ဒါ့အပြင် သင်ပြန်လည်မျှဝေလိုက်တဲ့ သတင်းတွေကို ကြည့်ရှု လေ့လာခြင်းဖြင့်လည်း သင့်ပရိုဖိုင်းမှာရှိနေတဲ့ သင့်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို သိရှိသွားစေနိုင်ပါတယ်။ ထိုအချက်အလက်တွေကို ကြည့်ရှုပြီး သင့်ကို အနှောက်အယှက်များပြုလုပ်နိုင်ပါတယ်။ ဒါဆိုရင် Facebook က ကိုယ်ပိုင်အချက်အလက်တွေအတွက် လုံခြုံမှု မရှိဘူးလားဆိုပြီး မေးစရာဖြစ်လာပါတယ်။ Facebook က အင်ဂျင်နီယာတွေက သင့်ရဲ့ ဖုန်းနံပါတ်နဲ့ ကိုယ်ရေး အချက်အလက်တွေလုံခြုံရေးအတွက် အများမသိအောင် Generate လုပ်ထားပေမဲ့ အသုံးပြုသူကိုယ်တိုင်က ကိုယ့်ရဲ့ ဖုန်းနံပါတ်နဲ့ Data တွေကို အများသိအောင် ဖော်ပြထားမယ်ဆိုရင်တော့ ဘယ်လိုမှ Generate လုပ်ပေးထားလို့ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင် Share ထားတဲ့ သတင်းတွေကို အခြားသူတစ်ယောက်က ကြည့်ခြင်းအားဖြင့်လည်း သင့်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေကိုသိသွားစေလို့ပါပဲ။
ဒါကြောင့် Facebook က သင့်ရဲ့ Profile မှာ ဖုန်းနံပါတ်တွေကို ထည့်သွင်းမထားဖို့ထုတ်ပြန်လိုက်ပါတယ်။ အကယ်၍ ဖုန်းနံပါတ်ထည့်ခဲ့မယ်ဆိုရင်လည်း Public မလုပ်ပဲ only me သာလုပ်ထားသင့်ကြောင်းပြောကြားသွားခဲ့ပါတယ်။
Ref : Metro
Aung Ko Htet (MMAS)
#akh_mmas
No comments:
Post a Comment