Sunday, July 10, 2016

ဖုန်းနဲ့  ကာရာအိုကေဆိုတဲ့ Smule ထဲက သီချင်းတွေကို ဖုန်းနဲ့  ပြန်ဒေါင်းယူတဲ့နည်းလေး



Smule မှာ ကာရာအိုကေဆိုထားကြတဲ့ ကိုကိုမမ သူငယ်ချင်းတွေတွက် ကိုယ်ဆိုထားတဲ့သီချင်းကို ဖုန်းနဲ့ ပြန်ဒေါင်းယူလို့ရမယ့်နည်းလမ်းကို မျှဝေလိုက်ပါတယ်။ သူငယ်ချင်းတွေရဲ့သီချင်းတွေကို ဒီနည်းတိုင်းဒေါင်းယူလို့ရပါတယ်။ ဘယ်သူမဆိုတော့ ကိုယ်ဆိုတဲ့သီချင်းကို ဒေါင်းပြီးသိမ်းထားချင်မှာပေါ့ ဒီအတွက်ပုံလေးတွေနဲ့ ရှင်းပြားပါတယ်။
Smule မှာ ကိုယ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို နှိပ်လိုက်ပါ။ 
Share နေရာကိုနှိပ်ပြီး သီချင်းရဲ့ Link ကို Copy Link လုပ်လိုက်ပါ။
ပြီးရင် အောက်ပါပုံအတိုင်း Browser တစ်ခုခုကနေပြီးတော့ thebluebyte.com ကိုသွားလိုက်ပါ။
အောက်ပါပုံအတိုင်း ပြထားတဲ့အကွက်လေးကိုနှိပ်လိုက်ပါ။
အဲ့ဒီအကွက်လေးကိုဖိနှိပ်ပြီး စောစောက Copy လုပ်ခဲ့တဲ့ သီချင်းရဲ့ Link ကို Paste လုပ်ပြီးထည့်လိုက်ပါ။
ပုံပါအတိုင်း
သီချင်းရဲ့ Link ကို ထည့်ပြီးရင် ပြထားတဲ့ Submit ကိုနှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း ကိုယ်ရဲ့သီချင်းပုံလေးနဲ့ တွေ့ ရမှာဖြစ်ပြီး ဒေါင်းယူမယ်ဆိုရင်တော့ ပြထားတဲ့ DOWNLOAD AUDIO PERFORMANCE (Right Click + Save As) ဆိုတဲ့နေရာကိုနှိပ်ပြီးအလွယ်တကူဒေါင်းယူနိုင်ပါပြီ။ 

No comments:

Post a Comment