Saturday, August 3, 2013

ရေကြီးမှုတွေ ဖြစ်ခဲ့တဲ့ မြဝတီမှာ ရေပြန်ကျ

ကရင်ပြည်နယ်မှာ အဆိုးရွားဆုံး ရေကြီးခဲ့တဲ့ မြ၀တီမြို့မှာ ကြာသပတေးနေ့လောက် ကစပြီး ရေပြန်ကျ သွားပြီ ဖြစ်ပါတယ်။

ထိုင်း မြန်မာ နယ်စပ် အဖြစ် ပိုင်းခြား ထားတဲ့ သောင်ရင်း မြစ်ရေဟာ သောကြာနေ့မှာ ၅၀၁ စင်တီမီတာ အထိ ကျလာပြီး စိုးရိမ် ရေမှတ် ဖြစ်တဲ့ ၄၇၇ စင်တီမီတာထက် ၁ ပေအမြင့်လောက် အထိ ကျလာပါတယ်။

မြ၀တီ မြို့ထဲမှာ တခိျု့ နိမ့်တဲ့ နေရာတွေမှာ ခြေသလုံးလောက် ၊ဒူးလောက် အထိ ရေတွေရှိနေပြီး နေရာ အတော်များများမှာတော့ ရွှံ့ဗွက်တွေ အပျက်အစီး အပိုင်းအစတွေနဲ့ ပြည့်နေပါတယ်။

လောလောဆယ်မှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ အလောင်း ၃လောင်း ရထားတယ်လို့ တရားဝင် သိရကြောင်း၊ ကျန်တာတွေကိုတော့ တရားဝင် မသိရသေးကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ အတူ မြ၀တီကို ရောက်နေတဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ရုံး ညွှန်ကြားရေးမှူး ဦးမြင့်တင် က ဘီဘီစီကို ပြောပါတယ်။

ရေသန့်နဲ့ အစားအသောက်တွေ ကိုတော့ မြ၀တီမြို့တွင်းကအစိုးရနဲ့ ပရဟိတအဖွဲ့တွေက ရေဘေးသင့် လူထုတွေ အတွက် စီစဉ်ပေးနေသလို မဲဆောက်ဖက်က ထိုင်းနဲ့မြန်မာ ပရဟိတ အဖွဲ့တွေ ကလည်း နေ့စဉ် စီစဉ် ပို့ဆောင် ပေးနေပါတယ်။

လမ်းပန်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး နယ်စပ် မြ၀တီမြို့ကနေ ပြည်တွင်းကို သွားတဲ့ ကားလမ်းမှာ တောင်ပြိုတဲ့ နေရာတွေ၊ မြေပြိုတဲ့ နေရာတွေကို ဗဟိုအစိုးရက ပို့လိုက်တဲ့ အကြီးစား စက်ယန္တရားတွေနဲ့ အမြန်ဆုံး ပြုပြင်နေပြီး စနေနေ့က စလို့ ကားငယ်တွေကို အသွား အလာ စခွင့်ပြုမယ်လို့လည်း ဦးမြင့်တင် ကပြောပါတယ်။

လျှံတက်လာတဲ့ ရေတွေဟာ ရွေ့လျား စီးဆင်းနေတဲ့ ရေ ဖြစ်တာကြောင့် တခြား ကူးစက်ရောဂါ စတာတွေ မရှိပေမဲ့ မိုးဒါဏ်၊ လေဒါဏ်ကြောင့်၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ဖြစ်တာတွေ များနေပြီး ကျန်းမာရေးဌာနနဲ့ ပရဟိတ အဖွဲ့တွေက ဆေးဝါး ကုသပေးနေပါတယ်။

ဒါပေမဲ့ တမြို့လုံးရဲ့ လမ်းကြို၊ လမ်းကြားတွေက ရွှံ့ဗွက်တွေ၊ ရေကျန်တွေကို ချက်ချင်း မရှင်းပစ်နိုင်ရင် မြို့နေ လူထု ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ပရဟိတ ကျန်းမာရေး အဖွဲ့တွေက ပြောပါတယ်။

လောလောဆယ် မြ၀တီဖက်မှာ ရေကျသွားပေမဲ့ ဒီရက်ပိုင်းအတွင်း အင်ဒမန် ပင်လယ်ထဲက လေဖိအားနည်း မုန်တိုင်း၊ မြန်မာနိုင်ငံကုန်းတွင်းပိုင်းကို ၀င်နိုင်တယ်လို့ ထိုင်းဇလဗေဒဌာနက ကြေညာထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Friday, August 2, 2013

ကွန်ပြူတာ လုပ်ဆောင်ချက် မြန်စေရန် လိုက်နာသင့်သည့် အချက်များ




၁။ ကွန်ပြူတာ ဖွင့်လိုက်ပြီး သူ Boot တက်ပါတယ်။ (အမှန်တော့ Boot ကလည်းတက်တာပဲ။ တက်ကလည်း တက်တာပဲ ဖြစ်ပေမယ့် ဒီလိုပဲ စကားအရ Boot တက်တယ်လို့ဆိုခြင်းပါ။ ကွန်ပြူတာစဖွင့်လိုက်ရင် သတ်မှတ်ထားတဲ့ ပရိုဂရမ်တွေ စ Run ခြင်းဖြစ်ပါတယ်။) အဲဒါမျိုးဖွင့်ပြီးရင် Boot အချိန်မပြည့်သေးပဲ သုံးချင်လှတဲ့ G Talk တွေ၊ Browser တွေ၊ ဆော့ဖ်ဝဲတွေ သွားဖွင့်တဲ့ အလေ့အထက မိမိကွန်ပြူတာ လုပ်ဆောင်ချက်ကို နှေးကွေး စေပါတယ်။

၂။ Applcation တစ်ခုသုံးပြီး ပိတ်လိုက်တိုင်း Desktop ကို Refresh လုပ်ပေးဖို့ လိုပါတယ်။ သူက RAM ကို Refresh လုပ်ပေးတာပါ။ မဟုတ်ရင် unused file တွေ ကျန်နေတတ်တဲ့အတွက် လုပ်ဆေင်ချက် နှေးစေ ပါတယ်။ ဒီတော့ Program တွေကို တစ်ခုသုံးပြီးတိုင်း မလိုအပ်ရင် ပိတ်လိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှလည်း Memory usage သက်သာမှာ ဖြစ်ပါတယ်။

၃။ အရွယ်ကြီးလွန်းတဲ့ Wallpaper များကို Desktop Background တင်တာ လည်းရှောင်သင့်ပါတယ်။ 64MB ထက်များတဲ့ အရွယ်အစား တွေကိုပါ။ သူက လည်း RAM မှာနေရာယူတဲ့အတွက် ဖွင့်လိုက်တာနဲ့ကို CPU utilize နှုန်း တက်နေစေပါတယ်။

၎။ Desktop ပေါ်မှာ short cut များမလိုရင် မတင်ပါနဲ့။ လိုအပ်တာတွေ လောက်ပဲ၊ အရေးကြီး သုံးဖြစ်တာလောက်ပဲ တင်သ့င် ပါတယ်။ Short Cut တစ်ခုတိုင်းဆီက RAM မှာ 500 byte ပမာဏ သုံးစွဲ ပါတယ်။ ဒါကြောင့်မို့ လုပ်ဆောင်ချက် နှေးစေပါတယ်။

၅။ Recycle Bin ကို ပုံမှန် empty ဖြစ်အောင် ရှင်းပေးပါ။ file တွေကို ဖြတ် လိုက်ပေမယ့် အမှန်တော့ သူတို့က မပျက်သေးပါဘူး။ အသေးငယ်ဆုံး Byte ပမာဏ ဖြစ်အောင် Compress လုပ်ပြီး Recycle Bin ခေါင်းစဉ်အောက်မှာ အစုအဖွဲ့တစ်ခုအနေနဲ့ သွားရှိနေစေပါတယ်။ ဒါကြောင့် သူ့ကိုသာ ပုံမှန် မရှင်း ပေးရင် စက်ကိုလေးစေ၊နှေးကွေး စေပါတယ်။

၆။ အင်တာနက် temporary file, history တွေကို ဖြတ်ပေးပါ။ ဒါလည်း အရေးကြီးပါတယ်။ အင်တာနက်သုံးလို့ကျန်တဲ့ Cache တွေ၊ Cookie တွေ၊ (Cookie) ဆိုလို့ စားရတဲ့ ကွတ်ကီးကိုဆိုလိုခြင်းမဟုတ်ပါဘူး။ ဝဘ်ဆိုဒ်မှာ မှတ်သားပြီးချန်ခဲ့တဲ့ အချက်အလက်၊ အရာ သဘောမျိုးပါ။ သူတို့ကိုသာ ပုံမှန်မဖြတ်ပေးရင်လည်း Browser application ကိုသာမက ကွန်ပြူတာ System တစ်ခုလုံးရဲ့  လုပ်ဆောင်ချက်ကို နှေးကွေး စေပါတယ်။

၇။ Startup Program များ လျော့ပါ။ Startup program ဆိုတာဒီလိုပါ။ ကွန်ပြူတာကို စဖွင့်လိုက်တာနဲ့ တက်လာစေမယ့် Application များ ဖြစ်ပါတယ်။ အထူးသဖြင့် Antivirus software တို့၊ G Talk တို့၊ Skype, Dropbox အစရှိသဖြင့်တို့ကို Startup မှာတစ်ခါတည်း တက်လာစေဖို့ Default အနေနဲ့ ပေးထားတတ်ကြပါတယ်။ ဒီတော့ ဖြုတ်ထားလေ ကောင်းလေပါတယ်။ တစ်ခါတစ်လေ မသုံးဖြစ်ပဲ ထားတဲ့ဟာတွေဆိုရင် RAM အလကား စားပြီး System ကိုနှေးကွေး စေပါတယ်။ Window မှာ Startup တွေဖြုတ်ချင်ရင် Command + R နှိပ်ပြီး msconfig ကိုနှိပ်လို့ လိုရာရွေးနိုင်ပါတယ်။

အကြံပေးချက်

ကျနော်တို့ ကွန်ပြူတာတွေ စက်က ဟန်းသွားရင်၊ ဘာမှနှိပ်လို့မရရင် အများစု လုပ်ဖြစ်ကြတာက ပါဝါပိတ်ပြီး ပြန်ဖွင့်တာမျိုးပါ။ သူက RAM ကို လုံးဝ power supply ဖြတ်တောက်ပြီး Start ပြန်လုပ်တာဖြစ် တဲ့အတွက် ပြဿနာ ဖြေရှင်းပြီးသွားပြီလို့ ထင်ရပေမယ့် နောက်ပိုင်း ပါဝါ မတက်တဲ့ ပြဿနာမျိုးတွေ ကြုံတတ်ပါတယ်။ အတွင်းက Diode တွေ ပျက်ဆီးသွားခြင်းပါ။ ဒီတော့ စက်က ဟန်းသွားရင်၊ ဘာမှ လုပ်လို့ မရ ဖြစ်သွားရင် ၅ မိနစ်မှ ၁၀ မိနစ်ကြားတော့ အနည်းဆုံး စောင့်သင့်ပါတယ်။ ဒါမှ မထူးခြားဘူးဆိုမှ ပိတ်နိုင်ပါတယ်။

ပြီးတော့ Task Manager ဖွင့်ပြီး Force နဲ့ Application ကို End Process လုပ်တာကလည်း ဖြေရှင်းနည်းတစ်မျိုးပါ။ သူက System တစ်ခုလုံးကို Effect မဖြစ်သေးချိန်မှာ အသုံးပြုလို့ရပါတယ်။ System တစ်ခုလုံးကို Effect ဖြစ်သွားရင် Task Manager ဖွင့်ဖို့နေနေသာသာ Arrow key တောင် ရွေ့ မရ ဖြစ်သွားပါတယ်။

ဒီတော့ Third Party Software လည်းသုံးတတ်ဖို့လိုအပ်ပါတယ်။ သိပ် အများကြီး သုံးဖို့ မလိုပါဘူး။ အမှိုက်သရိုက်ရှင်းဖို့အတွက် C Cleaner တို့လို ဆော့ဖ်ဝဲ၊ အန္တရယ်ရှိ ဆော့ဖ်ဝဲတွေကို ထောက်လှမ်း တားဆီး ပေးမယ်၊ နှိပ်နှင်းပေးမယ့် Antivirus ပရိုဂရမ် တစ်ခု ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ အဲဒါကို တစ်ခု မက ထည့်ထားလွန်းရင်လည်း စက်ကို ဟန်းလေး၊ လေးစေ၊ နှေးစေ ပါတယ်။

ဒီလောက်ဆိုရင် မိမိကွန်ပြူတာကို ဘယ်လိုပြုစု အသုံးပြုရမယ်ဆိုတာကို အခြေခံအားဖြင့် သိပြီလို့မျှော်လင့် ပါတယ်။

အောင်ခမ်း (TSJ team)


https://www.facebook.com/photo.php?fbid=450894308341739&set=a.351047714993066.

မြဝတီရေကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်ဖြစ်



မြဝတီ နှင့် ကရင်ပြည်နယ်တွင်း သောင်းရင်းမြစ်ရေကြီးရကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်ဖြစ် တယ်လို့ သိရပါတယ်။ မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေ စီးဆင်းနေတဲ့ သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက်ဘက် ကို ပြောင်းပြန် စီးတဲ့မြစ်ဖြစ်ပြီး သောင်းရင်းမြစ် အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေ တည်ဆောက်ထားပါတယ်။ အခုလို မိုးကြီးတဲ့ ကာလတွေမှာဆို ရေကာတာကျိုးမှာ စိုးတဲ့အတွက် ဆည်ဖောက်ချတာဖြစ်တယ်လို့ သိရပါတယ်။  မြဝတီ တစ်မြို့လုံး ရေနစ်ရတဲ့အပြင် မွန် နှင့် ကရင် ပြည်နယ် အနှံ့အပြား ရေဘေးဒုက္ခခံစားနေရပါတယ်။ အမှုမကင်းတဲ့ ထိုင်းအစိုးရမှ ကယ်ဆယ်ရေးသမား အချို့စေလွှတ်ခဲ့ပေမယ့် ထိရောက်မှုတော့မရှိဘူးသေးပါဘူး။ မြန်မာအစိုးရမှ ဆည်ဖောက်ချချိန်များတွင် ပြည်တွင်း ပြည်ပ မီဒီယာများက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် ယခု ထိုင်းအစိုးရမှ ရေဖောက်ချခြင်းကိုတော့ ဘယ်မီဒီယာ၊ ဘယ်ပညာရှင်မှ ဝေဖန်ခြင်းမရှိသေးပါဘူး။ လက်တလောအားဖြင့် နယ်မြေခံတပ်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။


.. www.MyanmarExpress.net