Tuesday, June 30, 2015

Bagan Keybroad Perminum 5.9 (Key ထည့်​စရာမလိုတဲ့ Activated ဖြစ်​ပြီးသား Bagan Keybeoad)





Bagan Keybroad အတွက်​ Key မလိုတဲ့ Version 5.9 ကိုတင်​​ပေးလိုက်​ပါတယ်​။ အခု​တော့ Version 6 ​ကျော်​ထိ ထွက်​​ ​နေပါပြီ။ Activated ဖြစ်​ပြီးသား ​​တွေ့လို့ လိုင်းမ​ကောင်းတဲ့ကြားက ပြန်​လည်​မျှ​ဝေ ​ပေးလိုက်​ပါတယ်​။ အခု Version က​တော့ အရင်​က တင်​ထားဖူးတဲ့ Perminum ဖြစ်​ပြီးသား v5.6 ထက်​ပိုလန်းပါတယ်​။ သုံးရတာလည်း ပိုမြန်​ဆန်​ပြီး အဆင်​​ပြေပါတယ်​။
လိုချင်​သူများ ​အောက်​က လင့်​မှာ ​ဒေါင်းနိုင်​ပါတယ်​။

Download Bagan Keyborad 5.9




Orange Craker ကဟတ်​ထားတဲ့ Keyboard ဖြစ်​ပါတယ်​။
အားလုံးအဆင်​​ပြေပါ​စေ။


♪ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို အရောင်းမြှင့်တင်ဖို့ book ကို အသုံးပြုနည်း လေးခု ♫


1
သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို book မှာ လူသိများစေချင်သလား ? သင့်ရဲ့ လုပ်ငန်းကို ဈေးကွက် ချဲ့ထွင်ဖို့ book ရဲ့ စွမ်းဆောင်ချက်အားလုံးကိုရော အသုံးပြုရဲ့လား ? ဖေါက်သည်တွေ ရဖို့နဲ့ လူများစွာ သိဖို့အတွက်သင့်ရဲ့ Profile, Groups , Pages များကို လိုက်လျောညီထွေစွာ အသုံးပြုမှသာ book Marketing ဟာ အကောင်းဆုံး ဖြစ်လာမှာပါ။

ဒီ် Tutorial မှာတော့ သင့်ရဲ့ လုပ်ငန်းကို အရောင်းမြှင့်တင်ဖို့အတွက် book ကို အသုံးပြုနည်းများ ကို ရေးပေးလိုက်ပါတယ်။

၁။ သင့် Profile ရဲ့ About ကဏ္ဍကို အသုံးပြုပါ။
သင်ဟာ သင့်ရဲ့ ဖေါက်သည်တွေနဲ့ book Profile ကနေ ဆက်သွယ်နေကျဆိုရင် သင့်ရဲ့ Page ကို သူတို့ လွယ်ကူစွာ ရှာတွေ့နိုင်အောင် ပြုလုပ်ထားရမှာပါ။ ဒီလိုလုပ်ဖို့ သင့် Timeline ရဲ့ About ကဏ္ဍကိုသွားပါ။ Works ကဏ္ဍမှာ သင့်ရဲ့ Page ကို ထည့်သွင်းပါ။

1

Works ကဏ္ဍမှ ခဲတံအိုင်ကွန်ကို နှိပ်ပြီး Company မှာ Page အမည်ကို ရိုက်ပါ။ Menu တစ်ခုပေါ်လာရင် သင့်ရဲ့ Page ကိုရွေးပေးပါ။ Position ကဏ္ဍမှာလည်း သင့်ရဲ့ ရာထူးကို ထည့်နိုင်ပါတယ်။

2
 
၂။ Follow Button ကို Enable လုပ်ပါ။
သင့်ရဲ့ Timeline မှာ Follow Button ကို ထည့်သွင်းထားရင် သင့်ရဲ့ Public Updates အားလုံးကို Follower များက တွေ့နိုင်မှာပါ။ သင့်ကို လူတစ်ယောက်က Follow လုပ်ချင်ရင် သင့်ရဲ့ Profile ကိုသွားပြီး Follow Button ကို နှိပ်ရမှာပါ။ တစ်စုံတစ်ယောက်က သင့်ကို Friend Request လုပ်တဲ့အခါမှာ သင်က သူတို့ရဲ့ Request ကို လက်ခံခြင်းမရှိရင် သူတို့က အလိုအလျှောက် သင့်ရဲ့ Follower ဖြစ်လာပါတယ်။

book မှာ သူငယ်ချင်း ၅၀၀၀ သာထားခွင့်ရှိတဲ့ ကန့်သတ်ချက်ရှိပေမယ့် Follower တွေကိုတော့ အကန့်အသတ်မရှိလက်ခံနိုင်ပါတယ်။ အဲဒီအတွက် Follow Button ကို Enable လုပ်ထားရင် သင်ဟာ ဖေါက်သည်များ ပိုမိုရရှိလာနိုင်ပါတယ်။

3

Follow Button ကို Enable လုပ်ဖို့ Settings ထဲသွားပြီး ဘယ်ဘက်ခြမ်းမှ Followers ကိုနှိပ်ပါ။ “ Who can follow me “ မှာ Everybody ကိုရွေးပေးပါ။ ( Default အားဖြင့် Friends ကို သတ်မှတ်ထားပါတယ်။ )

4

Note: သင့်ရဲ့ Public Status အားလုံးကို Follower အားလုံးက မြင်တွေ့နိုင်တဲ့အတွက် Status တင်ရာမှာ Privacy Settings ကို နှစ်သက်သလိုပြောင်းလဲပါ။ Follower တွေကို မမြင်တွေ့စေချင်တဲ့ Status တင်ရင် Friends တွေသာ မြင်တွေ့အောင် ပြောင်းလဲသင့်တယ်လို့ ပြောတာပါ။

5
 
၃။ သင့်ရဲ့ Profile ဖြင့် Page မှ ပို့စ်များကို Share လုပ်ပါ။
Page များထက် Profile ကနေ Share လုပ်တာဟာ News Feed မှာ လူပိုမြင်ကြပါတယ်။ အဲဒီအတွက် သင့် Page မှ ပို့စ်များကို Profile ကနေ Share လုပ်သင့်ပါတယ်။ ဒီလို မျှဝေရင် Page Name ဟာလည်း ပို့စ်မှာ ပါရှိလာတဲ့အတွက် Page ထံ လူဝင်ရောက်လာကြမှာပါ။ သင့်ရဲ့ သူငယ်ချင်းများနဲ့ Follower များကိုလည်း သင့်ရဲ့ Page ကို မိတ်ဆက်လိုက်တဲ့ သဘောပါပဲ။

6
 
၎။ Groups များကို ဖန်တီးပါ။
လူတွေက Page တစ်ခုကို Like ပြုလုပ်ထားရင် Page မှာ ပို့စ်တစ်ခုတင်တိုင်း Notification တစ်ခု ရရှိမှာ မဟုတ်ပါဘူး။ Notification ယူထားမှသာ ရရှိကြမှာပါ။ book Groups တွေမှာတော့ ဒါဟာ ပြဿနာမဟုတ်ပါဘူး။ လူတစ်ယောက်က Group တစ်ခုကို Join လုပ်ရင် Default အားဖြင့် Notification တွေကို Highlights အနေနဲ့ ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ စီးပွားရေးလုပ်ငန်း Group မှာ သင် ဒါမှမဟုတ် အဖွဲ့ဝင်တစ်ဦးက ပို့စ်တစ်ခုတင်တိုင်း အဖွဲ့ဝင်များက Notification ရရှိကြမှာဖြစ်ပါတယ်။

book ရဲ့ Algorithm ဟာ Group တွေအတွက် ပိုမိုထင်သာမြင်သာ ရှိစေတဲ့အတွက် စီးပွားရေးလုပ်ငန်းများစွာဟာ Group တွေထောင်ပြီး ဈေးကွက်ချဲ့ထွင်နေကြပါတယ်။

7

Group တစ်ခုထောင်ပြီး သင့်ရဲ့ ၀န်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို ကြော်ညာနိုင်ပါတယ်။ ဒါပေမယ့် Group တွေဟာ Discussion တွေအတွက် အဓိက ရည်ရွယ်ပြုလုပ်ပေးထားတာဖြစ်လို့ အဖွဲ့ဝင်တွေကို သင့်ရဲ့ ၀န်ဆောင်မှု၊ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး အမေး၊ အဖြေတွေပြုလုပ်ဖို့၊ အကြံပြုဆွေးနွေးဖို့ အားပေးသင့်ပါတယ်။ အဖွဲ့ဝင်တွေ ပါဝင်လှုပ်ရှားလာတာနဲ့အမျှ သင့်ရဲ့ Brand နဲ့ ပတ်သက်တဲ့ Fans တွေဟာလည်း ကြီးထွားလာမှာပါ။
Group နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ မှတ်သားစရာတစ်ခုက book Groups တွေကို သင့်ရဲ့ Profile နဲ့သာ Create လုပ်နိုင် Join နိုင်ပါတယ်။ သင့်ရဲ့ Page ကို အသုံးပြုလို့မရပါဘူး။

Group တွေမှာ Secret, Closed , Open သုံးမျိုးရှိပါတယ်။ Secret သတ်မှတ်ထားရင် အဖွဲ့ရဲ့ ပြင်ပမှ လူတွေက အဖွဲ့ဝင်များနဲ့ ပို့စ်များကို တွေ့မြင်ရမှာမဟုတ်ပါဘူး။ Closed သတ်မှတ်ထားရင်တော့ အဖွဲ့ရဲ့ ပြင်ပမှ လူတွေက အဖွဲ့ဝင်တွေကို တွေ့မြင်နိုင်ပေမယ့် ပို့စ်တွေကို မတွေ့နိုင်ပါဘူး။ Open Group တွေကတော့ အဖွဲ့ဝင်တွေရော၊ ပို့စ်အားလုံးကိုရော လူတိုင်းကို ပြသထားပါတယ်။

8

Pro Tip: သင့်ရဲ့ စီးပွားရေး အတွက် Group တစ်ခု ထောင်ထားရင် Group ရဲ့ ရည်ရွယ်ချက်ကို Description Area မှာ ရေးသားထားသင့်ပါတယ်။ ဒါမှမဟုတ် ပို့စ်တစ်ခု ပြုလုပ်ပြီး Group Feed ရဲ့ ထိပ်ဆုံးမှာ Pin လုပ်ထားပါ။ အဲဒီအတွက် Group နဲ့ မသက်ဆိုင်တဲ့ ပို့စ်များနဲ့ Spam များကို လျှော့နည်းစေမှာ ဖြစ်ပါတယ်။

Facebook Page ကို စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုသင့်သလား ?
အထက်ဖော်ပြပါ နည်းလမ်းများအပြင် Page တစ်ခုကို ထူထောင်သင့်သလားဆိုတာ မေးစရာရှိပါတယ်။ အဖြေကတော့ ထူထောင်သင့်ပါတယ်။ Page တစ်ခု ရှိရင် Facebook ရဲ့ ကြော်ညာ ၀န်ဆောင်မှုကို အသုံးပြုပြီး သင့်ရဲ့ Page , Apps များအပြင် သင့်ရဲ့ ထုတ်ကုန်၊ ၀န်ဆောင်မှုနဲ့ ပတ်သက်တဲ့ ပို့စ်များကို ကြော်ညာနိုင်ပါတယ်။ ဒါ့အပြင် ဆုလက်ဆောင်ချီးမြှင့်တဲ့ ပြိုင်ပွဲများ၊ ကံစမ်းမဲဖောက်ပေးတဲ့ အစီအစဉ်များကိုလည်း ပြုလုပ်နိုင်ပါတယ်။

Myanmar Digital Life Journal

သတင်း၊ ကာတွန်းများနှင့် ၀တ္ထုများကိုလည်း အခကြေးငွေပေးစရာ မလိုပဲ ဖတ်ရှုနိုင်မယ့် - Momolay v9.0 Apk


 မိုမိုလေး (Momolay) - screenshot

Tech Myanmar ကုမ္ပဏီက အဆင့်မြှင့်မွန်းမံထားသည့် Momolay  မိုဘိုင်းအပလီကေးရှင်းအသစ် ကို မိတ်ဆက်ပေးခဲ့ပါပြီ။


Momolay App တွင် လူကြိုက်များဟာသများ၊ ပျော်စရာ၊ ရွှင်စရာ ပုံတိုပတ်စများ၊ ဟာသပုံပြင်ကာတွန်းများ အပြင် ညဏ်စမ်းပဟေဠိများလည်း ထည့်သွင်းထားခဲ့ရာ စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက လူကြိုက်များ အောင်မြင်ခဲ့သော မိုဘိုင်း Application တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စာဖတ်သူ ဗဟုသုတရစိမ့်စေသောငှာ Knowledge ကဏ္ဍကိုလည်း အထူးထည့်သွင်းထားခဲ့ပြီး သိပ္ပံနဲ့ နည်းပညာပိုင်းဆိုင်ရာ၊ ကျန်းမာရေးနှင့်အလှအပဖက်ရှင်ပိုင်းဆိုင်ရာ၊ အချက်အပြုတ်နှင့် လူနေမှုဘ၀ပုံစံ၊ ဖြစ်ရပ်ဆန်းကြယ်နှင့်ထူးဆန်းထွေလာ၊ ကမ္ဘာမြေနှင့် သဘာဝပတ်ဝန်းကျင်တွေအကြောင်း၊ အားကစားသတင်းများ စသဖြင့် ပြင်ပလောကတွင်ရှိသော ဂျာနယ်၊ မဂ္ဂဇင်းတစ်စောင်ကဲ့သို့ ဖြစ်အောင် ဖန်တီးထားခဲ့ပြီး Momolay Team မှနေ၍ ပါဝင်သည့် အကြောင်းအရာမျိုးစုံ ကို အချိန်နှင့်တပြေးညီ ဖန်တီးရေးသားတင်ဆက်ခဲ့ကြောင်း သိရသည်။

ယခု အသစ်ထွက် ဗားရှင်းတွင်မူ သုံးစွဲသူတစ်ယောက်သည် Mobile App ကို install လုပ် သည်နှင့်တပြိုင်နက် လွယ်လင့်တကူ သုံးစွဲနိုင်မည် ဖြစ်ကာ App ထဲတွင် ချိတ်ဆက်ထားသော ဂျာနယ်၊ မဂ္ဂဇင်းများ၏ ဆောင်းပါး၊ သတင်း၊ ကာတွန်းများနှင့် ၀တ္ထုများကိုလည်း အခကြေးငွေပေးစရာ မလိုပဲ ဖတ်ရှုနိုင်ဦးမည် ဖြစ်သည်။

အသစ်ဖြန့်ချိလိုက်သည့် Momolay Version 9.0 ကို့ မိုမိုလေး ၏ ပင်မစာမျက်နှာ www.momolay.com တွင် ၀င်ရောက်ပြီးဖြစ်စေ၊ Google Play တွင်ဖြစ်စေ အခမဲ့ Download ရယူနိုင်ကြောင်း သတင်းရရှိသည်။
 

ကိုယ်ဝန်ဆောင်မိခင်များအတွက် maymay app for android Download


Download
     
                         

                                    www.patheinit.com
                             
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ

Easy Uninstaller App Uninstall v3.0.2 Apk


မိမိတို့ ဖုန်းပေါ်မှာ  install လုပ်ထားတဲ့  ဆော့ဝဲလ်တွေကို လက်အညောင်းခံ၊ အချိန်အကုန်ခံပြီး တစ်ခုချင်းစီ ဖျက်ဖို့ မလိုအောင် ပြုလုပ်ပေမယ့်  easy uninstaller pro v3.0.2 Apk ဆော့ဝဲလ်လေးဖြစ်ပါတယ် .. မိမိဖျက်ချင်တဲ့ ဆော့ဝဲလ်တွေ ကို select ပေးပြီး  One click လုပ်ရုံနဲ့  ပယ်ဖျက်ပေးသွားမှာဖြစ်ပါတယ် …စက်ရုပ်ဖုန်းတွေအတွက် သွင်းထားတဲ့ ဆော့ဝဲလ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ မြန်မြန်ဆန်ဆန် ပယ် ဖျက်ပေးနိုင်မယ့်  tool တစ်ခုဆိုရင်လည်း မမှာပါဘူး….ဒါအပြင် ဆော့ဝဲလ်တစ်ခုရဲ့ name,version,update time,size စတာတွေလည်း ဖော်ပြပေးမှာဖြစ်ပါတယ် Updated သုံးချင်းတဲ့ဘော်ဒါတို့အောက်မှာဒေါင်းပါတယ်။… ဒီဆော့ဝဲလ်လေးကို Android 2.1အထက်များ ဖုန်းတွေကောင်းမွန်းသုံးနိုင်ပါတယ်ဗျာ။




  Download Here

မီတာခ ချွေတာဖို့ နည်းလမ်း (၅) သွယ်


http://burmese.dvb.no/wp-content/uploads/2013/09/300x209xElectric-300x209.jpg.pagespeed.ic.3nzrvMLFCm.jpg
 
1. တီဗွီ၊ ဗီစီဒီစက်၊ play station၊ ကွန်ပျူတာနှင့် အခြားလျှပ်စစ်ပစ္စည်းများကို အသုံးမ လိုတော့ပါက မီးခလုတ်များကိုပိတ်ထားပါ။ အကယ်၍ပလပ်တပ်ပြီး stand by mode ဒါမှမဟုတ် power ဖွင့်ထားခဲ့လျှင် မီးသုံးစွဲမှု ၁၀% ကိုသာသက်သာစေမှာဖြစ်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ပျူတာသုံးစွဲရာမှ ခေတ္တမျှသာပိတ်ထားလိုပါက sleep mode ဖြင့်ထားရှိခဲ့နိုင်ပါတယ်။ တစ်နေ့တာဆောင်ရွက်စရာများပြီးစီး၍ ကွန်ပျူတာအသုံးမလိုသောအချိန်တွင် power လုံးဝပိတ်လိုက်ခြင်းဖြင့်စွမ်းအင်ကို ချွေတာနိုင်ပါတယ်။
 
 
2. မိမိအိမ်၌လက်ရှိသုံးစွဲနေသော လျှပ်စစ်မီးချောင်း၊ မီးလုံးများအစား Energy saving စာသားပါရှိသော မီးချောင်း၊ မီးလုံးများကိုအစား ထိုးပါ။ လက်ရှိသုံးစွဲနေသော မီးချောင်း၊ မီးလုံးများထက် ဈေးနှုန်းမြင့်မားနိုင်သော်လည်း ကြာရှည်ခံနိုင်ရည်ရှိမှုအပြင် လျှပ်စစ်စွမ်းအင် ကိုပါ ပိုမိုသက်သာစေပါတယ်။ ဘုရားခန်းရှိ ယခုသုံးစွဲနေသော ဘုရားဆင်းတုနောက်ခံမီးဆိုင်း၊ မီးလုံးများအစား LED sportlight များကိုပြောင်းလဲသုံးစွဲပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်အိပ်ခန်းအတွက် အလင်းရောင်ပိုမိုရရှိစေရန် ခြေတံရှည်မီးတိုင်သို့မဟုတ် မီးအိမ်ကိုပြောင်းလဲအသုံးပြုရန် အကြံဥာဏ်ပေးချင်ပါတယ်။ နံရံနှစ်ဘက်မှ အလင်းပြန်မှုရရှိပြီး အလင်းရောင်ပိုမိုကောင်းမွန်စွာရရှိစေရန် အခန်းနံရံထောင့်တွင်ထား၍သုံးစွဲသင့်ပါတယ်။
 
 
3. အ၀တ်လျှော်စက်ဖြင့် အ၀တ်လျှော်ရာတွင်လည်း လျှော်ကန်၏ ၃ပုံ ၂ပုံစာအ၀တ်ရှိမှသာ လျှော်သင့်ပါတယ်။ လျှော်ဖွတ်ပြီးသည့်အခါ တွင်လည်း အခြောက်ခံသည့်စက်ထက် ရေညှစ်သည့်စက်ကို ပိုမိုဦးစားပေးသုံးသင့်ပါတယ်။ အခြောက်ခံစက်ကို အသုံးပြု၍ ခြောက် သွေ့စေခြင်းထက် သဘာဝနေရောင်ခြည်၊ သဘာဝလေထုနှင့်ခြောက်သွေ့စေခြင်းက ပိုမိုကောင်းမွန်ပါတယ်။ ရေညှစ်စက်ထဲမှ အ၀တ် များကို သေချာစွာခါပြီးလှမ်းခြင်းဖြင့်လည်း ကြေမွမှုနည်းပြီးမီးပူတိုက်ရာမှာလည်း သက်သာစေတဲ့အတွက် လျှပ်စစ်စွမ်းအင်ချွေတာ ရာရောက်ပါတယ်။ Air-con filter များ ကိုလည်းပုံမှန်သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ သင့် Air-con filter မှာလည်း လေထုထဲမှ မသန့်ရှင်းသောဖုန်မှုန့်များပြည့်နေပြီး Air-con မှာ ပုံမှန်ထက်ပို၍အလုပ်လုပ်ရတာကြောင့် လျှပ်စစ်စွမ်းအင်ကို ပိုမိုကုန်ကျစေပါတယ်။
 
 
4. သင့်ရေခဲသေတ္တာတွင်လည်း အစားအသောက်များပြည့်ကျပ်မနေစေရန် ဂရုပြုသင့်ပါတယ်။ ပြည့်ကျပ်နေအောင်ထည့်ခဲ့မိရင်တော့ ရေ ခဲသေတ္တာလေလည်ပတ်မှု ကောင်းစွာမရရှိနိုင်တဲ့အတွက် ပိုမိုအလုပ်လုပ်ရပြီး စွမ်းအင်ပိုမိုကုန်ကျစေနိုင်ပါတယ်။ အပူငွေ့ရှိတဲ့ အစား အသောက်များကို ရေခဲသေတ္တာထဲသို့ထည့်၍ သိမ်းဆည်းမည်ဆိုလျှင်လည်း အပြင်မှာ အအေးခံပြီးမှ သိမ်းဆည်းသင့်ပါတယ်။ အချို့သော အရည်များကို အဖုံးပါသောဘူး၊ ခွက်တို့ဖြင့်ထည့်ခြင်းကလည်း အငွေ့ပြန်ခြင်းကြောင့် သင့်ရေခဲသေတ္တာပိုမိုအလုပ်လုပ်ရပြီး လျှပ်စစ်စွမ်းအင်ကို ပိုမိုကုန်ကျစေခြင်းမှ ကာကွယ်ရာရောက်ပါတယ်။ ဒါ့အပြင် အေးခဲသောအရာများအား အရည်ပျော်ရန် ပြုလုပ်ရာတွင် လည်း အပြင်သို့ထုတ်ထားခြင်းထက် ရေခဲသေတ္တာ၏ သာမာန်အအေးခန်း(ရေမခဲသောအခန်း)တွင် ခေတ္တမျှထားပြီး ပျော်စေခြင်းက ၄င်း၏အအေးဓာတ်နှင့်ပင် အခြားအရာများကိုပါ အေးစေနိုင်ပြီး ရေခဲသေတ္တာ၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။
 
 
5. သင့်အိမ်၏ အစားအသောက်ချက်ပြုတ်ရန်အတွက် လှပ်စစ်မီးဖိုဖြင့် အသုံးပြုသည်ဆိုလျှင် တစ်မျိုးပြီးတစ်မျိုးဆက်တိုက် ချက်ပြုတ်နိုင် ရန် အဆင်သင့်စီစဉ်ထားသင့်ပါတယ်။ စားခါနီးမှအပူပြန်နွှေးခြင်းနှင့် ပမာဏအနည်းငယ်ကိုချက်ပြုတ်ခြင်းတို့အတွက် microwave သို့မဟုတ် induction cooker များဖြင့်သာပြုလုပ်သင့်ပါတယ်။ ထိုပစ္စည်းများသည် လျှပ်စစ်စွမ်းအင်ကိုပိုမိုသုံးစွဲနိုင်သော်လည်း အချိန် မြန်မြန်ချက်ပြုနိုင်ခြင်းကြောင့် လျှပ်စစ်မီးဖိုနှင့်ယှဉ်လျှင် စွမ်းအင်ကိုပိုမိုချွေတာနိုင်ပါတယ်။ 
 
 
အကင်စက်ကိုအသုံးပြုမည်ဆိုလျှင်လည်း ကြိုတင်မီးဖွင့်ထားခြင်းနှင့် အဖုံးကိုအချိန်ကြာညမင့်စွာဖွင့်ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်သောက်သုံး လို၍ ရေနွေးတည်သောအခါတွင်လည်း ရေကိုလိုအပ်သောပမာဏထက်ပို၍မတည်သင့်ပါ။ ပမာဏများလေ လျှပ်စစ်စွမ်းအင်သုံးစွဲရန်ပိုလို အပ်လေဖြစ်သောကြောင့် ၄င်းအချက်သည် လည်း စွမ်းအင်ချွေတာခြင်းအတွက် လိုအပ်ပါသည်။ သို့မှသာ မိမိသုံးစွဲသောပစ္စည်းများ၏ အရည်အသွေးကိုကြာရှည်စွာထိန်းသိမ်းအသုံးပြုနိုင်ပြီး လျှပ်စစ်စွမ်းအင်ကိုလည်း ချွေတာရာရောက်မှာဖြစ်ပါတယ်။

 
Credit - http://www.shweproperty.com/

Bagan Keyboard V 5.9 (အစိမ်းရောင်)


Bagan Keyboard V_5.9 ကုဒ်နံပါတ်မလိုပါ..
အစိမ်းရောင်လေးပါ။ကြိုက်နှစ်သက်သူ အောက်မှာဒေါင်းယူလိုက်ပါ။

 
Download Keyboard APK


အွန်လိုင်း ဖုန်း သရဲ

မိုဘိုင်းလ် ဆိုင်ရာစာအုပ်များစုစည်းမှု (SOFTWARE & HARDWARE)


 


ကိုယ်အလိုရှိရာစာအုပ်လေးတွေဒေါင်းပြီးယူ သွားနိုင်သလို၊အားလုံးကိုလည်းဒေါင်းယူသွား
နိုင်ပါတယ်။
HTC, Sony, LG, Lenovo ဖုန်းများကို Root ပြုလုပ်နည်းစာအုပ်
==============================
Size...............15.2MB
http://www.mediafire.com/?r4bmvaopcj2qcmo


Huawei Mobile ဖုန်းမျိုးစုံ ပြုပြင်နည်းစာအုပ် ( Software & Root Guide )
==============================

အလိုရှိသူများအောက်မှာဒေါင်းယူနိုင်ကြပါပြီ။

Size...............13.0MB
http://www.mediafire.com/?pq8m22d7xdsq303
Samsung ဖုန်းမျိုးစုံ Root လုပ်ပြုပြင်နည်း
စာအုပ်


==============================
Size................13.1MB
Download
http://www.mediafire.com/?w8adt28mbnl9ad8
Mobile ဖုန်း၏ Hardware ပစ္စည်းများ ပြုပြင်ရေးနည်းလမ်းများ PDF စာအုပ်




==============================
File size - 13.32MB
http://www.mediafire.com/?qjx0pxmv3huj4qn
Android စက်ပြင်ဆရာလက်ဆွဲစာအုပ်


=============================

လိုချင်သူများအောက်ကလင့်ခ်မှာဒေါင်းနိုင်ပါပြီ။
Download
www.mediafire.com/…/3z55fb52lp…/Android_စက်ပြင်ဆရာလက်ဆွဲ.pdf
The Myanmar's Android
=============================


Android အကြောင်း၊Root အကြောင်း၊ Android နဲ့ Zawgyi အကြောင်း၊ Android
ICS အထက်မှာ မြန်မာစာမမှန်တဲ့အကြောင်း၊ Bootloader အကြောင်း၊Clockwork
Mod အကြောင်း၊ ADB အကြောင်း အတိုချုပ်ရေး သားထားတဲ့စာအုပ်ဖြစ်ပါတယ်။
Link 1
http://www10.zippyshare.com/v/26055028/file.html


Link 2
http://www.mediafire.com/…/Android_Device_Technology_Guide_…
Android ဖုန်း Firmware ပြန်တင်နည်းစာ
အုပ်လေးပါ။


https://www.dropbox.com/…/Android%20%E1%80%96%E1%80%AF%E1%8…
Samsung Galaxy Note3 ကို root အလွယ်တကူ ဖောက်နည်းစာအုပ်

http://l.facebook.com/l.php


Android အခြေခံဖြစ်တဲ့ ADB အကြောင်း နဲ့ ADB Comment သုံးပုံ၊သုံးနည်း စာအုပ်
လေးတင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်က 57.0 KB လေးပဲရှိပါတယ်။


Download >>> http://pc.cd/Gqp7
Android ပေါ်မှလက်တွေ့သုံးနည်းပညာ စာအုပ်

Link 1
http://www10.zippyshare.com/v/26055028/file.html

Link 2
http://www.mediafire.com/…/Android_Device_Technology_Guide_…


iPhone, iPadနှင့် iPodအမျိုးမျိုးတို့ကိုထဲထဲ ဝင်ဝင်၊ နှိုက်နှိုက်ချွတ်ချွတ် ကလိချင်သူများ၊
i Devicesသုံးသူများ မသိမဖြစ် သိထားသင့် သည့် ဗဟုသုတများ၊ အသုံးဝင်application
များအကြောင်းကို အခန်း ၁၀ ခန်းခွဲကာ လုပ် ဆောင်ပုံအဆင့်ဆင့်သရုပ်ဖော်ပုံများနှင့်တ
ကွအသေးစိတ် ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်ပါတယ်။


Link 1
http://www.mediafire.com/view/9ca7z7zxyn5cedg/idevice.pdf
Link 2
https://www.dropbox.com/s/fwic1omgnxjigoj/idevice.pdf?dl=0


ဆရာဦးမောင်နိုင်ရဲ့ ဖုန်းစက်ပြင်မှတ်တမ်းများ စုစည်းမှု ( Zip File )
==============================

အရင်တုန်းက ဒေါင်းလို့မရတဲ့သူတွေအခု တင်ပေးထားတဲ့လင့်ကနေအဆင်ပြေပြေ
ဒေါင်းနိုင်ပါပြီဗျာ။
File size - 3.42MB
http://www.solidfiles.com/d/8d63d2b806/

iPhone အသုံးပြုသူများနှင့် စက်ပြင်ဆရာ လက်စွဲစာအုပ်

==============================

စာရေးသူ.............ရဲမင်းအောင် (RAY-Electronic)
Size..................16.0MB
http://www.mediafire.com/?nzydqvuj0yi6e4i


iTunes အသုံးပြုနည်း

Ios စသုံးတဲ့ Users များအတွက် အသုံးဝင်မယ့် အသုံးပြုနည်း PDF ဖိုင်လေးမျှဝေးချင်
ပါတယ်.. အခုမှ စကိုင်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်..Ios စကိုင်တဲ့ သူတွေ အတွက် မိမိကြိုက်နှစ်သက်တဲ့ သီချင်း၊ဗွီဒီယို၊ Data တွေကို အပြင်ကနေ ဖုန်းထဲကို ထည့်ချင်တဲ့အခါ Android မှာ လို ကွန်ပျူတာနဲ့ ချိတ်ပြီး တိုက်ရိုက်ထည့်လို့မရပါဘူး..
 itunes ခံပြီးမှ မိမိအ
လိုရှိရာ ထည့်သွင်းလို့ရမှာဖြစ်ပါတယ်..ကျွန်တော် ကိုယ်တိုင်လည်း သီချင်းအသစ်ထည့် အဟောင်းပျက်နဲ့ Itunes ကိုသေသေချာချာ မသုံးတတ်ခဲ့ပါဘူး.. အခုတော့ အဆင်ပြေသွားပါပြီ… ကိုကျော်စွာအောင် ရေးတဲ့ itunes အသုံးပြုနည်းမှာ ပြည့်ပြည့်စုံစုံဖော်ပြပေးထားတာတွေ့ရပါတယ်....Ios စကိုင်တဲ့
Usersတွေ အတွက် ဖတ်ထားသင့်တဲ့ PDF ဖိုင်လေး ဖြစ်ပါတယ်.. အောက်မှာ ရယူနိုင်ပါတယ်..

Download > https://dl.dropboxusercontent.com/…/iTunes%20အသုံးပြုနည်း.p…

ဒီစာအုပ်လေးတွေရဲ့ မူရင်းသက်ဆိုင်သူတွေ ကို Credit ပေးပါတယ်ဗျာ။
နည်းပညာလေ့လာနေသူများနဲ့ဝေမျှနေသူ များအားလုံးကိုလေးစားလျှက်ပါ

Zaw Myo Htet

www.facebook.com/zawmyohtetithelper

 လေးစားစွာဖြင့်

NayLinHtet (IT-Guide)

Monday, June 29, 2015

Selfie ပုံလှလှလေး ရိုက်ချင်သူများအတွက်..BeautyCam 3.3.5 APK for Android


ကဲSelfie လှလှလေး ရိုက်လိုသူများအတွက်...အရမ်းကို သုံးရလွယ်ကူပြီး လှပတဲ့ Effects တွေပါဝင်တဲ့ Beautycam Selfie ကိုတင်ပေးလိုက်ပါတယ်......
မိုဘိုင်းဖုန်းတစ်လုံးမှာ လူတွေမှာ..အမြဲတမ်း ဘယ်သွားသွား..ဘာလုပ်လုပ်..Selfie လေးတွေ လုပ်တတ်ကြတယ်..မလား...အာ့လို..Selfie ပုံလေးတွေရိုက်တဲ့အခါမှာ..အလှဆုံးနန့်...အလန်းဆန်းဆုံး effects တွေပါဝင်တဲ့ Beauty cam Selfie လေးကိုသုံးပြီး.သူငယ်ချင်းတွေနဲ့ ပျော်ပျော်လေး မျှဝေလိုက်ပေါ့ဗျ....
**********************************
Version: 3.3.5
File size: 21mb
Required Android: 2.0 and up
...........

အားလုံးအဆင်ပြေပါစေ....

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

အကောင်းဆုံး App Backup & Restore v4.0.0 Apk


App Backup &Restore for androidလေးပါ.ကျွန်တော်ကတော့ ဒီဆော့ဝယ်လေးပဲသုံးဖြစ်တာများပါတယ်.သုံး၇တာလွယ်ကူတယ်.backupလုပ်မယ့် target ,ကို internal or external ကြိုက်သလိုပြောင်းထားလို့၇ပါတယ်.မိမိbackupလုပ်ထားတာတွေကို App backup & restoreဆိုပြီး folderလေးနဲ့သိမ်းပေးထားမှာဖြစ်ပါတယ်..ပုံမှန်တို၇င် ဒီ appလေးက Play storeမှာ free download ပေးထားပါတယ်.ဒါပေမဲ့ AD ကြေငြာတွေထည့်ထားလို့သုံး၇တာမျက်စိရှုပ်ပါတယ်.အခုအဲ့ဒီ AD ကိုပါဖြုတ်လို့၇တဲ့ AD remover for app backup Us$ 2.8ဒေါ်လာတန်တဲ့ AD removerလေးပါထည့်ပေးထားပါတယ်.အ၇င်ဆုံး app backup & restore ကိုသွင်းပါ.ပြီးမှ ADV Remover for application back upကိုထပ်မံသွင်းပေးလိုက်တဲ့အခါ.ADကြေငြာကိုဖြုတ်ပစ်ပေးလိုက်လို့သုံး၇တာတော်တော်လေးအဆင်ပြေစေပါတယ်.. ဒီကောင်းလေးကိုကြိုက်တယ်ဆိုရင် အောက်မှာဒေါင်းနိုင်တယ်နော်။






 Download Here
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

♪ Android Phone ရဲ့ ကင်မရာကို အသုံးချနည်း လေးနည်း ♫

1

Android Phone မှာ ကင်မရာဟာ မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကင်မရာကနေ နေ့စဉ် လူနေမှုဘ၀တွေကို မှတ်တမ်းတင်ပြီး လူမှုကွန်ရက်တွေမှာ မျှဝေနိုင်ပါတယ်။ ဒါပေမယ့် Android Phone နဲ့ Tablet တွေမှာ ပါတဲ့ ကင်မရာဟာ သင်ထင်ထားတာထက် အသုံးဝင်ပါတယ်။

Apps တွေကို အသုံးချပြီး Android Device ရဲ့ ကင်မရာကို ကလေးစောင့်ကြည့်တဲ့ ကင်မရာ၊ နေအိမ် လုံခြုံရေး ကင်မရာ၊ ကားမှာ တပ်ဆင်တဲ့ Dash Cam ၊ ပုံနှိပ်စာရွက်စာတမ်းတွေကို Scan ပြုလုပ်နိုင်တဲ့ Scanner နဲ့ ညအချိန်မှာ ကောင်းကင်ယံကို ကြည့်ရှုနိုင်တဲ့ Telescope အဖြစ် အသုံးပြုနိုင်ပါတယ်။

Dash Cam
ယာဉ်တိုက်မှုဖြစ်ပွားရင် ဘယ်သူ့အမှားလဲဆိုတာ သိနိုင်ဖို့ ကားမှာ Dash Cam တွေ တပ်ဆင်အသုံးပြုမှု များပြားလာနေပါတယ်။ စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်တစ်ခုရှိရင် Dash Cam သီးခြား ၀ယ်စရာပါဘူး။ စမတ်ဖုန်း၊ တက်ဘလက်ကို ကားရဲ့ Dashboard ပေါ်မှာ Stand or Holder တစ်ခုနဲ့ တင်ထားပြီး Dash Cam လို အသုံးပြုဖို့ သင့်တော်တဲ့ App တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။ Dash Cam Apps များစွာ ရှိပြီး Navigation လို့ ခေါ်တဲ့ တည်နေရာညွှန်ပြမှု စွမ်းဆောင်ချက်ပါပါတဲ့ Apps များကတော့ DailyRoads Voyager, CaroO, AutoGuard Dash Cam , CamOnRoad တို့ ဖြစ်ပါတယ်။ အဲဒီ Apps များကို Google Play Store ကနေ ရယူနိုင်ပါတယ်။

အဲဒီ Apps များဟာ သင့်ကား ရှေ့မှ မြင်ကွင်းများကို စဉ်ဆက်မပြတ် ဗီဒီယို ရိုက်ကူးပေးနေပြီး နေ့စွဲ၊ အချိန်၊ အမြန်နှုန်းများနှင့်တကွ မှတ်တမ်းတင်ပေးနိုင်ပါတယ်။

1
 
Baby or Security Camera
သင့်မှာ Android Phone, Tablet အဟောင်းတစ်ခုရှိရင် နေအိမ်လုံခြုံရေးနဲ့ ကလေးစောင့်ကြည့်တဲ့ ကင်မရာ အဖြစ် အသုံးပြုနိုင်ပါတယ်။ ဖုန်းအဟောင်းမှ ကင်မရာကနေ ကလေးနဲ့ နေအိမ်ကို စဉ်ဆက်မပြတ် ဗီဒီယိုရိုက်ကူးပေးနေမှာ ဖြစ်ပြီး အခြား Android Phone ဒါမှမဟုတ် ဘရောက်စာတစ်ခုကနေ အဝေးမှ ကြည့်ရှုနိုင်ပါတယ်။
ကလေးစောင့်ကြည့်ဖို့အတွက် Dormi ဆိုတဲ့ App ကို အသုံးပြုနိုင်ပါတယ်။ နောက်ထပ် ရွေးချယ်စရာတွေက Baby Monitor & Alarm , BabyCam တို့ ဖြစ်ပါတယ်။

နေအိမ်လုံခြုံရေးအတွက်တော့ လှုပ်ရှားမှုကို အာရုံခံနိုင်ပြီး Video Upload စွမ်းဆောင်တွေပါတဲ့ Smart Home Security WardenCam နဲ့ Home Security IPCamera တို့က အကောင်းဆုံးပါ။

2
 
Document Scanner
ပုံနှိပ်စာရွက်စာတမ်းတွေကို Scan ပြုလုပ်ဖို့ Scanner တွေ မလိုအပ်တော့ပါဘူး။ စမတ်ဖုန်းတစ်လုံးရှိရင် အဆင်ပြေပါပြီ။ စာရွက်စာတမ်းတွေ၊ ငွေရပြေစာဖြတ်ပိုင်းတွေ၊ Business Cards တွေနဲ့ အခြား ပုံနှိပ်စာရွက်တွေကို တိတိကျကျ ဖတ်ရှုပြီး PDF ဖိုင်လို ကွန်ပြူတာနဲ့ မိုဘိုင်းဖုန်းမှာ ဖတ်ရှုနိုင်တဲ့ ဖော်မက်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Apps များစွာ ရှိပါတယ်။

Google Drive App မှာ စွမ်းဆောင်ရည်မြင့်တဲ့ Scan စွမ်းဆောင်ချက်ပါရှိပါတယ်။ Scan ပြုလုပ်လိုက်တဲ့ စာရွက်စာတမ်းတွေကို ဖုန်းမှာ သိမ်းနိုင်သလို Cloud မှာ သိမ်းနိုင်ပါတယ်။ CamScanner ကလည်း တည်းဖြတ်နိုင်တဲ့ စွမ်းဆောင်ချက်များစွာပါတဲ့ ကောင်းမွန်တဲ့ App တစ်ခုပါ။

3
 
Telescope
Star Walk ကတော့ ညအချိန် ကောင်းကင်ယံမှ မြင်ကွင်းများကို Augmented Reality မြင်ကွင်းနဲ့ ပြသပေးနိုင်ပါတယ်။ ညအချိန် ကောင်းကင်ယံကို ဖုန်းကင်မရာနဲ့ ချိန်ရွယ်လိုက်တာနဲ့ Star Walk က ပဉ္စလက်ဆန်တဲ့ ပြကွက်ကို ဖန်တီးပေးမှာပါ။ ကြယ်များနဲ့ ကြယ်တာရာများကို Zoom ဆွဲကြည့်နိုင်ပါတယ်။ App မှာ ဂလက်ဆီထဲမှ ကြယ်များနဲ့ ဂြိုလ်များ အကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များစွာကို ပံ့ပိုးပေးထားပါတယ်။

SkEye နဲ့ Star Chart တို့ကလည်း ကောင်းမွန်တဲ့ ရွေးချယ်စရာတွေပါပဲ။ Telescope Zoomer ကတော့ Phone Camera App ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး အရာဝတ္ထုတွေကို ၁၀၀ ဆ ချဲ့ကြည့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ( ၁၀၀ ဆလောက်ချဲ့ကြည့်ရင်တော့ ကြည်လင်ပြတ်သား စွာ မြင်ရမှာ မဟုတ်ပါဘူး။ )

4

♪ စမတ်ဖုန်းကင်မရာဖြင့် ရိုက်ကူးသည့်ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမည် ♫

image01
စမတ်ဖုန်း ကင်မရာဖြင့် ဇာတ်လမ်းတိုရိုက်ကူးပြီး ပြိုင်ပွဲဝင်နိုင်မည့် Smartphone film festival ကို ၂၀၁၅ ခုနှစ် သြဂုတ် လအတွင်း ကျင်းပသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Yangonheartz business solution Co.,Ltd မှ သတင်းထုတ်ပြန်ပါသည်။

ပြည်တွင်းတွင် သုံးစွဲမှုမြင့်တက်လာသည့် Smartphone ကိုင်ဆောင်သူ များ၏ အနုပညာပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှုများ အား ဖော်ထုတ်ပြသရန် အတွက် စီစဉ်ကျင်းပရခြင်း ဖြစ်ပြီး လူမျိုးတိုင်း၏ ယဉ်ကျေး မှု ဓလေ့စရိုက်များ၊ နေ့စဉ်နေထိုင်မှုဘ၀၊ လွတ်လပ်သည့်လှုပ်ရှားပျော်ရွှင်မှု၊ ဓလေ့ထုံးစံနှင့် အနုပညာ ဖန်တီးမှုများ အား နည်းပညာဖြင့် ဖော်ထုတ်ပြသသွားရန် အတွက် မိမိတို့လက်ထဲမှာ ရောက်ရှိနေပြီး မိမိတို့ခေတ်ရဲ့ ရှင်သန်မှု တစ်စိတ်တစ်ပိုင်းဖြစ်လာသည့် မိုဘိုင်းဖုံး များဖြင့် မှတ်သားရိုက်ကူး ထားသည့် မိမိတို့ရဲ့အမှတ်တရများ၊ စိတ်ကူးနဲ့ ပုံဖော်မှုများအား အလျှင်မြန်ဆုံးနဲ့ အပြောင်မြောက်ဆုံး တင်ဆက်ပြသသွားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ 

Smartphone film festival သည် short film အမျိုးအစားအဖြစ် အဓိကပါဝင်ပြီး ကြာမြင့်ချိန် ၅ မိနစ်မှ ၁၀ မိနစ်အထိ သာ ကန့်သတ်ထားသည့် movie clip များဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။


ဆုအမျိုးအစား ၃ ဆုခွဲခြားချီးမြင့်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား smartphone film festival ၏ တရားဝင် website ဖြစ်သော www.spffmm.com တွင် update များတင်ပြပေးမည်ဖြစ်ပြီး FB.com/pages/Smartphone-Film-Festival-Yangon မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


ယခုကျင်းပသည့် Smartphone Film Festival သည် မြန်မာပြည်တွင် ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး စုံစမ်းမေးမြန်းမှုများအတွက် ၀၉၉၇၅၄၃၂၈၇၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။



Mobile Guide Journal

♪ မိုဘိုင်းဖုန်း အသုံးပြုသူ၏ ကိုယ်ရေး အချက်အလက်များ ပြန်လည်ပေးအပ်ရန် လိုအပ်လာမည်ဟုဆို ♫

ဈေးကွက်အတွင်း ကိုယ်ရေး အချက်အလက်များ လိုအပ်ခြင်းမရှိဘဲ လွယ်ကူစွာ ဝယ်ယူ အသုံးပြုနေကြသည့် မိုဘိုင်းဖုန်း SIM ကတ်များသည် တစ်ချိန်၌ ကိုယ်ရေး ကိုယ်တာ အချက်အလက်များ ပြန်လည်ဖြည့်သွင်းပေးရန် လိုအပ်လာမည်ဟု သိရသည်။

“SIM ကတ်တွေ Register လုပ်တာကို မတင်းကျပ်ထားဘူး ဆိုတာ တိုးတက်မှုကို အဟန့်အတား မဖြစ်စေချင်တာကြောင့်ပါ။ တစ်ချိန်ကျရင်တော့ ဒါတွေကပြန် ပြီးတော့ လုပ်ကို လုပ်ရပါလိမ့်မယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေမှူးချုပ် ဦးစိုးသိန်းက ပြောသည်။

အချက်အလက် ပေးသွင်းထားခြင်းမရှိသော SIM ကတ်များသည် အချက်အလက် ပြန်လည် တောင်းခံသည့် အခါ ဖြည့်သွင်းပေးခြင်း မရှိခဲ့ပါက လိုင်းပိတ်သိမ်းခြင်းများနှင့် ကြုံတွေ့နိုင် သည်ဟု ဦးစိုးသိန်းက ဆိုသည်။
“ဒီလိုမလုပ်ခင်မှာတော့ ကြိုတင်ပညာပေးရေး လုပ်ငန်းတွေကို လုပ်ကိုင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်၌ မိုဘိုင်းဖုန်း အသုံးပြုသူများသည် ကိုယ်ရေး အချက်အလက် ပေးအပ်ခြင်းမရှိဘဲ SIM ကတ် ဝယ်ယူ အသုံးပြုမှု များပြားနေကြောင်း၊ တစ်ချိန်၌ မိုဘိုင်းငွေ ပေးချေမှု လုပ်ငန်းများ လုပ်ကိုင်သည့် အခါ ကိုယ်ရေး အချက်အလက်သည် အလွန်ရေးပါပြီး အချက်အလက် မရှိသူများအတွက် အစိုးရနှင့် ပြန်လည် ဆွေးနွေးရမည်ဖြစ်ကြောင်း Telenor မှ CEO ဖြစ်သူက ပြောသည်။

SIM ကတ်ဝယ်ယူစဉ် မှတ်ပုံတင်မိတ္တူ အပါအဝင် နေရပ်လိပ်စာနှင့် ကိုယ်ရေးအချက်အလက်များ ပေး အပ်ရမည်ဟု အစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာ ထားသော် လည်း ဈေးကွက် အတွင်း SIM ကတ် ဝယ်ယူအသုံးပြုသူများနှင့် SIM ကတ် ရောင်းချသူများသည် ကိုယ်ရေးအချက်အလက်များကို တောင်း ခံခြင်းမရှိဘဲ လွတ်လပ်စွာ ဝယ်ယူ အသုံးပြုနေကြခြင်း ဖြစ်သည်။

ပြည်ပဆက်သွယ်ရေး အော်ပရေတာများဝင်ရောက်မလာခင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချခဲ့ သည့် မိုဘိုင်းဖုန်းလိုင်းများသည် ကိုယ်ရေး အချက်အလက်များ ပေးသွင်းထားသည့် မိုဘိုင်းဖုန်းလိုင်းများ ဖြစ် ကြသော်လည်း အချိန်ကြာမြင့်လာသည့် နောက်ပိုင်း ထပ်ဆင့် ရောင်းချမှုများ ရှိလာသည့်အတွက် အချက် အလက်များ ပြန်လည် တောင်းခံသည့်အခါ အဆိုပါ မိုဘိုင်း ဖုန်းလိုင်းများလည်း ပြန်လည် ပေးအပ်ရန် လိုအပ်လာမည်ဟု သိရသည်။

Credit to ==> Internet Journal

ဖုန်းထဲကနေမြန်မာသီချင်းခွေတွေကို ဒေါင်းယူနားဆင်နိုင်မည့် Myanmar Music Channels.APK Size(3.2MB)


သူငယ်ချင်းတို့ဖုန်းမှာ မြန်မာသီချင်းအခွေသစ်များကို ဒေါင်းလုပ်ရယူနားဆင်နိုင်မည့် Myanmar Music Channels APK ကိုတင်ပေးလိုက်ပါတယ်။အရမ်းကောင်းတဲ့ APK လေးဖြစ်လို့ ပြန်ရှယ်ပေးလိုက်တာပါ

မြန်မာသီချင်းအခွေများကို ဒေါင်းယူလိုသူများ ဒီ ဖုန်း APK လေးကို ဒေါင်းယူထားနော်
http://adfoc.us/21663955773772
http://www.aungkyawthu.net/

♪ ဗေဒင်ဝါသနာအိုးများအတွက် ဆရာဇင်ယော်နီဗေဒင်ဟောစာတမ်းများပါဝင်သည့် - Fortune4U v1.0 Apk ♫


Fortune4U - screenshot
ဆရာ ဇင်ယော်နီ(The Seer of Myanmar)ကိုယ်တိုင် စီစဉ်တွက်ချက်ပေးထားသော Fortune 4U Application သည် ဗေဒင်ဝါသနာပါသူများ၊ ဗေဒင်သွားမေးဖို့ အချိန်မပေးနိုင်တဲ့သူတွေ အတွက် လွန်စွာမှ အသုံးတည့်လိမ့်မည် ဖြစ်ပါတယ်။

၎င်း Fortune 4U (Version 1.0)သည့် Andriod Version 2.0 အထက် မည်သည့် စမတ်ဖုန်း အမျိုးအစားတွင်မဆို အသုံးပြုနိုင်မှဖြစ်ပြီးတော့ 13.7MB အရွယ်အစားရှိပါတယ်။

ခုနှစ်သားသမီးများအတွက် နေ့စဉ်ဟောစာတမ်းများဖြစ်သည့် ‘ယနေ့တစ်နေ့တာသင့်ကံကြမ္မာ’ တွင်နေ့သား တစ်ဦးချင်းစီ၏ တစ်နေ့တာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အချစ်ရေး ကံကြမ္မာအတက်အကျများ၊ တစ်နေ့တာအတွက် ရွေးချယ်သင့်သည့် အရောင်များ နှင့် ပြုလုပ်ပေးသင့်သော ယတြာများကို Fortune 4U သုံးစွဲသူအနေနဲ့ အခမဲ့ နေ့စဉ်မပြတ်သိရှိနိုင်မှာဖြစ်ပါတယ်။

တားရောဒ့်ကဒ်နှင့် ဟောသကဲ့သို စီမံထားသော ‘ယခုသိချင်တာ ဘာလဲဗျာ’ တွင် သင့်အနေဖြင့် မိမိမေးမြန်းလိုသောမေးခွန်းကို စိတ်တွင် မှတ်၍ တွက်ချက်ရန်လိုအပ်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေက သင့်စိတ်ကို အင်မတန်လှုပ်ရှားသွားစေပါလိမ့်မယ်ဟု ကြိုတင်စကားခံထားချင်ပါတယ်။

‘သင့်ဖူးစာကံသိဖို့ရန်’ တွင် သင့်ဘ၀ရဲ့ ဖူးစာဖက်အတွက် ဘယ်လိုနေ့သားတွေကို ဦးစားပေး ရွေးချယ် သင့်တယ်၊ ဘယ်နေ့သားတွေကို ရှောင်ရှားသင့်တယ်ဆိုတာကို သင့်ရဲ့မွေးနေ့နဲ့ မွေးသက္ကရာဇ် ကိုရိုက်ထည့်ပြီး မေးလို့ရပါတယ်။

သင့်ဘ၀မှာ ဘယ်လုပ်ငန်းတွေလုပ်ရင် ပိုပြီးတော့ အကျိုးပေးနိုင်သလဲဆိုတာကို ‘ချမ်းသာမယ့်လမ်းပြတဲ့ လမ်း’ မှာ မွေးနေ့နဲ့မွေးသက္ကရာဇ်ထည့်ပြီး ရှာဖွေကြည့်ုနိုင်ပါတယ်။

Credit to ==> www.contentshub.com
www.facebook.com/contentshub

Fortune4U - screenshot     Fortune4U - screenshot

Fortune4U - screenshot     Fortune4U - screenshot

Fortune4U - screenshot     Fortune4U - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download