Google က အသုံးပြုသူများအတွက် သူတို့၏ အွန်လိုင်းအကောင့်များကို လုံခြုံစေသော နည်းပညာဖြစ်သည့်
2-Step Verification ကို ပြုလုပ်ပေးထားပါသည်။ ယခုအခါ ပိုမိုလုံခြုံသော
နည်းလမ်းဖြစ်သည့် USB Stick ဖြင့် အကောင့်များကို ၀င်ရောက်နိုင်သည့်
နည်းပညာကို ပြုလုပ်ပေးလိုက်ပါသည်။
USB Stick ကို အသုံးပြု၍ Google Website များကို ၀င်ရောက်နိုင်မည် ဖြစ်သည်။ အကောင့်များကို ၀င်ရောက်ရန် USB Stick ကို ကွန်ပြူတာတွင် ချိတ်ဆက်ရမည် ဖြစ်သည်။ အဆိုပါ နည်းပညာတွင် အားသာချက်နှစ်ခုရှိသည်ဟု Google ကပြောပါသည်။ ပထမ အချက်မှာ USB Security Key သည် Google Website ကဲ့သို့ ပုံဖမ်းထားသော အတုအယောင် ၀က်ဆိုက်များကို စစ်ဆေးနိုင်ပါသည်။ ဒုတိယ အချက်မှာ ခိုးယူ၍ မရသည့် Cryptographic Signature နည်းပညာကို အသုံးပြုထားပါသည်။
FIDO U2F ကို အထောက်အပံ့ပေးသော USB Stick များတွင် Google ၏ Security Key ကို အသုံးပြုနိုင် မည် ဖြစ်သည်။ Security Key ကို လက်ရှိတွင် Google Chrome Browser တွင် အထောက်အပံ့ပေး ထားပါသည်။ အခြား ဘရောက်စာများသည်လည်း Security Key ကို မကြာမီ အထောက်အပံ့ပေး လာမည်ဟု မျှော်လင့်ရပါသည်။
Myanmar Digital Life Journal

No comments:
Post a Comment