Wednesday, August 31, 2016

Facebook သုံးသူတိုင်း သတိထား သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန် နည်းပညာများ




1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသုံးပြုနည်း




2 - Lock ကျနေသော Facebook အကောင့်အား Lock ပြန်ဖြည်နည်း




3 - Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ




4 - Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း




5- Facebook သုံးနေသူများ အကောင့်နာမည်ကို မြန်မာလို ပြောင်းထည့်နည်း





6 - Facebook မှာ ကိုယ့်ရဲ့သူငယ်ချင်းစာရင်း ကို ဖျောက်ထားချင်ရင် ဖျောက်နည်း




7 - Facebook မှ ကိုယ်ပိုင် Like Page(Fan Page) ပြုလုပ်နည်း အသေးစိတ်




8- Phone ကနေ Facebook သုံးပီး Photo Comment အမြန်ပေးဖို့ ဆော့ဝဲ



9- Facebook မှာ ဘယ်သူက Unfriend လုပ်သွားလည်း စစ်ပေးနိုင်မယ် APK



10- Facebook တွင် Block လုပ်ထားသူကို သူငယ်ချင်းအဖြစ် ပြန်ပြီး Add နည်း



12 - Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုလုပ်နည်း



13-Facebook အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း


14-Phone နဲ့  Photo Comments ပေးချင်သူအတွက် ဟာသပုံစုစုပေါင်း ၃၅၉ ပုံ



15- Facebook Fun Page အဟောင်းတွေကို ဖျက်နည်း ခေတ္တပိတ်ထားနည်း



16- ဖေစ်ဘုတ် မှာ ကိုယ်မြင်စေချင်တဲ့သူကို ရွေးပြီး post တင်နည်း 


17- ကိုယ့်ရဲ့ Facebook အကောင့် Profile ကို ဘယ်သူတွေ လာကြည့်လည်း စစ်နည်း





18- Facebook ထဲက နှစ်ပေါင်းများစွာက Chat Message တွေကို တစ်ချက်ထဲနဲ့ အကုန်ဖျက်နည်း



မူရင်း












စမတ်ဖုန်းတွေအတွက် Custom Rom များတွင်
 CyanogenMod ဆိုတာ အကောင်းဆုံးလို့ထင်ပါတယ်။

အခုနောက်ဆုံးထွက်ရှိထားတဲ့ Android 7.0 Nougat/AOSP 7.0 ROMs များအတွက်လည်း
CM14 Gapps ဆိုပြီး အသင့်ထွက်ရှိထားပြီးဖြစ်တာမို့ Custom Rom များကို ကြိုက်နှစ်သက်တဲ့
ညီအစ်ကိုတွေအတွက် CyanogenMod ဟာအားလုံးထက် အမြဲတမ်းအကောင်းဆုံးဖြစ်နေမှာပါ။
Stock Rom ကရိုးအီနေပြီး သုံးမကောင်း ဓာတ်ပြားဟောင်းကြီးလို
ပုံမြင်တာနဲ့ မကိုင်ချင်လောက်အောင်ဖြစ်နေခဲ့ရင်တော့ မိမိဖုန်းအတွက်
အကောင်းဆုံး Custom Rom များကိုရှာဖွေပြီး ဗားရှင်းအလိုက် 
ဒီ Google Gapps ဖြင့် အလွယ်တကူ Flash ပြုလုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။
ဒီနေရာမှာ Google Gapps ဆိုတာက Google stock apps တစ်ခုဖြစ်ပါတယ်
Custom ROM များကိုသွင်းပြီးအသုံးပြုလိုတဲ့အခါမျိုးမျာ အထူးသဖြင့်
Android 7.0 Nougat/AOSP 7.0 ROMs  များတွင် Custom Rom တင်လိုတဲ့အခါ
ဒီ Google Gapps သွင်းထားပြီးသားဖြစ်နေပါမှ အဆင်ပြေမှာဖြစ်ပါတယ်။

လိုအပ်ချက်များ
===========
Google Apps ကို သင့်ဖုန်းတွင် ထည့်သွင်းခြင်းမပြုမှီသင့်ဖုန်းအတွက်
လိုအပ်ချက်များကိုအရင်လေ့လာထားသင့်ပါတယ်။
သင့်ဖုန်းမှာ ပထမဆုံး ရှိထားသင့်တာက
 Custom Recovery ကိုသွင်းထားပြီးသားဖြစ်နေရပါမည်။ 

Custom Recovery ဆိုရာ၌ Philz touch recovery, CWM recovery,
 TWRP recovery များကိုပြောလိုတာဖြစ်ပါတယ်။
Custom ROM က Android 5.1.1 Lollipop/Android 6.0/6.0.1 ပေါ်မှာသာ
သွင်းထားခဲ့မယ်ဆိုရင်တော့ ဒီ Google Gapps ကိုထည့်သွင်းလို့မရနိုင်ပါ။
ယခုဖေါ်ပြပါ Google Gapps သည် Android 7.0 Nougat/AOSP 7.0 ROMs
များအတွက်သာ ဖြစ်ပါတယ်။

Download Open Gapps for Android 7.0 Nougat / CM14


Installing the CM14 Google Gapps
=====================
၁။Gapps for Android 7.0 Nougat / CM14 ကိုအရင်ရယူပါ

၂။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။

၃။ Google Gapps file ကို Copy ကူးပြီး nternal storage SD card သို့ Past လုပ်ပါ။

၎။ ဖုန်းကိုပါဝါပိတ်ပြီး custom recovery mode သို့ဝင်လိုက်ပါ။

၅။ Recovery Mode တွင် "Install" ကိုနှိပ်။

၆။ Install From SD Card မှာ Google Gapps file ကိုရွေးချယ်ပေးလိုက်ပါ။

၇။ Flash loading ပြီးသွားခဲ့ရင်တော့ Backup ကီးကိုနှိပ်ပြီး နောက်ပြန်ဆုတ်ကာ
 "Reboot System Now" ဆိုတာကို နှိပ်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။

၈။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Custom ROM သွင်းထားပြီးသား
Android 7.0 Nougat/AOSP 7.0 ROMs များတွင် Google Gapps ကို
အောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)


 www.zunite.org

နောက်ဆုံးထွက် ဗားရှင်း Android 7.0 Nougat Devices ကို Root လုပ်နည်း ကွန်ပျူတာမလို


Photo credit: techxat
နောက်ဆုံးထွက် ဗားရှင်း Android 7.0 Nougat Devices ကို Root လုပ်ချင်နေကြတဲ့
ညီအကိုတွေအတွက် ကွန်ပျူတာမလိုပဲ ပြုလုပ်နည်း Update New ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တကယ်လို့ သင့်ဖုန်းအတွက် Nougat 7.0 ကို Update ပြုလုပ်ပြီးလို့ Root လုပ်ရန်
ကြိုးစားနေတယ်ဆိုရင်တော့ ဒီနည်းလမ်းဟာ အသင့်တော်ဆုံး နည်းလမ်းဖြစ်ပါတယ်။


မက်မော စရာကောင်းလောက်တဲ့ Android Nougat 7.0 ရဲ့ significant improvements များနဲ့
features တွေဟာ ဘယ်လောက်ကြီးပဲ တိုးတက်ပြောင်းလဲ ထုတ်လာခဲ့ လာခဲ့ boot security ပိုင်းမှာတော့
Google ကအခုချိန်ထိ Harder ပိုမိုခိုင်မာလာအောင် မပြုပြင်နိုင်သေးပါဘူး ထင်ပါတယ်။

ဒီတော့ Android System ပိုင်းကို ကောင်းကောင်းနားလည်ထားကြတဲ့ Developers များအတွက်တော့
Update Version များနဲ့ Android System ကြီးတစ်ခုလုံးကတော့ Child Play ဖြစ်မယ်ထင်ပါတယ်။

ဒါကလည်း open source operating system ရဲ့ သရုပ်ပြကွက်တစ်ခု သို့တည်းမဟုတ် အားလုံးနဲ့
အဆင်ပြေအောင် လိုက်လျှော့ပြီး ဈေးကွက်ထဲ လွမ်းမိုးထားနေကြတာလည်း ဖြစ်နိုင်ပါတယ်။

အားလုံးကို အကျဉ်းချုံးပြပြီး သုံးသပ်ရရင်တော့ Android system ပိုင်းသည် ဘယ်သောအခါမဆို
open source operating system ဖြစ်နေသေးသ၍တော့ PC or Laptop မလိုပဲ Root ဖောက်နိုင်တယ်ဆိုတာပါပဲ

အားလုံးသိထားတဲ့ Chainfire ကတော့ အဆိုပါ Update Version အတွက်
SuperSu 2.76 Nougat package ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်၊ 
အခုတောင် SuperSu 2.77 Package တောင်ထွက်ရှိထားပြီးလည်းဖြစ်ပါတယ်။

ဒီတော့ Android Nougat 7.0 ဗားရှင်းကို Root လုပ်ရန်အတွက် Recovery mode မှ ပုံမှန်အတိုင်း
SuperSu 2.76 Nougat package ဖြင့် အလွယ်တကူ Flash ပေးပြီး Root access ကိုရယူနိုင်ပါတယ်။


  မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Android 7.0 Nougat Devices အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========

SuperSu 2.76 Nougat package



Download SuperSu 2.67 Nougat Package



 SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Up + Home + power ကိုတွဲနှိပ်ပေးပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



ဇူးနစ်(နည်းပညာ)


www.zunite.org

Facebook မှာ ကိုယ့်ကိုဘယ်သူ Unfriend/ Block လုပ်သွားလဲသိနိုင်မယ့် App



ကိုယ့်ရဲ့ အကောင့်န်ကို ဘယ်သူတွေ Unfriend လုပ်သွားသလဲ...ဘယ်သူတွေ Block သွားလဲ ဘယ်သူတွေ သူတို့ ရဲ့အကောင့်န်တွေကို ပိတ်လိုက်လဲ...ဘယ်သူတွေ သူတို့ ရဲ့အကောင့်န်တွေကိုပြန်ဖွင့်သလဲ ပြီးတော့ ဘယ်သူတွေ ကိုယ့်ကို သူငယ်ချင်းအဖြစ် Friend Requests လုပ်လာသလဲသဆိုတာကို ဒီဆော့ဝဲလ်လေးထည့်ထားယုံနဲ့ ကြည့်နိုင်ပါတယ်။
ကဲ့စိတ်ဝင်စားဆယ်ဆိုရင်တော့ ဆော့ဝဲလ်ထဲကိုအောက်မှာဒေါင်းယူပြီးစမ်းကြည့်လိုက်ပါ။
   

Facebook App ကနေ Account နာမည်ပြောင်းနည်း




Facebook Account ရဲ့ အမည်ကိုပြောင်းချင်ကြသူများတွက် Facebook Name ချိန်းနည်းလေးကိုပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။
နာမည်ချိန်းချင်သူများအားလုံးလေ့လာနိုင်ပါပြီ။
(လေ့လာကြည့်ကြရအောင်နော်)

   

   

Add Friend လုပ်ထားပြီး လက်မခံသေးတဲ့ သူတွေကိုကြည့်မယ် Undo ပြန်လုပ်မယ်



Add ထားတဲ့လူတွေက လက်မခံဘဲ အကြားကြီးပစ်ထားရင် Undo လုပ်ပါ။
လိုအပ်တဲ့လူလောက်ပဲ Add ပါသူတို့ဆီမှ Confirm မလုပ်ပါက
ဘာမှမထူးပါ။
အောက်စာကိုနှိပ်ပြီး လက်မခံသေးတဲ့သူတွေကို တွေ့ ရမယ် Undo လုပ်သင့်ပါကလုပ်ပါ 
 
 
 




မိုဘိုင်းဖုန်းဖြင့် စာပေဟောပွဲတွေ နားထောင် နိုင်သည့် Myanmar Talk



မိုဘိုင်းဖုန်းဖြင့် စာပေဟောပြောပွဲတွေကို နားထောင်နိုင်တဲ့ မိုဘိုင်း Application နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ စာပေဟောပြောပွဲတွေ နားထောင်ချင်းအားဖြင့် တကယ့်ကို စိတ်ဓာတ်ခွန်းအား၊ အသိပညာဗဟုသုတ
တွေကြွယ်ဝစေမှာတော့အမှန်ပါ။ အသိပညာဗဟုသုတတွေ ကြွယ်ဝစေဖို့ စာပေဟောပြောပွဲတွေ များများ
နားထောင် သင့်ပါတယ်။ မိုဘိုင်း Application လေးကို အသုံးပြုရင်း အသိပညာဗဟုသုတများ 
ကြွယ်ဝနိုင်ပါစေ။

Download Apk




Myanmar Talk 1.2 screenshot 1


Facebook Password ပြောင်းသုံးနည်း



ဖုန်းထဲကနေ မိမိကိုယ်ပိုင်  Facebook အကောင့်န့် ရဲ့ Password ကိုအသစ်ပြန်ချိန်းနည်းလေးကိုတင်ပေးလိုက်ပါတယ်။
ကိုယ့် Facebook အကောင့်န်ရဲ့ Password ကို အခြားသူကသိသွားလို့ စိတ်ပူနေသူတွေတွက် အဆင်ပြေပါလိမ့်မယ်။
သိပြီးသူများ သီးခံပေးဖို့ တောင်းဆိုချင်ပါတယ်။ မသိသေးတဲ့ မိုဘိုင်း User များတောင်းဆိုထားခြင်းကြောင့် ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါတယ်။
ဘယ်လို Password အသစ်ချိန်းရတယ်ဆိုတာကိုအောက်ကလင့်ခ်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။




ဓာတ်ပုံမှာစကားပြောပြီး သူငယ်ချင်းတွေစီပို့နိုင်သည့် Photo Speaking v2.0 Apk



ဓာတ်ပုံတွေပေါ်မှာ စကားပြောပြီး Facebook ကသူငယ်ချင်းတွေစီကိုပို့ နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။
သင်ကြိုက်နှစ်သက်ရာ ဓာတ်ပုံတစ်ပုံပေါ်တွင် 15 စက္ကန့် သောအသံဖိုင်ကို အသံသွင်းပြီး Facebook ပေါ်သို့ တင်ချင်သလား Messenger က သူငယ်ချင်းတွေကိုရောပို့ ချင်သလား အားလုံးပို့ နိုင်ပါတယ်။
အသုံးပြုနည်းကိုတော့ အောက်မှာ ScreehShot ပုံတွေနဲ့ ရှင်းပြထားပါတယ်။ 8.6 MB

ဆော့ဝဲလ်ဗားရှင်းအသစ်ကိုတော့အောက်မှာဒေါင်းယူလိုက်ပါ

   
   

ဖုန်းပြောပြီး အသံပြန်နားထောင်လို့ရတဲ့ App



ဖုန်းပြောပြီး အသံပြန်နားထောင်လို့ရတဲ့ App လေးပါ။
ဖုန်းအ၀င်Call နဲ့  အထွက်Call တွေရဲ့ ဖုန်းပြောထားတာတွေကို အော်တိုအသံဖမ်းပေးပါတယ်။ အသုံးပြုရတာအရမ်းအဆင်ပြေပါတယ် သူ့ ကိုထည့်သွင်းထားယုံဖြင့် ဖုန်းလာရင်ဖြစ်စေ ဖုန်းခေါ်ရင်ဖြစ်စေ အော်တိုအသံဖမ်းပြီးသာဖြစ်နေပါလိမ့်မယ်။
File Size  မှာ 4.5 MB မျှသာရှိပြီး Android OS Version 4.0.3 နှင့်အထက်ဖုန်းများတွင်ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
(ဆော့ဖ်ဝဲအားဒေါင်းယူရန် 4.5 MB )

   

ဖိုင်ဆိုက်များတဲ့ ဗီဒီယို တွေကို ဖိုင်ဆိုက်သေးသေးလေး ဖြစ်အောင် ပြုလုပ်နိုင်သည့် Video Compress



Video Compress
မိမိဖုန်း မင်မိုလီတွေပြည့်နေလို့ ဗီဒီယိုဖိုင်ဆိုက်တွေကို သေးသေးလေးဖြစ်အောင် လုပ်ပေးမယ့် App ဖုန်းမယ်မိုရီ ပြည့်နေတယ်ဆိုရင်တော့ ဒီ App လေးဆောင်ထားသင့်ပါတယ်။ ဗီဒီယို တွေကို ဖိုင်ဆိုက်သေးသေးလေး လုပ်ဆောင်နေချိန်မှာ အင်တာနက် မလိုပါဘူး။ အသုံးပြုနနည်းများကို Screenshot များဖြင့် ရှင်းပြထားပါတယ်။ File size 12.52 အားနည်းနည်းလေးနဲ့ ဗီဒီယို ဖိုင်ဆိုက်တွေကိုသေးနိုင်မယ်၊ ဖြတ်တောက်နိုင်တဲ့အပြင် Mp3 ဖြင့်လဲပြောင်းလဲ အသုံးပြုရပါ။ နှစ်သက်အသုံးပြုသူများအောက်မှာ ဒေါင်းယူနိုင်ပါတယ်







မိမိဖုန်း Screen Lock ခတ်ထားစဉ် ဖုန်း​Screen Lock အား မှားဖွင့်မိတဲ့အခါ ထိုသူရဲ့ ပုံကို Video Clip အဖြစ်ဖမ်းယူနိုင်မည့် မိုဘိုင်း App တစ်ခုဖြစ်ပါတယ်။App အတွင်းမှာ မိမိမှာ ရှိတဲ့Gmail နံပါတ်ကိုထည့်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။
Screen Lock မသိဘဲ မှားဖွင့်မိတဲ့ သူ ၏ ရုပ်ပုံဗီဒီယိုဖိုင်ကိုတော့ မိမိ Gmail အကောင့်ထဲပေးပို့ လာတဲ့ ဗီဒီယိုထဲမှာ ကြည့်နိုင်သလို ဖုန်းမပျောက်ဘဲ မိမိ ဖုန်းကို တစ်စုံတစ်ဦးမှ Screen Lock လာမှားဖွင့်မိရင်လည်း ထိုသူ၏ရိုပ်ပုံကို မိမိဖုန်းထဲက Internet  Storage ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
စိတ်ဝင်စားသူတွေအတွက် လိုအပ်တဲ့ဆော့ဖ်ဝဲနဲ့  အသုံးပြုနည်းကို အောက်မှာလက်တွေ့ ရှင်းပြထားပါတယ်။


Android ဖုန်းများတွင် ဖြစ်ပေါ်တက်သော Camera Error များအား ဖြေရှင်းခြင်း



Android ဖုန်းများတွင် ဖြစ်ပေါ်တက်သော Camera Error များအား ဖြေရှင်းခြင်း
===============================
Camera Failed ... အဆိုပါ Error ပေါ်လာပါက ..
၁) ဖုန်း Menu ပေါ်က My File ဆိုတဲ့ Folder ကနေ Phone Storge မှ 
Android \ data \ com.sec.android.gallery3d \ cache အဆင့်ဆင့်ဝင်ပါ။
၂) Cache ဖိုလ်ဒါထဲမှာ ရှိတဲ့ ဖိုင်တွေကို Salect all> delete လုပ်ပေးပါ။
၃) Android ဆိုတဲ့ Folder ကို နှိပ်ပါ..data ကို နှိပ်ပါ.
com.sec.android.gallery3d ဖိုလ်ဒါ ကို ဖွင့်ပါ..Select all ပေးပြီး delete လုပ်ပေးပါ။
၎) ပြီးရင် Home ကို နှိပ်ထွက်လိုက်ပြီး...ဖုန်းကို Restart ချပေးလိုက်ပါ...။
အဆင်ပြေပါစေ.။ :)
Cannot Connect to Camera .... အဆိုပါ Error ပေါ်လာပါက ..
ဖုန်း၏ Setting> App Manage> Camera အဆင့်ဆင့်ဝင်ရောက်ပြီး 
Clear Cache/ Clear Data လုပ်ပေးလိုက်ပါ။
ပြီးရင် ဖုန်းအား Reboot ချပေးလိုက်ပါ။
အဆင်ပြေပါစေ.။ :)
Credit- AyeKyaw