Tuesday, April 25, 2017

♪ Android ဖုန်းမှာ Goole Maps ရဲ့ Location history ကို ဘယ်လိုကြည့်မလဲ ♫



Android ဖုန်းမှာ ပါဝင်တဲ့ Google Maps မှာပါဝင်တဲ့ Time line လုပ်ဆောင်ချက်ကို အသုံးပြု ပြီး မိမိအနေနဲ့ Google Maps သုံး ပြီး သွားလာခဲ့တဲ့ လမ်းကြောင်း တွေဖြစ်တဲ့ Location history ကို  အလွယ်တကူ ပြန်ကြည့်နိုင်မှာဖြစ် ပါတယ်။ ကိုယ်က Google Maps ကိုသုံးပြီး ခရီးသွားထားတဲ့ သူတစ်ယောက်ဆိုရင်တော့ ကိုယ်သွားခဲ့တဲ့ တည်နေရာပြ လမ်းကြောင်းတွေကို အပတ်စဉ်၊ လစဉ် ပုံစံမျိုးနဲ့ ပြန်လည်ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး ဖုန်းထဲက Google Maps app ကို ဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်း ပွင့်လာမှာ ဖြစ်ပြီး ဘယ်ဘက် အပေါ်ထောင့် နားက မျဉ်းတန်းသုံးခု ဆင့်ထားတဲ့ more or menu နေရာကို တစ်ချက်နှိပ်လိုက်ပါ။

ပေါ်လာတဲ့ အကွက်ထဲကနေ Your timeline ဆိုတဲ့ စာသားကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ ဖုန်းမြင်ကွင်းရဲ့ ညာဘက် အပေါ်ထောင့်နားက ပြက္ခဒိန် icon လေးကို တစ်ချက်နှိပ်ပါ။


ပြက္ခဒိန်ရဲ့ လကို ပြောင်းလဲဖို့ အတွက် မြင်ကွင်းကို ဘယ်ညာ ရွှေ့ပြီး မိမိပြန်ကြည့်ချင်တဲ့ လကိုရွေးပါ။


ပြီးရင်တော့ ကိုယ်ကြည့်ချင်တဲ့ ရက်ကို နှိပ်ပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်။


ကိုယ်သွားခဲ့တဲ လမ်းကြောင်း ပုံစံကို အသေးစိတ်အနေနဲ့ ပြန် ကြည့်နိုင်မှာ ဖြစ်ပါတယ်။



Credit to ==> Internet Journal




 
 
 
 
www.pyaephyo.com

Monday, April 24, 2017

အသစ်ထွက်လာတဲ့ Android ဖုန်းနှင့် Tablet တွေမှာအသုံးများတဲ့ - Viber Version 6.8.3.2.apk


ဒီနေ့တွက်လာ Android ဖုန်း tablet တွေအသုံးများနေတဲ့ Viber Version သစ်လေးတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ ဒီနေ့ထွက်တာပဲရှိသေပါတယ်။ လူတိုင်းအတွက် မရှိမဖြစ်ဆိုရင်လည်းမမှားပါဘူး။ ဘာဖြစ်ဆိုတော့ Viber ဆိုတာ Online ရတာနှင့် Free call တိုင်းတပါးသို့ရောက်နေသော အမေအဖေတွေကို free call,free Chatting and free တိုင်းတပါးသို့ေ၇ာက်နေသော သူကိုတွေကို မြင်နိုင်ပါတယ်။ နောက်ပြီး ချစ်စရာ အရုပ်ကလေးတွေ ပါလာတာကိုတွေ၇ပါတယ်။ ဒါကြောင့် Update OR Version new သုံးချင်းသူများအတွက် အောင်မှာဒေါင်းနိုင်ပါတယ်။
 
 
 
ဝင်းလှိုင်-နည်းပညာ 
 
 

~~Viber ထဲကဖျက်ပြီးသားမက်ဆေ့တွေကိုဘယ်လိုပြန်ယူမလဲ~~


Viber မှာ တခါတလေ နမော်နမဲ့နဲ့ အရေးတကြီးမက်ဆေ့တွေကို ဖျက်လိုက်မိတဲ့အခိုက်အတန့်မျိုး ကြုံဖူးမှာပါ။ကိုယ့်ကောင်မလေးပို့လိုက်တဲ့မက်ဆေ့ကို မှားဖျက်မိတဲ့ အခါမျိုးဆို ပိုလို့တောင်ဆိုးတာပေါ့။
Viber ဟာ သင်ချက်ထားတဲ့ မက်ဆေ့တွေကို သူ့Severမှာ သိမ်းထားတာမဟုတ်တာကြောင့် 

Viber app ထဲကနေ ဖျက်လိုက်မိတဲ့ မက်ဆေ့တွေ၊ဖုန်းကောတွေ၊ ဓာတ်ပုံတွေကို ပြန်ယူနိုင်မှာမဟုတ်ပါဘူး။
ဒါပေမယ့် စိတ်မပူပါနဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖျက်လိုက်မိတဲ့ Viber မက်ဆေ့တွေကို
လွယ်လွယ်နဲ့ ပြန်ယူနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။

ပထမဆုံးနည်းလမ်းကတော့ သင်ဟာ ဒီလိုမျိုး မကြာခဏမှားမှားပြီးဖျက်တတ်သူဆိုရင်၊ သင်မက်ဆေ့တွေကို backup လုပ်ထားသင့်ပါတယ်။ Viber app ထဲမှာတင် backup လုပ်နိုင်တဲ့ feature လည်း တပါတည်းပါဝင်ပါတယ်။

Backup လုပ်နည်းကတော့

(၁) Viber Settings ထဲဝင်


(၂) “Calls and messages” ကို နှိပ်
(၃) “Email message history” ကို ထပ်နှိပ်လိုက်ရင် backcup ဖိုင်တစ်ခု create လုပ်ပေးပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။
(၄) အီးမေးလ်တစ်ခု ရွေးခိုင်းပါလိမ့်မယ်။ Gmail ကို ရွေးလိုက်ရင် ခုန Backup လုပ်ထားတဲ့
 ဖိုင်ကို သင့်Mailထဲ ပို့ပေးလိုက်မှာပါ။

Backup လုပ်ထားတဲ့ဖိုင်ကို ပြန်ယူပြီး၊ မက်ဆေ့တွေကြည့်ချင်တယ်ဆိုရင်

Viber app ထဲက backup လုပ်ထားတဲ့ မက်ဆေ့တွေကိုကြည့်ချင်တယ်ဆိုရင် မိမိအီးမေးလ်ထဲဝင်ပြီး၊ Viber က ပို့ထားတဲ့ဖိုင်ကို Download လုပ်လိုက်ပါ။

အဆိုပါဖိုင်ကို “text” ဖိုင်အနေနဲ့ ဖွင့်လိုက်မယ်ဆိုရင် သင်ချက်ထားတဲ့ မက်ဆေ့တွေကို ပြန်မြင်တွေ့နိုင်မှာပါ။

Backup မလုပ်ထားမိဘဲ မတော်တဆမက်ဆေ့တွေမှားဖျက်မိလို့ ပြန်ယူချင်တယ်ဆိုရင် အောက်ပါနည်းအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းကတော့ ကွန်ပြူတာတစ်လုံးလိုပါလိမ့်မယ်။

(၁) Android Recovery Tool ကို ဒီကနေ ဒေါင်းလုဒ်ဆွဲပါ။ ဒီဆော့ဖ်ဝဲဟာ မက်ဆေ့တွေတင်မက၊ ဖုန်းထဲကဖျက်လိုက်မိတဲ့ ဓာတ်ပုံတွေ၊ ဖိုင်တွေကိုပါ ပြန်ယူပေးနိုင်ပါတယ်။

(၂) ဒေါင်းလုဒ်ပြီးသွားရင် မိမိကွန်ပြူတာထဲမှာ သွင်းပြီး ဖွင့်လိုက်ပါ။

(၃) ထို့နောက် မိမိ Android ဖုန်းကို USB ကြိုးနဲ့ ကွန်ပြူတာမှာ ချိတ်ပေးပါ။ ဖုန်းမှာ USB debugging ဖွင့်ထားပေးဖို့ လိုပါတယ်။

(၄) ဖုန်းနဲ့ ဆော့ဖ်ဝဲနဲ့ Connect ဖြစ်သွားပြီဆိုရင် “Start” ကို နှိပ်လိုက်ပါ
(၅) အခုဆိုရင် ဖုန်းထဲကန ကိုယ် recover ပြန်ယူချင်တဲ့ ဖိုင်အမျိုးအစားတွေကို ရွေးခိုင်းပါလိမ့်မယ်။ ဓာတ်ပုံတွေဘာတွေ မယူဘဲ၊ မက်ဆေ့ဘဲ အဓိကယူမယ်ဆိုရင်တော့ “Viber Messages” ဆိုတာကို ရွေးပေးလိုက်ပါ။ ဖိုင်အမျိုးအစားတစ်ခုတည်းဆို အချိန်ပိုမြန်ပါတယ်။ ရွေးပြီးရင် “Next” နှိပ်လိုက်ပါ။
(၆) နောက်ထပ်တဆင့်မှာ “Scan for deleted files” ဆိုတာကို ရွေးပေးပြီး Next နှိပ်လိုက်ပါ။
(၇) စကင်ဖတ်တာက အချိန်နည်းနည်းတော့ကြာပါလိမ့်မယ်။ စကင်ပြီးရင် ဆော့ဖ်ဝဲမှာ ကိုယ်ဖျက်ထားတဲ့ မက်ဆေ့တွေ ပေါ်လာမှာဖြစ်ပြီး၊ အဆိုပါမက်ဆေ့တွေကို ကွန်ပြူတာထဲ သိမ်းထားချင်တယ်ဆိုရင်၊ “Recover” ကို နှိပ်ပြီး၊ သိမ်းထားနိုင်ပါတယ်။
သတိပြုရမှာက- Viber မက်ဆေ့တွေကို ဖျက်ပြီးပြီးချင်းမှာ၊ ချက်ချင်းလုပ်တာပိုကောင်းပါတယ်။ တကယ်လို့ ကိုယ်က နောက်ထပ်သုံးတာများသွားရင်၊ ဒေတာတွေ overwrite ဖြစ်ပြီး ပြန်ရဖို့ အခွင့်အလမ်းနည်းသွားမှာ ဖြစ်ပါတယ်။
Credit ~~ Digital Times