<Unicode>
ပထမဆုံး အောက်ကလင့်မှာ ပေးထားတဲ့ WinaeroTweaker Portable Software လေးတစ်ခုကို Download လုပ်၊ ဖြည်ချပြီး WinaeroTweaker.exe ကို Run လိုက်ပါ.. Download လုပ်ရမယ့် ဖိုင်ဆိုဒ်က 1.95 MB ပဲရှိပါတယ်.. Install လုပ်စရာမလိုဘဲ ဒီအတိုင်း Run ရုံပါပဲ..
ပွင့်လာတဲ့ WinaeroTweaker ရဲ့
- ဘယ်ဘက်ခြမ်းက Icons ကိုနှိပ်ပါ..
- ညာဘက်ခြမ်းက Change icons font အောက်ညာဘက်က Change Font ကိုရွေးပါ..
- ပေါ်လာတဲ့ဘောက်မှာ Zawgyi-One သို့မဟုတ် ကိုယ်ထားချင်တဲ့ Font ကိုရွေးပြီး OK ကိုနှိပ်ပါ..
- Apply changes ကိုနှိပ်ပြီး ဘယ်ဘက်အောက်ထောင့်က Sign out now ကိုနှိပ်ပါ..
- ကွန်ပျူတာက Sign out ထွက်သွားပြီးရင် ကိုယ့် Password နဲ့ ပြန်ဝင်ပါ.. Desktop ပေါ်က icon တွေသာမက icon အားလုံးရဲ့ Font တွေကို Zawgyi မြန်မာစာမှန်မှန်နဲ့ မြင်ရပါပြီ.. မယုံရင် icon တစ်ခုကို Rename လုပ်ပြီး Zawgyi နဲ့ ရိုက်ကြည့်ပေါ့.. :D
Download WinaeroTweaker PoAtable.zip: 1.95 MB
#kolinn