Sunday, August 31, 2014

မရှိမဖြစ် မြန်မာ Android App များ

ကဲ.တောင်းဆိုထားတဲ့ သူငယ်ချင်းများအတွက်ပေါ့နော်။
ဒီ Tools တွေကတော့ Android Device တွေမှာ မြန်မာစာ နဲ့ ကီးဘုတ် မရှိမဖြစ်လိုအပ်နေတဲ့
သူတွေ အတွက် အလွန်အသုံးဝင်ပါတယ်...ဟဲဟဲ...(ပိုက်ပိုက်ကုန်သက်သာတာပေါ့နော်)
အောက်ပါ Link များတွင် Download ဆွဲယူနိုင်ပါတယ်....



 


ပျော်ရွှင်ကြပါစေဗျာ။
http://yekyawtint.blogspot.com/
Reactions:

Internal Memory နဲတဲ့ဖုန်းတွေမှာ Memory မြှင့်နည်း



မိမိဖုန်းက internal memory နဲနဲလေးပါတဲ့ဖုန်းဆို အရမ်းစိတ်ညစ်ရပါတယ်...app နဲနဲလေးထည့်လိုက်တာနဲ့ပဲ
ပြည့်သွားပါတယ်... link2Sd တွေကလည်း အာရုံနောက်ပါတယ် ဟီး

လိုအပ်ချက်:-

1. ဖုန်းက Root လုပ်ထားရပါမယ်
2.Root Explorer လေးလိုပါတယ်..

ပြုလုပ်ပုံအဆင့်ဆင့် :-

1. Root Explorer ကိုဖွင့်လိုက်ပါ။
2.  system/etc folder ဆီသွားပါ..ထိပ်နားလေးက rw(read/write) ကို touch လုပ်ပြီး mount လုပ်ပါ
3.  vold.fstab file လေးကိုရှာပြီး SD card ထဲကို ကော်ပီလုပ်ပါ။
4. ဒီအဆင့်က Text Editor တစ်ခုခုနဲ့လုပ်နိုင်ပါတယ် ကျွန်တော်က pc ပဲအားရလို့ pc နဲ့လုပ်ပါတယ်
5. အောက်ကစာသားလေးတွေကိုရှာပါ။ မျဉ်းတားပြထားပါတယ်
How to Increase Internal Memory of Android How to Increase Internal Memory of Android
6.  sdcard ဆိုတဲ့နေရာကို ext_card လို့ပြင်ရေးပါ ext_card ကိုတော့ sdcard ဆိုပြီး ပြင်ရေးလိုက်ပါ။အောက်ကအတိုင်းပြန်ဖြစ်သွားပါတယ်။.
How to Increase Internal Memory of Android1 How to Increase Internal Memory of Android
7. ပြီးရင် ဖုန်းက  system/etc ကိုပြန်သွားပြီး vold.fstab file ကို  vold.fstab.old  လို့ပြောင်းလိုက်ပါ။
8.စောစော Text တွေ Edit လုပ်ခဲ့တဲ့ vold.fstab file ကို ဒီနေရာမှာ paste လုပ်လိုက်ပါ။ပြီးရင် အဲ့ဖိုဒါပေါ်ကို ခပ်ကြာကြာလေးဖိပြိး “rw_r_ _r_ _”  permission လေးယူပါ။
9. ပြီးရင် ဖုန်းကို Reboot ချလိုက်ပါ။
အကုန်ပြန်ပြောင်းမယ်ဆို အသစ်ထည့်ထားတဲ့vold.fstab file ကိုဖျက်ပြီး နာမည်ပြောင်းထားတဲ့ vold.fstab.old fileကို  vold.fstabလို့ပြောင်းလိုက်ရုံပါပဲ ... Reboot ချပေးလိုက်ပါနော်
ဒါပါပဲ
ကျွန်တော် Huawei Y220t လေးမှာ လက်တွေ့စမ်းသပ်ထားပါတယ်
အမှားပါသွားရင် တောင်းပန်ပါတယ်
Written by HanWaiLinn-www.sayyoethe.blogspot.com
www.facebook.com/hanwailinn.hanwailinn

Android သမားတွေအတွက် လုံခြုံရေး အကြံပေးချက်များ


Security Tips for Android Users

Security Tips for Android Users Security Tips for Android Users

1 ) Avoid public WiFi when possible


Public Wifi တွေဟာလှုံခြုံမှုမရှိဘူးလို့ တစ်ထစ်ချပြောတာတော့မဟုတ်ပါဘူး။ကျွန်တော်ဆီမှာ ခေတ်စားလာတော့မယ့် Onlin Banking စနစ်တွေကိုသုံးတော့မယ်ဆို ဒီလို Public Wifi field တွေမှာ အသုံးပြုတာဟာ အန္တရယ်များပါတယ်။ ဒါကြောင့်မိမိအိမ်က ဖုန်းData plan နဲ့သုံးခြင်းက ပိုစိတ်ချရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  public wifi ဆိုတာ လူပေါင်းများစွာသုံးကြတာဖြစ်လို့ စိတ်ချလို့လုံးဝမရပါ..သာမန် အသုံးပြုတာလောက်က ကိစ္စမရှိပေမယ့် Banking စနစ်တွေသုံးမယ်ဆိုရင်တော့ စိတ်မချရပါ။ ကျွန်တော်လည်း cyber security သမားမဟုတ်ပါ။ဒါပေမယ့် သင့်ရဲ့အရေးကြီးအချက်အလက်တွေ အွန်လိုင်းမှာသုံးရ တော့မယ်ဆိုရင် သင့် password တွေဟာ bank's sever ဆီကို ပို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိ private ပေါ်မှာသာလုပ်ဆောင်ခြင်းက အန္တရယ်ကင်းပါတယ်။

2 ) Disable app downloads from unknown sources


ဒီအချက်ကတော့ ကျွန်တော်တို့နိုင်ငံကလူတွေနဲ့သိပ်မကိုက်ပါဘူး။ အပြင်က app တွေဆိုတာကျွန်တော်တို့အတွက်မဖြစ်မနေသုံးကြရပါတယ်။ ဒါကြောင့် unknonwn sources ကို မအွန်ဘဲမထားနိုင်ပါဘူး။ဒါပေမယ့် ဒီရဲ့အကျိုးဆက်တွေကလည်းရှိနေပါတယ်။ Android market က app တွေဟာ တစ်ချိန်လုံးလုံခြုံရေးမြင့်မားစွာစောင့်ကြည့်နေတာဖြစ်ပြီး user တွေကို အနည်းငယ် အနှောက်အယှက်ဖြစ်စေတာနဲ့ မားကက်မှ လုံးဝဖျက်ထုတ်လိုက်ပါတယ်။ဒီတော့. မားကက်မှ တရားဝင်ဒေါင်းလုပ်ယူတဲ့ app တွေဟာ အန္တရယ်မရှိပါဘူး။ဒီလိုမဟုတ်ဘဲအပြင်ကကောင်တွေယူမယ်ဆိုရင်တော့malware အန္တရယ်တွေရှိလာနိုင်ပါတယ်။app နောက်ကွယ်ကထည့်ပေးလိုက်တဲ့ code အချို့ကနေ user အချက်အလက်တွေကိုရယူသွားတာမျိုးတွေပါ။ ဒီတော့ ခြုံပြောရရင်တော့ မားကက်မှ app များကိုသုံးစွဲခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

3 ) Download an anti-malware app


PC မှာထွက်သမျှ anti malware တိုင်းလိုလို Android version အတွက်ထွက်ရှိကြပါတယ။် ဥပမာ Kaspersky,AVG,Avast and Norton တို့လိုပါ။ ဒါပေမယ့်ဒိကောင်တွေသုံးနေရင်လည်း မိမိဖုန်းRun နဲ့ကိုက်ညီတဲ့ app ကိုရွေးချယ်မှ  အဆင်ပြေတာပါ။ဒါမှမဟုတ်ရင် စက်လေးစေပြန်ပါတယ်။

4 ) Keep all sensitive data behind an extra encryption layer


မိမိအရေးကြီးတဲ့ note တွေကိုဖုန်းမှာထားမယ်ဆိုရင်လည်း encryption လုပ်ထားဖို့ကောင်းပါတယ်။ ဒီလိုလုပ်ပေးနိုင်တဲ့ app တွေအများကြီးပါ။  mSecure oFile Hide Expert တို့လိုမျိုးတွေကိုပြောတာပါ။

5 ) Always Use Chrome browser


Android ဆိုတာ Google ကထုတ်တာပါ။ဒါကြောင့် OS မှာပါလာတဲ့ မူရင်း Browser Chrome ကိုသုံးခြင်းက သင့်ကိုပိုမိုလုံခြုံစေမှာပါ။ မိုဘိုင်းမှာပါတဲ့ chrome က ပိုမို လုံခြုံအောင်ပြုလုပ်ထားတယ်လိုလည်း Google ကဆိုပါတယ်။ ဒါပေမယ့် Google service မပါတဲ့ ဖုန်းတွေမှာတော့ Chrome ကို default ပါမလာပါဘူး

ဒါတွေကတော့ မိမိ android ကို လှုံခြုံစွာ သုံးနိုင်ဖို့အကြံပြုချက်တွေထဲကအချို့ဖြစ်ပါတယ်။ Begineer တွေအတွက် ရည်ရွယ်ထားပါတယ်။
 ဆက်လက်ရေးပါဦးမည်
By Hanwailinn.hanwailinn
Blogging at sayyoethe.blogspot.com
www.facebook.com/hanwailinn.hanwailinn

Saturday, August 30, 2014

★★ Latest Google Play Store 4.8.20 Apk (+Mod)(All Android) ★★



ကျွန်တော့် gmail ထဲကနေပြီး Play Store တင်းပေးဆိုပြီးတောင်းလာတဲ့သူငယ်ချင်းတွေအတွက်ရယ်
ပြီးတော့ android ဖုန်းတွေမှာ Google Play Store မရှိသေးတဲ့ဘော်ဒါတွေအတွက်ရယ်
Latest Google Play Store 4.8.20 Apk (+Mod) လေးကိုတင်ပေးလိုက်ပါယ်နော် ။
ကျွန်တော်တို့ ဖုန်းတွေကိုအသုံးပြုနေတဲ့လူတိုင်းအတွက် Google Play Store ဆိုတာမရှိမဖြစ်
အဓိကနေရာကနေပြီးအရေးပါလှပါတယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ online ထဲကနေပြီး
မိမိကြိုက်နှစ်သက်တဲ့ဂိမ်းတွေ ဖုန်းအတွက် လိုအပ်တဲ့ application လိုသလောက်ရှာနိုင်ဖို့ရယ် နောက်ပြီး
video တွေ သတင်းတွေကအစရယူနိုင်ဖို့အတွက်တွေပါအသုံးဝင်လှပါတယ် ။ ကျွန်တော်တို့ကလဲ
တခုခုလိုရင် Play Store ကိုပဲအားကိုးရတာပါ ဒါကိုလဲဖုန်းသုံးတဲ့လူတွေအကုန်လုံးသိကြမှာပါ
ရှိလဲရှိကြမှာပါ ။ ကျွန်တော်တင်ပေးတယ်ဆိုတာကလဲတောင်းလာတဲ့သူတွေရှိတာရယ်မရှိသေးတဲ့သူတွေ
အတွက်ရယ်ရွယ်ပြီးတင်ပေးတာဖြစ်ပြီး version လေးကလဲ  4.8.20 ဖြစ်နေတာရယ်ကြောင့်တင်ပေးလိုက်
ရတာပါ ။ဖိုင်ဆိုဒ်က 6mb လေးပဲရှိပြီး android ဖုန်းအားလုံးမှာအသုံးပြုနိုင်ပါတယ် ။






ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 


Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။




★★နည်းပညာမြို့တော်★★

★★ Folder Lock Version : 1.0.9 (All Android) ★★

★★ Folder Lock Version : 1.0.9 (All Android) ★★



android ဖုန်းတွေမှာ floder တွေကို lock ချပေးမဲ့ Folder Lock Version : 1.0.9 apk လေးပါဗျာ ။
ကျွန်တော်တို့ဖုန်းကိုတော့လူတိုင်းသုံးကြပါတယ် ဒီအထဲက ကိုယ့်ဖုန်းထဲကတချို့အရာတွေသူများကိုပေး
မသိစေချင်ဘူးဗျာ ဥပမာအရေးကြီးတဲ့အရာတွေပေါ့ တချို့လူတွေရဲ့ဖုန်းနံပါတ်တွေ online ထဲမှာမိမိအသုံး
ပြုနေတဲ့ Browser တွေ video တွေ သီချင်းတွေနဲ့ အခြားသော pdf ဖိုင်တွေ နဲ့အရေးကြီးမှတ်ထားတဲ့
မိမိသူငယ်ချင်းတွေရဲ့လိပ်စာတွေနောက်လဲအများကြီးကျန်ပါသေးတယ် ပြောရင်ပြောမကုန်ပါဘူး
သူများကတောင်းလာလို့မပြဘူးကွာဆိုလဲမကောင်းဘူးလေ ဒါကြောင့်အဲဒီအထက်အခဲတွေကိုဒီကောင်
လေးနဲ့ဖြေရှင်းပေးနိုင်ပါတယ် ။ ဒီကောင်လေးကတော့ မိမိပိတ်လိုတဲ့ folder လေးတွေကို password
လေးခံပြီးပိတ်ထားလို့ရပါတယ် အော်.....ကိုယ်ပိတ်တဲ့ password ပါတ်တွေတော့မမေ့စေနဲ့ပေါ့
တော်ကြာသူများကိုမကြည့်စေချင်လို့ပိတ်လိုက်ပါတယ် ကိုယ်လဲကြည့်မရပဲဖြစ်နေမှာကြောင်လို့ေိေိ
အားလုံးပဲအဆင်ပြေပါစေဗျာ ။ ဖိုင်ဆိုဒ်က 4mb ပဲရှိပြီး Android : 2.2 ကစလို့အထက်ဖုန်းတွေမှာ
အသုံးပြုနိုင်ပါယ်ခင်ဗျာ့ ။











★★နည်းပညာမြို့တော်★★
 

ဖုန်းထဲမှာဒီဆော့ဝဲထည့်ထား အင်တာနက်လိုင်းအားမြင့်လာမယ် - Root Firewall Pro APK ( For Rooted Androids )

 အခု Post လေးကတော့ ကျွန်တော့် ဆရာယောက်မခ အိုင်တီမုဆိုး ရဲ့ Post ဖြစ်ပါတယ်။ အတော်လေးကို လန်းလို့ ကျွန်တော့်ဆိုဒ်မှာ ယောက်ခမ ရဲ့ Post ကို ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ဗျာ။
ကျွန်တော်တို့ရဲ့ ဖုန်းတွေထဲမှာကျွန်တော်တို့ရဲ့ အင်တာနက်လိုင်းကိုအမြဲတစေ ယူသုံးနေတဲ့ Application တွေရှိနေတာကို ဖုန်းသုံးနေတဲ့ သူငယ်ချင်း အားလုံးနီးပါး သိကြမှာပါ ကိုယ့်အတွက်အသုံးဝင်လို့
အင်တာနက်ချိတ်ဆက်ပြီး အသုံးပြုတာက ဘာမှမဖြစ်ပေမယ့် ဖုန်းမှာ Original ပါဝင်ပြီး ကျွန်တော်တို့အတွက် လည်း အမှန်တကယ် အသုံးမ၀င်ပဲ အင်တာနက်ကို ချိတ်ဆက် အသုံးပြုနေတဲ့ Application တွေကတော့ ကျွန်တော်တို့ရဲ့ မစို့မပို့ ကွန်နက်ရှင်အတွက် တကယ်ကို အနှောက်အယှက်ပါပဲ ...


အဲဒီတော့ ကျွန်တော်တို့ရဲ့ ဖုန်းထဲက Application တွေကို ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ
အင်တာနက် အသုံးပြုခိုင်းစေနိုင်မယ့် Application လေးတစ်ခုကို မျှဝေပေးချင်ပါတယ်

Application ရဲ့ နံမည်ကတော့ Root Firewall  ဖြစ်ပါတယ် ...
Free Version မှာတော့ Application အကန့်အသတ်နဲ့သာ သုံးခွင့်ရှိတဲ့အပြင် အချိန်အကန့်အသတ်လည်း
ရှိနေပါတယ် ..

အခု ကျွန်တော်တင်ပေးထားတဲ့ Root Firewall ကတော့ Pro Version ဖြစ်တာကြောင့်
ကိုယ်ထိန်းချုပ်ချင်သလောက် Application တွေကို အချိန်အကန့်အသတ်မရှိ ထိန်းချုပ်ထားနိုင်ပါတယ်

ပိုက်ပိုက်ပေးပြီးဝယ်မှ ရတဲ့ Version မို့ ကျွန်တော့်သူငယ်ချင်းတွေကို Free မျှဝေပေးလိုက်ပါတယ် :D

ဒါပေမယ့် ဒီ Application လေးကို Root ဖောက်ထားတဲ့ Android ဖုန်းတွေမှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများအောက်မှာ ဒေါင်းယူနိုင်ပါတယ်

ဒေါင်းလို့ ရလာတဲ့ Apk ဖိုင်ကို ဖုန်းထဲမှာ Install လုပ်လိုက်ပါ
Install လုပ်ပြီးလို့ Application ကို ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်






ပွင့်လာတဲ့ထဲက အင်တာနက်အသုံးပြုမှုကို ပိတ်ထားချင်တဲ့ Application တွေကို အမှန်ခြစ်တပ်ပေးပြီး
အောက်ဆုံးက Apply Now ကို နှိပ်ပေးလိုက်ပါ





ဒါဆိုရင် အဲဒီ Application ဟာ ဒီထိန်းချုပ်မှုကို မဖယ်ပေးမချင်း အင်တာနက် အသုံးပြုနိုင်ခွင့် မရရှိတော့ပါဘူး

တစ်နည်းအားဖြင့်ပြောရရင် ကျွန်တော်တို့အတွက် အင်တာနက်လိုင်းအားကို ပိုမိုအသုံးပြုခွင့် ရရှိလာပါမယ်

ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

Credit to ==> အိုင်တီမုဆိုး
ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Mobile ဖုန်း Hardware ပိုင်းလေ့လာနေသူတွေအတွက် ElectroDroid Pro v3.6.apk

ဒီတစ်ခါတော့ဖုန်း hardwareပိုင်းကိုလေ့လာနေကြသူများနဲ့  ဖုန်း Hardwareပိုင်းserviceသမားတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ apkလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဒိကောင်လေးကတော့ Resistor Ratio တွေ Resistor color code တန်ဖိုး.အပြင်တစ်ခြားသော တွက်ချက်မှုတွေကို အလွယ်တစ်ကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Calculator အပိုင်းမှာတော့Resistor color code decoder;SMD Resistor Code;• Inductor color code decoder; Ohm’s law calculator; Reactance/Resonance calculator; Voltage divider စတာတွေအပြင်တစ်ခြားသော တွက်ချက်မှုပေါင်းများစွာကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်Pin out အပိုင်းမှာလဲ USB, Serial, Parallel, Ethernet, RJ, SCART, DVI, HDMI, S-Video, VGA, VESA, Display Port, FireWire, Apple 30-pin စတာတွေအပြင် တစ်ခြားသောcableတွေ connector တွေ ကိုစုံစုံလင်လင်လေ့လာရမှာဖြစ်ပါတယ်။တစ်ခြားfeatureတွေလည်းစုံစုံလင်လင်ပါဝင်လို့
အားလုံးပဲသဘောကျမှာသေချာပါတယ်..ကိုယ့်သူငယ်ချင်းတွေထဲမှာလည်း..hardwareပိုင်း
လေ့လာနေသူများရှိရင် Shareပေးလိုက်ကြပါ.ခင်ဗျာ။



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 





**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Friday, August 29, 2014

★★ PrinterShare Mobile Print Premium v9.5.1 Apk (All Android) ★★





မိမိရဲ့ android ဖုန်းကနေပြီး ဓာတ်ပုံတွေ pdf ဖိုင်တွေကို Printer နဲ့တွဲပြီးထုတ်ပေးနိုင်တဲ့ PrinterShare Mobile Print Premium v9.5.1 Apk လေးလာပါပြီဗျာ ။ ဒီကောင်လေးကတော့မိမိဖုန်းထဲကရှိသမျဓာတ်ပုံ
တွေ online ထဲကနေပြီး download ဆွဲယူထားတဲ့နည်းပညာလေးတွေရေးထားတဲ့ pdf ဖိုင်လေးတွေ
မိမိဖုန်းထဲမှာပဲမိမိကိုယ်တိုင်ရေးပြီးစုထားတတ်တဲ့မှတ်စုလေးတွေကို  Printer နဲ့အပြင်ကိုထုတ်ချင်တဲ့
ဘော်ဒါတွေအတွက် အရမ်းကောင်းပြီးဆောင်ထားသင့်တဲ့ apk လေးပါပဲဗျာ Printer နဲ့တွဲလို့ရတဲ့
WiFi,နဲ့ပဲဖြစ်ဖြစ် Bluetooth, USB တို့နဲ့ပဲဖြစ်ဖြစ်အကုန်လုံးအသုံးဝင်ပါတယ်ခင်ဗျာ့ ဖိုင်ဆိုဒ်က 2mb
ပဲရှိပြီး Android: 1.5 နှင့်အထက်ဖုန်းတွေမှာအသုံးပြုနိုင်ကြပါတယ်ခင်ဗျာ့။






Print directly from your Android device via WiFi, Bluetooth, USB or Internet! Now you can instantly print PDF files, office documents (Word, Excel, PowerPoint), bills, invoices and more to a printer right next to you or across the world.

Print photos and images (JPG, PNG, GIF), emails and attachments (PDF, DOC, XSL, PPT, TXT), contacts, agenda, sms/mms, call log, web pages (HTML) and other digital content from device memory, cloud storage providers such as Google Drive, One Drive, Box, Dropbox and other applications via Share action.

PrinterShare also provides native printing support on Android 4.4 (KitKat) devices.

Key Features:
• Print a test page to ensure compatibility;
• Print via Google Cloud Print (including save as PDF);
• Print 20 pages in Remote mode over the Internet.



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
 


Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။




★★နည်းပညာမြို့တော်★★

မိမိဖုန်းထဲမှာ ရာသီဥတုကို အလန်းလေးကြည့် မယ် Weather Services PRO v2.4pro APK


Phone Screen ပေါ်မှာ Weather Widget လေးတွေထားချင်သူများအတွက် Weather Services PRO နောက်ဆုံး ထွက် Version လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ သူ့ရဲ့ Weather Widget လေးတွေကလည်း တကယ်လန်း ပါတယ်ဗျာ။ နမူနာကြည့်နိုင်အောင် Screen
Shot တွေကိုအောက်မှာ ပြပေးထားပါတယ်။ Android OS 1.6 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
 
 
 
 
 

Download ►: ►''Link ''
     
  www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

သာယာလှပသောညချမ်းလေးမှာ ငှက်တွေပျံသန်းပြိးလုပ်ပေးမယ် Sunset Hill Pro Live Wallpaper v1.0.1 APK


Android phone/Tablet ကိုင်ဆောင်သူများအတွက်တော်တော် live Wallpaperလေးကိုကျနော်တင်းပေး
လိုက်ပါတယ်ဗျာ။ ကျနော်ပြောစရာမလိုတော့ဘူးလိုထင်ပါတယ်ပါတယ်ဗျာ။ ခေါင်းစဉ်လေးဖတ်ကြည့်လိုက်
ရုံသတ်သတ်နှင့်သိလောက်ပါတယ်။ ဒါပဲမဲ့နည်းနည်း တော့ကဗျာဖွဲ့လိုက်အုံးမယ့်နော်..ခိခိ..ခိ.ဟေ. ဟိ။
ညနေချိန်မှာကဗျာဆန်ဆန်လေး ငှက်ငှက်တွေပျံသန်းနေတယ်အချိန်မှာ နေရောက်းခြည်ကလည်း အချစ်တွေကို၏ နှလုံးသားတွေထိခိုက်သွားစေ ခံစားချင်းတယ်သူအတွက်အတွက်တော့ဗျာ ဒီlive Wallpaperက
အရမ်းမိုက်တယ်ဗျာ။အသုံးပြုပုံစံလေး= Home -> Press Menu -> Select Wallpapers -> Select Live Wallpapers -> Select Sunset Hill (Pro) from the list ဖြစ်ပါတယ်။ ဒီlive Wallpapersလေးကိုတော့
Android O/S  2.2 အထက်ကိုသုံးနိုင်ပါတယ်ဗျာ။

Sunset Hill Pro Live Wallpaper - screenshot
Sunset Hill Pro Live Wallpaper - screenshot

♪ ဖုန်းခေါ်ဆိုရာမှာ ရောင်စုံမြန်မာ ဂဏန်းလေးတွေနဲ့အရမ်းဆန်းတဲ့ (မြန်မာစတိုင်ကီးပတ်လေးပါ) ♫

Friday, August 29, 2014  Pyae Phyo (MMiTD) 

ဒီနေ့ကတော့ ဆော့ဝဲလေးတစ်ခုလုပ်ဖြစ်လို့တင်ပေးလိုက့်တယ်နော်..

 ရောင်စုံခေါ်လို့အမည်ပေးထားပါတယ်..အထည်းမှာမြန်မာစတိုင်လေးတွေနဲ့လုပ်ထားပါတယ်..

                       သူငယ်ချင်းတွေအတွက် အဆင်ပြေပါစေဆုတောင်းပါတယ်..

ဒီဆော့ဝဲလေးကိုလုပ်ရင်းနဲ့ညကမိုးတောင်လင်းသွားပါတယ်..တစ်နာရီလောက်ပဲအိပ့်ပီးတော့

အလုပ်ကိုတန်းပြေးရတော့တာပဲ..ခ်ခ်...ကျနော်အဖြစ်ကအဲလိုပဲ ဆော့ဝဲတစ်ခုကိုကလိ့လိုရပီဆိုရင်

သူငယ်ချင်းတွေဆီကိုပဲ ပြန်မျှပေးဖို့စဉ်းစားနေတဲ့သူပါ..အဲဒါကြောင့်ကျနော်လုပ်ပေးထားတဲ့

         ဆော့ဝဲလေးကိုဖုန်းမှာထည်းပီးအသုံးပြုဖြစ်တယ်ဆိုရင်ပဲ ကျနော်ကျေနပ့်လှပါပီ..

        ကျနော်လှလှလေးလုပ်ထားပါတယ်..ပုံမှာမြင်ရတဲ့အတိုင်းပေါ့...အောက်မှာဒေါင်းယူပါ..

       ကြော်ညာလင့်လေးတွေထည်းထားတဲ့အတွက်အရင်ကလို မဟုတ်ပဲအခက်အခဲ့ဖြစ်ခဲ့ရင်

           ခွင့်လွှတ်ပေးပါနော်...ကလစ်ရမဲ့လင့်ကိုကျနော်မြန်မာလိုရေးပေးထားပါတယ်..

Credit to ==> http://www.shwemoenyo.com



    

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

♪ Eng Ring Tone အသစ် 100 ကျော် - English Ring Tone Selection Part-2 ♫

Saturday, August 30, 2014  Pyae Phyo (MMiTD)

http://daifirsspit.nm.ru/images/5.jpg
English Ring Tone ပေါင်း 100ကျော်ကိုနောက်ထပ် စုစည်းပြီးတင်ပေးလိုက်ပါတယ်ဗျာ။ June လတုန်း ကလည်း Part-1 ကိုတင်ပေးခဲ့ပြီးပါပြီ။ လူကြိုက်များပြီး Popular Post နေရာမှာ ထိပ်ဆုံးကရပ်တည်နိုင် ခဲ့ပါတယ်။ အခုလည်း Part-2 အနေနဲ့ နောက်ထပ် Ring Tone ပေါင်း 100 ကျော်ကိုထပ်တင်ပေး လိုက်ပါ တယ်ဗျာ။ အခု Ring Tone 100 ကျော်အားလုံးကလည်း လုံးဝ အသစ်တွေချည်းပါဘဲ။ ကိုယ်တိုင်ရှာဖွေ စုဆောင်း ထားတာဖြစ်လို့ တော်တော်များများဆီမှာ မရှိသေးဘူး ဆိုတာ အာမခံ ပါတယ်ဗျာ။ Melody , Music အမျိုး အစားပေါင်းစုံလင်စွာပါဝင်ပါတယ်။ နောက်ထပ် Part 3 ကိုလည်း မကြာမှီ တင်ပေးသွားမှာပါ။ Connection မကောင်းလို့ အပိုင်းတွေခွဲပြီးတင်ပေးနေရတာကို နားလည်ပေးစေချင်ပါ တယ်ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Thursday, August 28, 2014

✏Samsung ၊ Iphone ၊ Sony ၊ HTC ဖုန်းကို အစစ်လားအတုလားစစ်ဆေးနည်း✏



image
-ခုနောက်ပိုင်း Samsung ၊ Iphone ၊ Sony ၊ HTC တဲ့နာမည် ကြီး Brand တွေကိုပုံစံတူခိုးပြီးရောင်းတာတွေ များလာပါတယ်။
အဲ့အတွက်ပုံမှန်ဆိုင်​တွေက​တော့အတု(clone )ဟုပြော ရောင်းသလို​ရောချတဲ့ဆိုင်တွေလဲရှိပါတယ်။အဲ့အတွက် စစ်ဆေးနည်းကိုဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။ မိမိသိပြီဆိုရင် မိမိတို့ရဲ့ သယ်ချင်းတွေပါတွေ့မြင် သိရှိရအောင်ကူညီမျှဝေပေးခဲ့ပါနော်။
အရင်တုန်းကပုံစံတူတွေထုတ်ပေမယ့် Java ဖြစ်တဲ့အတွက် ခွဲခြားရလွယ်သလိုပုံစံမှာလဲကွာခြားမှုရှိပါတယ်။ခုနောက်ပိုင်း တွင် Clone Android တွေထွက်လာတော့ Brand က လဲ Android ဆို တော့ အတွင်း ပိုင်း ကို ခွဲ ခြား မရ အောင်တူ လာပါတယ် ။အပြင် ပိုင်း အရလဲ တော်တော် လေး တူလာပါတယ် ။ ပုံ မှန် ဖုန်း Service သမား အနေ နဲ့ သိ နိုင်သော် လဲ အပြင် လူ အနေ နဲ့ သို့ လော သို့ လော ဖြစ် စေ ပါတယ်။
အဓိက ကတော့ နိုင်ငံ ခြား မှာ ရောက်နေ တဲ့ မြန်မာ တွေ အတွက်ပါ ။အဲ့ မှာ ဆိုင် တွေ က ဘယ် နှစ် နှစ် အာမခံ ၊ ဗီယက် နမ် ထုတ် အစစ် စ သဖြင့် လိမ် ရောင်း တာ ကို လက်တွေ့ ခံ ရတဲ့ သူတွေ ကို လဲ တွေ့ ဖူးပါတယ် ။
ခုစစ်ဆေး နည်း ၃ နည်းပြော ပြ ပါမယ် ..
၁။ အမြင် အား ဖြင့် ဆုံး ဖြတ်ခြင်း
ကျန်တာ တွေ ဘယ်လောက်တူတူ ရုပ်ထွက် က တော့ အရောင် က ပုံမှန် ထက် လျော့ ပါတယ် ။
၂။ ကုဒ် နံပတ် များ သုံး စစ်ဆေး ခြင်း
Samsung တွင်သာ
*#1234#
*#0*#
*#1111#
၃။ IMEI ဖြင့် စစ် ဆေးခြင်း ( All Brand )
*#06# ကို နိုပ်ပြီး ဖြစ် စေ ၊ နောက်ဖက် ကျော ဘက် ဓာတ်ခဲ ဖယ်လိုက် ရင် လဲ ကပ် ထား တဲ့ စာထဲ မှာ IMEI ရှိပါတယ် ။
15 လုံးရှိပါတယ် ။အဲ့ နံပတ် ကို မှတ် ပြီး
Android ဖုန်း မှာ စစ်ဆေး နိုင်ရန် IMEI check by MH Application ကို အသုံးပြု ပြီး ဖြစ်စေ
အောက်က လင့် တွင် ကွန်ပြူတာနှင့် ဖြစ် စေ စစ်ဆေး နိုင်ပါတယ် ။
စစ်ဆေးပုံက Enter IMEI number below အောက် က အကွက် ထဲ တွင် မိမိ ဖုန်း ရဲ့ IMEI နံပတ် ကို ရိုက် ထည့် ပြီး analyse ကို နှိပ် လိုက်ပါ ။ ဒါဆိုရင် အောက်ပါ ပုံလေးအတိုင်း တွေ့မြင်နိုင်ပါပြီ။ အဆင်ပြေ ကြပါစေ...
IMEI check by MH For Android ဆော့ဝဲဒေါင်းယူရန်

http://www.mediafire.com/?hd7ktoj1vbl7m24

PC အတွက်​​ဒေါင်းရန်

http://www.numberingplans.com/?page=analysis&sub=imeinr
credit >>Mobile House

မီးလောင်မှု ဖြစ်ပွားနိုင်သည့် laptop ပါဝါကြိုး ၆ သန်းကျော်ကို HP ပြန်လည်သိမ်းဆည်း



အပူလွန်ကဲမှု ဖြစ်ပွားပြီး မီးလောင်နိုင်သောကြောင့် Compaq notebook များ၊ အသေးစား notebook ကွန်ပျူတာများနှင့် docking station များကဲ့သို့ AC adapter ဆက်စပ်ပစ္စည်းများနှင့် ချိတ်ဆက် အသုံးပြုနိုင်သော ပါဝါကြိုး ၆ သန်းကျော်ကို ကမ္ဘာတစ်ဝန်းမှ ပြန်လည်သိမ်းဆည်းသွားမည်ဟု Hewlett-Packard မှ ကြေညာခဲ့သည်။


အဆိုပါ ပါဝါကြိုးကို LS-15 ဟုခေးဆိုပြီး ၎င်းသည် အနက်ရောင်ဖြစ်ကာ AC adapter ၏ အဆုံးတွင် LS-15 ဟု တံဆိပ် ရိုက်နှိပ်ထားသည်။ ၎င်း ပါဝါကြိုးများသည် ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၂ ခုနှစ် ဇွန်လအထိ ထုတ်လုပ်ခဲ့သော HP laptop များနှင့် ဆက်စပ်ပစ္စည်းများတွင် ပါဝင်သည်။


“ံHP က အပူလွန်ကဲမှုကြောင့် အရည်ပျော်ပြီး အသေးစား မီးလောင်မှုဖြစ်ပွားတဲ့ တိုင်ကြားချက် ၂၉ ခုနဲ့ အသေးစား ပျက်စီးဆုံးရှုံးမှု ဖြစ်ပွးတဲ့ တိုင်ကြားချက် ၁၃ ခုကို လက်ခံရရှိခဲ့ပါတယ်” ဟု HP ကုမ္ပဏီမှ ထုတ်ပြန်ပြောကြားခဲ့သည်။


ယခုကဲ့သို့ HP က ပါဝါကြိုးများ ပြန်လည် သိမ်းဆည်းခြင်းသည် ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ ၂၀၁၃ ခုနှစ်ကလည်း HP Chromebook 11 ၏ ပါဝါကြိုးသည် အပူလွန်ကဲမှု ဖြစ်ပွားသောကြောင့် ဆိုင်များမှ ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း Google နှင့် HP တို့မှ ဝန်ခံပြောကြားခဲ့သည်။ ထို့အပြင် အပူလွန်ကဲမှုကြောင့် ဒဏ်ရာရရှိပြီး ပစ္စည်းဥစ္စာ ဆုံးရှုံးခဲ့ရပြီးနောက် HP notebook ဘက်ထရီများကိုလည်း ပြန်လည် သိမ်းဆည်းခဲ့ရသည်။


HP ကုမ္ပဏီကမူ LS-15 ပါဝါကြိုး သုံးစွဲသူများ အနေဖြင့် ၎င်းတို့ကို သုံးစွဲနေမှုအား ချက်ချင်းရပ်ဆိုင်းပြီး ကုမ္ပဏီနှင့် ဆက်သွယ်ကာ အခမဲ့ လဲလှယ်သင့်ကြာင်း အကြံပြုထားသည်။

Ref: CNET
 Internet Journal

♪ ဖုန်းထဲမှာ MP3 အဖြစ် Convert လုပ်ပေးမယ့် - Vid2mp3 – Video Mp3 Converter v3.4 Apk ♫


Cover art
Video သီချင်းများကို Audio MP3 အဖြစ် Convert လုပ်ပေးနိုင်မယ့် Application လေးတစ်ခုတင်ပေး လိုက်ပါတယ်ဗျာ။ အခုနောက်ပိုင်းမှာ ဖုန်းထဲမှာတင် Convert လုပ်ဖို့ App တွေတင်တာနည်းလာလို့ လိုအပ်တဲ့ ဘော်ဒါများအသုံးပြုနိုင်အောင်တင်ပေးလိုက်တာပါ။ Convert လုပ်နေးနိုင်တဲ့ Quality ကလည်း အသံထွက်မှာ မူရင်အတိုင်းမပျက်ဘဲ ရှိနေစေမှာပါ။ အသုံးပြုရတာလွယ်ကူတဲ့အတွက် မရှင်းပြတော့ပါဘူး ဗျာ။ အသေးစိတ်ကို အောက်မှာရှင်းပြထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်ဗျာ။

Vid2mp3 - Video Mp3 Converter - screenshot     Vid2mp3 - Video Mp3 Converter - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

♪ ရေးကြီးတဲ့ အလုပ်ကိစ္စတွေကိုမှတ်သားပေးမယ့် - Business Calendar Pro v1.4.7.3 Apk ♫


Cover art
အခုကျွန်တော်တင်ပေးလိုက်တဲ့ Application လေးကတော့ မိမိရဲ့ တစ်နေ့စာ တစ်ပတ်စာ တစ်လစာ လုပ်ဆောင်ရမယ့် အလုပ်ကိစ္စတွေ ၊ ချိန်းထားတဲ့ နေ့တွေ အချိန်တွေ ၊ စတာတွေကို မှတ်တမ်းလေးတစ်ခု လုပ်ပြီးမှတ်နိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ Calender မှာ မိမိအရေးတကြီး လုပ်စရာရှိ တဲ့နေ့တွေကို ရွေးပြီး အရောင်နဲ့အမှတ်အသားလုပ်နိုင်ပါတယ်။ တစ်ရက်ချင်းစီကိုလည်း အကြောင်းအရာ များရေးပြီး အသေးစိတ်မှတ်သားထားနိုင်ပါတယ်။ သတိမေ့တက်သူများနဲ့ လုပ်ငန်းကြီးလုပ်နေသူများ အတွက် ပိုပြီးသင့်တော်ပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ Screen Shot တွေ စာတွေနဲ့ ရှင်းပြ ထားပါတယ်ဗျာ။ Android OS 2.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။




Business Calendar Pro - screenshot      Business Calendar Pro - screenshot

Business Calendar Pro - screenshot      Business Calendar Pro - screenshot

Business Calendar Pro - screenshot     Business Calendar Pro - screenshot

Business Calendar Pro - screenshot      Business Calendar Pro - screenshot


Business Calendar Pro - screenshot     


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။