Sunday, July 31, 2016

Myanmar TV Channel Apk





မြန်မာ TV Channel များကို Android ဖုန်းများမှ ကြည့်ရှုနိုင်မည့် တစ်ခုတည်းသော Android App ဖြစ်ပါတယ် ။

မည်သည့် Website ၊ ဆော့ဖ်ဝဲ တွင်မှ မရှိသေးသော မြန်မာစာတန်းထိုး ရုပ်ရှင်ကားလိုင်း ၊ MWD ၊ ဖုန်းဖြင့်ကြည့်ရှုမရနိုင်သော MRTV ၊ MRTV-4 ၊ 5 Plus ၊ Channel 7 စသည်တို့ အပြင် SkyNet လိုင်းများ ၊ Radio များ ၊Youtube Channel များစုံလင်စွာ လိုင်းပေါင်း ၅၀ နီးပါးဖြင့်တင်ဆက်ထားပြီး ၊ ထပ်မံလဲ တိုးချဲ့ လျက်ရှိနေဆဲ အကောင်းဆုံးမြန်မာ TV App ဖြစ်ကြောင်း ပြောကြားပါရစေ ။

Myanmar TV Channel App Version အဟောင်း ကိုလက်ရှိ ( ၁ - ၈ - ၂၀၁၆ မတိုင်ခင်)  အသုံးပြုနေသော သူများအနေဖြင့် လက်ရှိသုံးနေသော apk ကို ဖျက်ထုတ်ပြီးမှသာ ယခု App ကို ထည့်သွင်းနိုင်မည်ဖြစ်ပါတယ်ခင်ဗျာ ။

(ယခင်ကြော်ငြာများရှုပ်နေသည့်ပုံစံ ၊ မကြာခဏလိုင်းပြတ်တောက်သည့် ပြသနာများကို ယခု App မှာ ဖြေရှင်းပြီး  ဖြစ်ပါတယ် ၊ အဆင်မပြေမှုများကို Visitor Chat မှတစ်ဆင့်ပေးပို့ နိုင်ပါတယ်)

Download ပြုလုပ်ရန်

Link 1 = (Pcloud) https://goo.gl/8lylnW
Link 2 = (Mediafire) http://bit.ly/2aceyWO

အသုံးပြုသူ အားလုံးကို ကျေးဇူးအထူးတင်လျက် ။

Admin
www.mmtvchannel.com

♪ iOS 9.3.3 တွင် Jailbreak ရရှိနိုင်ပြီ ♫


ဒီအပတ်အတွင်းမှာ နောက်ဆုံးထွက် iOS9 အတွက် Pangu ဟာ Jailbreak အသစ်ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ ဒီ Jailbreak စနစ်အသစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်လုပ်ခဲ့တဲ့ iOS 10 မတိုင်မီ Version တွေအတွက် နောက်ဆုံးအနေနဲ့ ထုတ်လုပ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

Jailbreak ဟာလတ်တလောမှာ တရုတ်ဘာသာစကားနဲ့သာ အသုံးပြုလို့ရနိုင်သေးတာဖြစ်ပြီး Window ကွန်ပျူတာတွေကနေတစ်ဆင့်အနေနဲ့လည်း iOS ပစ္စည်းတွေကို ထည့်သွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Jailbreak ဟာ Semi-untethered အမျိုးအစားဖြစ်တာကြောင့် တကယ်လို့ သင့်ဖုန်းဟာ Restart လုပ်လိုက်မယ်ဆိုရင် သင့်အနေနဲ့ App တစ်ခုကို အလုပ်လုပ်ဖို့အတွက် Cydia ကို ပြန်လည် Run ဖို့လိုအပ်ပါတယ်။9to5Mac မှာတော့ Jailbreak လုပ်နည်းအပြည့်အစုံကို တင်ပြထားပေမယ့် Bugs တွေရှိနေနိုင်သေးတယ်လို့လည်း သိရပါတယ်။

ကျွန်တော့်အနေနဲ့ ဒီမကြာခင်ကာလအတွင်းမှာ iOS Device တွေဖြစ်တဲ့ iPhone, iPad တွေအတွက် Jailbreak လုပ်နည်းကို တင်ပြပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီအတိုင်း ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
Credit to ==> Digital Times

♪ “မိုဘိုင်းဖုန်းနှင့်တက်ဘလက်ကိုBackup လုပ်သည့်အခါ” ♫


မိုဘိုင်းခေတ်ကြီးထဲတွင်စမတ်ဖုန်းကိုလည်းကောင်း၊တက်ဘလက်ကိုလည်း ကောင်း၊ကွန်ပျူတာလိုသာမက ကွန်ပျူတာထက်သာသာထိုးထိုးပင်အသုံးပြု လာပြီဖြစ်ရာဖုန်းနှင့်တက်ဘလက်ထဲတွင်အရေးကြီးdataပေါင်းထောင်သောင်းမကရှိလာပါသည်။ဖုန်းနှင့် တက်ဘလက်ထုတ်သောကုမ္ပဏီများကသူတို့ရောင်းသောပစ္စည်းများကိုနှစ်နှစ်တစ်ကြိမ်အသစ်ဝယ်သုံးကြဖို့ ရည်ရွယ်သည်ဖြစ်၍နှစ်နှစ်နောက်ပိုင်းမိမိပစ္စည်းပျက်ပြီဟုဆိုလျှင် ပြင်၍ရရန်ခဲယဉ်းပါသည်။ သို့ဖြစ်ရာစမတ်ဖုန်းနှင့်တက်ဘလက်ထဲမှdataများကိုမိမိအတွက်အရေးကြီး သည်ဟုထင်ပါကBackup လုပ်ရန်လိုအပ်ပါမည်။Backupလုပ်ရန်ခဲယဉ်းသည် လားဟုဆိုလျှင်မခဲယဉ်းဟုပင်ဖြေပါမည်။အကယ်၍မိမိ၏စမတ်ဖုန်းသို့မဟုတ်တက်ဘလက်သည်OTG အထောက်အပံ့ပေးသည်ဟုဆိုပါကOTG စတစ်ထိုးပြီ ဖြစ်စေ၊OTG adapter ခံ၍ဖြစ်စေ၊data များကိုအသာအယာဆွဲချသိမ်းဆည်း ရုံသာ ဖြစ်ပါသည်။သို့သော်ကျွန်မတို့ရွှေမြန်မာများမှာဖုန်းနှင့်တက်ဘလက် ၀ယ်လျှင်လိုချင်သည်ကိုသာသိပြီးမည်သည့်ပစ္စည်းများပါသင့်သည်၊မိမိ စွမ်းဆောင်ချက်များပါသင့်သည်ကိုမစဉ်းစားကြပါ။ထို့ကြောင့်Backup လုပ်ကြ စို့ဟုဆိုလျှင်ခြေမကိုင်မိလက်မကိုင်မိဖြစ်သည်ကများပါသည်။တောပိုင်း၊ မြို့စွန်းပိုင်းကဖုန်းပြင်ဆိုင်များဆိုလျှင်OTG ဆိုသည်ကိုပင်မကြားဘူး။ အံ့ဖွယ်သုတပါပေ။ကောင်းပါပြီ။Backup လုပ်ကြမည်ဆိုလျှင်မည်သည့်data များကအရေးကြီးပါသနည်း။သေချာပေါက်အရေးကြီးသည်မှာcontact list ဖြစ်သည်။contact list ကိုဖုန်းတစ်လုံးမှတစ်လုံးသို့Bluetooth ဖြင့်ဖြစ်စေ၊Wi-Fi ဖြင့်ဖြစ်စေပို့ပြီးအလွယ်တကူbackup လုပ်နိုင်သည်။အကြောင်းမသိလျှင်ဖြင့် contact list ရာဂဏန်းကိုဘောပင်တစ်ချောင်းဖြင့်လက်ညောင်းအောင် ကူးရ နိုင်သည်။
ဒုတိယအရေးကြီးသည်မှာSMS ဟုခေါ်သောText message များ။ထိုMessage များမှာအကြောင်းကိစ္စပေါ်ကအထောက်အထားများ၊သက်သေခံပစ္စည်းများ ဖြစ်လာနိုင်သလိုဤလောက ကမ္ဘာမြေပေါ်မှာမရှိတော့သည့်လူတစ်ယောက်၏အမှတ်တရအလွမ်းပြေပစ္စည်းလည်း ဖြစ်နိုင်သည်။ ဓာတ်ပုံနှင့်ဗီဒီယိုဖိုင်များ ကလည်းမိသားစုအမှတ်တရမှတ်တမ်းများဖြစ်ခဲ့လျှင်အရေးကြီးနိုင်သည်။ ကုန်လွန်ခဲ့သောအချိန်ဟူသည်မှာ ပြန်ဝယ်၍မရနိုင်စကောင်း။မိုဘိုင်းဖုန်း နှင့်တက်ဘလက်ထဲမှမည်သည့် dataများအားbackup လုပ်၍သိမ်းဆည်းမည် ဟု ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးပြီဆိုလျှင်မည်သည့်နည်းလမ်းသုံးမည်ကိုစဉ်းစား ကြပါမည်။Android စနစ်သုံးဖုန်းများတွင်များသောအားဖြင့် ထုတ်လုပ်သူ ကိုယ်တိုင်ထည့်ပေးလိုက်သောbackup tool များအသင့်ပါလာတတ်သည်။ များသောအားဖြင့်တန်ဖိုးမြင့်ပစ္စည်းများတွင်ဖြစ်သည်။တန်ဖိုးသင့်နှင့်တန်ဖိုး နိမ့်ပစ္စည်းများတွင်မူထုတ်လုပ်သူကထိုကိစ္စကိုအရေးတယူစဉ်းစားလေ့မရှိပါ။ Backup tool အသင့်ပါလာသောပစ္စည်းများတွင်device ကိုသုံးရန် ပထမဆုံး အကြိမ်ဖွင့်လိုက်သည်နှင့်ယင်းtool ကိုသုံးမည်လားဟုမေးမြန်းပါသည်။ သို့သော်ယင်းtool သည်Android စနစ်အတွက်အကောင်းဆုံးbackup tool များထဲမှတစ်ခုမဟုတ်သည်မှာသေချာသည်။Play store ထဲမှာအခမဲ့ပေးသော backup tool များထက်ပင်ယင်းbuiltin tool ကစွမ်းဆောင်ရည်ညံ့ပါသေး သည်။
သို့သော်Builtin tool ကအဆင်သင့်လက်လှမ်းမီသည်။အင်တာနက် ရှိစရာ မလို။Play Store သို့ဝင်ခွင့်ရရန်မလို။အသုံးပြုရသည်မှာလည်းလွယ်ကူလေ့ရှိပါ သည်။ ထို့ကြောင့်မိမိ၏အရေးကြီးdataများအားbackup လုပ်ပြီးသိမ်းဆည်း မည်ဟုဆိုလျှင်ပထမဆုံးသုံးသင့်သောtool ဖြစ်ပါသည်။အထူးသဖြင့်Wi-Fi Password များ၊appသုံးpassword များကိုအလွယ်တကူသိမ်းနိုင်ပါမည်။ အကယ်၍device စသုံးစဉ်တွင်backup လုပ်မည်လားဟုမေးသည်ကို အမှတ် တမဲ့ကျော်သွားခဲ့လျှင်သို့မဟုတ်enable မလုပ်ဟုရွေးမိခဲ့လျှင်ယင်းtool ကို ပြန်ရှာရပါတော့မည်။Setting > Apps (Manage apps) မှထပ်ဆင့်ဝင်ပြီး စမတ်ဖုန်းသို့မဟုတ်တက်ဘလက်ထုတ်လုပ်သူ၏အမည်ပါဝင်လာသောapp ကိုရှာရပါတော့မည်။ဥပမာပြရလျှင်HTC ၏ဖုန်းများ၌HTC backup ဟုခေါ် သောUtility ထည့်သွင်းပေးထားခြင်းမျိုးဖြစ်သည်။Samsung တွင်ကားထိုစနစ် ကိုKiesဟုတွေ့ရပါမည်။Motorola device များ (ဥပမာ-Moto G) တွင်ယင်း၏ setting ထဲ၌Google backup tool ကိုbuiltingထည့်ပေးထားပါသည်။Setting > Backup & reset အတိုင်းဝင်ပြီးBackup my data ကိုနှိပ်ပြီးအင်တာနက် ချိတ်ပေးလိုက်လျှင်ယင်းဝန်ဆောင်မှုသည်Google account နှင့်ချိတ်ဆက်ပြီး ဆောင်ရွက်ပါမည်။iPhone နှင့်iPadများတွင်မူApple ၏builtin backup service ပါပါသည်။ယင်းသည်iCloudနှင့်ချိတ်ဆက်ဆောင်ရွက်ပါသည်။iOS device ၏Setting မှတစ်ဆင့်iCloudသို့ဝင်ကာaccount Setup လုပ်ရပါမည်။ထိုသို့ ၀င်ရာတွင်Apple ID အသုံးပြုရန်လိုပါသည်။ယင်းနောက်backup လုပ်မည့် dataအမျိုးအစား (ဓာတ်ပုံmessage ၊contacts စသည်) ကိုရွေးပေးရပါမည်။
iCloudတွင်အခမဲ့သိုလှောင်ခွင့်5GB ရရှိပါမည်။ဓာတ်ပုံထောင်ချီ၍မရှိလျှင် ဗီဒီယိုရာချီ၍မသိမ်းလျှင်ထိုပမာဏမှာကောင်းစွာလုံလောက်ပါသည်။နေရာ မလောက်လျှင်20 GB နေရာအတွက်တစ်လလျှင် (၀.၅) ဒေါ်လာပေးပြီး အသုံးပြုနိုင်ပါသည်။စမတ်ဖုန်းနှင့်တက်ဘလက်များမှနေ၍အဓိကထားပြီး သိမ်းဆည်းကြသည်မှာVoice message နှင့်text message များအပြင်call log များလည်းပါဝင်ပါသည်။အမှုအခင်းကိစ္စများကိုဖြေရှင်းသည့်အခါယင်းdataများကအထောက်အကူပေးနိုင် ၍ ဖြစ်ပါသည်။ယင်းdataများကိုအကောင်းဆုံး သိမ်းဆည်းနိုင်မည့်tool မှာMobile backup & Restore ဖြစ်ပါသည်။Avast antivirus ကုမ္ပဏီမှထုတ်လုပ်ပေးထားသောအခမဲ့tool ဖြစ်ပြီး (www.snipca.com/16070) မှdownload ဆွဲချအသုံးပြုနိုင်ပါသည်။ယင်း appကိုပထမဆုံးinstall လုပ်ပြီးအသုံးပြုမည်ဆိုသည့်အခါအခမဲ့Avast account လုပ်ပြီးregisterလုပ်ရန်လိုပါသည်။register လုပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ယင်းtool ကမိမိ၏contacts call logs နှင့်text message များကိုအလို အလျောက် စတင်back up လုပ်ပါမည်။back up လုပ်သောdataများကို encrypt လုပ်ပြီးသိမ်းဆည်းသည့်အတွက်ဟက်ကာများသာမကAvast ၀န်ထမ်းများသည်ပင်ကြားဖြတ်ဖတ်ရှုရန်မဖြစ်နိုင်ပါ။ဓာတ်ပုံနှင့်ဗီဒီယိုများ ကိုbackup လုပ်မည်ဟုဆိုလျှင်Google ၌အလိုအလျောက်သိမ်းဆည်းရေး ကိုအားကိုးနိုင်သည်။သို့သော်dataပမာဏမများမှဖြစ်ပါမည်။ညသုံးdata package များကဈေးသက်သာသော်လည်းအလွန်နှေးကွေးသဖြင့် data ပမာဏအများအပြာuးpload တင်ရန်မလွယ်ပါ။ငွေကြေးအရလည်းခံနိုင်မည် မဟုတ်ပါ။Dataပမာဏအသင့်အတင့်ဟုဆိုလျှင်Android နှင့်iOSအတွက် ထုတ်လုပ်ပေးထားသောGoogle + App ကိုသုံးနိုင်သည်။
ယင်းထဲတွင်Auto-backup စွမ်းဆောင်ချက်ပါသည်။စမတ်ဖုန်းနှင့် တက်ဘလက် မှ ရိုက်သမျှဓာတ်ပုံနှင့်ဗီဒီယိုများကိုအွန်လိုင်းတွင် အလို အလျောက်သိမ်းဆည်းပေးပါမည်။Chatting app များမှတစ်ဆင့်ဝင်လာသော ဓာတ်ပုံများ၊ဗီဒီယိုများကိုလည်းသိမ်းဆည်းပေးသည်။Google account / Gmail account ရှိရန်လိုသည်။Google account ရှိလျှင်အခမဲ့ သိုလှောင်ခွင့် 15GB ရမည်ဖြစ်ပြီးနေရာလွတ်ထပ်မံ အလိုရှိလျှင်100GB ကိုတစ်လလျှင် (၂) ဒေါ်လာနှုန်းဖြင့်အသုံးပြုနိုင်ပါသည်။Google ၏Auto backup ကိုအသုံးပြုမည် ဆိုလျှင်Google + app ကိုဖွင့်ပြီးSetting ထဲဝင်ရပါမည်။ပြီးလျှင်Auto backup တွင်တစ်ချက်ခေါက်ပါမည်။ယင်းထဲတွင်ရှိသောဆလိုက်တုံးရွှေ့ပြီးOnထားရပါမည်။Dataများကိုအွန်လိုင်းတွင် သိမ်းဆည်းသိုလှောင်ရန်Wi-Fi only ကိုသာ ခွင့်ပြုပါသည်။ထို့ကြောင့်မိုဘိုင်းအင်တာနက်သုံးသလိုငွေကုန်မများပါ။Wi-Fi အင်တာနက်မတွင်ကျယ်သေးသည့် မြန်မာပြည်တွင်ဤစနစ်သည် နောင်လာ မည့်နှစ်များ၌သာအသုံးဝင်ပါလိမ့်မည်။မိမိbackup လုပ်ထားသော ဓာတ်ပုံ များနှင့်ဗီဒီယိုများကို ပြန်ရှာလိုလျှင်(https://plus.google.com)သို့ဝင် ရပါမည်။မိမိ၏Google account ဖြင့်ဝင်ရမည်ဖြစ်ပြီးအပေါ်ဘက်ဝဲဘက်တွင် ရှိသောdropdown menu ထဲမှphotos ကိုရွေးပြီးမိမိသိမ်းဆည်းထားသည် တို့ကိုကြည့်နိုင်ပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Android ဖုန်းနှင့် Tablet တွေမှာအသုံးများတဲ့ Viber Version သစ် 6.2.0.1251 APK


ဒီနေ့တွက်လာ Android ဖုန်း tablet တွေအသုံးများနေတဲ့ Viber Version သစ်လေးတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ ဒီနေ့ထွက်တာပဲရှိသေပါတယ်။ လူတိုင်းအတွက် မရှိမဖြစ်ဆိုရင်လည်းမမှားပါဘူး။ ဘာဖြစ်ဆိုတော့ Viber ဆိုတာ Online ရတာနှင့် Free call တိုင်းတပါးသို့ရောက်နေသော အမေအဖေတွေကို free call,free Chatting and free တိုင်းတပါးသို့ေ၇ာက်နေသော သူကိုတွေကို မြင်နိုင်ပါတယ်။ နောက်ပြီး ချစ်စရာ အရုပ်ကလေးတွေ ပါလာတာကိုတွေ၇ပါတယ်။ ဒါကြောင့် Update OR Version new သုံးချင်းသူများအတွက် အောင်မှာဒေါင်းနိုင်ပါတယ်။ 
 
 
 

Saturday, July 30, 2016

မြန်မာဖောင့် ဒီဇိုင်းအလှလေးများစုစည်းမူ



မြန်မာဖောင့် အလှတွေသုံးချင်သူတွေအတွက်
 
 
ဖောင့်အလှ ဒီဇိုင်းများစွာကိုတင်ပေးထားပါတယ်။
 
 
Samsung ဖုန်းတွေက Root မလိုပါဘူး
 
 Setting>>>Display>>Font style မှာ ချိန်းပေးလိုက်ရုံပါပဲ။
 
 
ဖောင့်ဒီဇိုင်းများစွာကိ အောက်မှာဒေါင်းယူနိုင်ပါပြီ
 
 
 
 

KingRoot v4.95 ဗားရှင်းအသစ်ထွက်ရှိလို့လာပါပြီ



 KingRoot v4.95 ဗားရှင်းအသစ်တွေကို KingRoot မှဖြန်ချီလိုက်ပါပြီ။  Android Model မြင့်ဖုန်းတွေကို ဖုန်းထဲကနေ One Click နဲ့ Root နိုင်မှာဖြစ်ပြီး Android Device တော်တော်များများကိုလည်း Root ဖောက်နိုင်ပီဟုသိရပါတယ်။
Android Device တော်တော်များများကို Update ထွက်ရှိလာတဲ့ KingRoot ဗားရှင်းအသစ်တွင် Root လုပ်နိုင်ပြီဖြစ်ကြောင်း KingRoot ၏ ၀က်ဆိုဒ်တွင်ဖော်ပြထားပါတယ်။
အသစ်ထွက်ရှိလာတဲ့ဗားရှင်းတွင် Error ကင်းကင်းနဲ Root လုပ်လာတာတွေ တွေ့ ရမှာဖြစ်ပြီး Android မိုဘိုင်းဖုန်းတွေကို Root လုပ်ချင်တဲ့ အခါကျရင် KingRoot နဲအရင်စမ်းပြီးမှ မအောင်မြင်မှသာ အခြားသော Root Application တွေနဲ စမ်းသမ်စေချင်ပါတယ်။ Samsung တွက်ဆိုရင် A တို့ J တို့ကို Note တို့ကိုတောင် Root လုပ်နိုင်လာပါပြီ။
kingRoot v4.95 ဗားရှင်းအားဒေါင်းယူရန်။

Android OS ဖုန်းတွက် Root ဆော့ဖ်ဝဲပေါင်း (၅၀) ကျော် စုစည်းမူ



 
Android OS စမတ်ဖုန်းတိုင်းတွက် Root လုပ်မို့ 
 
 Root Application များစွာကို တစ်နေရာထဲတွင် 
 
စုစည်းဒေါင်ဒလုပ်ဆွဲနိုင်တဲ့ 
 
 
ဆိုတဲ့ ဆိုဒ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
 
မည်သူမဆို ပြန်လည်မျှဝေလို့ ရပါတယ်။
 
 
 

သင်္ချာပုစ္ဆာတွေကို ရေးလိုက်တာနဲ့ အင်တာနက်မလို အဆင့်လိုက်ဖြေရှင်းပေးမယ့် ဆော့ဝဲလ်



သင်္ချာပုစ္ဆာတွေကို ရေးလိုက်တာနဲ့ အင်တာနက်မလို အဆင့်လိုက်ဖြေရှင်းပေးမယ့် ဆော့ဝဲလ်လေးပါ သင်္ချာပညာရှင်များတွက် နမူနာပုံလေးကြည့်ပြီး အောက်မှာဒေါင်းလုတ်ရယူနိုင်ပါတယ်။


ဖုန်းဖြင့် Skype Account ဖွင့်နည်းနှင့် အသုံးပြုနည်း



Skype Account ဖွင့်နည်းနှင့် အသုံးပြုနည်း
Skype ဆိုတာဘာလဲ ဘယ်လိုသုံးရလဲဆိုသူတွေတွက် ဒီမှာလေ့လာကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်။
Skype ဆိုတာ Skype အသုံးပြုသူတွေအချင်းချင်း ကြည့်လင်ပျက်သားသောဗီဒီယို Call ခေါ်ဆိုခြင်း , ဖုန်းခေါ်ဆိုခြင်း နှင့် မက်ဆေ့တွေပို့ မယ် Gif ဆိုတဲ့ လှုပ်ရှာနေတဲ့ ချစ်စရာကောင်းတဲ့ Sticker များပို့ နိုင်ခြင်း စတာအချက်တွေကို Internet Connection အနည်းငယ်ရှိယုံဖြင့် အသုံးပြုနိုင်တဲ့ နိုင်ငံတကာသုံး မိုဘိုင်း Application တစ်ခုဖြစ်ပါတယ်။ အနော်ကိုယ်တိုင်လည်း Skype ကိုအသုံးပြုပါတယ်။ ကဲ့ Skype Account ဖွင့်နည်းနဲ့  အသုံးပြုနည်းကို ScreenShot ပုံတွေနဲ့ ရှင်းပြထားပါတယ်...Skype နဲ့ မရင်းနီးသူများလေ့လာကြည့်ကြပါ။
ဖုန်းအတွက် Skype ဆော့ဝဲလ်လေးကိုအောက်မှာဒေါင်းယူလိုက်ပါ။









ဖုန်းဘားတန်းလေးကို ကာလာအစုံဒီဇိုင်းအစုံနဲ့ အသုံးပြုနည်းလမ်းညွန်



ပုံထဲမှာတွေ့တဲ့အတိုင်း ဖုန်းရဲ့အပေါ်ဘားတန်းလေးကို ဒီဇိုင်းလှလှလေးနဲ့ ထားလို့ ရတဲ့အပြင် ဓာတ်ပုံထည့် ကာလာထည့်ပြုလုပ်လို့ ရပါတယ်။
သဘောကျလို ပြန်လည်မျှဝေလိုက်ပါတယ်။
အသုံးပြုရတာလည်းလွယ်ကူပြီး ဖုန်းမှာ Root မရှိလည်းသုံးလို့ရပါတယ်။
အသုံးပြုနည်းလေးကို ဖတ်လိုက်ရအောင်....
ဆော့ဝဲလ်ထဲဝင်ပါ။
ဆော့ဝဲလ်ထဲဝင်ဝင်ချင်းတွေ့တဲ့ ခလုတ်အားလုံကို အမှန်ပေးလိုက်ပါ။
ပြီးရင် "Themes" ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ရင် ဖုန်းဘားတန်းဒီဇိုင်းမျိုးစုံထွက်လာပါမယ်။မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို တစ်ချက်နှိပ်လို့ ဖုန်းအပေါ်ဘားတန်းလေးပြောင်းသွားရင် ဖုန်းရဲ့ Home ခလုတ်ကိုနှိပ်ပြီး ထွက်လိုက်ပါ။ဒါဆိုရင် ဖုန်းဘားတန်းလေးကို ဒီဇိုင်းလန်းလန်းလေးနဲ့ ကာလာတွေနဲ့ လန်းလို့ ရပါပြီ။
Home ခလုတ်နှိပ်ပြီးထွက်ပါ Back ခလုတ်ကိုနှိပ်ပြီးထွက်ရင် ဖုန်းဘားတန်းလေးကိုပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် ဖုန်းဘားတန်းလေးမှာပေါ်လာပြီဆိုရင် Home ခလုတ်ကိုနှိပ်လိုက်ရင် လန်းလို့ ရပါပြီ။
အားလုံးဘဲ သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။
ဆော့ဝဲလ်လေးကိုတော့အောက်မှာဒေါင်းယူလိုက်ပါ။
 
 
 
 
 

ပြည်ပရောက်မြန်မာနိုင်ငံသားများတွက် မြန်မာရေဒီယိုလိုင်းများကို နားဆင်ခံစားနိုင်မယ့် SM Radio v2.1.3 Apk



အရမ်းကောင်းတဲ့ မြန်မာရေဒီယို လေးနဲ့ မိတ်ဆက်ပေးပါရစေ။
သူက မြန်မာပြည်က Live ထုတ်လွှင့်ပေးနေတဲ့ ရေဒီယိုလိုင်းတွေကို တစ်ချက်နှိပ်ယုံနဲ့  နားထောင်လို့ရပါတယ်။ Internet Connection လေးဖွင့်ပြီး ပြည်ပရောက် မြန်မာတွေခံစားနိုင်ဆင်နိုင်ပါတယ်။
နားဆင်ရတာလွယ်ကူတာမို့ စမ်းသုံးကြည့်ဖို့ တိုက်တွန်းအပ်ပါတယ်။
   

ဗီဒီယိုတွေမှာ အသံဖြောက်ပြီး မိမိနှစ်သက်ရာသီချင်းနဲ့ လန်းနိုင်မယ့် ဆော့ဖ်ဝဲ


 

 

ဖုန်းနဲ့ ရိုတ်ထားတဲ့ Video တွေကို အသံဖြောက်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ Mp3 သီချင်းတွဲလို့ ရပါပြီ။
ယခု App ၏ "ADD VIDEO" နေရာတွင် Video File ကိုထည့်ပြီး "ADD AUDIO" နေရာမှာတော့ကိုယ်ကြိုက်တဲ့သီချင်းကိုထည့်ပေးရမှာပါ..ပြီးရင်တော့ "Mix Audio and Video" ကိုနှိပ်ပြီး သီချးနဲ့ တွဲထားတဲ့ Video File ကိုရရှိမှာဖြစ်ပါတယ်။
File Size မှာ 7.6MB မျှသာရှိပြီး Android OS Version 2.3 နှင့်အထက်ဖုန်းများတွင်ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
ဗီဒီယိုတွေကို ကိုယ်ကြိုက်တဲ့သီချင်းနဲ့ လန်းချင်သူတွေတွက် Easy Mix Audio Video Apk လေးကိုအောက်မှာရယူလိုက်ပါ။

   

ဖုန်းဖြင့် Facebook မှာ ဗီဒီယိုတွေကို အလွယ်ကူဆုံး ဒေါင်းယူနည်း


 

 

Facebook ကနေ ဗီဒီယိုတွေဒေါင်းယူကြည့်ရဖို့ တွက် အခုတင်ပေးလိုက်တဲ့ ဆော့ဖ်ဝဲလေးက ဗီဒီယိုပေါ်ကိုတစ်ချက်နှိပ်လိုက်နဲ့ Download ဆွဲလို့ရနေပါပြီ။
အသုံးပြုနည်းပုံလေးတွေနဲ့ ရှင်းပြထားတာကိုကြည့်ပြီးတော့ 630k သာရှိတဲ့ အခုဆော့ဖ်ဝဲလေးကိုအောက်မှာဒေါင်းယူနိုင်ပါတယ်။ 1MB တောင်မပြည့်တဲ့ Facebook Video Download ဆော့ဖ်ဝဲကရှားတယ်နော်။ ဖိုင်ဆိုဒ်မကြီးတော့ ဖုန်းအတွက်လည်းနေရာမယူဘူးပေါ့.. :D







ဆော့ဖ်ဝဲလ်မလိုပဲ ဆက်သွယ်မူဧရိယာပြင်ပရောက်နေပါတယ်လုပ်ရအောင်...


 

 

ဒီနည်းက CDMA ပဲရတာပါ GSM မရပါဘူး...Android ပဲရပါတယ်...မစမ်းမိပါစေနဲ့Framework ကိုထိခိုက်တာကြောင့် Factory reset ပြန်လုပ်ရပါလိမ့်မယ်...
CDMA ဘယ် ANDROID ဖုန်းမဆိုရပါတယ် စမ်းသက်ပြီးသာပါ...
 
-ဖုန်း dailer ကိုဖွင့်လိုက်ပါပြီးရင်ဒါလေးရိုက်ထဲ့လိုက် *#*#4636#*
ိ-ဒါဆိုရင် phone ရဲ့ Testing ထဲကိုဝင်သွားပါပြီး...
-ပြီးရင် Phone information ထဲကိုဝင်...
-ပြီးရင် set preferred network type: ဆိုတဲ့စာကြောင်းကိုလိုက်ရှာလိုက်ပါ...
-စပါပြီ CDMA auto (PRL) လို့တွေပါလိမ်မယ်...
-ဒါက CDMA Network(EVDO) ကိုချိတ်ဆက်ထားခြင်းကိုဆိုလိုတာပါ..
-ကိုယ်က EvDo only လို့ပြောင်းလိုက်ပါ...
-ဒါဆိုရင် internet ပဲဖြစ်သွားပါလိမ့်မယ်...
-ဖုန်းလိုင်ပျောက်သွားပါလိမ့်မယ် ကဲဒါဆိုဆက်သွယ်မှုဧရိယာပြင်ပဖြစ်သွားပါပြီ
ဆော့ဖ်ဝဲမလိုတာကြောင့် သုံရတာအရန်အဆင်ပြေပါတယ်
ဧရိယာပြင်ပဆိုတော့ကိုယ်အမှားမရှိတော့ဘဲကောင်းကောင်းဖီးလို့ရတာပေါ့...
-ကဲပြန်ပြောင်ချင်ရင် ခုန EVDO only ကို CDMA auto (PRL) ပြန်ပြောင်လိုက်ပေါ့...
ကဲဘော်ဘော်တို့ပျော်ပျော်ကြီးလိမ်နိုင်ကြပါစေ.....
ကြိုးစာလျက်....
Ref;mm-mpxteam
Credit to reno1500
 
 
 

မြန်မာစာရေးမရဖတ်မရဖြစ်နေတဲ့ Samsung ဖုန်းများတွက်

 

 

 
မြန်မာဖောင့်မသွင်းရသေးတဲ့ Samsung 
 
ဖုန်းတွေမှာ မြန်မာစာ ရေးမရဖတ်မရဖြစ်နေတာကို ရေးလို့ဖတ်လို့ရမယ့် Samsung 
 
Zawgyi ဖောင့်လေးကိုသုံးလို့ရပါတယ်။ Font ထည့်လို့မရဘဲ error တတ်တတ်လာတဲ့ဖုန်းတွေလည်း
 
 ဒီဖောင့်ကိုသုံးကြည့်ပါ။ အသုံးပြုနည်းကို လင့်ထဲတွင်လေ့လာဖတ်ရှုနိုင်ပါတယ်။ 
 
 
 Font ကိုဒေါင်းယူရန် >>>
 
 
 
Root မလုပ်ရသေးတဲ့ ဖုန်းတွေမှာ Google တို့ YouTube နှင့် Website တွေထဲဝင်ရင် မြန်မာစာက 
 
မမှန်တာတွေတွက် အော်တိုမြန်မာစာ အမှန်မြင်ရမယ့် Apk လေးကို ဒီမှာဒေါင်းယူပြီး 
 
သုံးလို့၇ပါတယ်။>>>
 
 
 
 

ဖုန်းဘေမကုန်ပဲ Android ချင်း စကားပြောလို့ရမယ့်နည်း


 

 

ဖုန်းမှာ အင်တာနတ်မလိုဘဲ Wi-Fi Hatspot ဖွင့်ပြီး ဖုန်းတွေနဲ့ ချိတ်ဆက်ကာ အသံကြည့်လင်ပြက်သားတဲ့ ဖုန်းခေါ်ဆိုမူနဲ့  မက်ဆေ့ပို့ ခြင်းတွေကို အခမဲ့အသုံးပြုနိုင်တဲ့ဆော့ဝဲတစ်ခုဖြစ်ပါတယ်။
ဖုန်းက Wifi Hotspot ကိုဖွင့်ပြီး အသုံးပြုရတာကြောင့် Wi-Fi အကွာအဝေးလောက်သာ အိမ်နီးချင်းတွေနဲ့ အနီးအနားက သင့်မိတ်ဆွေများကို Phone Call နဲ့  မက်ဆေ့လေးတွေ ပျော်ပျော်ပါးပါးပို့ လို့ ရပါပြီ။
အသုံးပြုနည်းကိုတော့ ဖုန်းနှစ်လုံးကိုအသုံးပြုပြီး  ScreenShot ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။
ဆော့ဝဲလ်အားဒေါင်းယူရန်။