Wednesday, July 31, 2013

ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း

 
ရေးမိရေးရာလေးများ
ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း
ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာတာပေါ့။
ဒီနှစ်ပိုင်းမှာ ခါးကပိုနာလာတယ်။ဆေးနည်းကနက္ခတ္တ ရောင်ခြည်ကနေရထားတာကြာလှပြီ။အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -
အာလူးကြီးတစ်လုံးကို ခပ်ပါးပါးအလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီးပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာနေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...
...
အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေကအရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာဆီကနေ အာလူးကစုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။
နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်းအထင် မသေးကြနဲ့ ဗျို့။

ချစ်ကြည်စွာဖြင့် -
ဧကံသ
Ref: Myawady News
Credit to : မြဝတီ (ကျန်းမာရေး)

Wednesday, July 31, 2013

မြဝတီရေကြီးမှု အဆိုးဆုံး အခြေအနေရောက်

မြဝတီ မြို့တွင် သောင်းရင်းမြစ်ရေကြီး ရေလျံမှုကြောင့် ရေကြီး မှုသည် အဆိုးဆုံးအခြေအနေသို့ ရောက် ရှိနေခြင်းကြောင့် ကယ်ဆယ်ရေး စခန်း ၅ရခုအထိဖွင့်လှစ်ကာ ဆောင်ရွက်နေရကြောင်း ကရင် ပြည်နယ် လူမှုရေး ဝန်ကြီး ဦးချစ် လှိုင်က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။ ကရင်ပြည်နယ်လူမှုရေး ဝန်ကြီး ဦးချစ်လှိုင်က ''ကရင်ပြည် နယ်မှာ ခါတိုင်းနှစ်နဲ့မတူဘူး။ တော် တော်ဆိုးတာ မြဝတီဘက်သွား လမ်းတွေမှာ တောင် တွေပြို လို့ လမ်းရှင်းလင်းရေး ဆောင်ရွက် နေရတယ်။ ကျောင်းတွေလဲ ပိတ် လိုက်ရတယ်''ဟု ပြောသည်။ ရေကြီးမှုကြောင့် မြဝတီမြို့ အတွင်းရှိရုံးများနှင့် လူနေအိမ်အ များအပြားရေနစ်မြုပ်မှုများဖြစ် ပေါ်ကြောင်း ဒေသခံများ၏ ပြော ပြချက် အရသိရ သည်။

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသတွင် ဇူလိုင်လအတွင်း မိုး များအဆက်မပြတ်ရွာသွန်းလျက် ရှိရာ မြဝတီမြို့ရှိ သောင်ရင်းမြစ် တွင်လည်း ဇူလိုင် ၂ရရက်မှစ တင်ကာ ရေတက်လျက်ရှိပြီး မြို့ ၏စိုးရိမ်ရေအမှတ်ကို ကျော် လွန်ရောက် ရှိခြင်း ဖြစ် ကြောင်း သိရသည်။ မြဝတီမြို့ အမှတ်(၅)ရပ် ကွက်မှ ဈေးဆိုင်ဖွင့်လှစ်ရောင်း ချသူတစ်ဦးက ''မြို့ထဲကနေရာ တ်ာတော်များရေမြုပ်နေတယ်။ မိုးကလဲ ဒီနေထိမရပ်သေးဘူး။တချို့နေရာရပ်ကွက်တွေဆိုရင် အိမ်ခေါင် မိုးတောင် မြုပ်သွား ပြီ။ တချို့နေ ရာတွေ ဆိုရင် လူတစ် ရပ်မြုပ်တယ်။ ရေတွေအရမ်း များလို တစ်နေရာနဲ့ တစ်ရာသွား ရင် လှေနဲ့သွားရတယ်''ဟုပြော သည်။

ယင်းကဆက်လက်၍ မိုး တွင်းကာလများတွင် ရေတက်မှု များရှိသော်လည်း ယခုနှစ်တွင် ရက်ပေါင်းလေးရက်ရှိသော်လည်း တစ်နာရီလျှင် နှစ်ပေခန့်မြင့်တက် လျက်ရှိပြီး ထိုင်း-မြန်မာနယ်စပ် တံတားမှာလည်း ထိုင်းဖက်အခြမ်း မှ ပိတ် လိုက်ပြီဖြစ် ကြောင်းပြော သည်။

စိုင်းဟန်
Yangon Media Group

Tuesday, July 30, 2013

ထိုင်းတွင် နိုင်ငံကူးလက်မှတ် မရရှိသေးသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ကျန်ရှိနေ


၃၀.၇.၂၀၁၃၊ အင်္ဂါနေ့

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမား နိုင်ငံသား စိစစ်ရေးရုံး
ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူး လက်မှတ် မရရှိသေးသည့် မြန်မာရွှေ့ပြောင်း လုပ်သား အများအပြား ကျန်ရှိနေပြီ အချို့ အထောက်အထား မရရှိသေးသူများမှာ



 ဒေသဆိုင်ရာ အာဏာပိုင်များအား ဆက်ကြေးပေးပြီး နေထိုင်နေရကြောင်း ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖေါင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး ဦးထူးချစ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် အထောက်အထား မရှိသည့် မြန်မာရွှေ့ပြောင်း လုပ်သားမှာ အများအပြား ရှိနေပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ အထောက်အထားများ ရရှိပြီး တရားဝင် အလုပ်လုပ်ကိုင် နိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း အဆိုပါ ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

''လက်ရှိအချိန်အထိ မှတ်ပုံမတင်နိုင်သေးတဲ့ ရွှေ့ပြောင်းလုပ်သားက တစ်သန်းခွဲလောက် အထိရှိနေပါတယ်။ အအထောက်အထား ရှိတာက တစ်သန်းခွဲလောက် ရှိပါတယ်။ အထောက်မထား မရှိတဲ့ သူတွေကတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ဆက်ကြေးပေးနေ ရတာတွေရှိတယ်။ တစ်ချို့တွေက သူဌေးတွေရဲ့ အကာအကွယ်နဲ့ နေကြတာတွေရှိတယ်။ ပုံမှန်တိုင်းပဲ နေနေတာတွေလည်း ရှိတယ်'' ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး ဦးထူးချစ်က ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင် နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းအစိုးရက သတ်မှတ်ထားသည့် အခြေခံလစာ အနည်းဆုံး ဘတ် ၃၀၀ မရဘဲ လုပ်ကိုင်နေရကြောင်း သိရပြီး လစာအပေါ် ခေါင်ပုံဖြတ် ခံနေရမှုများ ရှိကြောင်း စုံစမ်းသိရှိရသည်။

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လုပ်ငန်းရှင်များသည် ၎င်းတို့အား တရားဝင် မှတ်ပုံတင် အလုပ်သမားများ မဖြစ်စေချင်ကြကြောင်း တရားဝင် ဖြစ်သွားလျှင် အနည်းဆုံး လုပ်ခလစာ ဘတ် ၃၀၀ မပေးချင်သည့် အတွက်ကြောင့် အထောက်အထားများ ပြုလုပ်ရာတွင် ဟန့်တားနေမှုများ ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်၍ အကူအညီ ပေးနေသည့် အဖွဲ့အစည်းများ နည်းပါးလျက်ရှိကြောင်း သိရပြီး ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း (ထိုင်းနိုင်ငံ)မှ အကြီးတန်း အကြံပေး ဦးထူးချစ်က ''မြန်မာအစိုးရ အနေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စနစ်တကျ ဆောင်ရွက်သင့်တယ်'' ဟု အကြံပြု ပြောကြားသည်။

ထိုင်းနိုင်ငံရှိ စက်မှုဖွံ့ဖြိုး တိုးတက်သည့် နေရာများနှင့် ရနောင်း၊ ချင်းမိုင် စသည့် နေရာများတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား ရှိကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ၂၃ သန်းကျော်အား ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

Eleven