Saturday, February 28, 2015

သင့်ဖုန်းကို အား ၂ဆအမြန်ဝင်စေတဲ့-2 Battery Pro – Battery Saver v3.18 Apk


2x Battery Pro - Battery Saver apk
သင့်ဖုန်းကို အား ၂ဆအမြန်ဝင်စေတဲ့-2 Battery Pro – Battery Saver v3.18 Apk ဗားရှင်းအသစ်လေးပါ၊ဖုန်းအသုံးပြုတာများလို့ ဖုန်းအားအမြန်ဝင်စေခြင်တဲ့ဘော်ဒါတွေ ဆောင်ထား
သင့်တဲ့ဆော့ဝဲကောင်း လေးတစ်ခုပါအောက်မှာဒေါင်းပြီး 
အသုံးပြုနိုင်ပါပြီ အဆင်ပြေပါစေ (ပုသိမ်အိုင်တီ)
2 Battery Pro – Battery Saver v3.18 Apk | 2 MB -Resumable Links | Requires Android:2.2 and Up |
Does the phone run out of battery quickly?

2x Battery Pro - Battery Saver - screenshot thumbnail2x Battery Pro - Battery Saver - screenshot thumbnail2x Battery Pro - Battery Saver - screenshot thumbnail



                                                Download ►: ►''  Here ''
     
                                      www.patheinit.com
                             
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ

irisဖုန်းတွေကို လွယ်ကူစွာRootလုပ်နည်း-VS-မြန်မာစာအမှန်100%ထည့်သွင်းနည်း


 

 ဒီနေ့ တော့ ဦးလေးကြီးတင်ပေးမှာကတော့ irisဖုန်းတွေကို လွယ်ကူစွာRootလုပ်နည်း-နှင့်-မြန်မာစာအမှန်100%ထည့်သွင်းနည်းလေးဖော်ပြပေးမှာဖြစ်ပါတယ်
iris500ကိုဥပမာအနေဖြင့်ဖော်ပြပေးမှာဖြစ်ပါတယ် ပြီးတော့ irisဖုန်းမှန်သမျှ ဒီနည်းလေးနဲ့ ဖောက်ရမှာ
ဖြစ်ပါတယ် တချို့ Websiteတွေမှာတွေ့ ဖူးပါတယ် နည်းမမှန်ဘူးအဲ့ ဒီတော့ တချို့ ဆို Rootသာပေါက်သွားတယ် မြန်မာစာကြတော့ လုံးဝအဆင်မပြေတာတွေရပါတယ်
ဟုတ်ပါတယ် Zaw Gyi Changer ပြောင်းပြီးလဲ မမှန်ပါဘူး ဘာလိုမမှန်တာလဲဆိုတော့
တင်ပြပေးထားတဲ့ siteတွေရဲ့ လမ်းပြပေးမှုအပေါ်မှုတည်ပြီး သူတို့ တင်ပြထားတဲ့ 
အတိုင်း ပြောင်းလဲအသုံးပြုကြတယ် ဒါပေမယ့် ဘာမှမထူးလာဘူး တချို့ ဆို firmwareကျသွားတာတို့ 
LOGOမှာရပ်နေတာတို့ ဖြစ်သွားခဲ့ ပါတယ် ဒါကတော့ ဦးလေးကြီး ကိုယ်တိုင်း မြင်ဖူး-လာပြဖူးတဲ့ လူတွေကြောင့် ပြောပြပေးတာပါ firmwareလာလာရေးခိုင်တဲ့ လူတွေဆိုမနည်းတော့ပါဘူး
နောက်နေ့ အချိန်ရရင် firmwareတင်နည်းပါထက်တင်ပေးပါမယ်
ခုတော့ ဒီRootဖောက်နည်းလေးကို အရင်လေ့လာရအောင်
 ပြုလုပ်နည်း ပုံများကိုလည်း Downloads link ထည့်သွင်းပေးထားပါတယ်
အရင်ဆုံးလိုအပ်တဲ့  အရာကိုအောက်မှာအရင်ရယူပါ Kingo  Root Tool နဲ့ supersu နဲ့  Keyboard and Fontinstaller and Rooting Photoကိုတော့ zipဖိုင်းတခုထဲချုပ်ပြီးတင်ပေးထားပါတယ်


 free Downloads link Kingo  Root Tool

 free Downloads link Keyboard and Fontinstaller and Rooting Photo

 supersu apk


အကုန်downယူပြီးပါက အရင်ဆုံး supersuကိုအရင်သွင်းပါ ပြီးပါက Settingsကိုသွားပါ ပြီးပါက About Phoneကိုထက်ဝင်ပါ
Build Numberပေါ်ကိုလက်ဖြင့် ၇ချက်နှိပ်လိုက်ပါ ဒါဆို
Developer optionsပေါ်ပါလိမ့် မယ်
Developer optionsကိုဝင်ပြီး USB debugging checkမှာအမှန်ခြစ်လိုက်ပါ။(Point)


ပြီးပါက PCမှာ Kingo  Root Tool ကို အရင်သွင်းထားလိုက်ပါ
ပြီးပါက ဖုန်းနဲ့ PCကိုချိပ်ဆပ်လိုက်ပါ ပြီးပါက Settingsကိုသွားပါ


ပြီးပါက More--ကိုထက်ဝင်ပါ 



 Tethering & portable hotspotကို ထက်ဝင်ပါ

USB Tetheringကိုအမှန်ခြစ်ပေးလိုက်ပါ


 Data Connection အင်တာနက်ဖွင့်လိုက်ပါ ဒါဆို PCနဲ့ ဖုန်း အင်တာနက်ချိပ်ဆပ်လိုက်ပါပြီး
ဘာလို အင်တာနက်ဖွင့်ပြီး ဖောက်နည်းပြောပြရတာလဲဆိုတော့ Driversမရှိရင်ဒီRoot Toolလေးက ပြန်ရှာပြီး ဒေါင်းယူပေးပါတယ် ပြီးတော့ errorလဲကင်းပါတယ်
အင်တာနက်မဖွင့်ပဲ ဖောက်လဲရပါတယ် ဒါပေမယ့် 100%မသေချာပါဘူး
Driverရှိနေရင်တောင် မရှိဘူးဆိုပြီး ဒီToolလေးကဖော်ပြပါတယ် ဒါကြောင့် အင်တာနက် အချိန်အနည်းငယ်သာ ပေးလိုက်ပါ သေချာပေါက် 100%သေချာပါလိမ့်မယ်

ဖုန်းနဲ့ ချိပ်ဆက်ထားနော်
ဖုန်းနဲ့ ချိပ်ဆက်ထားနော်  Kingo  Root ToolကိုRunလိုက်တာနဲ့ သူဘာသာသူautoရှာပေးပါလိမ့်မယ်
Rootလိုပေါ်လာရင် နှိပ်ပေးလိုက်ပါ့ ဒီနေရာမှာဦးလေးကြီးပြောပြချင်းတာကတော့
အ၀ါရောင်စာသားနဲ့  Normal Mode ဆိုပြီး စာလုံးတွေရပါလိမ့်မယ် ဒါဆိုသေချာပေါက် Rootဖောက်နိုင်မှာဖြစ်ပါတယ် Normal Mode စာလုံး အနီးရောင်ပြနေရင်တော့ Rootလုပ်ဖို့ မသေချာနိုင်ပါဘူး ဖုန်းကိုကြိုဖြုတ်ပြီး အစကနေပြန်လုပ်ပါ
အောက်က ပုံကိုကြည့်ပါ Rootလုပ်နေပါပြီး ခဏစောင့်ပေးပါ




 ဖုန်းထဲသို့  Kingo apkသို့ ရောက်ရှိပြီး connected လုပ်နေပါပြီး

  Driversထည့်သွင်းပေးနေပါတယ် 100%ပြအထိစောင့်နေပါ
သူဘာသာသူAutoလုပ်ဆောင်ပေးပါလိမ့်မယ်


ROOT SUCCEEDED! ဖြစ်ပြီး မိတ်ဆွေတို့ ဖုန်း ပါဝါကျသွားပါလိမ့်မယ်
ပြန်တတ်လာရင် Rootလုပ်လိုအောင်မြင်သွားပါပြီး


Andorid is Upgrading----



Zaw Gyi Changerပြောင်းလဲတဲ့  နေရာမှာပြောပြချင်းတာကတော့
ဒီ  MMSD Smart Zawgyi နဲ့ လဲမရပါဘူး MM Aio Font Changerလဲအဆင်မပြေပါဘူး
ဘာလို တချို့ websiteတွေမှာ ညွန်ပေးနေရတာလဲမသိဘူး တကယ်ကောစမ်းပြီးမှတင်တာလား
အမှန်ဆိုရင် ဒီ Zaw Gyi Changerတွေ ပြောင်းလဲရင် အခန့်မသင့်ရင် firmwareကျသွားနိုင်ပါတယ်
လုံးဝ Deleterious (X)
MMSD Smart Zawgyi and MM Aio Font Changer ကirisဖုန်းတွေနဲ့ လုံးဝမအပ်ဆက်ပါဘူး



 အပေါ်မှာဒေါင်းယူလာတဲ့ ICS MM Fontinstaller ကိုသွင်းလိုက်ပါ supersuထည့်သွင်းထားနဲ့ 
ဝင်လိုက်တာနဲ့ ထောက်ခံချက်တောင်းတာနဲ့ Grantကိုနှိပ်လိုက်ပါ


 မြန်မာစာသွင်းရန် (Huawei & Other)ကိုအရင်နှိပ်ပေးပြီး
ဖုန်း Restart လုပ်ရန်ကိုနှိပ်လိုက်ပါ ပါဝါကျပြီးပြန်တတ်လာရင် မိတ်ဆွေတို့ ဖုန်းဟာ 
မြန်မာစာအကုန်မှန်ကန်နေပြီး



 Google-Website-သတင်း apk-Phone messageစသည်အကုန်လုံးမှန်ကန်ပါတယ်
အောက်ကပုံတွေကိုလေ့လာကြည့်လိုက်ပါ






ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)






Friday, February 27, 2015

လူတိုင်းသိသင့်သော Zip Code (or) Postal Code တွေပါ ဗဟုသုတပေါ့




နည်းပညာ​လေ့လာ​နေတဲ့ညီ​လေး​တွေအတွက်​အသုံးဝင်​ပါတယ်​။သိထားသင့်​ပါတယ်​။zip code (or) postal codes​တွေဘဲဖြစ်​ပါတယ်​။နိုင်​ငံအစုံpostal code​လေး​တွေကိုpdf​လေးလုပ်​ပီးတင်​​ပေးလိုက်​ပါတယ်​။

မြန်​မာနိုင်​ငံအတွက်​လဲသီးသန့်​pdfတစ်​အုပ်​ပါပါတယ်​။ဂရု​တွေမှာခဏခဏ​မေးတာ​တွေ့​နေလို့ပါ။

ဒီcodeအ ​ကြောင်းနားမလည်​တဲ့ညီ​လေး​တွေအတွက်​နဲနဲရှင်းပြ​ပေးပါမယ်​။ဥပမာ..ဒီcode​ လေး​တွေကာအကိုတို့တချို့အ​ကောင့်​(accounf)​တွေ​ဖောက်​တဲ့​နေရာမှာနိုင်​ ငံရဲ့zip code(သို့)postal codeထဲ့​ပေးရတာရှိပါတယ်​။ဒီကုဒ်​​တွေကိုအသုံးနည်း​တော့ဆရာကြီး​တွေ​လောက်​ ဘဲသိပါတယ်​။အကိုတို့microsoftအ​ကောင့်​​ဖောက်​တဲ့​နေရာ​တွေမှာသုံးရပါတယ်​။ နောက်​သုံးတဲ့​နေရာ​တွေရှိပါ​သေးတယ်​။အ့ခါလိုအပ်​မှာ​ပေါ့။အ့​ကြောင့်အမြဲဖတ်​လို့ရ​အောင်​သိမ်းထားလို့ရ​အောင်​pdf​လေး​တွေအဖြစ်​တင်​​ပေးလိုက် ​ပါတယ်​။

အောက်​မှာ​ဒေါင်းယူလိုက်​ပါစာအုပ်​ကသုံးအုပ်​ပါ။

All country zip code or postal code
http://pc.cd/Tx57

မြန်​မာနိုင်​ငံ postal code
http://pc.cd/Mg57

မြန်​မာနိုင်​ငံတွက်​ မြို့နယ်​တိုင်းအလိုက်​ postal code
http://pc.cd/2P57

ကဲအားလုံးဘဲအဆင်​​ပြေပါ​စေ။
(အ​ခြေခံနည်းပညာ​လေး​တွေ​ဝေမျသူ ကိုဒီမွန်း)

စမတ်ဖုန်းတွေအတွက် အကောင်းဆုံး Video Recorder ဆော့ဝဲ--SCR Screen Recorder Pro ★ root v0.21.4-alpha


 SCR Screen Recorder Pro ★ root v0.21.4-alpha
မင်္ဂလာပါ
ဒီတစ်ခါကျနော် ပြန်လည်မျှဝေချင်တာက
မိမိဖုန်းလေးထဲမှာ Facebook ပေါ်က ဗွီဒီယိုများကို
ဒေါင်းလော့ယူဖို့ အခက်အခဲ ဖြစ်နေတာတော့
Youtube ပေါ်က သီချင်းများ မြန်မာရုပ်ရှင်ကားများကို
ဒေါင်းလော့ယူဖို့ရန်မှာ အခက်တွေ့နေတဲ့ ဘော်ဒါများ
အနေဖြင့် မဒေါင်းနိုင်ပေမယ့် ကိုယ့်အတွက် လုံးဝအရေးကြီးမယ့်
ဗွီဒီယိုများကိုတော့ အချိန်ကန့်သတ်ရှိမရှိဘဲနှင့်ကို
စိတ်ကြိုက် Record လုပ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျား။

Record Resolution ကိုလည်း စိတ်ကြိုက် ရှိန်ယူနိုင်ပါတယ်။
ဒါပေမယ့် မိမိဖုန်းကတော့ Root Access ရုန်းဖောက်ထားပြီးသား
ဖုန်းတစ်လုံးတော့ ဖြစ်ရပါမယ်။

ရုန်းမဖောက်ထားတဲ့ ဖုန်းတွေမှာ အသုံးပြုလို့မရနိုင်ပါ။
ဒီဆော့ဝဲလေးကို လုံးဝဆောင်ထားသင့်ပါတယ်။

အသစ်အဆန်းကိုမှ ခုန်မင်တတ် လက်တည့်စမ်းချင်တဲ့
ဘော်ဒါတွေကတော့ အောက်ကလင့်တွေမှာ
အဆင်ပြေသလိုဒေါင်းယူနိုင်ပါပြီ။

Size 4.22 MB ပဲရှိပါတယ်။
Android 4.0.3 - 5.0 အထက် ဖုန်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်။

 Download Here

OR

Download Here 
 
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

Dial Dialer&Contacts ရဲ့နောက်မှာ Background ပုံများထည့်လို့ရမည့်ဖုန်းဆော့ဝဲ Pro Size(2.7MB)


ဖုန်းသမားတွေအကြိုက်တွေ့မယ်လို့ထင်ပါတယ်ခင်ဗျာ။ဒီဖုန်းဆော့ဝဲလေးကတော့ ဘာမှာအသုံးဝင်းလဲဆိုတော့ Phone Dialer&Contacts တို့မှာ နောက်ခံ Background ပုံထည့်လို့ရပါတယ်။သူငယ်ချင်းတို့ နှစ်သက်သောဓါတ်ပုံကို ရွေးရှယ်သည်ဖြစ်စေ ဖုန်း အထဲမှာရှိတဲ့ ပုံတွေကိုလည်း Phone Dialer&Contacts ရဲ့နောက်မှာထည့်ထားလို့ရပါတယ်။အောက်မှာနမူနာကြည့်ပါ
RocketDial Dialer&Contacts Pro - screenshot thumbnailRocketDial Dialer&Contacts Pro - screenshot thumbnail
အောက်မှာဒေါင်းယူနိုင်ပါပြီ
ဒေါင်းလုပ်မလုပ်တတ်ရင် ကြည့်ပေးပါ >>>  How to Download

LG G2- Versions 4.2.2.မှစပြီး4.4.2အထိRootလုပ်နည်း (All Versions)



  ဒီနေ့ တော့ ဦးလေးကြီးတင်ပေးမှာကတော့  LGရဲ့ ထုတ်ကုန်တခုဖြစ်တဲ့ 
G2 မော်ဒယ်လေးကို Rootဖောက်နည်းတင်ပြပေးမှာဖြစ်ပါတယ် ခုလက်ရှိဒီRootဖောက်နညးလေးကတော့
4.2.2 or 4.3 or 4.4.2အထိဦးလေးကြီးစမ်းသပ်တာ လွယ်ကူစွာ Rootဖောက်နိုင်ပါတယ်
ဒါပေမယ့် 4.4.4တော့မစမ်းရသေးတော့ အားမခံရဲဘူးနော် ဒါပေမယ့် Rootဖောက်လိုရရင်လည်းဖောက်လိုရမှာပါ လက်ထဲမှာဖုန်းကမရှိတော့ လာလုပ်ခိုင်းမယ့်လူကိုစောင့်ရတာပေါ့ ခုထိမလာသေးပါဘူး လာရင် 4.4.2 and 4.3လောက်ပဲ
အရင်ဆုံးလိုအပ်တဲ့ အရာများကိုအရင်ဒေါင်းယူပါ
 free Downloads link iOroot Tool
 


 LG USB Drivers

နှစ်ခုစလုံးဒေါင်းယူပြီးပါက အရင်ဦးဆုံး LG USB Drivers ကိုအရင်သွင်းပါ
ပြီးပါက Settingsကိုသွားပါ ပြီးပါက About Phoneကိုထက်ဝင်ပါ
Build Numberပေါ်ကိုလက်ဖြင့် ၇ချက်နှိပ်လိုက်ပါ ဒါဆို
Developer optionsပေါ်ပါလိမ့် မယ်

Developer optionsကိုဝင်ပြီး USB debugging checkမှာအမှန်ခြစ်လိုက်ပါ။(Point)


ပြီးပါက  မိမိဖုန်းကို computerနဲ့ ချိတ်စပ်လိုက်ပါ(Usb cable)


မိမိဒေါင်းလိုရထားတဲ့  iOroot ToolကိုEXtractလုပ်ပါ(zipဖြည်ရန်)



zipဖြည်ပြီးပါက  iOroot Toolကိုဝင်လိုက်ပါ Root bat ကိုrunလိုက်ပါ
PCနဲ့ ချိပ်ဆက်ထားရပါမယ်


 Batတတ်လာကိုတွေရပါလိမ့်မယ် တတ်လာနဲ့ keyတခုခုနှိပ်ပေးလိုက်ပါ
ဥပမာ-နံပါတ် ၁ကိုနှိပ်လိုက်ပါ

autoလုပ်ဆောင်ပေးပါလိမ့်မယ် ခဏအတွင်းမှာပဲ ပါဝါကျသွားပါလိမ့်မယ်
ပါဝါပြန်တတ်လာရင် Su apkလေးရောက်ရှိနေပါလိမ့်မယ်


 အောက်ကပုံလိုSu ရောက်ရှိနေရင် သင့်Rootလုပ်လိုအောင်မြင်သွားပါမည်
အထူးသတိပေးချက် ဒီbatလေးက သင့် LG USB Drivers ကိုမထည့်သွင်းထားရင် လုံးဝ သင့်လုပ်ဆောင်ရာတွင်း လုံးဝဖောက်လိုရမည်မဟုတ်ပါ




ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)






Thursday, February 26, 2015

Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက်


Android ဖုန်းအားလုံးမှာ ဖုန်းမှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများ
မင်္ဂလာပါ
Android ချစ်ပရိတ်သတ်ကြီးများအတွက် အထူးရည်ရွယ်ပြီး
ဒီပိုစ့်လေးကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား

ခေါင်းစဉ်လေးမြင်တာနဲ့ ဘာဆိုတာကို သဘောပေါက်မှာပါ
သိပြီးသား ညီအကိုတွေကတော့ ကျော်သွားလိုက်ကြပါ
လေ့လာခါစညီအကိုတွေနဲ့ စနစ်ဟောင်းကို တွန်းလှန်ပြီး စနစ်သစ်
စတိုင်အသစ်လေးနဲ့ လန်းချင်သူများကတော့ လုံးဝသိထားရမယ့်
Android Device ဆိုင်ရာ နည်းလမ်းကောင်းလေးဖြစ်ပါတယ်။

ဘာကြောင့်ဗားရှင်းမြင့်ရသလဲလို့ ဆိုတော့ အသစ် အသစ်ထွက်ရှိလာတဲ့
Android Operating System တွေရဲ့ Features အသစ်တွေ၊ function တွေ၊
 performance ပိုမိုကောင်းလာအောင် ဆိုပြီး ဗားရှင်းအဟောင်းကနေ အသစ်ကို
တင်ယူခြင်းဖြစ်ပါတယ်။

ဗားရှင်းအဟောင်းရဲ့ လုပ်ဆောင်ချက်ကတော့ အထူးပြောနေစရာ
မလိုလောက်တော့ဖူးလို့ထင်ပါတယ် အသုံးပြုနေရင်းကနေ ထုပစ်ချင်စိတ်
ပေါက်လောက်အောင် လေးလန်နေပြီး ဘာဆိုဘာမှ ထူးခြားမှု ကောင်းမွန်
ထပ်တိုးလာတာမျိုးလည်း မရှိပဲ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာခြင်းကတော့
ဗားရှင်းအဟောင်းပေါ့ဗျာ

ကဲ အလန်းဆုံးဆိုတဲ့ နောက်ဆုံးထွက် ဗားရှင်းတွေရဲ့ Features အသစ်တွေ၊
 function တွေ၊ performance ကောင်းကောင်းနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့
Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့
ကွန်ပျူ တာမှ တင်နည်းများကို အောက်မှာ လေ့လာကြည့်လိုက်ပါ။

Android Version 2.3 မှ 4.3 အထိဖုန်းရှင်းအနိမ့်
ဖုန်းတွေအတွက် နောက်ဆုံးဗားရှင်းမြှင်တင်နည်း
===========================
၁။ ပထမဆုံး Wifi အင်တာနက်ကို ဖုန်းမှာ ချိတ်ဆက်ပါ

၂။ ပထမဆုံး ဖုန်းရဲ့ Setting ဆိုကိုနှိပ်ပါ
၃။ Setting ထဲမှာ Privacy setting ဆိုတာကိုတစ်ချက်နှိပ်ပါ။

၎။ ပေါ်လာတဲ့ Privacy setting တွေရဲ့အောက်မှ
 Back up my data ဆိုတာကို အမှန်ခြစ်ပေးထားလိုက်ပါ။
၅။ About Phone ဆိုတာကထပ်နှိပ်ပါ
၆။ Software ဆိုတာကို ထပ်နှိပ်လိုက်ပါ
၇။ Update ဆိုတာကိုနှိပ်ပါ
၈။ Update ဆိုတာကို နှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်
ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ Scheduled software updates နေရာမှာ
 အမှန်ခြစ်ပေးပြီး Install ဆိုတာကိုသာနှိပ်ပေးလိုက်ပါ။
၉။ တကယ်လို့ အောက်ကပုံအတိုင်းပြနေရဲ့ရင်တော့ သင့်ဖုန်းအတွက် လက်ရှိနေတဲ့ ဗားရှင်းသည် နောက်ဆုံး ဗားရှင်းဖြစ်နေတာပါ၊ အဲဒီလိုသာ ပြနေခဲ့ရင်တော့ ရှိတာလေးနဲ့ ရောင့်ရဲနေလိုက်ပါ၊ သင့်ဖုန်းအတွက် ထုပ်လုပ်သူနဲ့ ၀မ်ဆောင်မှုကို
 ပေးသူတို့ရဲ့အပေါ်မှာသာမူတည် ဖြစ်လို့ ဒီနေ့ တွပ်ပီ ကံမကောင်း ဘူးလို့ပဲ မှတ်လိုက်ပါ။
၁၀။ဖုန်း Tablet ကနေ တိုက်ရိုက် လုပ်ယူတာဖြစ်လို့
Internet Connection အခြေအနေအရ အနည်းအမြန်ကတော့ရှိမှာပါ။
အားလုံးအဆင်ပြေရင်တော့ ဖုန်းက Reboot ကျပြီးပြန်တက်လာတဲ့အခါ
မိမိဖုန်းအတွက် သတ်မှတ်ပေးထားတဲ့ Official ရဲ့ နောက်ဆုံးဗားရှင်းကို
သင်ပိုင်ဆိုင်နိုင်ပါပြီ။

(မှတ်ချက်=အထက်ပါနည်းလမ်းသည် Samsung ဖုန်းကို
အခြေခံပြီး ရှင်းပြထားခြင်းသာဖြစ်ပါတယ် တစ်ခြားသော ဖုန်းတွေရဲ့
System တွေနဲ့ ကွဲပြားခြားနေရင်လည်း ဒီနည်းအတိုင်းထပ်တူဆိုတာကို
မှတ်ယူစေချင်ပါတယ်)

4.3 အထက် ဖုန်းများမှ 4.4.2 အထက် ဗားရှင်းသို့ မြှင်တင်နည်း
 ========================
 ၁။ နည်းလမ်းကတော့ အပေါ်က အတိုင်းဖြစ်သည့်
အတွက် ပုံတွေကိုမပြပေးတော့ပါ၊ စာပဲ ရေးလိုက်ပါတယ်။
ကျနော်မှာ Note 2 ဖုန်းကို ၀ယ်တုန်းက ဗားရှင်း 4.3 ကြီးပါ
မကြို က်တော့တာနဲ့ Official ကလည်း 4.4.2 ဗားရှင်းကို
ပေးနေတော့ အထက်ပါနည်းလမ်းအတိုင်းပဲ မြှင်တင်ထားတာပါ။

၂။ ဗားရှင်းမြှင့်ဖို့ရန်အတွက်  Settings > More >
 About Device > Software Updates > Update ကိုနှိပ်ပေးလိုက်ပါ။
မိမိဖုန်းအတွက် Official က သက်ဆိုင်ရာနောက်ဆုံးဗားရှင်းကို
ထုပ်ပေးထားပြီးသားဆိုရင်တော့ တွပ်ပီ ကံကောင်းမှာပေါ့ဗျာ....


Android 4.4.2 Features

  • Android 4.4.2 OS
  • White Status Bar Icons
  • Camera Shortcut on Lock-Screen
  • Wireless Printing
  • Album Art on Lock-Screen during Music Playback
  • NFC tap-to-pay support
  • Options to set default messaging and launcher apps
  • Transparent status bar
  • Better stability
  • Improved Ram usage
  • Smoother Interface Overall
  • Samsung KNOX 2.0
  • Samsung Wallet
  • Emoji for Keyboard
  • Bug Fixes
နောက်ဆုံးထွက် ဗားရှင်းကို ကွန်ပျူ တာမှ တင်နည်း
=======================
ဒီတစ်ခါ ကျနော် ပြန်လည်မျှဝေချင်တာကတော့
ဖုန်းက Android Version တွေကို ကွန်ပျူ တာမှ တင်ယူနည်းလေးပါ
အောက်မှာ လေ့လာကြည့်လိုက်ပါ

၁။ ပထမဆုံး Samsung Kies နောက်ဆုံးဗားရှင်းကို ဒေါင်းလော့ရယူလိုက်ပါ
ပြီးရင် အင်စတောလုပ်နည်းကိုပါ အောက်ကလင့်မှာ ၀င်လေ့လာလိုက်ပါ

Samsung Phone & Tablet တွေအတွက် မရှိမဖြစ်တဲ့ Entertainment ဆော့ဝဲ

 ၂။ Samsung Kes ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီးရင်တော့
ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။

၃။ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ပြီးလို့ Connected ဖြစ်တဲ့အခါ
အောက်ကပုံအတိုင်းပြနေပါလိမ့်မယ်။ Basic Information ဆိုတာကို
တစ်ချက်နှိပ်လိုက်ပါ။ မြင်နေရတဲ့ပုံအတိုင်းပါပဲ သင့်ဖုန်းအတွက်
New firmware is available ပြနေခဲ့ရင်တော့ သေချာသွားပါပြီ
သင့်အတွက် နောက်ဆုံးဆိုတာကို Update လုပ်ယူနိုင်မှာဖြစ်ပါတယ်။
အထက်ပါပုံအတိုင်းမြင်နေရရင်တော့  ဗားရှင်းမြှင်ရန်အတွက်
ကျနော် အပြာလေးနဲ့ဝိုင်းပြထားတဲ့ Firmware Upgrade button
ဆိုတာကို နှိပ်ပေးလိုက်ပါ။

၎။အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့ terms of the agreement ကို
ပြောနေတာဖြစ်ပါတယ် မြှားနဲ့ ထိုးပြထားတဲ့ I have read all of the above
Information ရဲ့နေရာမှ လေးထောင့်ကွက်လေးကို အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင် Start Upgrade ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
Start Upgrade ဆိုတာကိုနှိပ်လိုက်ပြီး ဗားရှင်းစတင်မြှင့်နေတုန်းမှာ
ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြု တ်မိတာမျိုးမလုပ်ပါနဲ့
အချိန်အနည်းငယ်ကြာအောင် စောင်ပေးလိုက်ပါ အားလုံးပြီးတာနဲ့
ဖုန်းက သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်၊ ပြန်တက်လာတဲ့အခါမှာတော့
သင့်ဖုန်းလေးမှာ Official ရဲ့ နောက်ဆုံးဗားရှင်းလေးကို ပိုင်ဆိုင်နိုင်ပါပြီ။

Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ Tablet အားလုံးကို
Official ရဲ့ နောက်ဆုံးဗားရှင်းကို Odin ကိုအသုံးပြု ပြီး
ဗားရှင်းမြှင့်တင်နည်း
=========================
ဒီတစ်ခါကျနော် ပြန်လည်မျှဝေသွားချင်တာလေးကတော့
Odin ဆော့ဝဲကိုအသုံးပြု ပြီး Official ရဲ့ နောက်ဆုံးဗားရှင်းကို
ဖုန်းနဲ့ Tablet တွေမှာ အလွယ်တကူ Upgrade လုပ်နည်းပဲဖြစ်ပါတယ်။

၁။ ပထမဆုံး Samsung Phone Driver ကို အောက်ကလင့်မှာဒေါင်းလော့
 ရယူလိုက်ပါ၊ ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ။

Samsung USB Drivers များကို ဖုန်းအမျိုးအစားအလိုက် စိတ်ကြို က်ရွေးချယ် ဒေါင်းလော့ရယူနိုင်ပါပြီ

၂။ Odin ဆော့ဝဲကို အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ
မိမိဖုန်းအတွက် ကိုက်ညီမှာ Odin ဗားရှင်းကို စိတ်ကြို က်ရွေးပြီးဒေါင်းယူနိုင်ပါတယ်
အကောင်းဆုံးကတော့ နောက်ဆုံးထွက်ထားတဲ့ Odin v3.07 ကိုသာဒေါင်းယူလိုက်ပါ။

ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက် Odin ဗားရှင်းအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်ပါပြီ

၃။ Samsung Firmware များကိုတော့ မိမိဖုန်းရဲ့ မော်ဒယ် အလို Official ဆိုက်မှာ
အကောက်အသစ်တစ်ခုဖွင့်ပြီး စိတ်ကြို က်ဒေါင်းလော့ရယူနိုင်မှာဖြစ်ပါတယ်။
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

www.sammobile.com မှာအကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ယူနိုင်ပါပြီ

သို့မဟုတ် အောက်ကလင့်အတိုင်း Free download ရယူနည်းကို
အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

Samsung latest official firmware တွေကို တနေရာတည်းကနေဒေါင်းလော့ရယူနိုင်ပါပြီ

၂။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
၃။ ဖုန်းကို Download Mode ၀င်ပေးရမှာဖြစ်ပါတယ်။
Volume Down Key, Home Button and Power key ကိုတွဲနှိပ်ထားပါ
အနည်းဆုံး 5 to 8 မိနစ်လောက်တွဲနှိပ်ပေးလိုက်ပါ။ အောက်ကဘယ်က
အခြမ်းပုံအတိုင်း Warning ဆိုပြီး ပေါ်လာတဲ့အခါ ဘယ်ဘက်အခြမ်းမှ ပုံအတိုင်းပြနေပါလိမ့်မယ်။
အသံချဲ့ တဲ့ခလုပ်ကို နှိပ်ပေးလိုက်ပါ၊ အဲဒါဆိုရင်တော့ ဖုန်းကို Download Mode  ၀င်ပြီးပါပြီ။
၎။ ဒေါင်းလော့ရယူထားတဲ့ Odin ကို Zip ဖိုင်နဲ့ဆိုရင်တော့ Extract files
ဖြင့်ဖြေလိုက်ပါ၊ ပြီးရင် ဖွင့်လိုက်ပါ။ ဖုန်းနဲ့ကွန်ပျူ တာကိုချိတ်ဆက်လိုက်ပါ။

ဒီနေရာမှာ နည်းနည်းပြောစရာရှိပါတယ်။ ကျနော် အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ နေရာတွေကို သတိထားစေချင်ပါတယ်။

(က) ဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက်လိုက်တဲ့အခါ အပေါ်ဆုံးက
ID: COM နေရာမှာ အပြာရောင်လေးပြနေရပါမယ်။

(ခ) ဒုတိယအနီရောင်လေးအတန်းမှာ ကျနော် အမှန်ခြစ်ပေးထားတာ
တွေပါလိမ့်မယ်၊တကယ်တော့ Odin ကိုဖွင့်လိုက်တာနဲ့ အဲဒီနှစ်နေရာမှာ
အမှန်ခြစ်က Auto ခြစ်ထားပြီးသားဖြစ်နေတာပါ။ တကယ်လို့အမှန်ခြစ်လေး
ရှိမနေခဲ့ရင်တော့ အမှန်ဖြစ်ပေးထားပေးပါ။

(ဂ) တတိယမြောက် အနီရောင်နဲ့ဝိုင်းပြထားတဲ့
Pit စသည်ဖြင့် သူ့အောက်မှာ လေးခုပါဝင်ပါတယ်။

 (ဃ) ဖုန်းရဲ့အမျိုးအစားအလိုက် ဒီနေရာမှာ အနည်းငယ်ကွဲပြားခြားနားကြပါတယ်၊
မိမိဒေါင်းလော့ရယူလာတဲ့ Firmware ထဲမှာ တကယ်လို့
သင့်ဖုန်းအမျိုးအစားအရ လေးခုလုံး လိုအပ်တယ်ဆိုရင်တော့ Official ရဲ့
Firmware မှာတင် တစ်ခါတည်းတန်းပါလာပြီးသားဖြစ်ပါတယ်။

(င) တစ်ခုချင်းစီကို ထည့်ဖို့ရန်အတွက် Pit ဆိုရင် Pit ဆိုတဲ့စာသားကို
 တစ်ချက်နှိပ်လိုက်ပြီးရင်စောနားက ဒေါင်းလော့ရယူထားတဲ့ Firmware ဖိုင်ထဲက
 Pit နာမည်နဲ့ ပါတဲ့ File ကိုရွေးပေးရမှာဖြစ်သလို တစ်ခြား Bootloader, 
PAD, Phone, CSC စသည်ဖြင့် တစ်ခုချင်းစီကို ရွေးထည့်ပေးရမှာဖြစ်ပါတယ်။

(စ) ID: COM နေရာမှာ အပြာလေးပြထာနဲ့ Message ဆိုနေရာမှာ
စာတန်းအနည်းငယ်ပေါ်လာပါလိမ့်မယ်။ အောက်ကပုံကိုအသေအချာ
ကြည့်ပါ၊ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ Start ဆိုတာကို နှိပ်ပေးလိုက်ပါ။

(ဆ) Start ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့
USB ကြိုးကို လုံးဝမဖြုတ်မိပါစေနဲ့ ဘာမှထပ်လုပ်စရာမလိုတော့ပါ ဒီအတိုင်း
စောင့်ကြည့်နေလိုက်ရုံပါ။
၅။ အချိန်နည်းငယ်ကြာပြီပါမည်။ ID: COM စာတန်းရဲ့အထက်
bottom နေရာမှာ အစိမ်းရောင်အတန်းလေး စတင်ပြေးနေပါလိမ့်မယ်
အဲဒီအရောင်လေး စတင်ပြီဆိုတာနဲ့ မိမိဖုန်းမှာလည်း Firmware ကို
စတင် install လုပ်နေပါပြီ။ အချိန်အနည်းငယ်စောင့်နေလိုက်ပါ။
အစိမ်းရောင်တန်းလေး ပြီးတဲ့သွားတဲ့အထိ သွားမှာဖြစ်ပါတယ်။

၆။ အစိမ်းရောင်အတန်းလေး ပြည့်ပြီးတာနဲ့ အောက်ကုံအတိုင်း
Odin မှာ Pass ဆိုပြီး ပြနေပါလိမ့်မယ်။ Message နေရာမှာလည်း Success ဆိုပြီး
စာသားတွေပြနေပါလိမ့်မယ်။ ဖုန်းမှာလည်း Firmware ကို install လုပ်ပြီးလို့
Reboot ကျသွားပါလိမ့်မယ်။ ဖုန်း ပါဝါပွင့်ပြီးတက်လာတဲ့အခါမှ Odin မှ Exit ဆိုတာကို
နှိပ်လိုက်ပြီး ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကို အားရပါးရသာ
ဖြု တ်လိုက်ပါတော့ဗျာ...

အထက်ပါ Odin ကိုအသုံးပြု ပြီး Firmware တင်နည်းသည်
စိတ်ချရပါသည်။ လေ့လာခါစညီအကိုတွေကို ကျနော်အထူးမှာချင်တာကတော့
ဒီလိုမျိုးစတင်ကလစ်တာကို စတင်တောမယ်ဆိုရင် ကြောက်ကြောက်နဲ့
မလုပ်စေချင်ပါ၊ တကယ်တော့အချက်ကြီးမဟုတ်ပါ၊ လုပ်ပါပေါင်းများလာရင်
အဆင်ပြေလာပါလိမ့်မယ်။ ဒီနည်းနဲ့ တင်ယူမယ်ဆိုရင်တော့ မိမိဖုန်းကို
Official ကချပေးတဲ့ နောက်ဆုံးဆိုတဲ့ Firmware တွေကို စိတ်ကြိုက်
install လုပ်ယူနိုင်မှာ ဖြစ်ပါကြောင်းခင်ဗျား....

အားလုံးပဲ AOS Device တွင်ပျော်၍ တော်နိုင်ကြပါစေဟု
ဆန္ဒများနဲ့

နည်းပညာချစ်သူ ပရိတ်သတ်ကြီးများအတွက်
ကျနော် ကြိုးစားနေပါဦးမယ်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)