Sunday, February 9, 2014

တို့ ရွာသမိုင်း

Shwe Eaim Si
တို့ ရွာသမိုင်း
သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။
ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။
သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။
သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။
တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။
 
 
       -မင်းသုဝဏ်
 
 
 

Friday, February 7, 2014

SRS One Click Root Tools For Android (7.41MB)

                                                               



ကဲဒါကတော့ Android ဖုန်းလေးကို Root ဖောက်ချင်တဲ့သူတွေ အတွက်ပါ Root Tool လေး နောက်ဆုံးထွက် Update တစ်ခုတင်ပေးလိုက်ပါတယ် တစ်ခုပြောချင်တာကတော့ဒီ Root Tool လေးကိုသုံးမယ်ဆိုရင် Internet ချိတ်ဆက်ထားဖို့တော့လိုပါတယ်နော်... Huawei , Sony Xperia ,Samsung , HTC , ZTE စတဲ့ စတဲ့ဖုန်းအမြောက်အများကို Online Access ကနေ Root ပေးမှာပါ...

ROOT လုပ်ဖို့အပြင် Feature အသစ်တွေပါလာပါတယ်ဘာလဲဆိုတော့ ADB Toolbox တွေအပိုပါလာပါတယ် ဘယ်လိုလဲဆိုတော့ အပေါ်ကပုံကို အသေချာကြည့်လိုက်ပါ တကယ်တမ်းဝင်လေ့လာလိုက်မှပဲ အသုံးဝင်တဲ့အရာတွေ အများကြီးတွေ့ရပါတယ် …. Pattern LOCK,PIN LOCK,PASSWORD စတာတွေကိုဖြုတ်နိုင်ပါတယ်….တခုရှိတာကတော့ USB Debug ON ထားဖို့နဲ့ Root Access ရှိနေဖို့ပါပဲ…တကယ်အသုံးဝင်ပါတယ်နောက်တခုက Pattern LOCK မှာဆို Patternကိုဖြုတ်ရုံတင်မဟုတ်ပါဘူး…Pattern ကိုဘယ်လိုပုံစံပေးထားလဲကြည့်လို့ပါရတယ်ဗျ….အဲလောက်နဲ့ကိုကျေနပ်စရာဖြစ်နေပါပြီ Pattern ဖြုတ်မယ်ဆိုရင် Reset Gesture lock PIN,Password ဖြုတ်မယ်ဆိုရင် Reset user lock ခလုတ်ပါ…Complete ပြရင်တော့ဆွဲချင်တာဆွဲထည့်ချင်တာထည့်ဒါဆိုပြုတ်ပါပြီ ရှိပါသေးတယ်..နောက်ထပ်Gmail အကောင့်ဖျတ်တာ [Reset Gmail] ရယ်….Wipe Data [Factory Reset] ရယ်လဲရပါသေးတယ်….နောက်နှစ်ခုကတော့ Reboot ရယ် Reboot recovery ပါပါသေးတယ် လိုချင်တဲ့သူတွေ အောက်မှာဒေါင်းယူလိုက်ပါ
ဒီမှာယူပါ==>>Zippyshare Download
                


               ဒီကယူလာတာပါ