Friday, December 4, 2015

♪ စကားလုံးများရဲ့ အဓိပ္ပါယ်ကို လျှင်မြန်စွာ ပြပေးမယ့် Popup Dictionary ♫


Cover art
Android Device ကနေ အင်တာနက်မှ နိုင်ငံခြား သတင်း၊ ဆောင်းပါးများကို ဖတ်ရှုနေတုန်းမှာ စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ်ကို သိချင်ရင် အဲဒီ သတင်း၊ ဆောင်းပါး ဖတ်ရှုနေတဲ့ Application ကို ပိတ်၊ Dictionary App ကိုဖွင့်ပြီး စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် ဖတ်ရှုနေတဲ့ သတင်း၊ ဆောင်းပါးကိုတော့ ခဏတာ ပိတ်လိုက်ရတာက အဆင်မပြေပါဘူး။ သတင်း၊ ဆောင်းပါးကို ဖတ်ရှုနေရင်းကပဲ Dictionary ကို အသုံးပြုနိုင်ရင် အဆင်ပြေစေမှာပါ။ ဒီလို ပြုလုပ်ပေးနိုင်တဲ့ App က Popup Dictionary ဖြစ်ပါတယ်။

Popup Dictionary ကို အင်စတောလုပ်ပြီးတာနဲ့ Settings များ ချိန်ညှိစရာမလိုဘဲ အသုံးပြုနိုင်ပ်ါပြီ။ Popup Dictionary ကိုတစ်ချက်နှိပ်လိုက်ရင် စကရင်မှာ ၀င်းဒိုး အသေးလေးတစ်ခုကို Popup or Floating အနေဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။်ဘရောက်စာကနေ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားတဲ့ သတင်း၊ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရှုနေရင်းက စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ်ကို သိချင်ရင် အဲဒီစကားလုံးအပေါ်ကို လက်နဲ့ ဖိထားပါ။ Copy ကူးဖို့ အသိပေးစာ ပေါ်လာရင် Copy ကို တစ်ချက်နှိပ်ပါ။

1

ဒါဆိုရင် Popup Dictionary မှာ အဲဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ပြသပေးမှာ ဖြစ်ပါတယ်။
တကယ်လို့ စကားလုံးရဲ့ အဓိပ္ပါယ်များကို ပြသပေးခြင်း မရှိရင် ဘယ်ဘက်ထောင့်မှ အစက်သုံးစက် ( Menu ) နှိပ်ပါ။ Dictionaries ကို ရွေးချယ်ပေးပါ။

2

Popup Dictionary ရဲ့ ညာဘက်ထိပ်မှ – ခလုတ်ကို နှိပ်ရင် Minimize ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Popup Dictionary ကို Floating Bubble အနေဖြင့်သာ တွေ့မြင်နိုင်မှာ ဖြစ်တဲ့အတွက် စကရင်မှာ ရှင်းလင်းစေပါတယ်။ ပြန်လည် အသုံးပြုချင်တဲ့ အချိန်ရောက်ရင် Bubble ကို တစ်ချက်နှိပ်လိုက်ပါ။

3

Menu ကနေ Transparency on ကို နှိပ်ရင် Popup Dictionary ကို မှိန်ဖျော့ဖျော့ အရောင်ဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။ ဒါကလည်း စကရင်မှာ ရှင်းလင်းစေမယ့် အခြား နည်းလမ်းတစ်ခုဖြစ်ပါတယ်။

4

Settings ထဲမှာ Minimize လုပ်ရင် ပြုလုပ်ပေးမယ့် အလုပ်ကို သတ်မှတ်နိုင်ပါတယ်။ Default အားဖြင့် Bubble Mode ကို ရွေးချယ်ပေးထားပါတယ်။ Notificatioin Icon ကို ရွေးချယ်ရင် Bubble အစား Notification Icon ကိုသာ ပြသပေးမှာပါ။ Default Search မှာ Dictionary ကို ရွေးပေးထားရင်တော့ Google Translate အစား Dictionary ကို အသုံးပြုပေးမှာပါ။

5

Popup Dictionary ကို Android 2.2 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။


Credit to ==> Digital Life Journal


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

No comments:

Post a Comment