Friday, January 20, 2017

♪ “MPT 4U Application ဖြင့် Sim Card မှတ်ပုံတင်ခြင်းကိုလွယ်ကူစွာ ပြုလုပ်နိုင်မည်” ♫


Image may contain: phone and text
မြန်မာနိုင်ငံ၏ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ MPT4U အက်ပလီကေးရှင်းကိုအသုံးပြု၍ သုံးစွဲသူများကိုယ်တိုင်မှတ်ပုံတင်ခြင်းကို လွယ်ကူစွာပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါအက်ပလီကေးရှင်းကို Android သုံးစွဲသူများ အနေဖြင့် Google Play Store, iOS သုံးစွဲသူ များအနေဖြင့် Apple App Store တို့မှတစ်ဆင့် download ရယူနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် MPT4U မှတစ်ဆင့်မိမိတို့၏ MPT အကောင့်ကို စီမံခန့်ခွဲနိုင်မည်ဟုလည်းသိရသည်။ MPT4U အက်ပလီကေးရှင်းကို ၂ဝ၁၆ ခုနှစ်မတ်လ ၁၆ ရက်နေ့တွင် စတင် မိတ်ဆက်ခဲ့ပြီး သုံးစွဲသူများသည် ဝယ်ယူထားသည့် ပက်ကေ့ခ်ျ အလိုက် သုံးစွဲနိုင်မည့် ဒေတာပမာဏမည်မျှကျန်ရှိသေးသည်။

ဖုန်းခေါ်ဆိုရန် မိနစ်မည်မျှကျန်ရှိသေးသည်၊ လက်ကျန်ဖုန်းဘေပမာဏမည်မျှ ကျန်ရှိသေး သည် စသည်တို့ကိုသိရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် MPT ၏ အခြားသော ဝန်ဆောင်မှုများဖြစ်သည့်ဖုန်းငွေလွှဲပြောင်းခြင်း၊ ငွေဖြည့်ခြင်းနှင့် အသစ်သစ် သော ပရိုမိုရှင်းများအားလုံး ကိုလည်း MPT4U ပေါ်မှတစ်ဆင့် ရယူနိုင်မည် ဖြစ်ပါသည်။ အဆိုပါအက်ပလီကေးရှင်းမှတစ်ဆင့် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် သုံးစွဲသူများသည် မိမိတို့၏အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းရန်လိုအပ်ပြီး အမည်၊ နိုင်ငံသားမှတ်ပုံတင်နံပါတ်နှင့် မှတ်ပုံတင်ကတ်ပြား၏ ဓာတ်ပုံတို့ကိုလိုအပ်မည်ဖြစ်ကာ နိုင်ငံခြားသား များသည်နိုင်ငံကူးလက်မှတ်ဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင် မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ''သတ်မှတ်ရက်အတွင်း ဆင်းကတ်မှတ်ပုံတင်ခြင်း အချိန်မီပြီးစီးနိုင်ဖို့နီးကပ်လာပါပြီ။ ကျွန်တော်တို့ MPT ရဲ့ လက်ရှိမှတ်ပုံတင် ပြုလုပ် နိုင်တဲ့နေရာထောင်ပေါင်းများစွာအပြင် MPT အမှတ်တံဆိပ်ဆိုင်များ၊ အွန်လိုင်းကတစ်ဆင့် မှတ်ပုံတင်နိုင်တာ တွေအပြင် အခုအက်ပလီကေးရှင်း ကလည်း ဆင်းကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို လွယ်ကူစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုဖြစ်သလို သုံးစွဲသူတွေ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပြီး မိမိတို့ရဲ့ MPT အကောင့်အချက်အလက် တွေကိုလည်း တစ်နေရာတည်းမှာရှာဖွေနိုင် မှာဖြစ်ပါတယ်''ဟုပြောသည်။ 

အဆိုပါ app ကိုရယူလိုသူများအနေဖြင့် Android အသုံးပြုသူများသည် https://play.google.com/store/apps/de tails?id= mm.com.mptvas တွင် ရယူနိုင်မည်ဖြစ်ကာ iOS အသုံးပြုသူ များသည် http://fir.im/gdtm တွင် download ရယူနိုင်မည်ဖြစ်သည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 
 

Facebook Lite application Version 25.0.0.8.145 Apk


Facebook Lite application Version 25.0.0.8.145 Apk လေးဟာ Android version နိမ့်တဲ့ဖုန်းတွေမှာရော အင်တာနက်ဆက်သွယ်မှု နှေးကွေးတဲ့ နေရာတွေမှာပါ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ပေးထားတဲ့ application တစ်ခုလည်း ဖြစ်ပါတယ်
အသုံးပြုမယ်သူများအောက်မှာဒေါင်းယူနိုင်ပါသည်။
ကျေးဇူးတင်ပါတယ်။ 
 
 
 
 
ဝင်းလှိုင်-နည်းပညာ

Thursday, January 19, 2017

ဖုန်းထဲကနေ Webview Apk ပြုလုပ်နည်း


မိမိနှစ်သက်ရာ ၀က်ဆိုဒ်တွေကို လွယ်လွယ်ကူ ၀င်ကြည့်လို့ရအောင် Apk ပြုလုပ်နည်းလေးကို တင်ပေးလိုက်ပါတယ်။
အရမ်းကိုလွယ်ကူပါတယ် Apk နာမည် နှင့် Apk icon ပုံ Web Link လေးထည့်လိုက်ယုံနဲ့ ဖန်တီးနိုင်တာပါ ပြုလုပ်နည်းကို ပုံထဲမှာလေ့လာနိုင်ပါတယ်။
လိုအပ်တဲ့ဆော့ဖ်ဝဲကိုတော့ ဒေါင်းထားဖို့ လိုပါတယ်။
ဒီမှာဒေါင်းယူလိုက်ပါ






Wednesday, January 18, 2017

ပုဂံကီးဘုတ် လန်းလန်းလေး တင်ပေးလိုက်ပါတယ်။

 
 
 
 
ပုဂံကီးဘုတ် လန်းလန်းလေး တင်ပေးလိုက်ပါတယ်။
 
 
ကြိုက်ရင် ဒီနေရာကနေ ဒေါင်းယူပါ >>>
 
 

မိမိ Facebook အကောင့် တရားဝင်ဖြစ်စေဖို့ Facebook ID တင်ထားနည်း


Facebook IDတင်နည်းလေ့လာချင်တဲ့ Facebook ကမိတ်ဆွေတို့ အတွက် ID တင်နည်းလေးကိုအောက်မှာပုံနှင့်တကွရှင်းပြထားပါတယ်။
1. အရင်ဦးဆုံး Google ကိုသွားပြီး Confirm id on facebook ဟုရိုတ်ပြီးရှာလိုက်ပါ။
အောက်ပါပုံအတိုင်းပေါ်လာပါက အနီရောင်သင်္ကေတဖြင့်ပြထားသော စာကြောင်းအားနှိပ်ပေးလိုက်ပါ။
ဒီကနေ လည်းတိုက်ရိုတ်ဝင်လို့ ရပါတယ်။
2. ဒီကိုရောက်လာရင် Login email address နေရာမှာ သင်အသုံးပြုနေတဲ့ Facebook email ကိုထည့်ပါ။
အောက်က Your ID နေရာမှာ Choose Files ကိုနှိပ်ပြီး သင်မှတ်ပုံတင် (သို့ မဟုတ်) လိုင်ဆင်ကဒ်တစ်ခုတစ်ခုကို ထည့်ပုံရိုတ်ပြီးထည့်ပေးလိုက်ပါ..ပြီးရင် အစိမ်းရောင်နဲ့ပြထားသော Send ကိုနှိပ်လိုက်ပါ။
 

3. ဒီနေရာရောက်လာပါလိမ့်မယ်..ဒီတော့စာပြန်ပေးရမှာဖြစ်လို့  Send additional ကိုနှိပ်ပေးလိုက်ပါ..ပုံပါအတိုင်းပါဘဲ။

4. Your response အကွက်လေးထဲမှာ Accound ID အဖြင့်ပြောင်းလဲအသုံးပြုချင်တဲ့အကြောင်းကိုရေးထည့်ပြီး Send ကိုနှိပ်လိုက်ပါ။ စာရေးတဲ့နေရာမှာ မြန်မာဘာသာဖြင့်လည်းရေးပေးလို့ ရပါတယ် Facebook မှာမြန်မာဝန်ထမ်းတွေရှိပါတယ်။ ၁ရက် ၂ရက်လောက်နေရင် သင့်Email ထဲကို Facebook မှစာပြန်လာပါလိမ့်မယ်။

5. တစ်ရက်လောက်အကြာမှာ Facebook က Email ထဲကိုစာပြန်တာကိုတွေ့ ရမှာပါ..နှိပ်ကြည့်လိုက်ပါ။

6. အောက်ပါပုံအတိုင်းတွေ့ ရပြီဆိုရင်တော့ Account ID တင်ခြင်းအောင်မြင်သွးပါပြီ။

မိမိတင်တဲ့ Post တွေမှာ သူငယ်ချင်းတွေဘဲ Comment ပေးလို့ရအောင်လုပ်နည်း


Facebook မှာ ကိုယ့်နဲ့ Friend မဖြစ်သေးတဲ့သူတွေက Comment ၀င်ရေးလို့ မရအောင် ပိတ်ထားနိုင်တဲ့နည်းးလမ်းလေးပါ။
မသိသေးတဲ့သူတွေတွက် အရေးကြုံလို့ တစ်ခုခုဖြစ်တဲ့ခါ လုပ်ဆောင်နိုင်အာင် အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။
(လေ့လာကြည့်ကြရအောင်)



2016 5.1,6.0 Samsung ဖုန်းများအား Root မလုပ်ဘဲ မြန်မာစာမှန်အောင်ထည့်နည်း


Cover art

မင်္ဂလာပါ J1 ကနေ J7ထိရပါတယ် J7 2016 မှာတော့အဆင်မပြေတာတွေ့ရပါတယ် လုပ်နည်း ၃နည်းရှိပါတယ် ဒီထဲမှာ တစ်နည်းကိုအရင်ပေးပါ့မယ် တော်တော်များများသိထားမှာပါ

1.Hi Font
2.I font
3.Frozen Keyboard

သုံးခုရှိရပါမယ်။

Frozen Keyboard ကို Install လုပ်လိုက်ပါ။ File Manager >app >install ထို့နောက် Setting > Language and input > default keyboard>frozen Keyboardကိုရွှေးပါ။

I tool ကိုဖွင့်ပါ ။ My ဆိုသည့် Button ကိုနှိပ် ပါ အောက်ဆုံးမှာ Zawgyi One ကိုရွှေးပေးပါ skip>install>လုပ်ပါ ထို့နောက် System Setting ထဲကိုဝင်သွားပါလိမ့်မယ် Home
ဖြင့်ပြန်ထွက်ပါ။ 
   iFont(Expert of Fonts)- screenshot   
 


Hi Font ကို ဖွင့်ပါ ။ အပေါ် ဘယ်ဘက်က Menu လေးကိုနှိပ်ပါ ။ Setting ကိုရွှေးပါ ။Easy Touch ဆိုတာ on ပေးပါ။ထို့နောက် Font Recovery ကိုရွှေးပါ Zawgyin One ကိုရွှေးပေးပါ
ရပါပြီ။ ဒီနေရာ အချို့ ကနေ အပြင်မှာ Easy Touch ကိုon လိုက်လို့ Home မှာ Shortcut အနေနဲ့ ပေါ်လာပါတယ် ပေါ်တဲ့အခါဖွင့်ပြီး Zawgyione ပြောင်းပေးလည်းရပါတယ်
အကယ်လို့နှစ်နည်းလုံးမရခဲ့ရင် မိမိဖုန်းကို ကျန်နှစ်နည်းနဲ့ရနိုင်ပါတယ် ကျန်နှစ်နည်းကတော့ facebook Chatbox ကိုလာမေးပါ။
သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
 
 
 

Gx Tool ~ Emmc Pinout Tools For Multi-Models ALL In One ရယူပါ


Hardware ပိုင်းဆရာတွေအတွက် အသုံးဝင်မယ့် All in one Tool လေးဖြစ်မယ်ထင်ပါတယ်၊
EMMC PINOUT ကိုပြပေးမယ့် Tool လေးပါ၊ Support လုပ်ပေးတဲ့ Models များကိုအောက်မှာကြည့်ပါ။

 Supported Models
 
SAMSUNG,HTC,LG,HUAWEI,SONY,CHINA 
AND SOME MORE OPTIONS ARE ADDED

Credit:  gsmexpress
http://forum.gsmdevelopers.com
ဇူးနစ်(နည်းပညာ)


Font Not Supported ပြဿနာ ဖြေရှင်းနည်း (၂)



Samsung 5.0 Lollipop အချို့အလုံးတွေမှာ ဒီပြဿနာဖြစ်ပေါ်နိုင်ပါတယ်။

တကယ်လို့ဒီလိုဖြစ်လာရင် iFont Donate သို့မဟုတ် Hifont နဲ့ပြန်သွင်းပေးရင်အဆင်ပြေနိုင်ပါတယ်။

ပထမဦးဆုံးကျွန်တော် iFont Donate နဲ့ အရမ်းစမ်းကြည့်ဖို့အကြံပြုလိုပါတယ်။

iFont Donate နဲ့မရတော့မှ HiFont နဲ့ထပ်လုပ်ကြည့်ပါ။

iFont ကိုအသုံးပြုပြီး Font Not Supported ပြဿနာဖြေရှင်းနည်း
********************************

ပထမဦးဆုံး iFont Donate v5.8.0 [Crecked] ကို မိမိတို့ဖုန်းမှာ Install လုပ်ထားပါ။

မရှိသေးရင် ဒီမှာ အရင်းသွားဒေါင်းလိုက်ပါ။

ပြီးရင် iFont Donate ကိုဖုန်းမှာ Install လုပ်ပြီး ဖွင့်လိုက်ပါ။

စစသုံးချင်းဆိုအောက်ကပုံလို Message တက်လာရင် Ok သာပေးလိုက်ပါ။
ညာဘက်အပေါ်နားက My Font ကိုနှိပ်ပါ။
 
ပြီးရင် My Install ဆိုတာကိုထပ်နှိပ်ပါ။
 
ဒါဆိုကိုယ် Install လုပ်ထားတဲ့ ဖောင့်တွေအားလုံးမြင်တွေ့ရပါလိမ့်မယ်။ 
 အဲ့ဒီထဲကကိုယ် Font ချိန်းတုန်းက Font not supported လို့ပြတဲ့ဖောင့်ကိုရှာပါ။
ပြီးရင်နှိပ်လိုက်ပါ။
 
ပြီးရင် Set ဆိုတာကိုနှိပ်ပေးလိုက်ပါ။
 
ဒီနေရာမှာတကယ်လို့သင့်ဖုန်းဟာ iFont ကို တခါမှအသုံးမပြုရသေးရင် အသုံးပြုနည်းကြည့်မလားလို့ မေးလာပါလိမ့်မယ်။ Skip ကိုသာနှိပ်လိုက်ပါ။

 

ပြီးရင်နောက်ထပ် Message တစ်ခုတတ်လာပါလိမ့်မယ် OK သာနှိပ်ပေးလိုက်ပါ။
 

ပြီးရင် Font App လေးတစ်ခုအနေနဲ့  Install လုပ်ခိုင်းပါလိမ့်မယ် Install လုပ်ပေးလိုက်ပါ။
 


Install လုပ်ပြီးတာနဲ့  Display Settng ထဲကို တခါတည်း Auto ရောက်သွားပါလိမ့်မယ်။ အဲ့ဒီထဲက Font Style သို့မဟုတ် Font ကိုရှာပြီး ဝင်လိုက်ပါ။ အဲ့ဒီထဲက ခုလေးတင် Install လုပ်လိုက်တဲ့ဖောင့်ကိုရှာပြီးရွေးပေးလိုက်ပါ။

iFont နဲ့လုပ်ထားတဲ့အတွက်ဖောင့်အမည်က (iFont) နဲ့ဆုံးပါတယ်။

သေချာရှာပြီးရွေးပေးလိုက်ပါ။


ဒါဆိုအဆင်ပြေသွားပါပြီ 🙂

==========@@@@@@==========

HiFont အသုံးပြုပြီး Font not supported ပြဿနာဖြေရှင်းနည်း
*********************

ပထမဦးဆုံးမိမိတို့ဖုန်းမှာ HiFont ကို Install လုပ်ထားပေးဖို့လိုအပ်ပါတယ်။မရှိသေးရင် Play Store ကနေဒေါင်းလို့ရပါတယ်။ ဒါမှမဟုတ် ဒီကနေ လည်းသွားဒေါင်းလို့ရပါတယ်။

ဒေါင်းပြီးမိမိတို့ဖုန်းမှာ Install လုပ်လိုက်ပါ 🙂

ပြီးရင်ဖွင့်လိုက်ပါ။

ဘယ်ဘက်အပေါ်ဒေါင့်က Menu ခလုတ်ကိုနှိပ်လိုက်ပါ။ဒါမှမဟုတ်ဖုန်းက Menu ခေါ်တဲ့ ခလုတ်ကိုနှိပ်လိုက်ရင်လည်းရပါတယ်။


Menu ထဲက My Font ကိုနှိပ်လိုက်ပါ။
 
ပြီးရင် Custom Font ကိုထပ်နှိပ်ပေးပါ။


ဖုန်း Stroage ထဲက HiFont ဆိုတဲ့ ဖိုဒါထဲကဖောင့်ကိုတွေဒီမှာလာပြနေတာပါ။

ကိုယ်ချိန်းချင်တဲ့ဖောင့်တွေကို ttf ဖိုင်နဲ့ အဲ့ဒီ HiFont ဆိုတဲ့ဖိုဒါထဲကိုအရင်သွားထည့်ပေးရပါတယ်။

ဒါမှဒီနေရာမှာကိုယ်ချိန်းချင်တဲ့ဖောင့်ရောက်နေမှာပါ။အခြားဖောင့်တွေကိုချိန်းချင်ရင် ကိုယ်ချိန်းလိုတဲ့ဖောင့်ရဲ့ttf ဖိုင်ကို HiFont ဖိုဒါထဲကိုအရင်သွားထည့်ပေးရမှာပါ။
Custom font ထဲက ကိုယ့်ဖောင့်ကိုနှိပ်လိုက်ပါ။
 
ပြီးရင် Use ကိုနှိပ်လိုက်ပါ။

ဒီနေရာမှာ ကိုယ့်ဖုန်းကခုမှ HiFont ကို ပထမဆုံးအကြိမ်အဖြစ်အသုံးပြုတာဆိုရင် Custom ဖောင့်တွေအသုံးပြုနိုင်ဖို့ Custom Font Plugin ကို ဒေါင်းခိုင်းပါလိမ့်မယ်။ OK သာနှိပ်ပေးလိုက်ပါ။


ဒါဆို Custom font plugin ဒေါင်းချပေးပါလိမ့်မယ်။

ပြီးသွားရင် Install လုပ်ခိုင်းပါလိမ့်မယ် Install လုပ်ပေးလိုက်ပါ။
 
Install လုပ်လို့ပြီးသွားရင် Done ကိုပဲနှိပ်ပေးလိုက်ပါ။
 


ပြီးရင် Use ကိုပဲ နောက်တစ်ကြိမ်ထပ်နှိပ်ပေးလိုက်ပါ။
 


ဒါဆိုကိုယ့်ဖောင့်ကို Custom Font ဆိုတဲ့ App အမည်နဲ့ Install လုပ်ခိုင်းပါလိမ့်မယ် Install လုပ်ပေးလိုက်ပါ။
 


ပြီးသွားရင်တော့ Done ကိုသာနှိပ်လိုက်ပါ။
 


ပြီးရင် Use ကိုပဲနောက်ထပ်တစ်ခါထပ်နှိပ်ပါ။
 


ဒီတခါဖောင့်ရွေးဖို့ကျလာပါပြီ 🙂

အဲ့ဒီထဲကကိုယ်ခုလေးတင် Install လုပ်လိုက်တဲ့ဖောင့်ကိုရှာပြီး ရွေးပေးလိုက်ပါ။

HiFont နဲ့လုပ်ထားတဲ့အတွက် ဖောင့်အမည်နောက်ဆုံးမှာ (myFont) လို့ပြထားပါလိမ့်မယ်။

ရွေးပြီး Yes or No မေးလာရင် Yes သာပေးလိုက်ပါ။


Done ဒါဆိုအဆင်ပြေသွားပါပြီ 🙂