Tuesday, January 3, 2017

♪ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် MPT မှငွေဖြည့်လက်ဆောင်များပေးအပ်ခြင်း အစီစဉ်ကိုမိတ်ဆက် ♫


MPT မှ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကိုဂုဏ်ပြုခြင်းနဲ့ MPT သုံးစွဲသူ(၂၁)သန်းကျော်အား အသိအမှတ်ပြုတဲ့ အနေဖြင့် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ(၄)ရက်နေ့အတွင်း ငွေဖြည့်သူများ အတွက်အထူးပရိုမိုးရှင်းအဖြစ် (၅၀)ရာခိုင်နှုန်းအထိရရှိမယ့် ငွေဖြည့်လက်ဆောင်များပေးအပ်သွားမယ်လို့ သိရပါတယ်။

MPT မှ GSM /WCDMA/ CDMA အသုံးပြုသူများအနေနဲ့ ပရိုမိုးရှင်းကာလအတွင်း ငွေဖြည့်ကတ်၊ E-Top-up၊ Bank Top-up၊ Red-Dot တို့နဲ့ငွေဖြည့်သွင်းခြင်းဖြင့် ငွေဖြည့်လက်ဆောင်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါငွေဖြည့်လက်ဆောင်များကို MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနဲ့ Pay-As-you-Go စနစ်ဖြင့်အင်တာနက်သုံးစွဲရာမှာ အသုံးပြုနိုင်ပြီး ရရှိထားတဲ့ငွေဖြည့်လက်ဆောင်များကို အခြားဖုန်းများ ကို ငွေလွှဲပြောင်းပေးခြင်း မရဘူးလိုလည်းသိရပါတယ်။

MPT ရဲ့လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပရိုမိုးရှင်းအစီအစဉ်မှာရရှိတဲ့ ငွေဖြည့်လက်ဆောင်များ အားလုံးကို ငွေဖြည့်သွင်းချိန်မှစတင်ပြီး နောက်ထပ် (၅)ရက်အတွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။



Credit to ==> Digital Times




လက်ကိုင်ဖုန်းမှ တဆင့် Download ဆွဲကြရာဝယ် (Must Read & Watch)


Happy New Year 2017 !  

လက်ကိုင်ဖုန်းတွေက တဆင့် Download ဆွဲကြတဲ့အခါ လိုရင်း Download Link ကို မရောက်နိုင်ဘဲ.... Ads ကြော်ငြာတွေ သူ့အလိုအလျှောက် တစ်ခုပြီး တစ်ခု တတ်နေတာကို အားလုံးကြုံဖူးကြမယ်ထင်ပါတယ်... Back ခလုတ်ကို အကြိမ်ကြိမ်နှိပ်ပြီး နောက်ဆုတ်ဖို့ကြိုစားပါသော်လည်း အချည်းအနှီးသာဖြစ်သွားပါတယ်..။ တချို့ ဆိုက်ဒ်တွေမှာဆိုရင် ၄/၅ ကြိမ်လောက် Skip နှိပ်ပေးရတာတောင် လိုရင်း Download Link ကို မရောက်နိုင်ပါဘူး..။
နည်းနည်းလေးမထိလိုက်နဲ့ ထိလိုက်တာနဲ့ Download ဆွဲချင်စိတ်တွေပါပျောက်ပြီး ကိုင်ထားတဲ့ ဖုန်းကိုတောင် လွှင့်ပစ်ချင်စိတ်တွေပေါက်လာတတ်ပါတယ်.. :D

အခုတော့... ဖုန်းကို လွှင့်ပစ်စရာမလိုတော့ပါဘူး... :D

လိုအပ်တဲ့ ဒီ Toggle JavaScript Enabled Addon ကို Firefox Browser မှာ ထည့်ပေးပြီး... ကျန်တာကိုတော့ အောက်က ပုံလေးတွေအတိုင်း လုပ်ဆောင်ပေးလိုက်ပါ..။














@@@@@@@@@


ouo.press ဆိုက်ဒ် ခံထားရင်တော့....








@@@@@@@@


အဆင်မပြေတာရှိရင် Video လေးမှာ ကြည့်ပြီး ဆက်လုပ်လိုက်ပါ...:)


PC အတွက်ကိုတော့ ဒီနေရာမှာ တင်ထားပါတယ်..။


   နှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ....



WinKabarKyaw
www.WinKabarKyaw.net


Xiaomi ဖုန်းတွေအတွက် Root မလို၊ အင်တာနက်မလို၊ Mi Acc မလိုပဲ မြန်မာစာထည့်သွင်းနိုင်တဲ့ TTA Mi Lock Font V1.0 APK


  Foto Than Toe Aung.  Foto Than Toe Aung.  
TTA Mi Lock Font (No Need Root , Acc , Internet)
*************************
Zawgyi X1 ဆိုတာဘာလဲ?
=========
ZawGyi Font အလှ ၇ မျိုးကို MIUI8 မှာ အင်တာနက်မလို Root မလို Mi အကောင့်မလိုပဲချိန်းနိုင်ပါတယ်။ (Zawgyi X1 Font ကိုအခြေခံထားတာဖြစ်ပါတယ်)
.
ဘယ်လိုအသုံးပြုရမလဲ ?
=========
Zawgyi X1 ခလုတ်ကိုနှိပ်လိုက်ပါ မိမိကြိုက်တဲ့ Font ကိုနှိပ်လိုက်ပါ System Font ဆိုတာပေါ်လာပါမယ် System Font ကိုနှိပ်လိုက်ပါ နှိပ်တဲ့ Font နာမည်လေးပေါ်နေပါတယ် (ဥပမာ ဇော်ဂျီ ZG ကိုနှိပ်လိုက်ရင်
ဇော်ဂျီ ZG ဆိုတာပေါ်လာပါမယ်) အဲကောင်ကိုတချက်နှိပ်ပြီး Apply ပါ Reboot နှိပ်ပါ ဖုန်းပိတ်သွားပြီးပြန်ပွင့်လာရင်ရပါပြီ။
Only For Xiaomi Devices