Tuesday, July 1, 2014
ဖုန်းခေါ်တဲ့Styleလေးကိုပြောင်းချင်တဲ့သူတွေအတွက်အရမ်းကိုမိုက်တဲ့RocketDial in Andriod application,
ရေနီသားဖြိုးလေးကိုမေ့နေပြီထင်တယ်ဗျာ
အခုကျွန်တော်ဆော့ဝဲလေးတစ်ခုတင်ပေးမယ်အရမ်းကိုကောင်းတဲ့ဆော့ဝဲလေးပါ
သူကဖုန်းခေါ်တဲ့Styleလေးကိုပြောင်းပေးမှာပါအရမ်းကိုကောင်းပါတယ်
သူကဖုန်းလာရင်လည်းHuawei ဖုန်းတွေမှာလည်း
Samsung Theme လေးတွေပြောင်းပေးတယ်ဗျ
လိုချင်ရင်တော့အောက်ကလင့်မှာဒေါင်းပါနော်
ကျွန်တော်Screenshotလေးရိုက်ထားပါတယ်ဗျာ
Admin...ရေနီသားဖြိုးလေး
Gmail...yenihackerlay@gmail.com
Phone Number....09428175198
Facebook Name ....B Black Ruby
အဆင်ပြေပါစေ..
နေ့စဉ်ဘ၀ထဲ ပိုတိုးဝင်လာသော အန်းဒရွိုက်

အန်းဒရွိုက်စနစ် ဆိုလျှင် စမတ်ဖုန်းနှင့် တဲဘလက် များမှာသုံးသော စနစ်အဖြစ်သာ လူသိများကြသည်။ ယခုအခါ အန်းဒရွိုက်စနစ် တီထွင်သော ဂူဂဲကုမ္ပဏီက အန်းဒရွိုက် အတွက် နယ်ချဲ့လိုက်ပြီ။ စမတ်နာရီ များဖြင့် သုံးနိုင်မည့် အန်းဒရွိုက်၊ ကားများ၊ တီဗွီများတွင် သုံးနိုင်သော အန်းဒရွိုက်။ နေ့စဉ် အိမ်သုံး ပစ္စည်း ပေါင်း များစွာနှင့် တွဲသုံးနိုင်မည့် အန်းဒရွိုက်စနစ် စသည်ဖြင့် အန်းဒရွိုက် အမျိုးမျိုး ထွက်ပေါ် လာပြီဖြစ် သည်။ လူသားများ၏ နေ့စဉ်ဘ၀ လှုပ်ရှားမှုတိုင်းမှာ အန်းဒရွိုက် ပါနေအောင် ဂူဂဲက ဖန်တီးလာသည်။
““မိုဘိုင်းဆိုတဲ့ ဘောင်အပြင် ဘက်ထိ ရောက်ပြီး အားလုံးကို ၀န်ဆောင်မှု ပေးနိုင်အောင် ကြိုးပမ်း နေပါ တယ်””ဟု ဂူဂဲ၏ အန်းဒရွိုက်နှင့် ခရုမ်းစနစ် ဌာန၏ အကြီးအကဲ ဆန်ဒါပီချိုင်းက ပြောသည်။ ဂူဂဲသည် အန်းဒရွိုက် စနစ်ကို ဖုန်းများ၊ တဲဘလက်များနှင့် အမျိုးမျိုးသော မိုဘိုင်း ပစ္စည်းများတွင် သုံးရန် ထုတ်လုပ်ခဲ့ သည်။ ခရုမ်းစနစ်ကိုကား တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၊ လပ်တော့များတွင် အသုံးပြုရန် ထုတ်လုပ်ခဲ့ သည်။ ယခုအခါတွင်ကား ထိုစနစ် နှစ်ခုလုံးကို ပူးပေါင်း၍ အပြန်အလှန် ကူးလူးဆက်ဆံ အသုံးပြုနိုင်ရန် ဖန်တီးလာသည်။ ယခင်က သီးခြားစီ ရှိခဲ့သော အန်းဒရွိုက်ဌာနနှင့် ခရုမ်းဌာန ကိုလည်း ဆန်ဒါပီချိုင်း လက်အောက်တွင် တစ်ပေါင်းတည်း ထားရှိလိုက်သည်။ အန်းဒရွိုက်စနစ်ကို အစဦး ဖန်တီးခဲ့သော အန်းဒရွိုက်ဌာန အကြီးအကဲ အန်ဒီရူဘင်ကိုကား ဂူဂဲ၏ နောက်ထပ် နယ်ပယ်သစ် တစ်ခုဖြစ်သော အန်းဒရွိုက်စနစ်သုံး စက်ရုပ်နည်းပညာဌာန အကြီးအကဲအဖြစ် ပြောင်းလဲခန့်အပ်ထားသည်။
ဂူဂဲ၏ ရည်မှန်းချက်ကား တစ်နေ့ တစ်ခြား ကျယ်ပြန့် များပြားလာနေသော အင်တာနက် ချိတ်ဆက် ပစ္စည်းများ အကြား တစ်ခုနှင့် တစ်ခု အဆင်ပြေ ချောမွေ့စွာ ဆက်သွယ် ချိတ်ဆက် အသုံးပြုနိုင်စေရန် ဖြစ်ကြောင်း ပီချိုင်း က ပြောသည်။
စမတ်ဖုန်း၊ တဲဘလက်များ ပြီးလျှင် လူသုံးများ လာတော့မည့် စမတ်နာရီများ အတွက် Android Wear (၀တ်ထားနိုင် သော အန်းဒရွိုက်) စနစ်ကိုလည်း မိတ်ဆက် လိုက်ပြီး။ ထိုစနစ်သုံးပြီး ထုတ်ထားသော LGG စမတ်နာရီနှင့် ဆမ်ဆောင်း Gear Live စမတ်နာရီတို့လည်း ထွက်ပေါ်လာပြီ။ မိတ်ဆက်ပွဲတွင် သရုပ်ပြမှုများအရ စမတ်နာရီ သုံးပြီး အင်တာနက်မှ တစ်ဆင့် ပီဇာ ၀ယ်ပြခဲ့ သည်။ အလုပ်ကိစ္စ အချိန်း အချက်များ လုပ်နိုင်သည်။ မက်ဆေ့ဂ်ျများ ပို့နိုင်သည်။ စမတ်နာရီကို အသံဖြင့် ထိန်းချုပ် ခိုင်းစေနိုင်သည်။ အတွင်းရေးမှူး တစ်ယောက်ကို စကားပြောပြီး အလုပ်ညွှန်ကြား သလို ညွှန်ကြားနိုင်သည်ကို တွေ့ရ သည်။ ဂူဂဲက ထုတ်လုပ်မည့် Moto စမတ်နာရီ သည်လည်း ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်ထဲ ၀င်လာ မည်ဟု ဂူဂဲက ကြေညာ ထားပြီ။
““လက်ရှိမှာ စမတ်နာရီ သုံးလုံး ထွက်လာပြီလို့ ဆိုနိုင်ပါတယ်။ မကြာခင်နှစ်ပိုင်း အတွင်း နောက်ထပ် အများကြီး ထပ်ထွက် လာဦးမှာ ဖြစ်ပါတယ်””ဟု ပီချိုင်းက ပြော သည်။
ကားများတွင် သုံးနိုင်မည့် Android Auto စနစ်ကိုလည်း ဂူဂဲက မိတ်ဆက်လိုက်ပြီ။ စမတ်ဖုန်းကို ကား၏ ဒက်ရှ်ဘုတ် ဖန်သားပြင် နှင့် ချိတ်ဆက်ပြီး ဒက်ရှ်ဘုတ်ထိတို့ ဖန်သား ပြင်မှတစ်ဆင့် ဖုန်းသုံးနိုင်မည်။ ဖုန်းထဲမှ သီ ချင်းများ၊ ဗီဒီယိုများကို ဒက်ရှ်ဘုတ် ဖန်သားပြင်မှ တစ်ဆင့် ဖွင့်နိုင်၊ ပိတ်နိုင် ထိန်းချုပ်နိုင်မည်။ ဖုန်းတွင်ပါသော Google Maps မြေပုံ ကဲ့သို့ ကားမောင်းရန် အသုံးဝင်သော အပလီကေးရှင်းများကို ဒက်ရှ်ဘုတ် ဖန်သားပြင်မှ တစ်ဆင့် ဖွင့်လှစ်ကြည့်ရှုခြင်းဖြင့် ကားမောင်းရာမှာပါ အထောက်အကူ ပြုမည် ဖြစ်သည်။ လက်ရှိအချိန်တွင်ကား ကားမောင်းသူများ သည် မြေပုံသုံးလိုပါက ဖုန်းကို ပြန်ကြည့် နေရ သဖြင့် အဆင်မပြေ ဖြစ်ရသည်။ စမတ်ဖုန်းနှင့် ကားကို တစ်သားတည်း ဖြစ်အောင် ချိတ်ဆက် ထားနိုင် ခြင်းဖြင့် ကား၏ လုပ်ငန်းဆောင်တာများကိုလည်း စမတ်ဖုန်းမှတစ်ဆင့် လွယ်လင့်တကူ ထိန်းချုပ် နိုင်လာ ဦးမည် ဖြစ်သည်။
““အင်တာနက်ကားတွေ ပေါ်လာပါပြီ။ ကားတွေကိုပါ အင်တာနက်ကတစ်ဆင့် ထိန်းချုပ်နိုင်ပါပြီ။ ကား တွေ ချင်းလည်း ချိတ်ဆက် မောင်းနှင် နိုင်တော့မှာ ဖြစ်တဲ့အတွက် ယာဉ် အန္တရာယ် ပိုကင်းဝေး လာကြ တော့မှာ ဖြစ်ပါ တယ်””ဟု Audi ကားကုမ္ပဏီ အီလက်ထရောနစ် ဌာန အကြီးအကဲ ရစ်ကီဟူဒီက ပြော သည်။
““Android Auto စနစ်ကြောင့် စမတ်ဖုန်းထဲက ဖျော်ဖြေရေးနဲ့ ၀န်ဆောင်မှု လုပ်ငန်း အားလုံးလိုလို မော်တော်ယာဉ်ရဲ့ ဒက်ရှ်ဘုတ်က တစ်ဆင့် ထိန်းချုပ် နိုင်တော့မှာ ဖြစ်ပါ တယ်””ဟု ၎င်းက ဆက်လက် ပြောကြား သည်။
တစ်အိမ်လုံးမှာ အကြီးဆုံး ဖန်သားပြင် ကိုလည်း ဂူဂဲက ချိန်ပစ်လိုက်ပြန်သည်။ အိမ်တိုင်း ဧည့်ခန်းထဲက တီဗီများ ဖြစ်၏။ တီဗီများ အတွက် Android Auto စနစ် မိတ်ဆက်လိုက်ပြီ။ ကွန်ပျူတာ၊ လပ်တော့၊ စမတ် ဖုန်း၊ တဲဘလက် ဖန်သားပြင် များဖြင့် အန်းဒရွိုက် ၀န်ဆောင်မှု ရယူနိုင်ရုံသာမက တီဗီ ဖန်သားပြင် များမှ လည်း အန်းဒရွိုက် စနစ်ကို အသုံးပြုနိုင်အောင် ဂူဂဲက ကြိုးပမ်းလိုက်ခြင်း ဖြစ် ကြောင်း အန်းဒရွိုက် အင်ဂျင်နီယာ နည်းပညာဌာန အကြီးအကဲ ဒေ့ဗ်ဘာ့ခ်က ပြော သည်။
စမတ်ဖုန်းများ၊ စမတ်နာရီများကို အန်းဒရွိုက်စနစ် သုံးကာ အသံဖြင့် အမိန့်ပေး ခိုင်းစေနိုင်သည့် နည်းတူ အန်းဒရွိုက်စနစ်သုံး တီဗီ များကိုလည်း အသံဖြင့် ထိန်းချုပ်ခိုင်းစေ နိုင်မည်။
ဂူဂဲအင်ပါယာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာအောင် ဂူဂဲက ကြိုးပမ်းနေတယ်။ နည်းပညာ သုတေသန လုပ်ငန်းကြီး Gartner မှ ဒါရိုက်တာ ဘရိုင်ယန်ဘလူက မှတ်ချက်ပေးသည်။
““ဂူဂဲဟာ အက်ပဲလို ဖြစ်လာအောင် ကြိုးပမ်းနေတာ တွေ့ရတယ်။ အက်ပဲ ထုတ်ကုန် အားလုံးလိုလို တစ်ခုနေ့ တစ်ခု ချောချော မွေ့မွေ့ ချိတ်ဆက် အသုံးပြုနိုင်သလိုမျိုး အန်းဒရွိုက်စနစ်သုံး ပစ္စည်းအားလုံး ချောချော မွေ့မွေ့ ချိတ်ဆက် နိုင်အောင် ဂူဂဲက ကြိုးပမ်းနေ တာ တွေ့ရပါတယ်””ဟု ဘရိုင်ယန်ဘလူက ပြောသည်။
စမတ်ဖုန်း၊ တဲဘလက်နှင့် အမျိုးမျိုး သော နည်းပညာလုပ်ငန်းများ အနေဖြင့် ဂူဂဲ၏ အန်းဒရွိုက်စနစ် အား လုံးကို လိုသလို ပြုပြင် သုံးစွဲ နိုင်မည်ဖြစ်သည်။
အန်းဒရွိုက်စနစ်ကို အခြေခံထား၍ မိမိတို့ ဖန်တီး တီထွင်နိုင်စွမ်းရှိသမျှ ဖန်တီးကာ ပြိုင်ဘက်များထက် တစ်မူထူးခြားအောင် ဆောင်ရွက်နိုင်ကြောင်း ဂူဂဲက ကြေ ညာထားသည်။
ဂူဂဲ၏ ပြိုင်ဘက်ဖြစ်သော အက်ပဲကား ၎င်း၏ အိုင်ဖုန်း၊ အိုင်ပတ်၊ အိုင်ပေါ့များကို ထိန်းချုပ်ထားသည့် အိုင်အိုအက်စ် စနစ်ကို တင်းကျပ်စွာ ထိန်းချုပ်ထားဆဲ ဖြစ်သည်။ အကျိုးဆက်အဖြစ် အက်ပဲ ထုတ်ကုန် သုံးစွဲသူများသည် အက်ပဲအင်ပါယာ အတွင်းမှ မထွက်နိုင်အောင် ဖြစ်နေကြသည်။ အိုင်အိုအက်စ် နိုင်ငံ သားများ ဖြစ်နေကြသည်။
ဂူဂဲသည်လည်း အလားတူ ကြိုးပမ်းလာရာ အန်းဒရွိုက်စနစ် သုံးစွဲသူများသည်လည်း နေ့စဉ်ဘ၀မှာ ဘာ လုပ်လုပ် အန်းဒရွိုက် စနစ်ကို အသုံးပြုနိုင်ကြမည် ဖြစ်ရာ အန်းဒရွိုက် နိုင်ငံသားများ ဖြစ်လာကြတော့ မည်။
Ref: Google Android software spreading to cars, watches,TV
(AFP news)
The Messenger
------------------------
Subscribe to:
Posts (Atom)






