Wednesday, December 2, 2015

Samsung Galaxy E5 SM-E500M TWRP recovery ထည့်သွင်းနည်း


Galaxy E5 SM-E500M ဖုန်းကို TWRP လေးထည့်သွင်းချင်တဲ့သူတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Custom Rom များကိုအကြိုက်တွေ့လေ့ရှိတဲ့သူတွေအတွက်
TWRP လေးထည့်သွင်းထားရင်တော့ ဖုန်းကို တစ်ခြား အသစ်အသစ်သော
Cusotm Rom များကိုစိတ်ကြိုက်ကလစ်ယူလို့ရမှာဖြစ်ပါတယ်။



အခုနောက်ပိုင်း CWM & TWRP ဖိုင်များကိုအလွယ်တကူ
ရှာဖွေရန်ခက်ခဲလာမယ်လို့ထင်ပါတယ် Developer တွေရဲ့
policy တွေအရ Account တစ်ခုရှိမှဒေါင်းလော့လင့်ချပေးမယ့်
အနေအထားမျိုးကိုရောက်လာတော့မယ်ထင်ပါတယ်။

ယခုဖေါ်ပြပါ TWRP သည်  E5 SM-E500M သာမဟုတ်ပဲ
 E5 SM-E500H ကိုအဆင်ပြေပါတယ်။

လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Download Here TWRP recovery File

TWRP Recovery ထည့်သွင်းနည်း
===================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
 

No comments:

Post a Comment