Monday, February 29, 2016

ဖုန်းထဲကနေ အသံသွင်းနိုင်တဲ့ Spreaker Studio v1.2.18 Apk



ဖုန်းနဲ့ အသံသွင်းတာတို့ အသံဖမ်းတဲ့နေရာတွေမှာအသုံးဝင်တဲ့ Apk လေးကိုတင်ပေးလိုက်ပါတယ်။
ဒီ Apk လေးဖြင့်အသံသွင်းရာမှာ ကောင်းမွန်သောအချက်မှာ အသံဖမ်းနေစဉ်အချိန်မှ Apk ထဲမှာပါတဲ့ လက်ခုတ်တီးသံ, ရယ်သံ , သေနပ်ပစ်သံ , ကြောက်လန့် သံ စတဲ့အသံတွေကိုလည်းပါဝင်အောင်ထည့်လို့ ရပြီး နောက်တစ်ခုကလည်း Spreaker Studio မှာ Account လုပ်ပြီး LogIn ၀င်ထားသူအချင်းချင်း မက်ဆေ့များပို့ ချင်း LIVE  စကားပြောခြင်းတို့ ကိုပြုလုပ်နိုင်ပါသည်။
စမ်းသပ်အသုံးပြုလိုသူများအနေနဲ့  Spreaker Studio အားအောက်မှာရယူနိုင်ပါတယ်။



မြန်မာတီဗွီလိုင်းများနဲ့ နိုင်ငံခြားတီဗွီလိုင်းပေါင်းစုံကို ဖုန်းထဲကနေအလွယ်တကူကြည့်လို့ ရမယ့် H TV AEC v2.1.1



မြန်မာရုပ်မြင်သံကြားအစီစဉ် (၄) လိုင်းပါဝင်ပြီး ထိုင်းနှင့် နိုင်ငံခြားတီဗွီလိုင်းများ အားလုံးပေါင်း တစ်ရာကျော်ပါဝင်တဲ့ TV App လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
မိမိနှစ်သက်ရာတီဗွီလိုင်းများကိုကြည့်ရှုရာတွင် အင်တာနတ်လိုင်းအနည်းငယ်ကောင်းယုံဖြင့် လွယ်လွယ်ကူကူကြည့်နိုင်မည်ဖြစ်ပါတယ်။
ဖုန်းထဲကနေ TV လိုင်းတွေကြည့်လိုသူများတွက်ဆောင်ထးလိုက်ပါ..အချိန်မရွေးဝင်ကြည့်လို့ ရပါတယ်။
အနော်လည်းလက်ရှိဖုန်းထဲမှာဒါလေးဘဲဆောင်ထားပါတယ်။
 နမူနာပုံလေးတွေကြည့်ပြီး အောက်မှာ Download ရယူလိုက်ပါ။


ကိုယ့်ဖုန်း Screen ကို Rootမလိုဘဲ လွယ်လွယ်ကူကူ Video Recorder လုပ်ကြမယ်



 
 
Root လုပ်ထားစရာမလိုဘဲ ကိုယ့်ဖုန်းရဲ့ Screen မျက်နှာပြင်ကို  လွယ်လွယ်ကူကူနဲ့  Video Recorder လုပ်ချင်သူများတွက် AZ Screen Recorder လေးကိုတင်ပေးလိုက်ပါတယ်။
Apk လေးကိုနှိပ်လိုက်ယုံဖြင့်ပုံထဲကတိုင်းပေါ်လာမှာဖြစ်ပြီး အရှေ့ ဆုံးမှာတွေ့ ရတဲ့ Icon လေးကိုနှိပ်ပြီး Screen Recorder လုပ်နိုင်ပါတယ်။ Video ရဲ့ Format Size တွေကိုလည်း Settion Icon လေးထဲမှာပြင်ဆင်နိုင်ပါတယ်။ File Size ကတော့ 2.8MB  မျှသာရှိပြီး Android OS 5.0 အထက်ဖုန်းများတွင်ထည့်သွင်းအသုံးပြုနိုင်ပါသည်။
လွယ်လွယ်ကူကူနဲ့  Screen Recorder လုပ်နိုင်သောကြောင့်လိုအပ်မူရှိသူများအောက်မှာဒေါင်းယူနိုင်ပါတယ်။




♪ MasterCard က Passwords အစား Selfies နှင့် Fingerprints များကို အသုံးပြုမည် ♫

Credit Card Company တစ်ခုဖြစ်သော MasterCard က MWC ပွဲတွင် သူ၏ ကဒ်များကို အသုံးပြုသူများအတွက် အွန်လိုင်းတွင် ဈေးဝယ်ယူသည့်အခါ Passwords အစား Selfies နှင့် Fingerprints များကို အသုံးပြုမည်ဟု အတည်ပြုပါသည်။ အဆိုပါ Biometric Security နည်းပညာကို ကုမ္ပဏီက အမေရိကန်နှင့် နယ်သာလန်တွင် ယခင်နှစ်က စမ်းသပ်ခဲ့ပြီးပါပြီ။ ယခုအခါ နည်းပညာအသစ်ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့တွင် နွေရာသီ၌ ဖြန့်ချီမည်ဖြစ်သည်။ 

စနစ်အသစ်ကို နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန် ၊ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နှင့် ဒိန်းမတ်နိုင်ငံတို့တွင်လည်း ဖြန့်ချီပေးမည်ဖြစ်သည်။ အဆိုပါ စနစ်သစ်ကို အသုံးပြုရန် ပီစီ၊ တက်ဘလက်နှင့် ဖုန်းများတွင် App တစ်ခုကို ထည့်သွင်းရမည်ဖြစ်သည်။ အွန်လိုင်းတွင် ခရက်ဒစ်ကဒ်၏ အသေးစိတ်အချက်အလက်များကိုလည်း ထည့်သွင်းပေးရမည်ဟု BBC က ပြောပါသည်။

အသုံးပြုသူများက ဖုန်းကင်မရာမှ ဓါတ်ပုံရိုက်ခြင်း၊ ဖုန်းမှ Fingerprint Scanner ကို အသုံးပြုခြင်းတို့ဖြင့် ငွေပေးချေရမည် ဖြစ်သည်။ Password များ ရိုက်ထည့်ရန် မလိုတော့သည့်အတွက် အလုပ်ရှုပ်သက်သာစေမည်ဖြစ်သည်။ ဓါတ်ပုံများဖြင့် လိမ်လည်မှုများ မဖြစ်စေရန် Selfie ရိုက်သည့်အခါတွင် မျက်တောင်ခတ်ပြရန် လိုအပ်ပါသည်။

Credit to ==> Myanmar Digital Life Journal

Android ဖုန်းတွေ မကြာခဏ Hang နေရခြင်း


Android ဖုန်းတွေ မကြာခဏ Hang နေရခြင်း

ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာရှိပါတယ်။ CPU နိမ့်နေတာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ဆုံး အခြေအနေ
ကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့ Memory ပမာဏနည်းတဲ့ ဖုန်းတွေက ပို Hang တတ်ပါတယ်။

ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ?Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။ Built-in Memory က နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။ External Memory 8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ Hangနေတယ်။

ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application တွေများနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်းထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

 နောက်တစ်ခုက External Memory 8GBကို 7GBလောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို အခြေ အနေမျိုးမှာ ဖုန်းက OSကိုလဲ Run နေရတယ်။ တစ်ခြား Application တွေကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွားတဲ့အခါ တစ်ခါတလေ Hangတတ်ပါတယ်။


Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ?
 ရှင်းပါတယ်၊ သူလုပ်နိုင်သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်းတဲ့အတွက် သူရဲ့အလုပ် လုပ်နိုင်စွမ်း လည်း နည်းပါတယ်။ ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ် ဆိုပါစို့။ အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ်ပါတယ်။ နဂိုထဲက Memory နည်းနေတဲ့အတွက် Application အများကြီး သွင်းလို့ မရပါဘူး။ ဖုန်းထုတ်တဲ့ လူတွေက ဒါကို တွက်ချက် ပေးပြီးသားပါ။

Applicationတွေကို အစကတည်းက လိုအပ်သလောက် ထည့်ပေးပြီးသားပါ။
User လက် ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ရအောင် Memory ချန်ပေးထားတာပါ။ Built-in Memoryပေါ်မှာ Android Osကလဲ အလုပ်လုပ်နေတယ်၊ Application တွေကလဲ အလုပ်လုပ် နေပါတယ်။ Built-in Memory နည်းတဲ့ ဖုန်းတွေကို External Memory တတ်နိုင်သမျှ အများဆုံး ထည့်ပါ။

Applicationတွေ လိုအပ်သလောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recentတွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထားပါနဲ့ ဖျက်လိုက်ပါ။

တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့်ထားဖို့မလိုအပ်တဲ့ အချိန်တွေမှာ ဖုန်းကို ခဏပိတ်ထားပါ။

ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ် ပိုလုပ်ပါတယ်။ ကွန်ပျုတာက အလုပ် လုပ်ပြီးရင် ပိတ်တဲ့အချိန်တွေ ရှိပါတယ်။

ဖုန်းကို Power ပိတ်တဲ့အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေးသင့်ပါတယ်။ စက်ပစ္စည်းဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေယူပြီး တီထွင်ထားတာပါ။ သူတို့လဲ လူတွေလို အနားပေးသင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင် ဘယ်အရာပဲဖြစ်ဖြစ် ပျက်စီးလွယ်ပါတယ်။


ဒီလိုနည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင်
ဆုံး ဖြေရှင်း လို့ရ ပါတယ်။


  Credit: http://www.forumformyanmar.com

LG ဖုန်းများကို Firmware တင်နည်း


How to flash LG ICS KDZ Firmware BY ooarkar(acme mobile)


 Hello all ooarkar User ဦးလေးကြီးနေတဲ့ အရပ်ကလိုင်းမကောင်းတာကြောင့် post မတင်နိုင်တာ
အခုလိုင်းနည်းနည်းကောင်းတာကြောင့် မိတ်ဆွေတို့ အတွက်အကြိုရှိတဲ့ Postတခုကိုပုံနဲ့ တကွသေချာ ရှင်းပြပြီးတင်ပေးလိုက်ပါတယ် LG ဖုန်းများကို Firmwareတင်နည်းဖြစ်ပါတယ်
LG ဖုန်းများ Firmwareတင်နည်းကတော့ အတူတူပါပဲ Firmwareတင်နည်း ၂ခုရှိပါတယ်
(တစ်နည်းကတော့  Firmware dataရှိပြီး တင်နည်း) နောက်တစ်နည်းကတော့
(Firmware dataမရှိဘဲ တာရိုက် LG Flash Toolကနေ dataကို downယူ့ပီး Toolက auto Updateလုပ်ပေးတဲ့ နည်း)ဖြစ်ပါတယ်...

အခုဦးအာကာက ကိုယ်မှာရှိပြီးသား dataနဲ့ တင်နည်းကိုဖော်ပြပေးမှာဖြစ်ပါတယ်
ဒီနေရာမှာ တခုပြောပြချင်းတာက ဦးအာကာ ဥပမာအနေဖြင့် LG SU760 ကို တင်ပြသွားမှာဖြစ်ပါတယ်
တင်နည်းကတော့အတူတူပါပဲ







 အရင်ဆုံး LG Mobileတွေကို Firmwareတင်ဖို့ လိုအပ်တဲ့ Dataများကိုအရင်ဆုံးDownယူထားလိုက်ပါ


 free Downloads link LG Firmware--LG Flash Tool 2014---DRIVERS
 



Face Book ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)



 လိုအပ်တာdownယူပြီးပါက အရင်ဆုံး LG Driverကို installလုပ်ပေးလိုက်ပါ
ပြီးပါက မိမိတို့ downလိုရတဲ့  LG Flash Tool 2014ကိုzipမဖြည့်ပဲဝင်လိုက်ပါ






 ပုံ5ကိုလေ့လာလိုက်ပါ LGFlashTool2014ဆိုတဲ့ အပေါ်ဆုံးကစာကြောင်းလေးကိုနှိပ်ပြီးဝင်လိုက်ပါ


ပုံ6ကို ထက်လေ့လာကြည့်ပါ  ပုံတွင်ဖော်ပြထားတဲ့ အတိုင်း မိတ်ဆွေတို့  downလိုရရှိထားတဲ့ 
Firmware fileကိုရွေးပေးရမှာဖြစ်ပါတယ်
ဥပမာ မိတ်ဆွေက Cထဲမှာထည့်ထားတဲ့ ဆိုပါဆို Cထဲမှာမိတ်ဆွေကkdz ကိုရှာထည့်ပေးရမှာဖြစ်ပါတယ်


 ဦးလေးကြီးကတော့ Desktopမှာတင်ထားတာကြောင့်Desktopဘက်ကိုရွေးပြီး
 V30B_00.kdzကို ရှာထည့်ပေးလိုက်ပါတယ်




 ပုံ၈ကိုကြည့်ပါ Select KDZ File ဘေကအကွက်လေးမှာ
C:\Users\U Lay Gyi\Desktop\LG SU760\LG SU760 firmware\V30B_00.kdzပေါ်နေတာတွေရပါလိမ့်မယ်
ဒါဆို  Firmware File ကိုထည့်ပြီးပြီးဖြစ်ပါတယ်
ဒါဆိုမိတ်ဆွေတို့ က CSE  Flash ကိုနှိပ်ပေးလိုက်ပါ


 ပုံကို၉ကိုလေ့လာကြည့်ပါ မိတ်ဆွေတို့ က ဘာမှာထက်ဖြည့်ပေးစရာမလိုပါဘူး
START ကိုပဲနှိပ်ပေးလိုက်ပါ


User  Account Control ဆိုပြီးတတ်လာပါလိမ့်မယ်
မိတ်ဆွေတို့  Yes and No ရွေးခိုင်ရင်
Yesကိုသာနှိပ်ပေးလိုက်ပါ




 ပုံ11ကိုကြည့်ပါ Volume +ကိုဖိနှိပ်ပြီး USB Cable ကိုထိုးလိုက်ပါ



 ပုံ၁၂ကိုကြည့်ပါ အောက်ကပုံအတိုင်းပေါ်လာရင် Downoad Modeထဲရောက်သွားပါပြီး



 ပုံ၁၃ကို ကြည့်ပါ  Volume +ကိုဖိနှိပ်ပြီး USB Cableထိုးလိုက်တာနဲ့ မိတ်ဆွေတို့ က
LG Driverထည့်သွင်းထားတာကြောင့် မိတ်ဆွေတို့ ရဲ့ PCကLGဖုန်းကို Driverသိနေပါလိမ့်မယ်
အရေးကြီးဆုံးကတော့  မိတ်ဆွေတို့ ဖုန်းDriverသိဖို့ ကအရေးကြီးပါတယ်
Driverမသိရင်တော့ Firmwareတင်ဖို့  အဆင်မပြေဖြစ်နေပါလိမ့်မယ်
Select Country & Langauage ရွေးခိုင်ပါလိမ့်မယ် LG Flash Tool 2014ကအခုဆိုဗာရှင်းအသစ်ထွက်ရှိနေပြီး
ဒါပေမယ့် ဗာရှင်းအသစ်တွေက နည်းနည်းရှုပ်သွားမှာဆိုတာကြောင့်  LG Flash Tool 2014ပဲတင်ပေးလိုက်တာဖြစ်ပါတယ်
စာကြောင်းတွေက တော့ ?????ပဲပေါ်နေပါလိမ့်မယ် ???ပေါ်လဲဘာဖြစ်လဲ ဦးလေးကြီးရှင်းပြပေးမှာပေါ့
 Langauage ရွေးခိုင်တာကို okပဲနှိပ်ပေးလိုက်ပါ




ပုံ၁၄ကိုကြည့်ပါ Firmwareစပြီး   flashနေပါပြီး
analysis စိစစ်နေပါတယ်




 ပုံ၁၅ကိုကြည့်ပါ analysis စိစစ်ပြီးတာနဲ့  Download အချက်အလက်တွေကိုauto ထက်တင်ပေးနေပါလိမ့်မယ်





ပုံ၁၆ကိုကြည့်ပါ Update ထက်ချပေးနေပါလိမ့်မယ် 


 ပုံ၁၇ကိုကြည့်ပါ Updateမြင့်နေရင် 94%လောက်မှာ ပါဝါကျသွားပါလိမ့်မယ်
ဒီနေရာမှာ တခုပြောချင်းတာကတော့ ပါဝါသွားတယ်ဆိုပြီး
USB Cable မဖြုတ်လိုက်ပါတယ် သူပါသာသူauto Firmwareတင်ပေးနေပါလိမ့်မယ်
Update 100%ပြပြီး Completeဆိုတဲ့ ဘက်ရောက်မှ USB Cable ကိုဖြုတ်ပါ


 ဒါဆို LG SU760 ကိုFirmwareတင်လိုပြီးဆုံးသွားပါပြီး
ဒီလောက်ဆို LG ဘာပဲလာလာ ဆိုင်သမားတွေကော အခုမှစပြီး လေ့လာနေတဲ့ 
မိတ်ဆွေတွေကော အဆင်ပြေလောက်ပြီးထင်ပါတယ်  
ဦးအာကာPostကိုပြန်လှန်Shareရင် Credit ပေးစရာမလိုပါဘူး
မိတ်ဆွေတို့ ကြိုက်သလိုShareနိုင်ပါတယ်






♪ Samsung က ကားတွင် အင်တာနက် ချိတ်ဆက်နိုင်မည့် ကိရိယာကိုမိတ်ဆက် ♫


Samsung က ဘာစီလိုနာတွင် ကျင်းပနေသော Mobile World Congress တွင် Samsung Connect Auto Dongle ကိုကြေညာခြင်းဖြင့် အင်တာနက် ချိတ်ဆက်နိုင်သောကားနယ်ပယ်သို့ ၀င်ရောက်လာပါသည်။ Samsung Connect Auto သည် Tizen OS မောင်းနှင်သောပလတ်စတစ် ဘူးငယ် ဖြစ်ပါသည်။ ကား၏ OBD II Port တွင် ချိတ်ဆက်ရမည်ဖြစ်သည်။ Port ကိုယာဉ်မောင်းသူ၏ စတီယာရင်အောက်တွင် တပ်ဆင်ထားလေ့ရှိပါသည်။

ချိတ်ဆက်ပြီးသည်နှင့် ကိရိယာကကား၏ မောင်းနှင်သောအကွာအဝေးနှင့် အချိန်၊ လောင်စာဆီ၏ ကုန်ကျစားရိတ်တို့ကိုတိုင်းတာတွက်ချက်ပေးမည်ဖြစ်သည်။ ကိရိယာတွင် 4G LTE ဆက်သွယ်မှု နည်းပညာပါရှိပြီးကောက်ယူထားသောဒေတာများကိုအင်တာနက်မှတစ်ဆင့် Cloud အခြေပြု ဆာဗာများထံသို့ ပေးပို့မည်ဖြစ်သည်။ အဆိုပါ ဒေတာများဖြင့် ကားပျောက်လျှင် ရှာဖွေသည့် “ Find My Car” စွမ်းဆောင်ချက်၊တည်နေရာကိုတွက်ချက်သည့် GPS App နှင့် အခြားလုံခြုံရေးစွမ်းဆောင်ချက်များကို Android , iOS Device များမှနေ၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။ 

4G LTE ဆက်သွယ်မှုသည် ကား၏ ဒေတာများသာမကဘဲခရီးသည်များ၏ မိုဘိုင်းကိရိယာများအတွက် အင်တာနက်ကို ပံ့ပိုးပေးနိုင်ပါသည်။ Samsung ကယခုနှစ် ဒုတိယကွာတားတွင် အမေရိကန်၌ Connect Auto ကို ဖြန့်ချီပေးမည်ဖြစ်ပြီး AT&T နှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။ အခြားနိုင်ငံများတွင် ယခုနှစ် တတိယကွာတားတွင် ရောင်းချပေးမည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

♪ MasterCard က Passwords အစား Selfies နှင့် Fingerprints များကို အသုံးပြုမည် ♫


Credit Card Company တစ်ခုဖြစ်သော MasterCard က MWC ပွဲတွင် သူ၏ ကဒ်များကို အသုံးပြုသူများအတွက် အွန်လိုင်းတွင် ဈေးဝယ်ယူသည့်အခါ Passwords အစား Selfies နှင့် Fingerprints များကို အသုံးပြုမည်ဟု အတည်ပြုပါသည်။ အဆိုပါ Biometric Security နည်းပညာကို ကုမ္ပဏီက အမေရိကန်နှင့် နယ်သာလန်တွင် ယခင်နှစ်က စမ်းသပ်ခဲ့ပြီးပါပြီ။ ယခုအခါ နည်းပညာအသစ်ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့တွင် နွေရာသီ၌ ဖြန့်ချီမည်ဖြစ်သည်။ 

စနစ်အသစ်ကို နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန် ၊ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နှင့် ဒိန်းမတ်နိုင်ငံတို့တွင်လည်း ဖြန့်ချီပေးမည်ဖြစ်သည်။ အဆိုပါ စနစ်သစ်ကို အသုံးပြုရန် ပီစီ၊ တက်ဘလက်နှင့် ဖုန်းများတွင် App တစ်ခုကို ထည့်သွင်းရမည်ဖြစ်သည်။ အွန်လိုင်းတွင် ခရက်ဒစ်ကဒ်၏ အသေးစိတ်အချက်အလက်များကိုလည်း ထည့်သွင်းပေးရမည်ဟု BBC က ပြောပါသည်။

အသုံးပြုသူများက ဖုန်းကင်မရာမှ ဓါတ်ပုံရိုက်ခြင်း၊ ဖုန်းမှ Fingerprint Scanner ကို အသုံးပြုခြင်းတို့ဖြင့် ငွေပေးချေရမည် ဖြစ်သည်။ Password များ ရိုက်ထည့်ရန် မလိုတော့သည့်အတွက် အလုပ်ရှုပ်သက်သာစေမည်ဖြစ်သည်။ ဓါတ်ပုံများဖြင့် လိမ်လည်မှုများ မဖြစ်စေရန် Selfie ရိုက်သည့်အခါတွင် မျက်တောင်ခတ်ပြရန် လိုအပ်ပါသည်။

Credit to ==> Myanmar Digital Life Journal

Sunday, February 28, 2016

အင်္ဂလိပ်စာလေ့လာလိုက်စားနေသူများအတွက် - ENGLISH GRAMMAR PRO V2.1.0 APK



Android /Tablet ဖုန်း ကိုင်ဆောင်ကာ  ENGLISH GRAMMAR PRO V2.1.0 APK အသုံးပြုလိုသူများအတွက် 27 ရက်နေ့ 2 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ English Grammar နဲ့ပတ်သတ်တဲ့ သင်ခန်းစာပေါင်းများစွာ ကိုလေ့လာနိုင် လေ့ကျင့်ဖြေဆိုနိုင်မယ့် ဆော့ဖ်ဝဲ လေးပါ။ ဖိုင်ဆိုဒ်ကတော့ 6.3MB ရှိပြီး Android Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။
 

www.ayekyaw.org

ဖုန်းထဲကနေ အသံသွင်းနိုင်တဲ့ Spreaker Studio v1.2.18 Apk



ဖုန်းနဲ့ အသံသွင်းတာတို့ အသံဖမ်းတဲ့နေရာတွေမှာအသုံးဝင်တဲ့ Apk လေးကိုတင်ပေးလိုက်ပါတယ်။
ဒီ Apk လေးဖြင့်အသံသွင်းရာမှာ ကောင်းမွန်သောအချက်မှာ အသံဖမ်းနေစဉ်အချိန်မှ Apk ထဲမှာပါတဲ့ လက်ခုတ်တီးသံ, ရယ်သံ , သေနပ်ပစ်သံ , ကြောက်လန့် သံ စတဲ့အသံတွေကိုလည်းပါဝင်အောင်ထည့်လို့ ရပြီး နောက်တစ်ခုကလည်း Spreaker Studio မှာ Account လုပ်ပြီး LogIn ၀င်ထားသူအချင်းချင်း မက်ဆေ့များပို့ ချင်း LIVE  စကားပြောခြင်းတို့ ကိုပြုလုပ်နိုင်ပါသည်။
စမ်းသပ်အသုံးပြုလိုသူများအနေနဲ့  Spreaker Studio အားအောက်မှာရယူနိုင်ပါတယ်။



ဖုန်းတိုင်းအတွက် Google Play services အသစ်ကလေးပါ


ဖုန်းတိုင်းအတွက် Google Play services အသစ်ကလေးပါ
All in one – With one app and one tap, you have access to free and premium content from news, magazines, blogs and more.

* Enjoy Read Now – Start reading right away with a home screen that quickly learns what you’re into and highlights that adapt to your interests over time.

* Explore – Dig into categories like Arts & Photography, Business & Finance, Food & Drink and more and subscribe to topics tagged to the articles that interest you most.

* Go Offline – Access any news edition, topic or magazine offline without missing a page. Bookmark news stories you don’t have time to read for later.

♪ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ ♫


မေး - X.Bo ဖုန်း Firmware တင်နည်းဖြစ်သည်။

ဖြေ - - X.Bo
Firmware သည် SP. Flash Tool နဲ့ရေးပါသည်။ Firmware သည် (.txt)
နဲ့လာပါသည်။ လွယ်ပါသည်။ အဓိကအချက်ကတော့ Display Error ပြဿနာပါ။ အခုတော့
လွယ်သွားပါပြီ။ Firmware File ထဲမှာပါလာတဲ့ U Boo T File ကို
အမှန်ခြစ်ဖြုတ်ပါ။ ဒါဆို OK သွားပါပြီ။ မှတ်ချက် - Firmware မတင်ခင် U Boo
T ဖြုတ်နော်။

မေး - ကျွန်တော့်ဖုန်းလေးက iPhone 5S လေးပါ။
ကျွန်တော့် ဖုန်း Passcode ကို ဂဏန်းတွေနဲ့မပေးဘဲ အက္ခရာတွေနဲ့ပေးချင်
လို့ပါ။ အဲ့လို Passcode ကို အက္ခရာနဲ့ပေးလို့ရလားခင်ဗျာ။ ပေး လို့ရရင်
ပေးနည်းလေးသိချင်ပါတယ်။

ဖြေ - ဟုတ်ကဲ့။ iPhone Passcode ကို
ဂဏန်းနဲ့မဟုတ်ဘဲ အက္ခရာနဲ့ Passcode ပေးလို့ရပါတယ်။ iPhone ရဲ့ Setting
ထဲကိုဝင်ပါ။ Touch ID & Passcode ထဲကိုဝင်ပါ။ Simple Passcode ကို
Off ပါ။ Turn Passcode ကို On ကိုနှိပ်ပါ။ အက္ခရာနဲ့ Passcode
ပေးခိုင်းပါလိမ့်မယ်။ မိမိကြိုက်နှစ် သက်ရာအက္ခရာနဲ့ Passcode ပေးလိုက်ပါ။
ပြီးလျှင် ဖုန်းကိုLock ချ ကြည့်ပါ။ Lock ပြန်ဖွင့်ကြည့်ပါ။ အက္ခရာနဲ့
Passcode ဖွင့်လို့ရပါပြီ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Y- 511 Huawei အမျိုးအစား ပါဗျာ။ ရုပ်ထွက်မလာဘူးဗျ။ LCD က ဖွေးနေတယ်။ ဘယ်လို လုပ်ရမလဲဗျာ။


ဖြေ - Y- 511 တွေမှာဆိုရင် Coil, Condencer, Diocle တို့က Backlight အ
ပိုင်း မှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector
နားက Fuse လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse
လေးတွေကိုသေချာလဲလှယ်ပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်။

မေး -
ကျွန်တော်ကတော့ iPhone 5S ကိုင်ပါတယ်။ လက်ဗွေစနစ် ကိုပါအသုံးပြုထားပါတယ်။
ပြီးနောက် ကျွန်တော် Soure Add ပြီးနောက် Data တစ်ခုကို Install
လုပ်တဲ့အချိန်မှာ Reset ကျသွား ပြီး ပြန်တက်လာတဲ့အချိန်မှာ
လက်ဗွေစနစ်အလုပ်မလုပ်တော့ ပါဘူး။ Password ကလည်း
ကျွန်တော်မမှတ်မိတော့ဘူးဖြစ်နေ တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါဗျာ။


ဖြေ - အစ်ကို့ရဲ့ Device ကို အရင်ဆုံး Update လုပ်ကြည့်လိုက်ပါ။ Update
ပြီးမြောက်သွားတဲ့အခါကျရင် လက်ဗွေစနစ်ရော Passcode စနစ်ပါ
ပျက်သွားပါလိမ့်မယ်။ အဆင်မပြေခဲ့ရင်တော့ Update Firmware
ကိုတင်ကြည့်လိုက်ပါ။ အထဲမှာရှိတဲ့ Data တွေတော့ အကုန်လုံးပျက်
သွားပါလိမ့်မယ်။ iCloud ခံထားခဲ့မယ်ဆိုရင်တော့ Password ကိုတော့
မှတ်မိရမှာဖြစ်ပါတယ်။

မေး - ကျွန်တော်ကတော့ G- 610 ကိုကိုင်ပါတယ်။
ဖုန်းထဲမှာရှိတဲ့ China Software တစ်ခုကိုဖျက်လိုက်မိပါတယ်။
ဖျက်ပြီးတဲ့နောက် ပိုင်း ဘယ် Software ထဲကိုဝင်ဝင် စာတန်းတစ်ကြောင်းပေါ်လာ
ပြီး Error ပြနေပါတယ်။ OK ကိုနှိပ်လည်း ခဏခဏပြန်ပေါ်နေပါ တယ်။
ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိချင်ပါတယ်။

ဖြေ - ဟုတ်ကဲ့ပါအစ်ကို။
များသောအားဖြင့် ဖုန်းထဲမှာရှိတဲ့ Original Software
တွေကိုဖျက်လို့မရပါဘူး။ ဖျက်ခဲ့မယ်ဆိုရင်လည်း Error တက် နိုင်ပါတယ်။
အစ်ကိုလုပ်လို့ရတာကတော့ Setting ထဲကိုဝင်ပြီး Backup & Reset
ကိုနှိပ်လိုက်ပါ။ Factory Data Reset ကိုနှိပ်လိုက်ပါ။ အစ်ကို့ရဲ့ Device
ထဲက Dataတွေတော့ပျက်သွားမှာပါ။ Memory Card ထဲ Data တွေတော့မပျက်ပါဘူး။
Reboot ကျသွားပြီး ပြန်တက်လာတဲ့အချိန် ကျရင် အဆင်ပြေသွားမှာပါ။

မေး - ကျွန်တော့်ဖုန်းက G 610ပါ။ Touch ပြားလဲလိုက်ပြီးမှ Network မသိတော့လို့ပါ။ ကူညီပါဦးခင်ဗျာ။


ဖြေ - G 610 မှာ Touch ပြားလဲရင် ဂရုစိုက်စေချင်ပါတယ်။ Body Cover
လဲလိုက်ရင်တော့ ရတတ်တာမျိုးရှိပါတယ်။ Network ငုတ်လေး
တွေကျိုး/မကျိုးကိုလည်း စစ်ဆေးသင့်ပါတယ်။ ကျိုးနေရင် အသစ်
လဲလှယ်ပေးလိုက်ပါ။ အဆင်ပြေပါစေ။

မေး - Huawei 730U00 တစ်လုံး Earpiece မကောင်းလို့ပါ။ လဲချင် ပါတယ်။


ဖြေ - ကျွန်တော်က Earpiece ကိုလဲလှယ်ပေးပေမယ့် ဖုန်းက Speaker
မှာအသံမထွက်တော့ပါဘူး။ တစ်ခါ Speaker ထပ်လဲပေးရပါတယ်။ ပြောချင်တာက Earpiece
ဟာ Speaker ကြောင့် Error တက်ပါတယ်။ Earpiece က တကယ်တမ်းကောင်းပါတယ်။
Earpiece ကို သူ့ Original ပဲပြန်ထည့်တော့အဆင်ပြေပါတယ်။ Speker ကြောင့်လည်း
Earpiece မှာမကောင်းဘူးဆိုတာလည်းရှိပါတယ်။

Today Mobile
ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

♪ “စမတ်ဖုန်းဖြင့်Website ရေးမည်” ♫


Website တကယ်တမ်းရေးသည့်အခါယခင်ကဆိုလျှင်HTML နှင့်CSS တို့ကို
နားလည်ရန်လိုသည်။သာမန်လူတစ်ယောက်HTML သုံး၍Website ရေးတတ်
ရန်နှစ်ပတ်ခန့်လေ့ကျင့်ယူရမည်။ယင်းနောက်ပိုင်းတွင်မူမည်သည့်ကွန်ပျူ

တာဘာသာစကားမှသိစရာတတ်စရာမလိုတော့ဘဲWebsite အသင့်ရေး နိုင်သည့်tool
များပေါ်လာသည်။WYSWYG (What you see is what you Get)
ဟုခေါ်သောစနစ်ဖြစ်သည်။ယင်းစနစ်သည်လွန်ခဲ့သည့်ငါးနှစ်ခန့်က
အထိကွန်ပျူတာများပေါ်တွင်သာသုံး၍ရခဲ့သည်။ယခုမူAndroid တက်ဘလက်
များနှင့်စမတ်ဖုန်းများပေါ်မှနေ၍Website ရေးနိုင်သောစနစ်
ရောက်ရှိလာပါပြီ။Androidစမတ်ဖုန်းပေါ် မှနေ၍Website ရေးခွင့်ရစေ
သောappမှာWeeblyဟုခေါ်သည်။အခမဲ့ရနိုင်သောapp ဖြစ်သည်။Website
တစ်ခုအပီအပြင်ရေးနိုင်စွမ်းပေးသောappမျိုးPlaystoreပေါ်တွင်များများစားစားမရှိပါ။Website
ရေး ရန်သုံးနိုင်ပါသည်ဟုဆိုသောappအတော်များများမှာ
အရွယ်အစားကြီးပြီးလုပ်ရကိုင်ရခက်ပါသည်။ကျေးဇူးတင်စရာကောင်းသည်မှာWeeblyသည်လုပ်စရာကိုင် စရာအတော်များများကိုဇာမချဲ့ဘဲရိုးရိုးရှင်းရှင်းလုပ်ကိုင်ခွင့်ပေးခြင်းဖြစ်သည်။ယင်းappသည်မိမိ၏
Website ကိုမိမိ
နှစ်သက်သည့်အသွင်အပြင်မျိုးနှင့်ခံစားမှုမျိုးရအောင်စိတ်ကြိုက် လုပ်နိုင်
သည့် option များစွာထည့်သွင်းပေးထားပါသည်။Website အလွယ်ရေးလိုသူ
အတော်များများမှာHTML နှင့်CSS လေ့လာရန်အချိန်မရှိသဖြင့်အမြင်နှင့်
တော်သလိုရေးသော Website တို့သည်အမှန်တကယ်တတ်သူ အကြမ်းထည် မှ စ၍ရေးသောWebsite
လောက်မကောင်း။ထို့ကြောင့်စိတ်ကြိုက်ပြုပြင် စရာoption
များထည့်ပေးလိုက်ခြင်းကအဆင်ပြေမှုရှိစေပါသည်။
Website
ရေးဖူးသည့်အတွေ့အကြုံလည်းမရှိ၊အတတ်ပညာလည်းမရှိခဲ့ သဖြင့်
အားငယ်စရာမလိုပါ။အလယ်အလတ်တန်းစမတ်ဖုန်းတစ်လုံးရှိ
မည်။အချိန်နာရီဝက်ခန့်ပေးနိုင်မည်ဆိုလျှင်အတော်အသင့်အနေအထား Website
တစ်ခုရေးနိုင်ပါပြီ။ပထမဆုံးWeeblyကိုGoogle play store ပေါ်တက်၍download
ဆွဲချပါမည်။Mobogeneနှင့်One mobile website
များတွင်လည်းရနိုင်ပါသည်။Version တစ်ဆင့်နိမ့်ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါ
သည်။Weeblyကအခမဲ့ဖြစ်သည့်အပြင်install လုပ်ရန်အတွက်လည်းအချိန် များများ
မယူပါ။Weeblyအသုံးပြုခြင်းနှင့်ပတ်သက်၍ အကြံပြုစရာ တစ်ချက်
ရှိပါသည်။ယင်းမှာတတ်နိုင်သမျှအရွယ်အစားကြီးသောစမတ်ဖုန်း (အနည်း ဆုံး
၅.၅လက်မ) ကိုသုံးရန်ဖြစ်ပါသည်။တက်ဘလက်သုံးလျှင်ပိုကောင်း ပါသည်။
သို့မှသာမိမိရေးသောWebsite ကိုလှည့်ပတ်ကြည့်ရှုရန်ပို၍အဆင်
ပြေပါမည်။WeeblyကိုPlay Store မှာတိုက်ရိုက်install လုပ်ပေးသည်ဖြစ်၍
လုပ်ငန်းစဉ်ပြီးလျှင်ယင်းကိုဖွင့်ပါ။လုပ်ငန်းစဉ်စရန်အသင့်ဖြစ်ပါမည်။

Websiteတစ်ခုမရေးမီဦးစွာaccount တစ်ခုပြုလုပ်ရန်လိုပါသည်။ယင်း account
အသစ်ကိုFacebook account သို့မဟုတ်Google account (Gmail account)
သုံး၍sign in ၀င်နိုင်ပါသည်။ဘာတစ်ခုမှမရှိလျှင်create a new account
မှစရပါမည်။အွန်လိုင်းaccount အတွက်တောင်းသမျှအချက်
အားလုံးမှာမည်သည့်Website အတွက်မဆိုအတူတူနီးပါးဖြစ်ပါသည်။
ထို့ကြောင့်မိမိအတွက်အဆင်ပြေမည့်ပုံစံတစ်ခုအသေပြုစုထားပြီးယင်း
အတိုင်းသုံးသွားပါ။အကယ်၍Facebook သို့မဟုတ် Google account
သုံးသည်ဟုဆိုလျှင်မိမိ၏profile အချို့အားWeeblyကရယူအသုံးပြုခွင့်ပေးရ
ပါမည်။ယင်းကိုလက်ခံနိုင်မည်ဟုဆိုလျှင်agree ဟုခေါ်သောနေရာကို တစ်ချက်
ခေါက်ပြီးရှေ့ဆက်နိုင်သည်။လက်မခံနိုင်ဟုဆိုလျှင်Weebly အတွက်
သီးခြားProfile ဖြင့်သီးခြားaccount လုပ်ခြင်းကပို၍အဆင်ပြေ ပါမည်။

account အသစ်တစ်ခုကိုစတင်အသုံး ပြုနိုင်ရန်အတွက် (အင်တာနက်
လိုင်းကောင်းလျှင်) စက္ကန့်အနည်းငယ်သာကြာပါမည်။Signin ဖြင့် မိမိ၏ Weebly
account ထံသို့ဝင်ပြီးပြီဆိုလျှင်အလွန်ပျော်စရာကောင်းသော Website
ဖန်တီးခြင်းအလုပ်ကိုစတင်နိုင်ပါပြီ။Website တစ်ခုစတင်ရန် အတွက်ပထမဆုံးTheme
တစ်ခုကိုရွေးရပါမည်။Theme သည်မိမိWebsite
အတွက်အမာခံအသက်သွေးကြောဖြစ်သည်။ထို့ကြောင့်မိမိတင်ပြလိုသည့်အကြောင်းအရာပေါ်မူတည်ပြီး ဆီလျော်ညီညွတ်မည့်Theme
ကိုရွေးရပါမည်။ ရွေးပြီးနောက်ပိုင်း
ပြုပြင်လိုသည်များရှိခဲ့လျှင်လည်းမိမိ၏လိုအပ်ချက်ကို လိုက်၍
ရှုထောင့်ပေါင်းစုံမှ ပြုပြင်နိုင်စွမ်းရှိပါသည်။ယင်း၏ နောက်တစ်ဆင့်
မှာTemplate ဖန်တီးသည့်အဆင့်ဖြစ်သည်။သင့်တင့်လျှောက်ပတ်သော
အင်တာနက်အမြန်နှုန်းရှိနေလျှင်မိမိ၏Webisteအတွက်Weeblyက
Template
တစ်ခုဖန်တီးပေးရန်တစ်မိနစ်ကျော်ကျော်သာအချိန်ယူပါသည်။
Webisteတွင်ပေါ်စေလိုသောစာသားတစ်စုံတစ်ရာရှိပါကWeeblyသို့အီးမေးလ်ဖြင့်စာပို့နိုင်သည်။သို့တည်း မဟုတ်ဖုန်းပေါ်မှWeebly
app ကိုဖွင့်ပြီး
နောင်လိုလျှင်ကိုးကားသုံးနိုင်ရန်ယင်းစာသားကိုရေးကာSaveလုပ်ထားနိုင်
သည်။မိမိအလိုရှိသောTemplate တစ်ခုဖန်တီးပြီးသည့်အခါယင်းထဲရှိ အရာ
များမည်သို့မည်ပုံအလုပ်လုပ်မည်ဟူသောသဲလွန်စကိုWeeblyကပေးပါမည်။Weeblyကဦးစွာပေးမည်မှာ အခြေခံအဆင့်user
interface ဖြစ်ပါသည်။ ယင်းထဲတွင်website
တစ်ခုပြုလုပ်ရန်အခြေခံလိုအပ်မည့်အချက်အလက် အားလုံး
ပြည့်စုံစွာပါဝင်ပါသည်။Head line box နေရာတွင်နှစ်ချက်ခေါက်ပြီး
မိမိထည့်သွင်းလိုသောHead line ကိုထည့်သွင်းပေးပါ။ယင်းအလုပ်ကိုtext editor
ဖွင့်ပြီး ပြုလုပ်ပေးရပါမည်။

သတိထားရမည့်အချက်တစ်ခုမှာမတူညီသောTemplate အမျိုးမျိုး အတွက် edit
လုပ်နိုင်သောရှုထောင့်များလည်းကွဲလွဲမည်ဖြစ်ရာTemplate တစ်မျိုး တွင်
ပြုလုပ်နိုင်သမျှအရာတိုင်းသည်ကျန်သည့်Template များတွင်ပြုလုပ်၍
ရချင်မှရမည်ဆိုသည့်အချက်ဖြစ်သည်။headline အတွက်စာသားကို
ပြောင်းလဲသည့်နည်းလမ်းအတိုင်းbuttom text ကိုနှိပ်ပြီးheader အတွက်
ထပ်မံဖြည့်သွင်းလိုသည့်စာသားများရှိလျှင်ထပ်မံဖြည့်သွင်းနိုင်သည်။
Text
editorကိုသုံး၍link များ ပြုလုပ်သည့်အခါမိမိ၏webisteအတွင်းရှိpage
များအားlink ချိတ်ပေးသလို ပြင်ပရှိwebisteများနှင့်လည်းlink ချိတ်ပေးနိုင်
သည်။ ပြင်ပwebsite များနှင့်link ချိတ်မည်ဆိုလျှင်editor ထဲ၌မိမိချိတ်လို
သည့် webisteလိပ်စာကိုထည့်ပေးလိုက်ပါ။ကျန်သည့်အပိုင်းကိုweeblyက
သူ့ဘာသာပြုလုပ်ပေးသွားပါလိမ့်မည်။မိမိ၏websiteအတွင်းရှိpageများကို

link ချိတ်ပေးရန်အတွက်မိမိချိတ်လိုသောpage ကိုရွေးချယ်ပေးရုံသာ
ရှိပါသည်။Header ကိုမိမိစိတ်ကြိုက်ဖန်တီးပြီးသောအခါယင်းအောက်မှbody text
ဖန်တီးရမည့်အချိန်ရောက်လာပါပြီ။ +icon ကိုတစ်ချက်နှိပ်ပါ။ မိမိ၏ page
အတွင်းထည့်သွင်း၍ရနိုင်သည့်element များကိုလာ၍ဖော်ပြပေး ပါမည်။
အချို့အရာများမှာအခကြေးငွေပေး၍၀ယ်ယူအသုံးပြုရမည်
ဖြစ်သော်လည်းကြည့်ပျော်ရှုပျော်website တစ်ခုဖြစ်ရန်အခမဲ့ပေးထားသော element
လည်းအတော်များများရှိပါသည်။မိမိရွေးချယ်သောtemplate အပေါ်မူတည်ပြီးမိမိ၏site
အတွင်းထည့်သွင်းနိုင်မည့်content များအတွက် parameter
များသတ်မှတ်ပေးထားပါသည်။
Theme အပေါ်မူတည်ပြီးထည့်သွင်းနိုင်မည့်font
အပါအ၀င်အခြားသော
အရာများကွဲလွဲမှုမရှိနိုင်ပါ။မိမိထည့်ပြီးသောစာသားနေရာတွင်အခြားသော
စာသားများထည့်သွင်းနိုင်ရန်အတွက်မိမိပြင်လိုသောနေရာရှိစာသားများကို drag
ဆွဲပြီးselect လုပ်ပါ။text icon ကိုနှိပ်ပြီးစာသားများကိုပြောင်းလဲပါ။ drag
and drop သည်weebly၏အခြေခံကျသောလုပ်ငန်းစဉ်ဖြစ်သည်။
+menu
ကိုနှိပ်ပြီးမိမိထည့်သွင်းလိုသောအရာကိုရွေးချယ်ပါ။ ယင်းနောက် page
အတွင်းမိမိထားလိုသောနေရာ၌ယင်းကိုထားလိုက်ပါ။ဥပမာပြရမည် ဆိုလျှင်image box
ကိုdrag ဖိပြီးဆွဲပါ။မိမိပြလိုသောနေရာတွင် ယင်းပုံရိပ် ကိုထားပြီးdrop
ချလိုက်ပါ။သို့သော်drag and drop လုပ်ငန်းစဉ်အတွက်
ရွေးချယ်ခွင့်ပေးထားခြင်းမျိုးရှိနိုင်ပါသည်။Website တစ်ခုကိုစတင်နိုင်ရန်
အတွက်မတူညီသောpage သုံးမျိုးရရှိပါမည်။ယင်းpage တစ်ခုစီကိုedit
လုပ်ရန်လိုကောင်းလိုနိုင်သည်။screen ၏ထိပ်ဘက်ပိုင်းတွင်ရှိသောpage icon
ကိုခေါက်ပြီးpage အသစ်များထည့်သွင်းနိုင်သည်။အလားတူပင် မိမိ၏page
အမည်များကိုပြောင်းလဲနိုင်သည်။ယင်းpage တို့သည်drop-down menu
တစ်ခုကိုသုံးပြီးအချင်းချင်းအလိုအလျောက်ချိတ်ဆက် ထားပါသည်။website
အတွက်လိုအပ်သည်များကို ဖြည့်သွင်းပြီးပြီ ဆိုသည့် အခါscreen
၏အပေါ်ဘက်တွင်မြင်နေရသောpreview button ကိုတစ်ချက် ခေါက်ပြီးwebsite
၏အပြင်အဆင်ကိုကြည့်ပါ။ယင်းwebsite သည်Desktop
ကွန်ပျူတာပေါ်တွင်မည်သို့မြင်ရမည်ကိုလည်းကောင်း၊ mobile device
ပေါ်တွင်မည်သို့မြင်ရမည်ကိုလည်းကောင်း ပြသပေး ပါမည်။မျက်စိရှေ့တွင်
မြင်ရသည့်အပြင်အဆင်အားလုံးကိုကြိုက်ပြီဆိုလျှင်publish button ကိုနှိပ်ပြီး
အွန်လိုင်းတင်နိုင်သည်။အခမဲ့အွန်လိုင်းတင်ခွင့်ရှိသည့်အပြင်website လိပ်စာ
(URL) တစ်ခုကိုပါဖန်တီးပေးခြင်းမှာWeebly၏ချစ်စရာစွမ်းဆောင်ရည် ဖြစ်ပါသည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

How To Root Samsung Galaxy A8 Lolipop 5.1.1 - SM-A800F/A8000/A800I



Samsung Galaxy A8  Lolipop 5.1.1 ကို Root ပြုလုပ်နည်းကိုတောင်းဆိုထားလို့ အားလုံးအတွက် တင်ပေးလိုက်ပါတယ်ခင်မျာ....

Samsung Galaxy A8  ရဲ့  Model တွေဖြစ်တဲ့ SM-A800F , A8000 , A800I  စ,တဲ့ မော်ဒယ်လ်တွေအတွက်ပါ...။


(ဘာမှ မလုပ်ခင် ဖုန်းထဲက အရေးကြီးတာတွ အားလုံးကို Backup လုပ်ထားပါ)


Email (Gmail) ကို Singout လုပ်ပါ...

Phone Setting > Developer Option မှ OEM unlocking ကို Enable လုပ်ထားပါ...


Driver လိုပါမယ် Samsung Android USB Driver မရှိသေးရင်  ဒီမှာ  ဒေါင်းယူ Install လုပ်ပါ...

အောက်မှာ တင်ပေးထားတဲ့ CF Auto Root ဖိုင်လ်ကို မိမိဖုန်း Model အလိုက် မှန်ကန်စွာရွေးချယ် ဒေါင်းယူပြီး CF Auto Root.Zip ဖိုင်လ်ကို Desktop (သို့) နှစ်သက်ရာ တနေရာမှာ ဖြည်လိုက်ပါ..

ဖြည်ထားတဲ့ Folder ထဲမှ Odin3-v3.10.6 ကို Run ပါ...

How To Root Samsung Galaxy A8 SM-A800 Without PC


AP မှတဆင့် စောစောက Folder ထဲမှ  CF-Auto-Root-a8elte-a8eltejv-sma800?.tar.md5  ကို ရွေးပေးလိုက်ပါ.. [နံပါတ် (1)]



ဖုန်းကို Power Off (ပိတ်) ပါ...

Volume Down + Home + Power ဆိုတဲ့ ခလုတ် သုံးခုကို တပြိုင်တည်း ၁၀ စက္ကန့်လောက် တွဲနှိပ်လိုက်ပါ...




Download Mode ကို ရောက်သွားပြီဆိုရင် USB ကြိုးမှတဆင့် ကွန်ပျူတာနှင့် ချိတ်ဆက်ပေးလိုက်ပါ..


How To Root Samsung Galaxy A8 SM-A800 Without PC



Odin မှ Start ကို နှိပ်ပေးလိုက်ပါ... ခဏနေရင် အလိုလျှောက် Restart ကျပြီး ဖုန်းပြန်တတ်လာရင် Root ဖေါက်တာ အောင်မြင်သွားပါပြီ...။ [နံပါတ် (2)]



How To Root Samsung Galaxy A8 SM-A800F Without PC And Install TWRP Recovery



 (Or)
အဆင်ပြေပါစေ
ခင်မင်လျှက်
 ဝင်းကမ္ဘာကျော်
 www.winkabarkyaw.net