Wednesday, January 28, 2015

မြန်မာ၊ အင်္ဂလိပ် ၊ ထိုင်း ၊ ဂျပန် ၊ ကိုးရီးယား ၊ရုရှား၊ ဘာသာ ( ၅) မျိုးနဲ့ ကြည့်နိုင်တဲ့ Shweyoe Dictionary v3.0 with Net Framework


Shweyoe Dictionary v3.0 with Net Framework
မင်္ဂလာပါ
မြန်မာတွေအတွက် ကွန်ပျူ တာမှာ အသုံးပြု လို့ရတဲ့
အဘိဓာန်တွေထဲမှာတော့ ကျနော် အရမ်းသဘောကျတဲ့
Shweyoe Dictionary လေးကို အားလုံးအတွက် ပြန်လည်
မျှဝေလိုက်ပါတယ်။ သိပြီးသား ရှိနေပြီးသားသူတွေလည်း
များနေလောက်ပါပြီ အသုံးမပြု ဖူးသေးတဲ့ ဘော်ဒါတွေ
အတွက်တော့ လုံးဝဆောင်ထားသင့်တဲ့ တကယ်ပြည့်စုံတဲ့
(၅) ဘာသာအသုံးပြု နိုင်တဲ့ အဘိဓာန်လေးပါ။

ဒီအဘိဓာန်လေးကတော့ အဝေးရောက်မြန်မာတွေအတွက်
ပိုအဆင်ပြေမယ်ထင်ပါတယ်၊ ပြီးတော့ ဘာသာရပ်တွေကို
အထူးလေ့လာလိုက်စားနေကြတဲ့ ကျောင်းသား/သူ ညီအကိုတွေ
အတွက် ကိုယ်နဲ့မကွာ အထူးဆောင်ထားသင့်တဲ့ အဘိဓာန်လေးပါ။

ဒီအဘိဓာန်လေးမှာ မြန်မာ၊ အင်္ဂလိပ် ၊ ထိုင်း ၊ ဂျပန် ၊ ကိုးရီးယား ၊
ရုရှား၊ ဘာသာ ( ၅) မျိုးနဲ့ အလွယ်တကူ ကြည့်ရှုနိုင်တာမို့
 သက်ဆိုင်ရာနိုင်ငံတွေရဲ့ အဓိပ္ပါယ်နဲ့ မြန်မာအဓိပ္ပါယ်ကို တွဲပြီး ကြည့်နိုင်ပါတယ်။

 ဘာကြောင့်ဒီအဘိဓာန်လေးကို ကျနော် အရမ်းသဘောကျသလဲဆိုတော့
သူ့မှာ Wikipedia နဲ့ တိုက်ရိုက်တွဲကြည့်ရှုနိုင်တာကြောင့်ပါ။

ဒီအဘိဓာန်ကို Net Framework 4.0 ပေါ်မှာ အခြေံရေးဆွဲထားတာမို့
မိမိတို့ရဲ့ ကွန်ပျူ တာမှာ ဒီအဘိဓာန်လေးကို အဆင်ပြေပြေအသုံးပြု ချင်တယ်
ဆိုရင်တော့ Net Framework 4.0 ကို Install လုပ်ထားဖို့ လိုအပ်ပါတယ်။

Windows 8 မှာတော့ Net Framework 4.0 ကပါလာပြီးသားပါ
ဒါပေမယ့် တစ်ခါတစ်လေ အဆင်မပြေပဲ Error တက်နေတတ်ပါတယ်
တကယ်လို့ မိမိကွန်ပျူ တာမှ Net Framework သာ အင်စတောလုပ်ရတာ
အဆင်မပြေဘူး ပြသနာတက်နေတယ်ဆိုရင်တော့ အဲဒီ Error ကို အကောင်းဆုံး
ဖြေရှင်းနည်းကို အောက်ကလင့်မှာ ၀င်ကြည့်ပေးပါ။


ပြသနာတစ်ခုကတော့ Unicode & Zawgyi ဖောင့်တွေပါ
အခုကျနော် ကွန်ပျူ တာမှာတော့ Zawgyi ကို အသုံးပြု နေတာမို့
စမ်းကြည့်ထားတာလည်း Zawgyi နဲ့ပါ လုံးဝအဆင်ပြေပါတယ် စာလုံးလေးတွေ
ဝိုင်းစက်နေအောင် မြင်ရပါတယ်။ Unicode ဘော်ဒါတွေအတွက်တော့
အဆင်ပြေမလား မပြေဘူးလားဆိုတာကိုတော့ ကျနော် မပြောတတ်ပါ။

ဒါပေမယ့် ကျနော် အရင် တင်ပေးဖူးတဲ့ ပိုစ့်အဟောင်းထဲက 
Zawgyi & Unicode နှစ်မျိုးစလုံးကို မြင်နိုင်ဖို့ အတွက်ဆိုရင် 
မိမိတို့ရဲ့ ကွန်ပျူ တာမှာ ပြည်ထောင်စုဖောင့် ကို အင်စတောလုပ်ထား
ရမှာ ဖြစ်ပါတယ်။

 အခုကျနော်ဆို ပြည်ထောင်စုဖောင့်ကို အသုံးပြု ကတည်းက
အင်တာနက် တစ်ခွင် Unicode နဲ့ အသုံးပြု ထားတဲ့ ဆိုက်တွေကိုရော့
Zawgyi One နဲ့ အသုံးပြု ထားကြတဲ့ ဆိုက်တွေကိုပါ လုံးဝအဆင်ပြေပြေ
ကြည့်ရှုနိုင်တာကိုတော့ အောက်ကပုံလေးကို ကြည့်ကြည့်လိုက်ပါ။

အပေါ်က မြင်နေရတဲ့ ပုံလေးအတိုင်းဆိုရင် မြန်မာ Wikipedia ဆိုက်ကို
မြန်မာ Unicode နဲ့ ရေးထားတာဖြစ်ပါတယ် ဒါပေမယ့် မြင်တဲ့အတိုင်းပါပဲ
ကျနော်ကွန်ပျူ တာမှာ စာလုံးအမှန်မြင်နေရတာပါ။

 ကျနော်လို အဆင်ပြေချင်တယ်ဆိုရင်၊ အထူးပြောချင်တာက
သင့်ကွန်ပျူ တာမှာ Zawgyi & Unicode နှစ်မျိုးစလုံးကို မြင်နိုင်ဖို့ 
ကျနော် တင်ပေးထားတဲ့ ပြည်ထောင်စုဖောင့် ကို အောက်မှာ
ရယူလိုက်ပြီး အင်စတောလုပ်ထားပါ။

Zawgyi နဲ့ Unicode နှစ်မျိုးလုံးကို မြင်နိုင်တဲ့ ပြည်ထောင်စုဖောင်  

ကဲဗျာ ကျနော် နားလည်သလောက် ကိုယ်တွေ့ကြုံနေရတဲ့
ဘ၀ရဲ့အမောတွေကို ဘော်ဒါတွေလည်း အဆင်ပြေသွားအောင်
အများကြီးရှင်းပြခဲ့ပါပြီ အခုလောက်ဆိုရင် အားလုံးအဆင်ပြေ
ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  မြန်မာ၊ အင်္ဂလိပ် ၊ ထိုင်း ၊ ဂျပန် ၊ ကိုးရီးယား ၊ ရုရှား၊ ဘာသာ ( ၅) မျိုးနဲ့
 အလွယ်တကူ ကြည့်ရှုနိုင်တဲ့ မြန်တို့အတွက် အလန်းတကာ့ အလန်းဆုံး
 Shweyoe Dictionary လေးကို တစ်နေရာတည်းနဲ့ အဆင်ပြေသွားအောင်
 ကျနော် Net Framework နဲ့အတူ တွဲတင်ပေးလိုက်ပါတယ်။

တကယ်လို့ မိမိကွန်ပျူ တာအတွက် Net Framework 4.0 အတွက်
အဆင်မပြေဖြစ်နေခဲ့ရင် (သို့) Official ကနေတိုက်ရိုက်
ဒေါင်းလော့ယူချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာရယူလိုက်ပါ။

Click here to Download Net Framework Official


Shweyoe Dictionary v3.0 Feature
=============
Five Languages support
★ English , Russia , Korea , Japan , Thai and Myanmar Orthography
★ Wikipedia , Wiktionary
★ Design Improvement and Improve Performance
★ Support Zawgyi font and keyboard
★ Add new words for five languages and myanmar orthography
★ and much more…

အဘိဓာန်နဲ့  Net Framework ကို တစ်ပါတည်း
ဒေါင်းလော့ယူချင်တယ်ဆိုရင်တော့ အောက်ကလင့်များမှာ
အဆင်ပြေသလိုဒေါင်းလော့ယူနိုင်ပါပြီ။

Shweyoe Dictionary v3.0 with Net Framework
 
 Download Here

OR

Download Here 

OR

 Download Here

Special Credit Developer ဇော်မင်းစိုး-(Initial)


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

မှားဖျက်မိတဲ့ မက်ဆေ့စ်တွေပြန်ရှာပေးမဲ့ SMS Backup & Restore Pro v7.26 Apk


Posted by : Paye PhyoKyaw Tuesday, January 27, 2015
SMS Backup & Restore Pro apk
မှားဖျက်မိတဲ့ မက်ဆေ့စ်တွေပြန်ရှာပေးမဲ့ SMS Backup & Restore Pro v7.26 Apk လေးပါ အရေးကြီး
တဲ့မက်ဆေစ့်တွေ ပြန်ရှာဖို့ဆောင်ထားသင့်တဲ့ဆော့ဝဲကောင်းလေးပါ အောက်မှာဒေါင်းပါ (ပုသိမ်အိုင်တီ)
SMS Backup & Restore Pro v7.26 Apk | 762 KB | Resumable Links | Requires Android:1.5 and up |





                                                Download ►: ►''  Here ''
     
                                      www.patheinit.com
                             
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ

✔ကိုယ်​ပိုင်​Facebook Pageတစ်​ခုကိုလွယ်​ကူ မြန်​ဆန်​စွာပြုလုပ်​နည်း✔


Posted by : ကိုဇော် သွင် Tuesday, January 27, 2015
✔ကိုယ်​ပိုင်​Facebook Pageတစ်​ခုကိုလွယ်​ကူ
မြန်​ဆန်​စွာပြုလုပ်​နည်း✔

-ကိုယ်​ပိုင်​fb pageတစ်​ခုကိုဖုန်းနှင့်​လွယ်​ကူစွာပြုလုပ်​နည်းကို​ရေးသား​ပေးလိုက်​ပါတယ်​-

-ပြုလုပ်​ပုံအဆင့်​ဆင့်​ကိုscreen shotပုံ​တွေနှင့်​တကွ
pdfစာအုပ်​အဖြစ်​​ကော၊android apkအဖြစ်နှင့်​​ပါပြုလုပ်​​ပေးလိုက်​ပါတယ်​။အောက်​ကလင့်​ခ်​များမှာ
ဒေါင်းလုပ်​ရယူသွားနိုင်​ပါပြီ-





















★Pdf စာအုပ်​အား​ဒေါင်းလုပ်​ဆွဲရန်​လင့်​ခ်​★
★ယခုပြုလုပ်​နည်းအားAndroid apkအဖြစ်​ရယူရန်​လင့်​ခ်​★
အဆင်​​ပြေပါ​စေ။
ကို​ဇော်​သွင်​(နည်းပညာ)