Saturday, April 30, 2016

ဖုန်းနံပါတ်အတု နဲ့ အသံအတုပြုလုပ်ပြီး ဖုန်းခေါ်နည်း Change ID Caller v7.7 Apk



 
 
ဖုန်းနံပါတ်အတုလုပ်ပြီး ဖုန်းခေါ်နည်း
အသံအတုလုပ်ပြီးဖုန်းခေါ်နည်း
ဖုန်းနံပါတ်အတု နဲ့ အသံအတုလုပ်ပြီး ဖုန်းခေါ်နည်းကိုတင်ပေးလိုက်ပါတယ်။
Change ID Caller ဆော့ဖ၀်ဝဲလ်တစ်ခုကိုအသုံးပြုထားပါတယ်။
ဒီဆော့ဖ်ဝဲလ်ထဲမှာ မိန်းကလေးအသံနဲ့ ယောကျာင်္လေးအသံဆိုပြီးတော့ နှစ်မျိုးပေးထားပြီး မိမိကြိုက်ရာအသံကိုရွေးချယ်ပြီး ခေါ်နိုင်ပါတယ်။
ပြီးရင် Caller id နေရာမှာ ဖုန်းနံပါတ်အတုကိုထည့်ရမည်.. To နေရာမှာတော့ ခေါ်ဆိုမည့်ဖုန်းနံပါတ်ကို နိုင်ငံကုတ်လေးလည်းထည့်ပြီး Dail ကိုနှိပ်ပြီးတော့ဖုန်းခေါ်လို့ ရပါပြီ။
အချိန်ကြာကြာအလိုပြုချင်သူတွေအတွက်တော့ VISA , Master Card ၁လစာ ၂လစာဝယ်ယူပြီးအသုံးပြုနိုင်ပါတယ်။
ကဲ့ဒါဆိုရင်တော့ Q လို့ ရပြီပေါ့ :D :D :D
အရမ်းအဆင်ပြေတဲ့နည်းလမ်းတစ်ခုပါ အသုံးပြုနည်းလေးကို ပုံထဲမှာလော့ကြည့်လိုက်ပါ။
Change ID Caller ဆော့ဖ်ဝဲလ်ကိုအောက်မှာ Download ဆွဲနိုင်ပါပြီ။
   

   

အသစ်ထွက်ရှိလာတဲ့ TubeMate v2.2.8 ဗားရှင်းအသစ်



 
 
TubeMate နဲ့ Youtube မှဗီဒီယိုတွေကို ဒေါင်းယူရာတာအလွန်အဆင်ပြေကြတဲ့ မိတ်ဆွေများတွက် Update Version ကိုအခုဘဲဒေါင်းယူနိုင်ပါပြီ။
TubeMate v2.2.8 ဗားရှင်းအသစ်ကိုအောက်မှာဒေါင်းယူနိုင်ပါပြီ
 
 

ပုံတွေမှာဟာသတွေရေးပြီး Olnline ပေါ်တင်ကြမယ် Myanmar MeMe Creator v1.0 Apk



ဟာသပုံတွေမှာ ကိုယ်ပိုင်းအတွေးခေါ်နဲ့ ဟာသတွေမရေးချင်ကြဘူးလား ပြီးတော့ Facebook တို့ Viber တို့မှာ တင်ကြမယ်လေ။
ပုံတွေကိုတော့ လိုက်ရှာစရာမလိုပါဘူး ဒီ Apk လေးထဲမှာဘဲ များအပြားရှိလို့ အလွယ်တကူအသုံးပြုနိုင်မှာပါ။
ကိုယ်ကြိုက်တဲ့ပုံကိုရွေးပြီး အပေါ်တစ်ကြောင်း အောက်တစ်ကြောင်းစာတွေရေးမယ် Font ကိုရွေးပြီး ကာလာထည့်မယ် ပြီးသွားရင်တော့ ပုံကို Save လို့ ရပြီပေါ့။
အသုံးပြုရတာလည်းအရမ်းလွယ်ကူပါတယ် အသုံးတတ်ရင် ခက်မယ်ထင်တဲ့မိတ်ဆွေများကိုတော့ ပုံထဲမှာရှင်းပြပေးထားပါတယ်။
ကိုယ်ပိုင်အတွေးအခေါ်နဲ့  ဟာသတွေလုပ်ပြီး Online မှာ မွေချင်တယ်ဆိုရင်တော့ အဆင်ပြေစေမှာပါ။
လိုအပ်မူရှိသူများတွက် Myanmar MeMe Creator ဆော့ဖ်ဝဲလ်ကိုအောက်မှာဒေါင်းယူနိုင်ပါတယ်။
 
 
 
 
   

   

   

   

ဖုန်းအ၀င် Call မှာသော့ခတ်ထားနိုင်တဲ့ Incoming Call Lock v1.1Apk



မိမိဖုန်းကိုခေါ်ဆိုလာသော အ၀င် Call တွေကို မိမိ မိတ်ဆွေ သူငယ်ချင်း, မောင်နှမများ ဖုန်းကိုင်လို့မရအောင်  Password 4 လုံးခံထားနိုင်မည့် Application တစ်ခုလည်းဖြစ်သည်။
အသုံးပြုရန် အဆိုပါ Application အတွင်ရှိ " Edit Password " တစ်နေရာထဲတွင်သာ Password 4 လုံးထည်ပေးထားခြင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ မိမိဖုန်းအား အ၀င်Call ခေါ်ဆိုလာချိန်တွင် ခဏမှ ထည့်ထားသော Pass 4 လုံးအားထည့်ပေးမှသာ ဖုန်းကိုင်လို့ရစေပါမည်။



   

အသစ်ထွက်လာတဲ့ KingRoot v4.90 ဗားရှင်း



 KingRoot v4.90 ဗားရှင်းအသစ်တွေကို KingRoot မှဖြန်ချီလိုက်ပါပြီ။  Android Model မြင့်ဖုန်းတွေကို ဖုန်းထဲကနေ One Click နဲ့ Root လုပ်နိုင်တဲ့ Apk တစ်ခုပါ။
KingRoot v4.90 ဗားရှင်းတွင် Error ကင်းကင်းနဲ Root လုပ်လာနိုင်တာတွေ တွေ့ ရမှာဖြစ်ပြီး Android မိုဘိုင်းဖုန်းတွေကို Root လုပ်ချင်တဲ့ အခါကျရင် KingRoot ဖြင့်အရင်စမ်းပြီးမှ မအောင်မြင်မှသာ အခြားသော Root Application တွေနဲ စမ်းသမ်စေချင်ပါတယ်။
kingRoot v4.90 Update Version အားဒေါင်းယူပြီး သင့်ဖုန်းကိုစမ်းကြည့်ရအောင်

♪ အူရီဒူးမှမိတ်ဆက်လိုက်သည့် Facebook စိတ်ကြိုက်သုံးစွဲနိုင်မည့် အထူးအစီအစဉ် ♫


AW for Facebook Campaign
မြန်မာနိုင်ငံတွင် Internet သုံးစွဲသူအရေအတွက် များပြားလာပြီး Facebook မှာ အင်တာနက် အသုံးပြုရခြင်း၏ အဓိကအကြောင်းရင်း တစ်ခုဖြစ်လာသည်။ အူရီဒူးမြန်မာသည် စတင်လုပ်ငန်း ဆောင်ရွက်ချိန်မှစ၍ သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကမ်းလှမ်းချက်များ၊ အစီအစဉ် များအမြဲဆန်းသစ်တီထွင် ဖန်တီးပေးလျက်ရှိပြီးစိတ်လှုပ်ရှားဖွယ် အစီအစဉ်ကိုထပ်မံဖန်တီး ပေးလိုက် ပြီ ဟုသိရသည်။ ယင်းမှာ အူရီဒူးသုံးစွဲသူများ အနေဖြင့် ပိုမိုချိုသာသော ဈေးနှုန်းဖြင့် အကန့်အသတ် မရှိ စိတ်ကြိုက် Facebook  အသုံးပြုနိုင်မည့် အစီအစဉ် တစ်ရပ်ကို စာရင်းသွင်းခပေးစရာမလိုဘဲ ရရှိနိုင်တော့မည် ဖြစ်သည်။
အူရီဒူး၏ Facebook စိတ်ကြိုက်သုံးအစီအစဉ်အား အူရီဒူးသုံးစွဲသူမိဘပြည်သူများအနေဖြင့် အခမဲ့စာရင်းသွင်းကာ 1 MB လျှင် ၃ ကျပ်နှုန်းဖြင့် အကန့်အသတ်မရှိ Facebook သုံးစွဲနိုင်မည် ဖြစ်ကာ အသုံးပြုလိုသူများအနေဖြင့် *4444# သို့ ဖုန်းခေါ်ဆိုရမည်ဖြစ်သည်။  ယခုအစီအစဉ်မှာ သုံးစွဲမှုပမာဏကို ကန့်သတ်ထားခြင်းမရှိဘဲ အထူးနှုန်းဖြစ်သော 3 Kyats / MB ဖြင့် Messenger ဖြင့်လည်းကောင်း၊ Voice Calls ၊ Video Calls များဖြင့်လည်းကောင်း ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နိုင်ခြင်း၊ စိတ်ကြိုက် status တင်ခြင်း၊ ဓာတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်ခြင်း၊ Facebook မိတ်ဆွေများမှ ဝေမျှထားသည့် ဗီဒီယိုများအား ကြည့်ရှုခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 
အဆိုပါ အစီအစဉ်အား ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၉) ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ပထမဆုံးအကြိမ်စာရင်းသွင်းခြင်းကို အခမဲ့ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ Facebook စိတ်ကြိုက်သုံး အထူးအစီအစဉ်ကို အသုံးပြုမည်ဆိုပါက အခြားအော်ပရေတာများသို့ ဖုန်း ခေါ်ဆိုခမှာ တစ်မိနစ်လျှင် (၃၅) ကျပ် ကျသင့်မည်ဖြစ်သည်။ စာရင်းသွင်းခြင်းကို ပယ်ဖျက်လိုပါက *4445# ကို ခေါ်ဆို၍ လွယ်ကူစွာပယ်ဖျက်နိုင်မည် ဟုလည်းသိရသည်။
အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Charity Safford က “ Facebook ဟာ မြန်မာပြည်သူလူထုအတွက် ပိုမိုကောင်းမွန်စွာ ဆက်သွယ်ဖို့ရာနဲ့ ကမ္ဘာ့အနှံအပြားမှ သတင်းအချက် အလက်တွေကို စဉ်ဆက်မပြတ်စူးစမ်း ရှာဖွေနေဖို့ရာအတွက် အဓိကလူမှုကွန်ယက်ကြီးတစ်ခု ဖြစ်တယ် လို့ ကျွန်မတို့ယုံကြည်ပါတယ်။  ဒါ့ကြောင့် အူရီဒူးသုံးစွဲသူမိဘပြည်သူများ Facebook ကိုဈေးနှုန်းချိုသာစွာနဲ့ အကန့်အသတ်မရှိအသုံးပြုနိုင်မယ့် Facebook စိတ်ကြိုက်သုံး အထူးအစီအစဉ် ကို ဖန်တီးပေးလိုက်နိုင်လို့ ၀မ်းသာပါတယ် “ ဟု ပြောကြားခဲ့သည်။
အူရီဒူး၏ Facebook စိတ်ကြိုက်သုံးအစီအစဉ်နှင့်ပတ်သက်၍ အသေးစိပ် သိရှိလိုပါက Ooredoo Myanmar Facebook Page တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

နောက်ဆုံး ဗါးရှင်းဖြစ်တဲ့ - Facebook v76.0.0.0.27 for Android


 

Android /Tablet ဖုန်း ကိုင်ဆောင်ကာ Facebook 76.0.0.27 APK အသုံးပြုလိုသူများအတွက် နောက်ဆုံး Update တင်ပေးလိုက်ပါတယ်။ updated အသစ်ထွက်တယ်ဆိုတာကတော့ ဟိုတုန်းက အဟောင်းလေးတွေ ရဲ့ အားနည်းချက်တွေကို ပြင်ဆင်တာ ဒီထက်ပိုကောင်းအောင် လုပ်ပေးတာဖြစ်ပါတယ်။ updated အသစ်ထွက်တိုင်း သုံးသင့်ပါတယ်။ နောက်ဆုံး Update အသုံးပြုလိုတဲ့သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။
 

ကလေးများအတွက် အင်္ဂလိပ်စာလုံးဆက် ဥာဏ်စမ်း [14.7 MB] [apk]


Brain quiz: Just 1 word!
ဂိမ်းရယူရန်အောက်က Download ကိုနှိပ်ပါ Download အတန်းပြည့်ပြီးသွားလျှင် My File သို့မဟုတ် Filemanager ထဲက Download ဖိုင်မှာသွားရှာပြီး install ပြုလုပ်ပါ
-
Screenshots of the Brain quiz: Just 1 word! for Android tablet, phone.
-
အဆင်ပြေပါစေ..

Friday, April 29, 2016

Super Piano HD Full v6.4 apk


 
 
 
Android /Tablet ကိုင်ဆောင်ကာ Super Piano အသုံးပြုသူများအတွက် 29 ရက်နေ့ 4 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ စမတ်ဖုန်း ထဲမှာ ဂီတသံစဉ်များကို ကိုယ်တိုင်တီးခတ်နားဆင်ချင်တယ်ဆိုရင် ဒီ App လေးကိုဆောင်ထားသင့်ပါတယ်။ သံစဉ်များစွာ တီးလုံးများစွာကို ချိန်ညှိဖန်တီး ပြီး တီးခတ်နိုင်တာကလည်း သူ့ရဲ့အားသာချက်တစ်ခုပါ။ Online နဲ့ချိတ်ဆက်တီးခတ်လို့ရခြင်း ၊songs များ download ရယူနိုင်ခြင်း စသည်တို့ကြောင့်လဲ လူကြိုက်များနေရတာပါ...။ ဖိုင်ဆိုဒ်ကတော့ 6.14 MB ရှိပြီး Android  Version 4.0.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ 
 
 
 
 
DOWNLOAD


 
 www.ayekyaw.org

Android ဖုန်းတိုင်းမှ Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခု (ဇူးနစ်)


Android ဖုန်းတိုင်းမှ Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခုကို
မအားလပ်တဲ့အချိန်တွေကြားမှ ကြိုးစားပြီး အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ခေါင်းစဉ်လေးကြည့်မိတာနဲ့ သိုင်းလောကထဲ အသားကျနေပြီဖြစ်တဲ့ ဆရာ့ဆရာတွေနဲ့
လေ့လာဆဲ လေ့လာပြီးသူတိုင်း ဘာဆိုတာကို သဘောပေါက်လောက်မယ်ထင်ပါတယ်။
ဟုတ်ပါတယ်၊ စမတ်ဖုန်းကိုင်ဘာကြောင့်သုံးစွဲနေကြတာလဲ ဆိုတဲ့ အမေးထက် ၀ယ်ယူ
အသုံးပြုနေကြတဲ့ နေ့စဉ်ဘ၀မှာ မရှိမဖြစ် Communation အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ စမတ်ဖုန်းများထဲတွင် မိမိ ကိုယ်ပိုင် ကိုင်ဆောင်ထားတဲ့ ဖုန်းလေးတစ်လုံးရဲ့ ဆိုးကျိုး ကောင်းကျိုးလေးကိုတော့သိထားပြီး ဆောင်ကွက် ရှေင်ကွက်တွေကို လေ့လာထားသင့်ပါတယ်။
ယခုဖေါ်ပြနည်းလမ်းများသည် မိုဘိုင်းဖုန်းပြုပြင်နည်းကို အထူးလေ့လာလိုက်စားနေကြတဲ့
ညီအစ်ကိုများအတွက် အထူးရည်ရွယ်ပါတယ်၊ သင်တန်းလာမတက်နိုင်တဲ့ သူတွေလည်း 
လွယ်လင့်တကူ လေ့လာနိုင်အောင်ဆိုပြီး PDF Version ဖြင့်လုပ်ပေးလိုက်ပါတယ်။
သင်တန်းတက်နိုင်မယ့်သူတွေကတော့ ဇူးနစ်(နည်းပညာ) မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း မှ
လိုက်လှဲစွာဖြင့် ကြိုဆိုပါကြောင်း အချိန်ရတုန်းလေ (ကြော်ငြာ) လေးဝင်ပါရစေ....။
Android ဖုန်းတိုင်းမှ Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခုကိုမပြောပြမီ
Android ဖုန်းတစ်လုံးတွင် Nandroid Backup ဆိုတာဘာလဲ ဆိုတာကို အရင်လေ့
လာထားသင့်ပါတယ်။

Messenger နှစ်ခုသုံးချင်သူတွေတွက် နှစ်ခုသုံးနိုင်တဲ့ Apk



Facebook Messenger အကောင့်န်နှစ်ခုကို Messenger နှစ်ခုအသုံးပြုနိုင်တဲ့ Messenger ဆော့ဝဲလ်လေးတင်ပေးလိုက်ပါတယ်။
မူရင်း Messenger ထက်တော့ ဖက်ရှင်းတွေမစုံလင်လှပေမယ့် Facebook Account နှစ်ခုသုံးသူတိုင်းတွက် Messenger နှစ်ခုကိုတပြိုင်ထဲအသုံးပြုချင်တယ်ဆိုရင်ဆောင်ထားနိုင်ပါတယ်။။ အဆိုပါ Pink for Facebook Messenger ဆိုတဲ့ App ကို Google Play Store တွင် 1.50$ နဲ့ ဝယ်ယူရမှာဖြစ်ပြီး အောက်ပါလင့်ခ်မှာတော့ အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါတယ်။
...File Size , 1.93 MB သာရှိတဲ့ Pink Messenger လေးကိုရယူနိုင်ပါပြီ။
Pink for Facebook Messenger အားဒေါင်းယူရန်

   
   

ဖုန်းအတွက် ဒေါင်းချင်တာတွေဒေါင်းလို့ရမယ့် ZEDGE™ Ringtones & Wallpapers 5.0.4 APK



ဖုန်းအတွက် မိမိလိုချင်တာတွေကို ဒေါင်းယူနိုင်တဲ့ ZEDGE™ Apk လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
အဆိုပါ App တွင် မိမိနှစ်သက်သော Willpaper နှင့် Live Wallpaper များကို လွယ်လင့်တကူ ရှာဖွေပြီး ဒေါင်းယူအသုံးနိုင်ပါတယ်။ ထိုအပြင် မိမိနှစ်သက်သော Happy Birthday Ringtone များနှင့် အခြားသောဖုန်း  Ringtone ပေါင်းမြောက်များစွာကိုလည်း ရှာဖွေဒေါင်းယူနိုင်ပါတယ်။ ဂိမ်းကြိုက်နှစ်သက်များတွက်လည်း ဂိမ်းပေါင်းများစွာကိုလည်း လွယ်လင့်တကူဒေါင်းယူဆော့ကစားနိုင်မှာပါ။
ဒီတော့ တစ်နေရာထဲမှာ အစုံရှိနေတဲ့ ZEDGE™ မိုဘိုင်း Application လေးကိုအခုဘဲစမ်းသုံးကြည့်လိုက်ရအောင် :D
အောက်ကလင့်ခ်မှာဒေါင်းယူနိုင်ပါတယ်။
   
   
   
  

♪ YouTube မှ Music Video များကို MP3 အဖြစ်ပြောင်းပေးမယ့် Peggo ♫


3

YouTube မှ Music Video များကို ကြည့်ရှုနားဆင်တဲ့ အခါမှာ ဖြစ်ဖြစ်၊ ဒေါင်းလုပ်ပြုလုပ်တဲ့ အခါမှာ ဖြစ်ဖြစ် မိုဘိုင်း ဒေတာများစွာ ကုန်ကျပါတယ်။ အဲဒီ ဗီဒီိယိုများကို MP3 အဖြစ် ပြောင်းလဲပြီး ဒေါင်းလုပ်ပြုလုပ်ရင်တော့ မိုဘိုင်းဒေတာ အနည်းငယ်သာ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးနိုင်တာက Peggo လို့ အမည်ရတဲ့ Android App ဖြစ်ပါတယ်။ Peggo မှာ Search Box ပါရှိပြီး YouTube Video များကို ရှာဖွေနိုင်ပါတယ်။ ဗီဒီယိုရဲ့ URL ကို ကော်ပီကူးယူပြီး Peggo မှာ ထည့်သွင်းခြင်းဖြင့်လည်း ဗီဒီယိုများကို MP3 အဖြစ်ပြောင်းလဲပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ YouTube App မှ ဗီဒီယိုကို Peggo သို့ Share လုပ်ခြင်းဖြင့်MP3 အဖြစ် ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။
Peggo ကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ။ Home Screen မှာ Search Box ကို တွေ့ရမှာ ဖြစ်ပါတယ်။
1
ဥပမာအားဖြင့် အဆိုတော်နဲ့ သီချင်းအမည်ကို ရိုက်ထည့်ပြီိး ရှာပါ။ ဗီဒီယိုများ ကျလာရင် ဒေါင်းလုပ်ပြုလုပ်ချင်တာကို တစ်ချက်နှိပ်ပါ။
2
နောက်အဆင့်မှာ Title နဲ့ Artist အမည်ကို အလိုအလျှောက်ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ From နဲ့ To မှာ MP3 အဖြစ် Record ပြုလုပ်မယ့် အစမှတ်နဲ့ အဆုံးမှတ်ကို ထည့်သွင်းပေးနိုင်ပါတယ်။ Default အားဖြင့် Remove Silence မှာ အမှန်ခြစ်ပေးထားတဲ့အတွက် Music Video ရဲ့ အစနဲ့ အဆုံးမှ အသံမပါတဲ့ အပိုင်းများကို အလိုအလျှောက် ဖြတ်ထုတ်ပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ Record MP3 ခလုတ်ကို နှိပ်ပါ။
3
ဒါဆိုရင် Record or Download ပြုလုပ်တဲ့ နေရာကို ရောက်ရှိမှာ ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြည့်တဲ့အထိစောင့်ပါ။ ပြီးရင်တော့ အဲဒီ MP3 ဖိုင်ကို တစ်ချက်နှိပ်ပြီး နားဆင်နိုင်ပါပြီ။
4
YouTube App ကို အသုံးပြုနေရင်းက နှစ်သက်တဲ့ Music Video တစ်ခုကို MP3 အဖြစ် ပြောင်းလဲချင်ရင် Share Button ကို နှိပ်ပါ။
5
Share Menu ပေါ်လာရင် Peggo ကို ရွေးပေးပါ။ ( အပေါ်ထိပ်မှ Copy URL ကို နှိပ်ပြီး Peggo ရဲ့ Search Box မှာ ထည့်သွင်းခြင်းဖြင့်လည်း ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။ )
6
နောက်အဆင့်မှာတော့ အပေါ်ကနည်းအတိုင်း ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။
7
Peggo ရဲ့ ညာဘက်အပေါ်ထိပ်မှ ဒေါင်လိုက် အစက်ကို နှိပ်ပြီး Settings ထဲသွားနိုင်ပါတယ်။ Status Bar Notifications မှာ အမှန်ခြစ်ဖြုတ်ရင် ဒေါင်းလုပ်ပြုလုပ်နေတဲ့ အခြေအနေကို Notification Bar မှာ ပြသပေးမှာ မဟုတ်ပါဘူး။ Download Location မှာတော့ Default အားဖြင့် Internal Storage > Music> Peggo အောက်မှာ သီချင်းများကို သိမ်းဆည်းပေးမှာပါ။ နှစ်သက်ရာ နေရာကို ပြောင်းလဲ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
8
Peggo ကို Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 2.6MB ဖြစ်ပါတယ်။ အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
http://goo.gl/aqy56J

Credit to ==> Myanmar Digital Life Journal