Tuesday, January 3, 2017

Mi Note 2 ဖုန်းကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း


Mi Note 2 ဖုန်းကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်းကို
 အလိုရှိနေကြတဲ့သူတွေအတွက် Update New ကိုမျှဝေပေးလိုက်ပါတယ်။

Root လုပ်မယ်ဆိုရင်တော့ Bootloader & Custom Recovery များထည့်သွင်းရပါမည်၊
ပြီးရင်တော့မှ Supersu.zip ဖိုင်ဖြင့် Flash ပေးပြီး Root Access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
 မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Mi Note 2 အတွက် သာသီးသန့်ဖြစ်ပြီး
တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========
၁။ TWRP Recovery ထည့်သွင်းထားရပါမည်။

၂။ SuperSu.zip for Mi Note 2



Xiaomi ဖုန်းများကို Boot Loader Unlock ပြုလုပ်နည်းစာအုပ်

Download TWRP Recovery for Mi Note 2


Download SuperSu to root Mi Note 2




Mi Note 2 ဖုန်းကို TWRP ထည့်သွင်းပြီး Root လုပ်နည်း
===================================
 ၁။ Mi Note 2 TWRP recovery (.img) ဖိုင်ကိုဒေါင်းလော့ ရယူလိုက်ပြီး
TWRP Recovery ထည့်သွင်းနည်းကို အောက်ပါ လင့်အတိုင်းပြုလုပ်ပေးလိုက်ပါ။


 ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း


  SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Custom Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Custom Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။


၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



Xiaomi Device အားလုံးကို Un-Brick ပြုလုပ်နည်း step-by-step guide



 Xiaomi (Mi) ဖုန်းတွေကို Root မလုပ်ပဲ မြန်မာစာထည့်သွင်းနည်း

ဇူးနစ်(နည်းပညာ)



Bagen KeyBoard ကုဒ်ထည်စရာမလိုဘူး Free APK


Bagen KeyBoard ကုဒ်ထည်စရာမလိုဘူး Free
ဒီမှာဒေါင်ယူနိုင်ပါတယ်
ဝင်းလှိုင်-နည်းပညာ
 Credit: Myatmin Tun


Android ဖုန်းရဲ့ Volume Level ကို Schedule ချပြီး အပြောင်းအလဲလုပ်မယ်(Apk Download)



Android ဖုန်းတွေမှာ contact အလိုက် ringtone တွေ ပြောင်းလဲသတ်မှတ်လို့ရသလိုပါပဲ။ အချိန်အလိုက် schedule ပေးထားပြီး ringtone volume ကို အတိုးအချဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါကတကယ်ကို အသုံးဝင် တဲ့ အကြောင်းအရာတစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ အလုပ်ထဲ၊ စာသင်ခန်းထဲရောက်နေတဲ့အခါမျိုးမှာ ဖုန်း ringtone သံကို silent (ဒါမှမဟုတ်) တိုးထား တတ်ပါတယ်။ အလုပ်ချိန်၊ စာသင်ချိန်ပြီးသွားလို့ ပြန်ကျယ်ရမှာ မေ့နေတဲ့ အခါမျိုးမှာ အပြင်ဘက်က ဆူညံသံတွေကြောင့် ဖုန်းလာတာကို မသိလိုက်တဲ့ အဖြစ်မျိုးတွေ မကြာခဏ ကြုံဖူးကြရပါတယ်။ ဒီတော့ အလုပ်ဆင်းချိန်နဲ့ အတန်းပြီးချိန်တွေမှာ ringtone ကို သူ့အလိုလို ပြန်လည် ကျယ်လာစေဖို့အတွက် အချိန်နဲ့ schedule ချထားလိုက်မယ်ဆိုရင် မေ့တတ်တဲ့ သူတစ်ယောက် အတွက်ဆိုရင်တောင် အတော်လေးအဆင်ပြေသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြုလုပ်ပုံ၊ ပုံလုပ်နည်း အသေး စိတ်ကို ဖော်ပြပေးလိုက်ပါတယ်။
Android ရဲ့ Setting ထဲမှာ နဂိုပါ မဟုတ်တဲ့အတွက် Volume Schedular ဆိုတဲ့ App တစ်ခုကို ထည့်သွင်းဖို့လိုပါတယ်။
set-your-androids-volume-level-change-schedule-w1456
App ကိုဖွင့်လိုက်တာနဲ့ အပေါ်ဘက်ထောင့်က ခရမ်းရောင် ခလုတ်လေး ကို enable လုပ်လိုက်ပါ။ အဲ့ဒီမှာ Office နဲ့ Home ဆိုတဲ့ပြုလုပ်ထားပြီးသား Preset နှစ်ခုကိုမြင်တွေ့ရပါမယ်။ အောက်ခြေထောင့်က + ကိုနှိပ်ပြီး မိမိစိတ်တိုင်းကျအလွယ်တကူစိတ်ကြိုက်ပြောင်းလဲသတ်မှတ်နိုင်မှာဖြစ်ပါတယ်။
Edit ကိုနှိပ်ပြီး Schedule Name ကို စိတ်ကြိုက်သတ်မှတ်ပြီးတဲ့အခါ Volume Profile မှာ Volume (၅) မျိုးကို စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။
ဒါ့အပြင် Schedule Setting  နဲ့ Notification Setting တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်ပြီးတာနဲ့ စိတ်ချလို့ ရပြီ ဖြစ်ပါတယ်။
set-your-androids-volume-level-change-schedule-w1456-8
သတိပြုဖို့လိုတာက အပြင်မှာ Volume ကို ထပ်မံ မသတ်မှတ်ဖို့ပါပဲ။
Ref: Digitaltimes.com.mm