Friday, August 2, 2013

ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သော မျောက်ဝံ Kanzi

 
Myawady News
ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သော မျောက်ဝံ Kanzi
Thursday, August 01,2013
ထူးဆန်းပါတယ်။ သို့ပေမယ့် တကယ် ဖြစ်ပါတယ်။ Kanzi အမည်ရ မျောက်ဝံ ကို အမေရိကန်ပြည်ထောင်စု၊ Iowa ပြည်နယ် Des Moines မြို့ နေ အမျိုးသမီး ဆရာဝန် Sue Savage-Rumbaugh မှ မွေး ထားခြင်း ဖြစ်ပါတယ်။
မျောက်ဝံကို မွေးပြီး လူတွေနဲ့ယဉ်ပါးအောင်သင်ပေးပါတယ်။ နောက်တော့ လူသားတို့ လုပ်ဆောင်တဲ့ ကိစ္စအတော်များများကိုပါ သင်ပေးလို့ ရတဲ့ အနေအထား တစ်ခုဖြစ်လာပြီး အစားအသောက်ဆိုရင် ချက်ပြုတ်မထားရင် မစားတဲ့အထိကို ဖြစ်သွားပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ သခင်မနဲ့ တောခရီးသွားတဲ့အခါ ချက်ပြုတ်တဲ့ တာဝန်ကို ချင်ပန်ဇီ မျောက်ဝံ Kanzi က တာဝန်ယူထားပါတယ်။ အစား အသောက် ချက်ပြုတ်ခြင်း၊ မီမွေးခြင်းတု...ိ့ကို ပြုလုပ်နိုင်ပါတယ်။ ယခုလို တမူထူးခြား တဲ့ အမူအရာကြောင့် ချင်ပန်ဇီတို့ရဲ့  ဥာဏ်ရည် မြင့်မားမှုကို လူသိများစေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: DailyMail

Aung Kham (MM Social Sky)

Thursday, August 1, 2013

ရင်ဘတ်ချင်းတူသူများသို့ 




ကျနော်တို့ မပြန်ခင် တစ်ခါလောက်တော့ ကွာလာလမ်ပူမှာ ဆုံကြတာပေါ့ဗျာ

ကျနော်တို့ မသေခင် အလှုကြီးကြီး ကျောင်းကြီးတစ်ခု လှုကြည်ကြတာပေါ့ဗျာ

ကျနော်တို့ လစာကောင်းအခွင့်သာနေ့ စဉ် တစ်လစာလောက်ဒါနပြုလှုကြမယ်ဗျာ

အဖေတို့ အမေတို့ မသေခင် ကျောင်းဆောင်ကြီးတစ်ခုလှုတော့မယ်
လို့ ပြောကြမယ်ဗျာ

ကျနော်တို့ အထက်ရောက်နေစဉ် မရှိဆင်းရဲသားတွေအတွက် ပြန်ကြည့်ရအောင်ဗျာ

ကျနော်တို့ ကောင်းကောင်းစားနေရရင် နဲနဲလျှော့စား ငတ်နေသူကိုခွဲကြွေးရအောင်ဗျာ

ကျနော်တို့ မိဘရှိ ၊အနာဂတ်ရှိ ၊ ဒါဆို မိဘမဲ့တွေရဲ့ အိမ်မက်တွေကို ဆေးချယ်မယ်ဗျာ

ကျနော်တို့ အချိန်နဲနဲပို ပညာတတ်တယ် ပညာငတ်နေသူတွေကို စာပြန်မျှမယ်ဗျာ

ကျနော်တို့ အချိန်ကောင်းနေရာကောင်း ဒါဆို မရှိသူတွေ ပြန်ကူဖို့  ကြိုးစားကြမယ်ဗျာ

အသေးအမွှားအတွက် ကျနော်တို့ ရန်မဖြစ်ဘူး ရင်ဘတ်ချင်းတူ လက်တွဲကြမယ်ဗျာ

အကျိုးမရှိတာအတွက်ကျနော်တို့ အချိန်ကုန်မခံ လုပ်နိုင်စွမ်းရှိသလောက်လုပ်မယ်ဗျာ

ကျောင်းကြီးဆောက်မယ် လမ်းကြီးခင်းမယ် ပြန်တွေးမိတိုင်း ပီတိဖြစ်စေမယ်ဗျာ

 

Composed by မောင်စွယ်စုံကျမ်း @ 31-7-2013 @ 10:53PM

မအိပ်ခင်-ဒီဟာသလေးဖတ်သွားကြပါဦး-အရမ်းရယ်ရလို့ ပါ။

 
Myanmar News Update
မအိပ်ခင်-ဒီဟာသလေးဖတ်သွားကြပါဦး-အရမ်းရယ်ရလို့ ပါ။
မိန်းကလေး သုံးယောက်နဲ. ကြက်တူရွေး
မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ
လမ်းခုလတ်က အိမ် တအိမ်တွင်ကြက်တူရွေး
တစ်ကောင်မွေးထားသည်။
ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွက်သည်။
နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။
တနေ. တွင်သေချာနားထောင်ကြည့်လိုက်ရာ ‘အ၀ါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကိုကြားမိလိုက်သည်။
မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံဘောင်းဘီ အရောင် ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက် ကိုပြောပြသည်။
ဒါပေမယ့် လက်ခံ ဖို့ အင်တင်တင်ဖြစ်နေကြသေးသည်။
ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။
ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကိုပညာပြရအောင်’ ဟု
ဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မ၀တ်ပဲထွက်လာကြသည်။
ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့
အနည်းငယ် ထွေသွားပြီးဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလိုရွတ်လိုက်ပါတော့သည်။
‘အအို ၊ အအို ၊ အပျို'

Credit to Original uploader
U & me - We r thr Family Page