Thursday, December 29, 2016

Samsung ဖုန်းများကို Sim Unlock ပြုလုပ်နည်း [Official Way] 100%


Samsung ဖုန်းများတွင် Sim Unlock စနစ်ပါဝင်နေတာမို့ ကျနော်ပြုလုပ်ဖူးတဲ့ ဒီနည်းလမ်းလေးကို
လိုအပ်မယ်ထင်လို့ လေ့လာလို့ရအောင် အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 ကျနော်ပြုလုပ်ဖူးတဲ့ ဖုန်းကတော့ Galaxy S6 Edge+ ဖုန်းဖြစ်ပါတယ်

သူငယ်ချင်းတစ်ယောက်မှာ သူ့အစ်ကို နော်ဝေး ကထည့်ပေးလိုက်တဲ့ဖုန်းပါ


ဒီရောက်တော့ Sim Card ထည့်လိုက်ရင် "SIM Network Unlock PIN" ဆိုပြီး
 ပေါ်နေတယ် ဘာမှဆက်လုပ်လို့မရတော့ဘူး ဒီလိုနဲ့ ကျနော်ဆီရောက်လာခဲ့တယ်

ဒီဖုန်းကို Unlock လုပ်ပေးလိုက်တာတော့ကြာခဲ့ပါပြီ အဲဒီဖုန်းက ဒီပိုစ့်ကို ရေးဖို့
လုပ်ပါသေးတယ် နောက်မှရေးတော့မှာပါလေနဲ့ အခုတော့ တစ်နှစ်တောင်ပြည့်တော့မယ်

 Gmail ကို စစ်ကြည့်ရင်းပြန်တွေ့မိလို့ ပြီးတော့ Samsung Device အတွက်
စာအုပ်လေးတစ်အုပ် ရေးနေရင်း လိုအပ်တဲ့ အခန်း ကဏ္ဍရောက်လာလို့ ဒီပိုစ့်ကို
အခုမှပဲရေးဖြစ်တော့တယ်၊ အားလုံးအတွက် အသုံးတည့်မယ်လို့ယုံကြည်ပါတယ်။
SIM Network Unlock PIN ဆိုတာ
====================
တကယ်တော့ Sim Unlock ဆိုတာ PIN တစ်မျိုးပါပဲ specific carrier လို့ခေါ်တဲ့
Mobile device ကို manufacturer များမှ လုံခြုံရေးအတွက် Lock ချပေးထားတာဖြစ်ပါတယ်။

သူ့ရဲ့ သဘောတရားက Network service ပိုင်းအတွက် Protect လုပ်ပေးထားတာပါ
ပြည်ပမှ ၀ယ်လာတဲ့ ဖုန်းအသစ်တစ်လုံးကို ပြည်တွင်း Sim Card ကိုထည့်လိုက်ရုံဖြင့်
ဖုန်းခေါ်ရန်အတွက် အဆင်မပြေသေးပါ Unlock ပြုလုပ်ပြီးမှ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

SIM ဆိုတာဘာလဲ?
============
SIM ဆိုတာ Subscriber Information Module ကိုပြောတာဖြစ်ပါတယ်
နိုင်ငံတစ်နိုင်ငံ၏ Service provider မှန်ကန်ကြောင်း သဘောတရားပါ။

 နည်းလမ်းနှစ်မျိုး

 ===========
ပုံမှန်အားဖြင့် Sin Unlock ပြုလုပ်ရန်အတွက် အများစုက နည်းလမ်းမျိုးကိုအသုံးပြုကြပါတယ်

၁။ Service operator များနဲ့ ချိတ်ဆက်ပြီး Unlock Codes တောင်းဆိုပြီး ပြုလုပ်နည်း

၂။ Unlock ပြုလုပ်နိုင်တဲ့ ဆော့ဝဲများဖြင့် Manual အနေဖြင့် ပြုလုပ်နည်း။


Z3x Box ကတော့ Samsung ဖုန်းတွေအတွက် Sim Unlock ပြုလုပ်ရန်အတွက် 
အသင့်တော်ဆုံး Box တစ်ခုဖြစ်မယ်ထင်ပါတယ်၊ အခြားသော Box တွေလည်းရှိဦးမှာပါ 
Z3x Box လည်း ၀ယ်ထားတာ တစ်နှစ်ကျော်ပြီး အခုချိန်ထိ တစ်လုံးမှ မစမ်းဖူးသေးဘူး 

Sim locked Device ဟုတ် မဟုတ် စစ်ဆေးနည်း
===========================
မိမိဖုန်းက Locked Device ဟုတ်မဟုတ် စစ်ဆေးကြည့်မယ်ဆိုရင်တော့
အောက်ပါ Step များအတိုင်း ပြုလုပ်ပြီး စမ်းသပ်ကြည့်ရှုနိုင်ပါတယ်။

၁။ SIM တစ်ခုထည့်ပြီး ဖုန်းခေါ်ကြည့်ပါ။

၂။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။

၃။ ထည့်ထားတဲ့ Sim Card ကိုထုတ်လိုက်ပါ။

၎။ Activate Sim Card (အသုံးပြုနေတဲ့ ဆင်း) ကိုထည့်ကြည့်လိုက်ပါ။

၅။ "SIM Network Unlock PIN" ဆိုပြီး ပေါ်လာခဲ့ရင်တော့ သေချာတယ်
သင့်ဖုန်းက Locked Device တစ်လုံးဖြစ်ပါတယ် Sim Unlock လုပ်ပေးရမှာပါ။


ကြိုတင်ပြင်ဆင်ထားရမယ့်အချက်များ
====================
၁။ မိမိဖုန်းက Locked Device ဟုတ်မဟုတ် သေချာအောင်လုပ်ပါ။

၂။ ဖုန်းရဲ့ ဗားရှင်းက Android Jellybean 4.1 နဲ့အထက်ဖြစ်နေရပါမည်။
 Method တိုင်းတွင် Requirements ဆိုတာ သို့တည်းမဟုတ် Team of policy စနစ်ကတော့
ပါစမြဲပေါ့ there is nothing free in the world ဆိုသလို ပေးဆပ်မှုမရှိပဲ လယ်လွင့်တကူ
ရရှိနိုင်တဲ့အရာဆိုတာ မရှိသလောက်ပါပဲ။


လိုအပ်ချက်များ
=========
၁။ Visa Card (PayPal)

၂။ Gmail Account

၃။ Read the instruction


 Visa Card ဆိုရာတွင် Credit Card & Debit Card မျိုးကိုပြောတာဖြစ်ပါတယ်၊
Online Shopping လုပ်ထားမှ အွန်လိုင်းတွင် ဈေးဝယ်လို့ရမှာဖြစ်ပါတယ်။

ဒီပိုစ့်ကို ရေးမယ်လုပ်ထားပြီးမှ မေ့နေခဲ့လို့ အခုဆိုရင် တစ်နှစ်တောင်ပြည့်တော့မယ် သတိရတုန်း
မရေးခဲ့လို့ အခုရေးမယ်လုပ်တော့ Step by step ကိုမေ့တောင်နေပြီ မှတ်မိသလောက် ရေးလိုက်ပါတယ်။


Step by Step ဖြင့် ပြုလုပ်ရန်
================
Sim Unlock ပြုလုပ်ရန်အတွက် Step လေးခုဖြင့် အောက်ပါအတိုင်းပြုလုပ်ပေးရမှာပါ


၁။ ပထမဆုံး step ကမိမိဖုန်းအမျိုးအစားကို ရွေးချယ်ပေးရမှာပါ။

၂။ ဒုတိယ Step ကတော့ IMEI နံပါတ်နဲ့ မိမိနိုင်ငံ Provide ကို ရွေးချယ်ပေးရမှာပါ၊

၃။ တတိယ Step က Payment စနစ်ပါ ပိုက်ဆံ ပေးချယ်ရမယ့် နေရာပါ။

♪ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လေ့လာနိုင်မယ့် - Active Wheel - Myanmar Driver Apk ♫



ပြည်တွင်းမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လေ့လာချင်သူများ ဆောင်ထားသင့်သည့် App ဖြစ် သည်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို မြန်မာဘာသာဖြင့် လေ့လာနိုင်ရန် ဖန်တီးထား သည်။ လေ့လာထားသည်များကိုလည်း ယာဉ်မောင်းလိုင်စင်ဖြေကြားသည့် မှန်ရာရွေးပုံစံဖြင့် ပြန်လည်လေ့ကျင့်နိုင်မည်ဖြစ်သည်။

အသုံးပြုလိုသူများအနေဖြင့် PlayStore တွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 2.7MB ရှိမည် ဖြစ်သည်။ Android OSv4.2 နှင့်အထက်တွင် အသုံးပြုနိုင်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။


Credit to ==> Internet Journal

Wednesday, December 28, 2016

ဖုန်း Sim Card lock ကျသွားတဲ့အခါဖြေရှင်းနည်း


ဒီတစ်ခါဖုန်း Sim Card lock ကျသွားတဲ့အခါဖြေရှင်းနည်း SSနဲ့အပြည့်အစုံရှင်းပြထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျသွားပြီ ဆိုရင် ဖုန်းလိုင်းပျောက်ပြီး unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်။
PUK ဆိုတာ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီရောက်ရောက် သွားရတယ်။
တကယ်တော့ ဖုန်းဝယ်ကတည်းက PUK code ကပါပြီးသားပါ (ပုံမှာပြထားသလို) unlock ပြန်လုပ်ပုံကတော့ အဲ့ဒီ code ၈ လုံးကို ရိုက်ထည့်ပေးလိုက်ပါ ပြီးရင် ok နှိပ်ပါ။
PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်။
12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ်။
12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ။ ဒါဆိုပြီးပါပြီ Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိပ်မယ်
ထိုင်းဖုန်းလဲအတူတူပါပဲဒီနည်းအတိုင်း ပြန်ဖြေလို့ရပါတယ် ကျွန်တော် ရဲ့အတွေ့ကြုံကိုပြန်လည်မျှဝေလိုက်တာပါ
SIMcardunlock ဖြည့်နည်း Apk ကို
Screenshotပုံဖြင့်အပြည့်အစုံရှင်းပြထားပါတယ်

Credit to original uploader