Monday, July 3, 2017

အရုပ်ဆိုးနေသလား ဒီကောင်လေးနဲ့ ချောချော ရုပ်ကလေးလုပ်/ ရိုက်ပြီး ဟာသပုံစံတွေပါတဲ့ -Camera360 Latest Version 8.6.1 for Android


 
Android phone/Tablet အသုံးပြုပြီး ဓာတ်ပုံရိုက်လေ့ရှိသူတွေအတွက် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေး Camera360 - Funny Stickers  v8.6.1APK ကိုတင်ပေးလိုက်ပါတယ်။Camera360 ဟာ Android phone/Tablet အသုံးပြုသူတိုင်းမစိမ်းတော့တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ Camera mode များစွာကို ပြောင်းလဲအသုံးပြုနိုင်ပြီး ရူပါ ဂွမ်းတဲ့သူတွေတောင် လန်းလာစေမယ့် ဆော့ဝဲလ်ဖြစ်ပြီး ဟာသ ပုံစံတွေနဲ့ ဖန်တီးလို့ရတဲ့ Android app ပေါ့ဗျာ။ အခုနောက်ထွက်ဗားရှင်းမှာလည်း Camera Store/Effect Store စသဖြင့် features များထပ်ပေါင်းထားတာတွေ့ရပြီးရယူလိုသူများအောက်လင့်မှာဒေါင်းနိုင်ပါတယ်။
 
 
 
 
ဝင်းလှိုင်-နည်းပညာ 
 
 
 

♪ “ iOS 11 Public Beta ဗားရှင်းရရှိနိုင်မယ့် iPad နဲ့ iPhone စာရင်းများ ” ♫


Image may contain: phone and text
ဒီတစ်ပတ်ထဲမှာပဲ သင်ဟာ iOS 11 Public Beta ကိုရယူဖို့အတွက် တွေးနေတယ်ဆိုရင်တော့ ဘယ်စမတ်ဖုန်းတွေမှာ iOS 11 Beta ဗားရှင်းရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
iOS 11 Beta ရရှိနိုင်မယ့် iPad နဲ့ iPhone အမျိုးအစားတွေကတော့
• iPad Air
• iPad Air 2
• iPad Pro
• iPad mini 2
• iPad mini 3
• iPad mini 4
• iPod touch 6th generation
• iPhone 5s
• iPhone SE
• iPhone 6/6 Plus
• iPhone 6s/6s Plus
• iPhone 7/7 Plus တို့ပဲ ဖြစ်ပါတယ်။
iOS 10 အသုံးပြုနေတဲ့ စမတ်ဖုန်းအားလုံးမှာ iOS 11 beta အသုံးပြုနိုင်မှာမဟုတ်ဘဲ
• iPhone 5
• iPhone 5c
• iPad 4 တို့မှာတော့ iOS 11 beta မရရှိနိုင်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။
Apple ရဲ့မော်ဒယ်အဟောင်းတွေထဲမှာမှ iPhone 5s နဲ့ iPad Air ကိုတော့ ကံကောင်းစွာနဲ့ iOS 11 က ထောက်ပံ့ပေးမယ်ဆိုတဲ့ သဘောပါပဲ။
iOS 11 Beta ကို စမ်းသပ်အသုံးပြုလိုသူတွေအနေနဲ့ beta.apple.com မှာ စာရင်းသွင်းရယူနိုင်မှာ ဖြစ်ပါတယ်။

#zdnet

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal
 
 
 

♪ သင် မသိတဲ့ စမတ်ဖုန်း စွမ်းရည် ၇ ခု ♫


စမတ်ဖုန်းများကို လူတိုင်း အသုံးပြုနေကြပြီ ဖြစ်ပေမယ့် သူတို့ရဲ့ စွမ်းရည် အားလုံးကို မသိကြသေးပါဘူး။ စမတ်ဖုန်းများရဲ့ စွမ်းရည်များဟာလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်လာကြပါတယ်။ အဲဒီအတွက် လူတွေ သိပ်မသိကြတဲ့ စမတ်ဖုန်း စွမ်းရည်များကို ဖော်ပြပေးလိုက်ပါတယ်။

Cloning Apps


Android OS မှာ App များကို ပွားသုံးလို့ရတဲ့ စွမ်းရည် ပါလာပါပြီ။ Facebook အကောင့် နှစ်ခုရှိသူများအတွက် ဒီစွမ်းဆောင်ချက်က အလွန် အသုံးဝင်ပါတယ်။ Facebook တင်မကဘဲ အခြား လူမှုကွန်ရက်များ၊ Messenger များအတွက်လည်း ဒီစွမ်းဆောင်ချက်ကို သုံးနိုင်ပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူများက ဒီစွမ်းဆောင်ချက်ကို ဖုန်းများမှာ ထည့်သွင်းပေးထားပါတယ်။ သင့် ဖုန်းမှာ ဒီ စွမ်းဆောင်ချက် မပါရင်လည်း App Cloner Apps များကို အသုံးပြုနိုင်ပါတယ်။
သင့်ဖုန်းကို Digital Scale အဖြစ် သုံးပါ။
သင့်ဖုန်းကို ကုန်ပစ္စည်းများ၊ အစားအစာများရဲ့ အလေးချိန်ကို တွက်ချက်နိုင်တဲ့ ဒစ်ဂျစ်တယ် ကတ္တား အဖြစ် အသုံးပြုနိုင်ပါပြီ။ ဒီလို သုံးဖို့အတွက် Working Scale Free အမည်ရ App ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ App ကို အင်စတောလုပ်ပြီးရင် သင် အလေးချိန်သိတဲ့ အကြွေစေ့လို ပစ္စည်း တစ်ခုကို ဖုန်းမျက်နှာပြင်ပေါ်တင်၍ Calibrate လုပ်ပေးပါ။ ပြီးရင်တော့ ကုန်ပစ္စည်းများရဲ့ အလေးချိန်ကို ဖုန်းဖြင့် တွက်ချက်နိုင်ပါတယ်။

Download Working Scale Free
App နှစ်ခုကို ဘေးချင်းယှဉ်၍ တစ်ပြိုင်နက် သုံးပါ။

သင့်ဖုန်းမှာ E-book ဖတ်နေရင်းကနေ Dictionary ကိုလည်း ဘေးချင်းယှဉ်၍ တစ်ပြိုင်နက် သုံးနိုင်ပါပြီ။ ဒီစွမ်းဆောင်ချက်ကို ဖုန်းအားလုံးမှာ မသုံးနိုင်ပေမယ့် Samsung နဲ့ အခြားဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။ Samsung Phone များမှာတော့ Multi-Window Mode လို့ အမည်ပေးထားပါတယ်။

Safe Mode ထဲသွားပါ။
သင့်ဖုန်းဟာ အလုပ်ကောင်းစွာ မလုပ်ဘဲ ကြောင်နေတယ်ဆိုရင် Safe Mode ထဲမှာ အဖြေရှာနိုင်ပါတယ်။ Safe Mode မှာ Third-Party Apps များကို ပိတ်ပင်ထားတဲ့အတွက် သင့်ဖုန်း ပြဿနာဟာ အဲဒီ App များကြောင့်လားဆိုတာ စစ်ဆေးနိုင်မှာပါ။ Safe Mode ထဲသွားဖို့အတွက် ပါဝါခလုတ်ကို ဖိထားပါ။ Menu ပေါ်လာရင် Power Off ကို ဖိထားပြီး Safe Mode ကို ရွေးပေးပါ။

Offline Maps ကို သုံးပါ။

သင့်ဖုန်းမှာ အင်တာနက် မဖွင့်ဘဲနဲ့ မြေပုံကို Offline ကြည့်နိုင်ပါပြီ။ Google Maps မှာ တည်နေရာများရဲ့ မြေပုံဒေတာများကို ဒေါင်းလုပ်လုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် အခြား Offline Map Apps များစွာကိုလည်း Play Store ကနေ အခမဲ့ အသုံးပြုနိုင်ပါတယ်။

ခရက်ဒစ် ကဒ် အစား ဖုန်းဖြင့် ငွေပေးချေပါ။

Android Pay , Apple Pay , Samsung Pay စတဲ့ မိုဘိုင်းဖုန်း ငွေပေးချေမှု စနစ်များ ပေါ်လာပါပြီ။ သူတို့ရဲ့ စနစ်က ခရက်ဒစ်ကဒ်များကို ဒစ်ဂျစ်တယ် နည်းဖြင့် ဖုန်းထဲကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် စတိုးဆိုင်များမှာ ဖုန်းဖြင့် ငွေပေးချေနိုင်ပါတယ်။ သင့် ခရက်ဒစ်ကဒ်ကို အိမ်မှာ ထားခဲ့နိုင်ပါပြီ။

Scanner လို သုံးပါ။

သင့် စမတ်ဖုန်းဖြင့် စာရွက်စာတမ်းများ၊ ဓါတ်ပုံများကို စကင် ပြုလုပ်နိုင်ပါပြီ။ ဒီလို သုံးဖို့အတွက် CamScanner လို App ကို အသုံးပြုနိုင်ပါတယ်။ CamScanner က ပုံနှိပ်စာရွက်စာတမ်းများကို စကင်လုပ်ပြီး PDF ဖိုင် အဖြစ် ပြောင်းပေးနိုင်ပါတယ်။

Download CamScanner
မျက်စိရှေ့မှာ တွေ့တဲ့ အရာများကို Google မှာ ရှာဖွေပါ။
Google Goggles App က သင့် မျက်စိရှေ့မှာ တွေ့တဲ့ အရာ အားလုံးကို Google မှာ ရှာပေးနိုင်ပါတယ်။ App ကနေ သင့်မျက်စိရှေ့မှ အရာကို ဓါတ်ပုံ ရိုက်လိုက်တာနဲ့ ရှာဖွေပေးမှာပါ။ အစားအစာများ၊ အိမ်သုံး ပစ္စည်းများ၊ ဓါတ်ပုံများ၊ ဘားကုဒ်များကို ရှာဖွေဖို့ အသုံးဝင်ပါတယ်။
Download Google Goggles



Credit to ==>> DigitalTimes.com.mm