Thursday, December 10, 2015

ရေဒီယို သတ္တိကြွမှု အများဆုံး ဖုန်း ၅ မျိုး




ယနေ့ခေတ်မှာ မိုဘိုင်းဖုန်းဟာ လူတစ်ဦးရဲ့နေ့စဉ်လှုပ်ရှားနေထိုင်မှုပုံစံထဲမှာ မရှိမဖြစ် အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ စကားမပြောတတ်တဲ့ ကလေးတွေတောင် စကားတစ်ခွန်းကို ကောင်းကောင်းမပြောတတ်ပေမဲ့ စမတ်ဖုန်းတစ်လုံးကို ကောင်းကောင်းအသုံးပြုတတ်နေပါပြီ။ ယနေ့ခေတ် လူတွေဟာ စမတ်ဖုန်းကို စာတိုပို့ခြင်း ၊ ဖုန်းပြောခြင်း ၊ အင်တာနက် အသုံးပြုခြင်း ၊ ယခုဆိုလျှင် ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ခြင်းများအတွက်ပါ အသုံးပြုလာကြပါတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းဟာ လူသားတို့ရဲ့ နေထိုင်မှု ဘဝပုံစံမှာ မရှိမဖြစ် တီထွင်စမ်းသစ်ထားတဲ့ အရာတစ်ခုဖြစ်နေပါတယ်။
ဒါပေမဲ့ စမတ်ဖုန်းဆိုတာ အီလက်ထရောနစ် ပစ္စည်းတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် ရေဒီယိုသတ္တိကြွမှုကိုဖြစ်ပေါ်စေပါတယ်။ မိမိတို့ရဲ့ စာတို့ပေးပို့ခြင်း ၊ ဖုန်းခေါ်ဆိုခြင်း ၊ တို့ကို ရေဒီယိုလှိုင်းတွေကနေတစ်ဆင့် ဆက်သွယ်ပေးပို့နေကြရတာဖြစ်ပါတယ်။ ဒါကြောင့် ရေဒီယို သတ္တိကြွမှုတွေကို တိုင်းတာဖို့အတွက်တော့ SAR ဆိုတဲ့ စံနှုန်းနဲ့ တိုင်းတာကြပါတယ်။ SAR ဆိုတာကတော့ Specific Absorption Rate လို့ခေါ်တဲ့ လူ့ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေမဲ့ ရေဒီယိုလှိုင်းထုတ်လွှင့်မှုကို တစ်ကီလိုဂရမ်မှာ ဘယ်လောက် Watt ရှိလဲဆိုပြီး တိုင်းတာတဲ့ စံနှုန်းဖြစ်ပါတယ်။
FCC လို့ခေါ်တဲ့ Federal Communications Commission မှ ထုတ်ပြန်ထားတဲ့ SAR တိုင်းတာချက်များအရတော့ လူတစ်ယောက်ရဲ့ တစ်သျှူးစ ၁ ဂရမ်ဟာ ရေဒီယိုသတ္တိကြွမှု ၁.၆ watts per kilogram (W/kg) ခံနိုင်တယ်လို့ သိရပါတယ်။ ဒီထက်ကျော်လွန်တဲ့ ရေဒီယိုသတ္တိကြွမှုကို ထုတ်လွှင့်နေတဲ့ အီလက်ထရောနစ် ပစ္စည်းများကိုတော့ တားမြစ်ထားပါတယ်။ ဒီလို တားမြစ်ထားပေမဲ့လည်း ရေဒီယို သတ္တိကြွမှု လွန်ကဲနေတဲ့ စမတ်ဖုန်းအမျိုးအစားငါးမျိုးက ဈေးကွက်ထဲကို ဝင်ရောက်လာပါတယ်။ ၄င်း စမတ်ဖုန်းအမျိုးအစားများကတော့ အောက်ပါအမျိုးအစားများဖြစ်ပါတယ်။
1. Motorola Droid Maxx (SAR တိုင်းတာမှု အရ ရေဒီယို သတ္တိကြွမှု 1.54 ရှိခြင်း)

1
2. Motorola Droid Ultra (SAR တိုင်းတာမှုအရ ရေဒီယို သတ္တိကြွမှု 1.54 ရှိခြင်း)
2
3. Motorola Moto E (SAR တိုင်းတာမှုအရ ရေဒီယို သတ္တိကြွမှု 1.50 ရှိခြင်း)

3
4. Alcatel One touch Evolve (SAR တိုင်းတာမှုအရ ရေဒီယို သတ္တိကြွမှု 1.49 ရှိခြင်း)

4
5. Huawei Vitria (SAR တိုင်းတာမှုအရ ရေဒီယို သတ္တိကြွမှု 1.49 ရှိခြင်း)

5
Ref : Trendingpost
Aung Ko Htet (MMA)
#aungkohtet_mma
#mma_knowledge

No comments:

Post a Comment