Thursday, March 30, 2017

ဖုန်း HARDWARE ပိုင်းစတင်လေ့လာသူတွေ၏ အခြေခံပိုင်းကျကျ ရှင်းပြထားသောစာအုပ်ပါ။

အခုတင်ပေးလိုက်တဲ့ စာအုပ်က ဖုန်း Hardware ပိုင်းစတင်လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် အခြေခံပိုင်းကို တိကျရှင်းလင်းစွာရေးပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဖုန်းတလုံး Hardware တခုခု ချို့ယွင်း ၍ မီးမလာတာဖြစ်စေ ပစ္စည်းလဲခြင်း၊ IC အစရှိတဲ့ အပိုင်းတွေကို သေသေခြာခြာ ရှင်းပြထားပြီး အခြေခံပိုင်းကောင်းကောင်း နားလည်အောင် သေခြာရှင်းပြထားပါတယ်။

ယခုလက်ရှိ ကျနော့်သင်တန်းသားတွေကို အခြေခံပိုင်း အရင်ဆုံးနားလည်အောင် ယခုလို စာတွေ့ နှင့် အရင်ဆုံး ရှင်းပြရပါတယ်။ စာအုပ်ဖတ်ပြီး အခြေခံပိုင်း ကောင်းကောင်းနားလည်မှ လက်တွေ့ပိုင်း စတင် လေ့လာရပါတယ်။ Hardware စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် အမှန်တကယ် အသုံးဝင်စေမဲ့ စာအုပ်ဖြစ်ပါတယ်။ စတင်လေ့လာသူတွေအတွက် ဆားကစ်ပြာရဲ့ဖွဲ့စည်းပုံ တွေ ပါဝင်ပါတယ်။ အပိုင်း (၂) ပိုင်း ခွဲထားပေးပါတယ်။ 
အခုအပိုင်း (၁) ကိုအရင်တင်ပေးလိုက်ပါတယ်။ အပိုင်း (၂) ကို ဆက်လက်ရေးသားနေ ပါတယ်။ ပြီးတာနဲ့ ဆက်လက် တင်ပေးပါမယ်။ ယခုနည်းလမ်းကို လေ့လာရုံနှင့် အခြေခံအပိုင်း တော်တော်လေးနားလည် သွားမှာ ဖြစ်ပါ တယ်။ နောက်ပိုင်း ဆက်လက် တင်ပေးသွား မှာဖြစ်ပါတယ်။
Hardware ပိုင်း စိတ်ဝင်စားသူတွေအတွက် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
 
android ဖုန်း၏လျှို့ ဝှက်ချက်များ

ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်း တစ်လုံး ၏ 
 
လျှို့ဝှက်ချက် ငါးခု လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် 
 
နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, 
 
Music, Bluetooth, FM, Radio. Alarmနဲ့ Game အစ ရှိတာ...တွေ လောက်သာ 
 
အသုံးပြုနေကြတာများပါတယ်။ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော် 
 
ပြပေးလိုက်ပါတယ်။ (၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် 
 
မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ 
 
တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု 
 
ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက် 
 
 ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။ 
 
 (၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို 
 
ရင်*3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ 
 
ဖုန်းမှာဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် 
 
မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး ပေါ်သုံး နှစ်မျိုးစလုံးအတွက် 
 
ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ဒီနည်းဟာ လူအများစုအတွက် 
 
 အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ (၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား 
 
တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ 
 
ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။အသုံး ပြုပုံကတော့ 
 
 အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင် 
 
 အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ 
 
ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်း ကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် 
 
ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ် ပါတယ်။ (၄) မိုဘိုင်းဖုန်း အခိုးခံရရင် 
 
မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု 
 
ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ 
 
ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ 
 
ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ 
 
ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ 
 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ တယ်။ တကယ်လို့် 
 
ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် 
 
နိုင်မှာ ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
 
 (၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ 
 
ဒါပေမဲ့Nokia ဖုန်း အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
 
 ကုတ်နံပါတ်တွေအနေနဲ့IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ 
 
*#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင်
 
 *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version 
 
ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device 
 
တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# 
 
ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန် 
 
ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ 
 
ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော
 
 ဖုန်းနံပါတ်များ ကို ချေဖျက် ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 
 
ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lockလုပ်နိုင်ပါတယ်။ ဒါပေမဲ့ 
 
ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာ ဖြစ်ပါတယ် 
 
 မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိုင်တွယ်နိုင်ပါစေ
Application settings/Development (or) Settigns/Developer Option မှာ USB debugging mode ကို on ပေးလိုက်ပါ။ တစ်ချို့ Developer Option မပေါ်ဘူးဆိုတဲ့ ဖုန်းတွေမှာ Settings/About phone ထဲသွားပြီး Build number ကို လေးငါးချက်လောက် ဆက်တို

Cheap Offers: http://bit.ly/gadgets_cheap
"ဖုန်း Password မေ့နေတဲ့အခါ ဖုန်းဘယ်လိုခေါ်မလဲ" "ဖုန်း Password မေ့နေတဲ့အခါ ဖုန်းဘယ်လိုခေါ်မလဲ" *********************************************************** ဖုန်းအသုံးပြုတဲ့သူတွေအတွက် Password/PIN/Pattern မေ့နေခြင်း Lock ကျသွားလို့  ဖုန်းထဲဝင်လို့ မရခြင်း စတာတွေကို ကိုယ်တိုင်မကြုံဖူးတာတောင်မှ နီးစပ်ရာလူတွေ ကြုံဖူးတာကို မြင်ဖူး ကြားဖူးနေပါလိမ့်မယ်။ ဖုန်း Password မေ့သွားတဲ့အခါ ဒါမှမဟုတ် Lock ကျသွားတဲ့အခါ သင်ကလည်း အရေးကြီးဖုန်းခေါ်ဆိုရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူများဖုန်းနဲ့ခေါ်မယ်လို့ မပြောနဲ့နော်။ တကယ် ကျဉ်းထဲကျပ်ထဲရောက်နေရင်တော့ ဒီနည်းလေးက အသုံးဝင်လာမှာပါ။ Lock screen ကို မကျော်ဘဲ ဖုန်းခေါ်မယ်ဆိုတော့ Emergency call ကို တွေးလိုက်လားမသိဘူး။ Emergency call နဲ့ဖုန်းခေါ်မှာ မဟုတ်ပါဘူး။ ADB commands နဲ့ ဖုန်းခေါ်မှာပါ။ ADB မရှိသေးတဲ့သူများက ADB ကို ဒီမှာယူလိုက်ပါ။ http://www.solidfiles.com/d/01e85a0ad2/ADB.rar 451 KB ဘဲရှိပါတယ်။ ADB ကို ဆွဲပြီးသွားပြီဆိုရင် Rar ဖြည်ပြီး ဖွင့်လိုက်ပါ။ အထဲမှာပါတဲ့ cmd လေးကိုဖွင့်လိုက်ပါ။ ဖုန်းနဲ့ကွန်ပြူတာနဲ့ကို USB ကြိုးနဲ့ ချိတ်လိုက်ပါ။ တကယ်လို့  Password မေ့နေတဲ့ ဖုန်းက USB debugging mode ကို မဖွင့်ထားဘူးဆိုရင် ADB commands သုံးလို့ ရမှာမဟုတ်တော့ပါဘူး။ ကိုယ့် ဖုန်းလည်း USB debugging mode မဖွင့်ရသေးဘူးဆိုရင် ဖွင့်လိုက်ပါဦး။ Settings/Application settings/Development (or) Settigns/Developer Option မှာ USB debugging mode ကို on ပေးလိုက်ပါ။ တစ်ချို့ Developer Option မပေါ်ဘူးဆိုတဲ့ ဖုန်းတွေမှာ Settings/About phone ထဲသွားပြီး Build number ကို လေးငါးချက်လောက် ဆက်တိုက်နှိပ်ပေးလိုက်ပါ။ Developer Option ပေါ်သွားပါလိမ့်မယ်။ USB debugging mode ဖွင့်ပြီးလို့  ADB commands ရိုက်လို့ မရသေးဘူးဆိုရင် ဖုန်းရဲ့ Driver ကို ကွန်ပြူတာမှာတင်ပေးလိုက်ပါ။ ခုဏကဖွင့်ထားတဲ့ CMD ထဲမှာ အောက်က Commands ကိုရိုက်လိုက်ပါ။ adb shell am start -a android.intent.action.CALL tel:PHNO နောက်ဆုံးက PHNO ဆိုတဲ့နေရာမှာ ဖုန်းနံပါတ်ရိုက်ပေးရမှာပါ။ ဒါဆိုရင် ဖုန်း Password မသိတာတောင်မှ ဖုန်းခေါ်လို့ ရသွားပါပြီ။ အားလုံးအဆင်ပြေကြပါစေ။ မင်္ဂလာပါ နည်းပညာ သန်းတန်ကိုလာရောက်လည်ကြတဲ့သူငယ်ချင်းတို့ရေ Link သေနေတာများတွေ့ရင်ကျေးဇူးပြု၍ Comment ပေးခဲ့ကြပါခင်ဗျာ။

♪ Ooredoo ရဲ့ ဖုန်းဘီလ် ၁၀၀ ရာခိုင်နှုန်းအပိုငွေရရှိမယ့်အစီအစဉ် ♫

Ooredoo ရဲ့ ဖုန်းဘီလ် ၁၀၀ ရာခိုင်နှုန်းအပိုငွေရရှိမယ့် အစီအစဉ်ကို စတင်ပြုလုပ်လိုက်ပါတယ်။

မတ်လ ၂၉ ရက်ကနေ စတင်ဖြည့်သွင်းနိုင်ပြီး Ooredoo ဖုန်းငွေဖြည့်ကတ်ဖြည့်သွင်းတဲ့ပမာဏအတိုင်း ၁၀၀ ရာခိုင်နှုန်း အပိုထပ်ဆောင်းရရှိမယ်လို့ သိရပါတယ်။ သင်္ကြန်ဖုန်းငွေဖြည့်အပိုလက်ဆောင်ပရိုမိုးရှင်းလို့ နာမည်ပေးထားတယ်လို့ဆိုပါတယ်။

Credit to ==>> Internet Journal

Wednesday, March 8, 2017

ဖုန်းလာလို့ မကိုင်ဖြစ်ခဲ့ရင် Auto မက်ဆေ့ပြန်ထားနည်း

Android ဖုန်းအသုံးပြုသူများတွက် မိမိဖုန်းအားဖုန်းခေါ်ဆိုလာချိန်မှာ မအားတာဖြစ်ဖြစ် အလုပ်မအားသည့်အချိန်သော်လည်းကောင်း အကြောင်းအမျိုးမျိုးတို့ ကြောင့် ဖုန်းမကိုင်ဖြစ်ခဲ့ရင် ထိုသူ၏ဖုန်းကို မက်ဆေ့ အော်ထိုနည်းဟာ မိမိဖုန်းကို ပို့ လာတဲ့ SMS မက်ဆေ့ထဲက စာသားများကို ချက်ချင်ဆိုသလို့အသံဖြင့် ဖတ်ပြပေးပါတယ်။
အသုံးပြုနည်းကိုလည်း အဆင့် (၈)ဆင့်  ScreenShot ပုံ (၉)ပုံဖြင့်လွယ်ကူလေ့လာနိုင်ရန်ရှင်ပြထားပါတယ်။
Auto-SMS (Lift) အားဒေါင်းယူနိုင်ပါတယ်။
Download Apk File

ဖုန်းခေါ်လာရင် မအားသေးပါလို့ ပြန်ဖြေပေးမယ့် I'm busy, now. - Block spams 1.0.3.1 APK

မလာစေချင်တဲ့ ဖုန်းနံပါတ်တွေကို ရွေးပြီး ဖုန်းခေါ်လိုက်တိုင်း မအားသေးပါ လို့ဖြေ ဆိုပေးမယ့် ဆော့ဝဲလေးပါ။ Call Log တင်မကပါဘဲ ၀င်မလာစေချင်တဲ့ Message တွေလည်းထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်က 1MB သာသာထဲပါ။
I'm busy, now. - Block spams အားဒေါင်းယူရန်။
အသုံးပြုနည်း ကို အောက်လင့်မှာ ပုံလေးတွေနဲ့ လေ့လာကြည့်...

Facebook နှင့် Messenger မှာ အချက်ပေးသံ ပြောင်းသုံးနည်း

Facebook နဲ့  Messenger မှာ စာတွေဝင်တာ Like နှင့် Comnent ပေးလို့ အချက်ပေးလာတဲ့ Ringtone အသံကို လန်းလန်းလေးထားချင်သူတွေတွက် အချက်ပေးသံပြောင်းနည်းလေးကို တင်ပေးလိုက်ပါတယ်။

အောက်ပါလင့်မှာ ပုံလေးတွေနဲ့ လေ့ကြည့်လိုက်ပါ။
Facebook မှာလုပ်ဆောင်ရန်
Messenger တွင် လုပ်ဆောင်ရန်

♪ “အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ” ♫

Image may contain: one or more people, phone and text
မေး - အစ်ကိုရေ ညီမလေးဖုန်းက အခု Sim မသိတော့ပါဘူး။ No Sim ဖြစ်နေတယ်။ အရင်ကဆို Ooredoo, Telenor, MPT ကြိုက်တာထည့် Sim သိတယ်။ ကျေးဇူးပြု၍ ပြောပြပေးပါဦးအစ်ကို။
ဖြေ - ဟုတ်ကဲ့။ ညီမလေးရေ အဲ့လို Ooredoo ထည့်လိုက်၊ Telenor ထည့်လိုက် ခဏခဏလုပ်နေပြီး MPT ထည့်ရင် Sim မသိဘဲဖြစ်သွားတတ်တယ်။ အဲ့လို Sim Card ကို ခဏခဏချိန်ပြီး မသုံးသင့်ပါဘူး။ ညီမလေး ဖုန်းလည်း အခုအဲ့လို Sim Card ခဏခဏချိန်သုံးလို့ Phone ရဲ့အတွင်းထဲမှာ Hardware Error တတ်သွား တာပါ။ Service ဆိုင်မှာပြမှ အဆင်ပြေပါမယ်။ ညီမလေးရေ ညီမလေးအနေနဲ့ နောက်ဆို အဲ့လိုခဏခဏ ထုတ်လိုက်၊ ထည့်လိုက် မလုပ်ပါနဲ့လို့ အစ်ကို့အနေနဲ့ အကြံပြုပါရစေ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G730 ဖုန်းပါ။ ကျွန်တော်က ဖုန်းနဲ့ဂိမ်းတော့ဆော့တယ်ဗျ။ အစပိုင်းတုန်းက ဘက်ထရီက အား ခံပါသေးတယ်။ ခု အားသွင်းလည်း မ၀င်တော့ဘူး။ ဘက်ထရီက ကောင်းပါသေးတယ်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက ဘက်ထရီက အစ်ကိုဂိမ်းဆော့တာများပြီး ဘက်ထရီရဲ့ Ampera Cell တွေ သေသွားတာပါ။ အရင်ဆုံး အစ်ကို့ဖုန်းရဲ့ဘက်ထရီကို အသစ်လဲသုံးကြည့်ပါ။ မရရင်တော့ နီးစပ်ရာ Service ဆိုင်ကိုသွားလိုက်ပါဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G610 ပါ။ GSM နှစ်ကတ်ထိုးပါ။ Sim 1က သုံးရပြီး Sim 2 က တက်လိုက် ကျလိုက်ဖြစ်နေတယ်။ တစ်ခါတစ်ရံမှသုံးလို့ရတယ်။ အဲ့ဒါ ဘယ်လိုဖြစ်တာလဲ။ ရှင်းပြပေးပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Sim 1 က အလုပ်လုပ်ပြီး Sim 2 က အလုပ်မလုပ်ဘူးဆိုတော့ ဖုန်းဆားကစ် ပြားပေါ်မှာပါတဲ့ Network ပိုင်းက အလုပ်မလုပ်နိုင်ဘူးလို့ ယူဆလို့ရပါတယ်။ ဖုန်းကို Factory Rest ချကြည့်ပါ။ မရရင် နီးစပ်ရာ Service ဆိုင်ကိုသွားလိုက်ပါ။

မေး - ဆရာ ကျွန်တော့်ဖုန်းက G6 Huawei ဖုန်းပါ။ Sim ကတ်ထည့်လိုက်ရင် ပါဝါကီးနှိပ်လည်း မနိုးတော့ပါ ဘူး။ ဖုန်းစကားပြောမရတဲ့ဖုန်း ဖြစ်နေပါပြီ။ အဲ့ဒါ ဘယ်လိုကြောင့်ပါလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Sim ထည့်လိုက်မှ ပါဝါသေတာဆိုတော့ ဖုန်းဆားကစ်ပြားထဲက Sim လမ်း ကြောင်းလျှော့ကျနေလို့ပါ။ နီးစပ်ရာ Service ဆိုင်ကို သွားပြလိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။

မေး - ညီလေးဖုန်းက Huawei C8813 လေးပါ။ 3G မတက်တော့ဘူးအစ်ကို။ ပြင်ရင် ဘယ်လောက်ကျမလဲ ခင်ဗျာ။
ဖြေ - ညီလေးရယ် ပြင်ရင်တော့ 1000 လောက်ကျမယ်။ PA IC လဲရမယ်။ အခြေအနေရှိတယ်။ Software ပိုင်းနဲ့လုပ်ရင်တော့ရနိုင်ပါတယ်။ Software ပိုင်းနဲ့ဆိုရင် ရနိုင်ပါတယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းကြိုးထိုးလိုက်ရင် Power သေသွားတယ်။ အားသွင်းကြိုးမထိုးရင်တော့ ဘာမှမဖြစ်ဘူး။ သုံးလို့ရတယ်။ ဘာဖြစ်တာလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို အဲ့ဟာက USB ခေါင်းက အစွန်ဆုံးနှစ်ပင်ကိုချန်ထားပြီး အလယ်ပင်တွေကို အောက်ခြေအထိုင်နဲ့မထိအောင်လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ Data နဲ့ပတ်သက်တဲ့လမ်းကြောင်းတွေ မှာ Short ကျနေလို့ပါ။

မေး - Huawei 730U00 တစ်လုံး Earpeace မကောင်းလို့ပါ။ လဲချင်ပါတယ်။
ဖြေ - ကျွန်တော်က Earpeace ကို လဲလှယ်ပေးပေမယ့် ဖုန်းက Speaker မှာ အသံမထွက်တော့ပါဘူး။ တစ်ခါ Speaker ထပ်လဲပေးရပါတယ်။ ပြောချင်တာက Earpeace ဟာ Speaker ကြောင့် Error တက်ပါတယ်။ Earpeace က တကယ်တမ်းကောင်းပါတယ်။ Earpeace ကို သူ့ Original ပဲပြန်ထည့်တော့ အဆင်ပြေပါတယ်။ Speaker ကြောင့်လည်း Earpeace မှာ မကောင်းဘူးဆိုတာလည်းရှိပါတယ်။

မေး - ကျွန်တော့်ဖုန်းက G610 Huawei ဖုန်းပါ။ Touch ပေါ်မှာမရွေ့ရဘဲ Software တွေထဲဝင်သွားတယ်။ ပြီးတော့ ဂဏန်းတွေလည်း လျှောက်ပြေးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အရင်ဆုံး Factory Data Reset အရင်ချကြည့်ပါ။ မရရင်တော့ Touch လဲရပါမယ်။ တစ်ခါတစ်လေမှာ Touch အသစ်လဲကြည့်တယ်။ အဆင်မပြေတာမျိုးကြုံရပါတယ်။ ဒါကြောင့် Touch စလဲပြီဆိုကတည်းက Double Tape ကို နှစ်ထပ်ကပ်ရပါမယ်။ နှစ်ထပ်ကပ်တာ တစ်ခါတစ်လေမှာ Tape တစ်ထပ်တည်းနဲ့ အဆင်မပြေတာမျိုးကြုံလို့ပါ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

♪ " Facebook အကောင့်များ အလိုအလျောက် Lock ကျမှုဖြစ်ပွား " ♫

Image may contain: one or more people, phone, screen and text
Facebook Users အချို့ရဲ့အကောင့်များဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အစောပိုင်းမှာ အလိုအလျောက် Lock ကျမှုဖြစ်ခဲ့ပါတယ်။ လော့ကျသွားတဲ့ အကောင့်ပိုင်ရှင်များဟာ Login ၀င်လို့လည်း မရသလို Verify ပြုလုပ်လို့လည်း မရခဲ့ဘူးလို့ သိရပါတယ်။

အချို့ Users များကိုတော့ အကောင့်ဟက်ခံရတယ်ဆိုတဲ့ အီးမေးလ်ဝင်လာပြီး Password ကို ပြောင်းခိုင်းခဲ့ပါတယ်။ အချို့ User များဟာ Password အသစ် ပြောင်းနိုင်ခဲ့ပေမယ့် အကောင့်ထဲဝင်လို့ မရခဲ့ပါဘူး။ Facebook မှ ပြောရေးဆိုခွင့်ရှိသူက "ကျွန်တော်တို့ရဲ့ Account Recovery Software ရဲ့ အမှားဖြစ်ပါတယ်။

အဲဒီဆော့ဖ်ဝဲ ဟာ Facebook Users များရဲ့ အကောင့်များကို မသင်္ကာသူများ ၀င်ရောက်ခြင်းမပြုနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အခုတော့ ဆော့ဖ်ဝဲအမှားကို ပြင်ဆင်ပေးခဲ့ ပြီဖြစ်ပြီး လော့ကျသွားတဲ့ အကောင့်ပိုင်ရှင်များလည်း သူတို့ရဲ့အကောင့်ကို ပြန်လည်အသုံးပြုလို့ရပါပြီ။ 

ဒီလိုဖြစ်တာဟာ ဟက်ကာများရဲ့ လက်ချက်လည်း မဟုတ်ပါဘူး။ Facebook အသုံးပြုသူများအား အဆင်မပြေဖြစ်မှုအတွက် တောင်းပန်ပါတယ်" လို့ ပြောပါတယ်။ Facebook က လော့ကျသွားတဲ့ အကောင့် အရေအတွက် ပမာဏကို ပြောကြားခြင်း မရှိပါဘူး။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Monday, March 6, 2017

သီချင်းဆိုတာ ဝါသနာပါတဲ့ သူတွေအတွက် မိမိတို့ရဲ့ ဖုန်းမှာ ကာရာအိုကေဆိုလို့ရတဲ့ - Sing! Karaoke 4.2.3 APK

ဟိုတစ်နေ့က အကိုတစ်ယောက်တောင်းဆိုလာတဲ့  ဖုန်းမှာ ကာရာအိုကေဆိုလို့ရတဲ့ Apk လေးများရှိရင်  တင်ပေးပါဦးဆိုလို့ ဒီကောင်လေးကိုတင်ပေးလိုက်ပါတယ်။   ဒီဆော့ဝဲလေးကတော့ Official ဆိုက်မှာ Popular အဖြစ်ဆုံးပါ   သီချင်းဆိုတာ ဝါသနာပါတဲ့ သူတွေအတွက် မိမိတို့ရဲ့ ဖုန်းမှာ   နာမည်ကြီးသီချင်များကို ကာရာအိုကေဆိုလို့ရတဲ့ အပြင်  တစ်ခြားဘော်ဒါတွေနဲ့ ပူးပေါင်းပြီးတော့လည်း ဆိုလိုရပါတယ်။   မြန်မာသီချင်းတွေအတွက်တော့ Agreement ဖြစ်ကို သီချင်းဆိုနိုင်ပါတယ်။ အောက်မှာတော့ဒေါင်းသွားနိုင်ပါတယ် size 30.MB ဖြစ်ပါတယ်။
ဝင်းလှိုင်-နည်းပညာ