Samsung Device တွေမှာကိုယ်ဆီမှာ Myanmar Font ရှိနေပေမဲ့ Message ပို့တဲ့အခါကိုယ်ပို့လိုက်တဲ့ ဖုန်းမှာလည်း Myanmar Font ရှိနေပြီး????? တွေပဲပေါ်နေရင် ဘယ်လိုပြန်လုပ်ရမလဲလို့မေးတက်ကြလို့ ကျတော်ဖြေရှင်းနည်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကျတော်လည်းမေးတိုင်းပြန်ပြောပေးပါတယ်။ ဒါပေမဲ့မေးတဲ့လူလောက်ပဲ ဒီ error ရဲ့ဖြေရှင်းနည်းလေးကိုသိရမှာဖြစ်တဲ့အတွက်ကြောင့် Samsung Device ကိုင်ဆောင်သူအားလုံးကြုံလာတဲ့အချိန်ဖြေရှင်းနိုင်စေရန် တင်ပြပေးလိုက်ပါတယ်။
ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ Message setting ထဲမှာလွဲမှားနေလို့ဖြစ်ပါတယ်။ တချို့ကသိပ်မသိကြပါဘူး။ တချို့ဆို Myanmar Fomt ရှိနေရဲ့နဲ့
ဖြစ်တာဆိုတော့ Font မကိုက်လို့ထင်ပြီး Font တွေပြောင်းသုံးရင်းနဲ့
တစ်ခါတစ်လေ Firmware ပါကျတဲ့အခြေအနေတွေဖြစ်တက်ပါတယ်။
တစ်ချို့ကတော့Firmware ကြောင့်ဖြစ်မယ်ထင်ပြီး Firmware ပြန်တင်လိုက်ကြနဲ့ အလုပ်ရှုပ်ပါတယ်။
ဒီ Error ကိုဖြေရှင်းရမှာကတော့ အရမ်းကိုလွယ်ကူပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင်တော့…….
Message application ကိုဖွင့်လိုက်ပါ။ ပြီးရင် menu key လေးကိုနှိပ်ပါ။ အဲဒီလိုနှိပ်ပြီးရင် box လေးတစ်ခုပေါ်လာပါမယ်။ Setting ဒါမှမပာုတ် Message Setting လို့ရေးထားတာကိုရွေးပေးလိုက်ပါ။ Message Setting ထဲရောက်သွားပြီဆိုရင် input mode ကိုရွေးပေးပါ။
box လေးတစ်ခုပေါ်လာပါမယ်။ ဘာမှစဉ်းစားမနေပါနဲ့ automatic ဆိုတာကိုရွေးပေးလိုက်ပါ။
ပြီးရင်တော့ Message ပြန်ပို့ကြည့်ပါ။ ကိုယ်ပို့တဲ့တစ်ဖက်ဖုန်းမှာ Myanmar Font ပေါ်နေတာကို အဆင်ပြေပြေတွေ့မြင်ရပါပြီ ခင်ဗျာ။ Samsung Device ကိုင်ဆောင်သူ မသိသေးတဲ့ User များအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
No comments:
Post a Comment