Saturday, November 23, 2013

ကိုယ်အလေးချိန် ကျဆင်းစေမည့် အလွယ်နည်းများ

                                     


(၁) သက်သတ်လွတ်စားပါ

အသားမပါဘဲ သက်သတ် လွတ် ဟင်းလျာတွေကို စားပေးတာ က သင့် ခန္ဓာကိုယ် အလေးချိန် ထိန်း သိမ်းရာမှာ အဓိက ကျတဲ့ နည်းလမ်း တစ်ခု ပါပဲ။ ပဲ နွယ်ပဲညွန့်၊ ပဲပေါင်မုန့် နဲ့ ပဲဟင်းချိုတွေ စားပေး တာက အမျှင်ဓာတ် ကို ရရှိ စေတာ ကြောင့် သင်ရဲ့ ကိုယ်အ လေးချိန် ကို ထိန်းသိမ်း ရာ ရောက်ပါ တယ်။

(၂) အစာစား ချိန် သီးသန့်ထားပါ

အစာစား ဖို့ အချိန်မိနစ် ၂ဝ ပေးပြီး ဖြည်းဖြည်း စားပါ။ ဒါဟာ ရှင်းလင်း လွယ် ကူပြီး ကိုယ် အလေးချိန် ကျဆင်း စေနိုင် တဲ့ ထိပ်တန်း နည်းလမ်း တစ်ခုပါ။ အ စာ ကို တစ်လုတ် ချင်း၊ တစ်ကိုက် ချင်း အရသာ ခံစား သုံးပါက အစာစား ချိန် သိသိ သာသာ နှေးကွေး သွား စေပါတယ်။ အစာ ကို အမြန် စားသုံး ပါက တင်းတိမ် သွားပြီး ဆာလောင်မှု ပြေပျောက် သွားပြီ ဆိုတဲ့ သတင်း အချက်အလက် ကို ဦးနှောက် ဆီ ပို့ဆောင် တဲ့ နေရာ ကို ပိတ်ဆို့ လိုက်တာကြောင့် အစာ ပိုစား မိစေပါတယ်။

(၃) ပန်ကန်ပြားသေးသေး အသုံးပြုပါ

နေ့လယ်စာ နဲ့ ညစာ ထမင်း ပန်းကန် တွေက လည်း သင့် ခန္ဓာကိုယ် ထိန်းသိမ်းရေး မှာ အရေး ပါပါ တယ်။ သင်စား တဲ့ ထမင်းစား ပန်းကန်ပြား အရွယ် အ စားကို စားနေကျ အရွယ် အစား အောက် နှစ်လက်မ လောက်သေးတဲ့ အရွယ် အစား နဲ့ စားပါ။ ဒီလိုပန်း ကန်ပြား အရွယ် အစား ကို လျှော့ချ လိုက်တာ က တစ် နေ့ကို ကယ်လိုရီ ၁ဝဝ-၂ဝဝ လောက်အထိ လျှော့ချ စားမိစေပြီး တစ်နှစ်ကို ၁ဝ ပေါင်ကနေ ပေါင် ၂ဝ အထိ လျော့နည်း ကျဆင်း စေပါတယ်။

(၄) ဖန်ခွက် သေးသေး ရှည်ရှည် နှင့် သောက်ပါ

သင်ဟာ အခမ်း အနား တစ်ခုခု မှာ ဖြစ်စေ၊ အ ပေါင်းအသင်း မိတ်ဆွေ တွေနဲ့ သွားလာ စားသောက် ရတဲ့ အခါ ဖြစ်စေ၊ ရှောင်လွှဲ လို့မရတဲ့ အခြေ အနေမျိုး မှာ မဖြစ်မနေ အချိုရည်တစ်ခုခု သောက်တဲ့ အခါဖြစ် စေ ဖန်ခွက် သေးသေး ရှည်ရှည် ကို အသုံး ပြုပြီး သောက် သုံးပါ။ အဲဒီ ဖန်ခွက်မျိုး အသုံးပြု တာကြောင့် သင်ရဲ့အ ချိုရည် သောက်သုံးမှုတွေ လျော့နည်း သွားစေ ပါတယ်။

(၅) ၈၀/ ၂၀ စဉ်းမျဉ်းကို လိုက်နာပါ

သင်ဟာ အစာစားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈ဝ ရာခိုင်နှုန်းအထိပဲ ပြည့်အောင် စားပြီး ကျန်တဲ့ ၂ဝ ရာခိုင်နှုန်းလောက်တော့ လျှော့ စားပေးပါ။ ဒါဟာ သင့်ခန္ဓာကိုယ်အလေးချိန် လျှော့ ချရာမှာ လိုက်နာ သင့်တဲ့ စည်းမျဉ်းတစ်ခုပါ။

(၆) ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ

တစ်နေ့ကို ကယ်လိုရီ ၁ဝဝ လောင်ကျွမ်းစေ တာက သင့်ကို တစ်နှစ် အတွင်းမှာ ကိုယ် အလေးချိန် ၁ဝ ပေါင် ကျဆင်း သွားအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်နေ့ ကို အိမ်သန့်ရှင်းရေး မိနစ် ၃ဝ ကြာအောင် လုပ်ပါက ကယ်လိုရီ ၁ဝဝ လောင်ကျွမ်း စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါး တက္ကသိုလ်)
Good Health

ဘဝမှာ စိတ်ချမ်းသာချင်တယ်ဆိုရင် ဘယ်အလုပ်ကိုမဆို စိတ်ပါလက်ပါ လုပ်ပါ



လူသားတိုင်းဟာ ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ရှာဖွေဖို့အတွက် အဆုံးမဲ့ ရည်ရွယ်ချက်တွေ တပွေ့တပိုက်နဲ့ ခေါင်းမဖေါ်နိုင်အောင် အလုပ်တွေကို သိမ်းပိုက်ပြီး လုပ်ကြရပါတယ်။ အလုပ်ပြီးရင် အလုပ်သာပဲ လုပ်နေကြရလို့ လူမှုရေးတွေ ခေါင်းပါးပြီး ခေါင်းစားနေရ သူတွေတောင် ရှိပါတယ်။


ယနေ့ခေတ်မှာဆို ပိုက်ဆံအတွက် သာမက လူဘောင်အဖွဲ့အစည်းအတွက် အများကောင်းကျိုး အလုပ်တွေကလည်းပဲ မဖြစ်မနေ လုပ်ရမယ့် တာဝန်တွေ ဖြစ်လာနေပါပြီ။ အလဟသတ် အချိန်ဖြုန်းတာကို ရှောင်ကျဉ်တာတွေ၊ မိမိစိတ်ကို အမြဲတမ်း လန်းဆန်းတက်ကြွနေအောင် ပြုလုပ်တာတွေကအစ လူသားတစ်ရပ်လုံးအထိ မလုပ်မနေ တာဝန်တွေ ရှိလာနေပါပြီ။ ကမ္ဘာ့ရွာကြီးမှာ မိမိအတွက်၊ မိမိနိုင်ငံအတွက် မိမိမှာ တာဝန်ရှိတယ်လို့တောင် ပြောလို့မရတော့ပါဘူး။ တစ်ကမ္ဘာလုံးအတွက်ပါ တာဝန်တွေက လိုအပ်လာပါပြီ။


ဒီနေရမှာ တာဝန် နှစ်မျိုးရှိပါတယ်။ Duty နဲ့ Responsibility ပါ။ Duty ဆိုတာက မိမိကို သူများကခိုင်းလို့ လုပ်ရတဲ့ တာဝန်မျိုး ဖြစ်ပါတယ် (အစိုးရကပေးတဲ့ တာဝန်၊ အဖွဲအစည်းကပေးတဲ့ တာဝန်မျိုး စသည်)။ Responsibility ဆိုတာက ဘယ်သူကမှ မိမိကို မခိုင်းပါဘဲ ပြုလုပ်ရတဲ့ တာဝန်မျိုး ဖြစ်ပါတယ် (မိဘတာဝန်၊ သားသမီးတာဝန်၊ အိမ်ထောင့်တာဝန် စသည်)။ ဘယ်လို တာဝန်မျိုး၊ အလုပ်မျိုးပဲ ဖြစ်ဖြစ် မိမိမှာ ပြုလုပ်ရမယ့် တာဝန်ရှိလာပြီ ဆိုရင်တော့ စိတ်ပါလက်ပါ လုပ်ဖို့ လိုပါတယ်။


အလုပ်တစ်ခုကို စိတ်မပါဘဲ လုပ်နေရတာဟာ တစ်ကမ္ဘာလုံးက အလုပ်တွေကို မိမိတစ်ယောက်ထဲ သိမ်းကျုံးပြီး လုပ်ရသလိုမျိုး ခံစားရတတ်တယ်။ အလုပ်ကလည်း မတွင်ဘဲ ရင်ထဲမှာ အပူဇောနဲ့ သောကလည်း ရောက်ရတယ်။ အလုပ်မှာ စိတ်မပါရာကတဆင့် စိတ်တွေပျက်လာမယ်။ ပြီးတော့ ဒေါသထွက်ပြီး ဘာကိုမှ အကောင်းမမြင်တော့ဘဲ အလုပ်ကပေးတဲ့ဒါဏ်နဲ့ မိမိကိုယ်မိမိ ပြန်ပြီးနှိပ်စက်သလို ခံရတတ်ပါတယ်။


ဒါပေမယ့် ဘဝက အလုပ် မလုပ်ဘဲနဲ့ နေလို့မှ မရတာ။ အလုပ်က နောက်ဆုံးထွက်သက်ထိတောင် လုပ်ချင်လုပ်နေရဦးမှာ မဟုတ်ပါလား။ ဆရာကြီး ဦးမြကြိုင်ဆီမှာ သင်တန်းတက်တုန်းက ဆရာကြီးပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို အမှတ်ရမိတယ်။ “I am enough. ငါ ဒီလောက်ဆို လုံလောက်ပြီး” လို့ ဆုံးဖြတ်လိုက်တဲ့နေဟာ မင်းတို့ဘဝမှာ ကျဆုံးတဲ့နေပဲတဲ့။


သူငယ်ချင်းတို့ရေ……….

လူဆိုတာ အလုပ်နဲ့ လက်၊ လက်နဲ့ အလုပ် မပြတ်လုပ်နေမှ ဘဝက စိတ်ချမ်းသာမှုနဲ့ ရပ်တည်လို့ ရမှာ။ ဒီအလုပ်ကို မလုပ်လို့ကလည်း မဖြစ်နိုင်တော့ လုပ်ချင်းအတူတူ စိတ်ပါလက်ပါလေးသာ လုပ်ကြမယ်ဆိုရင် မိမိမှာ စိတ်ချမ်းသာစရာတွေ ကြုံတွေရမှာ သေချာသလို စိတ်ဖိစီးမှုနဲ့ ဖိအားတွေ ကင်းဝေးလို့ လိုရာဆန္ဒတွေ ပြည့်ဝပါလိမ့်မယ်။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ…………..
လင်းမြတ်(ပန်းတောင်း)

Tuesday, October 15, 2013

Phone ထဲမှာပဲအင်္ဂလိပ်စကားပြောလေ့ကျင့်ရအောင်

DOWNLOAD