလက်တွေ ဖျက်ပစ်နိုင်၊ ဖုန်းကို Google Maps ကနေ တည်နေရာပြန်ရှာနိုင်တဲ့ စွမ်းဆောင်ရည်တွေ ပါဝင်ပါတယ်။
AVG Antivirus Download Here
၆။ avast! Antivirus & Security
Avast! ကနေ ဖုန်းထဲသွင်းထားတဲ့ app တွေ၊ ဖုန်းမမ်မိုရီကတ်ထဲက ဖိုင်တွေကို စစ်ဆေးနိုင်သလို၊ app တစ်ခုကို မသွင်းခင်မှာလည်း စိတ်ချမှုရှိတဲ့ app ဟုတ်ရဲ့လားဆိုတာ ကြိုတင်စစ်ဆေးနိုင်ပါတယ်။ SMS မက်ဆေ့၊ ဖုန်းအ၀င်ကော တွေကို ဘလော့နိုင်တဲ့ စွမ်းဆောင်ရည်တွေပါရှိပြီး၊ မတော်တဆ ဖုန်းခိုးခံရပါက GPS နဲ့ ပြန်ခြေရာခံတဲ့စနစ်၊ ဖုန်းကို အချက်ပေးဥသြသံမြည်စေတဲ့စနစ် နဲ့ ဖုန်းရဲ့ SIM ကတ်ကို တစ်ယောက်ယောက်က လဲဖို့ကြိုးစားပါက ကိုယ့်မေးလ်ထဲကို မက်ဆေ့ဝင်လာတာ စတဲ့ တကယ့်အလန်းစား စွမ်းဆောင်ရည်တွေပါဝင်ပါတယ်။ Firewall ၊ ၀က်ဆိုဒ်ကြည့်ရာမှာကာကွယ်မှု နဲ့ နက်ဝေါ့ခ်အသုံးပြုမှုမီတာ တွေ ပါဝင်ပါတယ်။
Avast! Mobile Security & Antivirus Download Here
Ref: Androidpit

Credit to ==> Digital Times


No comments:

Post a Comment