Thursday, December 3, 2015

♪ “MPT မှ နှစ်သစ်ကူးကံစမ်းပွဲ အနေဖြင့် တိုယိုတာကား (၆)စီး အပါအ၀င် ဆုမဲပေါင်း (၇)သောင်းကျော် မဲဖောက်ပေးမည်” ♫

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ နှစ်သစ်ကူးကံစမ်းပွဲအနေဖြင့် တိုယိုတာကား (၆)စီးအပြင် ဆုမဲပေါင်း(၇) သောင်းကျော်ကို မဲဖောက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့ မှ စတင်ပြီး ၂၀၁၆ ဇန်န၀ါရီလ(၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့်အဆိုပါ ကံစမ်းမဲ အစီအစဉ်တွင် ဒီဇင်ဘာ(၅)ရက်မှစတင်ကာ ဇန်န၀ါရီ(၂)ရက်နေ့ အထိကိုလည်း အပတ်စဉ်စနေနေ့ တိုင်းဆုမဲသီးသန့်ဖောက်ပေးသွားမည် ဖြစ်ပြီး ဆုမဲပေါင်း ၂၀၀၀၀ ပါဝင်မည့်နောက်ဆုံးကံထူးရှင်ရွေးချယ် ပွဲကြီး ကိုတော့ ဇန်န၀ါရီလ(၉) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ကံထူးရှင်ရွေးချယ်ပွဲတစ်လျှောက်လုံးအတွက် ချီးမြှင့်မည့်ဆုမဲပေါင်း ၇၀၀၀၀ တွင် တိုယို တာလန်ခရူဇာကား (၁)စီး၊ တိုယိုတာကိုရိုလာကား(၅) စီးတစ်ပတ်လျှင် ၁စီး၊ အိုင်ဖုန်း ၆ အလုံး (၂၀)၊ iPad air အလုံး (၂၀)၊ (၄၀) လက်မဆိုနီတီဗီ ၂၅ လုံး၊ တစ်ကျပ်သားဆွဲကြိုးအကုံး ၂၀ နှင့် ၅၀၀၀ ကျပ် တန် MPT ငွေဖြည့်ကတ် ၆၉၉၀၉ ခုကိုထည့်သွင်းထားကြောင်းသိရသည်။

အဆိုပါကံစမ်းပွဲတော်ကြီးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM/WCDMA သို့ CDMA သုံးစွဲသူတိုင်း ပါဝင် ဆင်နွှဲနိုင်မည်ဖြစ်သည်။ ကံစမ်းမဲလက်မှတ်တစ်စောင်ရှိသူတိုင်းပါဝင်နိုင်ပြီး လက်မှတ်များ ကို အောက်ပါနည်းလမ်း (၃)မျိုးဖြင့်ရရှိနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဆိုပါသည်။

ပထမဆုံးနည်းလမ်းအနေဖြင့် ၃၀၀၀ ကျပ်နှင့်အထက်ငွေဖြည့်ကတ် ၀ယ်ယူဖြည့်သွင်းခြင်း၊ E top-up ဖြည့် သွင်းခြင်းဖြင့် ကံစမ်းမဲလက်မှတ်များ ရရှိနိုင်ပြီး ကျပ် ၃၀၀၀ တန်ငွေဖြည့်ကတ်အတွက် လက်မှတ်အစောင် ၃၀၊ ကျပ် ၅၀၀၀ ဖြည့်သွင်းပါက လက်မှတ်အစောင် (၅၀)၊ ကျပ် (၁)သောင်း အတွက် အစောင် ၁၀၀ စသဖြင့်ရရှိ မည်ဖြစ်သည်။ ဒုတိယနည်းလမ်းအနေ ဖြင့် MPT ဖုန်း အချင်းချင်းခေါ်ဆိုမှု တစ်မိနစ်ကျော်လွန် ပါကလက်မှတ်(၁)စောင်၊ နှစ်မိနစ်ကျော်လွန်ပါက လက်မှတ်(၂)စောင်စသည်ဖြင့် ရရှိမည်ဖြစ် သည်။

နောက်ဆုံးနည်းလမ်းအနေဖြင့် MPT ဆင်းကတ်အသစ်တစ်ခု ၀ယ်ယူ အသုံးပြုခြင်းဖြင့်လည်း ကံစမ်းမဲ လက်မှတ်အစောင်(၃၀)ရရှိနိုင်မည်ဖြစ် သည်။သုံးစွဲသူများအနေဖြင့် အပတ်စဉ်ကံစမ်းအစီအစဉ်တွင် ကံထူးခြင်း မရှိခဲ့ပါကလည်း နောက်ဆုံးကံထူးရှင်ရွေး ချယ်ပွဲတွင်ပါဝင်ကံစမ်း နိုင်မည် ဖြစ်သည်။ အပတ်စဉ် စနေနေ့တိုင်းတွင် ကံထူးရှင်များရွေးချယ်ကြေညာပေး မည်ဖြစ်ပြီး၊ ဆုမဲပေါက်သော ကံထူးရှင်များအား ဖုန်းနှင့်ဆက်သွယ်ခြင်း၊ မက်ဆေ့ခ်ျပေးပို့ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း၊ ဆက်သွယ်၍မရသေး ပါက ကံစမ်းမဲနှိုက်သည့်နေ့မှ နောက်ထပ်(၃)ရက်စောင့်မည်ဖြစ်ပြီး ဆက် သွယ်မရပါက ကံထူးရှင်သည် ဆုမဲကိုဆုံးရှုံးမည်ဖြစ်သည်။ဆက်သွယ်မရ သော ဆုမဲပစ္စည်းများအား နောက်ဆုံး ကံထူးရှင်ရွေးပွဲတွင် ထည့်သွင်းပေး မည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးကံစမ်းမဲရက်ဖြစ်သည့် ဇန်န၀ါရီလ(၉)ရက်နေ့တွင် အဆိုပါ ကံစမ်းမဲ ကာလတစ်လျှောက်လုံးမှ လက်မှတ်များအားလုံးကိုထည့်သွင်း ရေတွက်ပြီး ကံထူးရှင်များကြေညာခြင်းကို ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်သည်။MPT ၏ GSM/WCDMA အသုံးပြုသူများအနေဖြင့် ကံထူးရှင်ရွေးချယ်ပွဲ အစီအစဉ် ကာလအတွင်း ရရှိထားသော ကံစမ်းမဲလက် မှတ်များကိုစစ်ဆေးလိုပါက SMS နံပါတ် ၃၀၀၀ သို့ 3000 ဟုပေးပို့စစ်ဆေး နိုင်ပြီး CDMA အသုံး ပြုသူများအနေဖြင့် SMS နံပါတ် 3001 သို့ Lucky ဟုပေးပို့ကာ စစ်ဆေးနိုင်မည်ဖြစ်သည်။ကံစမ်းမဲအစီအစဉ် ကြီးကြပ် စစ်ဆေးသူအဖြစ် Win Thin Associates ကိုထားရှိသွားမည် ဖြစ်ကြောင်း MPT မှ သတင်းထုတ်ပြန်ပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)

No comments:

Post a Comment