Sunday, June 30, 2013

ရန်ကုန်မြို့ရှိ လက်ဖက် ရည်ဆိုင် များ၌ WiFi အခမဲ့ စနစ်ခေတ်စားလာ

Photo: ရန်ကုန်မြို့ရှိ လက်ဖက် ရည်ဆိုင် များ၌ WiFi အခမဲ့ စနစ်ခေတ်စားလာ
Monday, 01 July 2013

ရန်ကုန်မြို့ရှိလက်ဖက်ရည် ဆိုင်များတွင် WiFi အခမဲ့ အသုံး ပြုနိုင်သည့် ဓလေ့မှာ စတင်ခေတ်စား လာကြောင်းသိရှိရသည်။ ယခင်ကရန်ကုန်မြို့တွင် Supermarket နှင့် အဆင့်မြင့် Coffee Shop များတွင်သာ WiFi အခမဲ့ စနစ်ကို အသုံးပြုခဲ့သည်။ ယခု အချိန်တွင်တည်း ခိုခန်းများ ၊ လက်ဖက်ရည်
ဆိုင်များ၊ Coffee Shop တိုင်းနီးပါး WiFi အခမဲ့အသုံးပြုနိုင်သည့် စနစ်အား တွင် ကျယ်စွာအသုံးပြုလာကြပြီဖြစ်သည်။ ထိုသို့ WiFi အခမဲ့အသုံးပြုနိုင် သည့်စနစ်ထွန်းကားလာခြင်းမှာ လူကြီး၊ လူငယ်၊ လူလတ်ပိုင်းအ ကုန်လုံး သည်ယနေ့ခေတ်တွင် Smart Phone များအသုံးပြုများ လာကြခြင်းကြောင့် WiFi စနစ်နှင့် Internet ကိုလွယ်လင့်တကူအသုံးပြုနိုင်ခြင်းကို စိတ်ဝင်စား
သည့် အတွက်ကြောင့်ဖြစ်သည်။

ထိုကဲ့သို့ WiFi အသုံးပြုခြင်း နှင့်ပတ်သက်၍ မဟာရန်ကုန်၏ တာဝန်ရှိသူ
တစ်ဦးမှ "အခုခေတ်မှာလက်ဖက်ရည်ဆိုင်လူစီချင်ရင် ဘောလုံးပွဲပြ၊ သီချင်းဖွင့်၊ ရုပ်ရှင်ပြဆိုတာထက်ပိုပြီးစားသုံးသူတွေ ကိုဆွဲဆောင်နိုင်တဲ့
အချက်က တော့ Free WiFi ဆိုပြီးဆိုင်းဘုတ် ချိတ်နိုင်ဖို့ပါပဲ။ အဲ့ဒါဆို Internet အလကားအသုံးပြုရတယ်ဆိုပြီး လူကြီးလူငယ်တွေ အကုန်လုံးလာ ကြပါတယ်။ ကြာကြာလည်းထိုင်ကြပါတယ်။ လာသုံးတဲ့သူတွေကလည်း
ဖုန်းကိုအသုံးပြုပြီးလာသုံး တဲ့လူတွေများပါတယ်။ အခုလိုမို ဘိုင်းဖုန်းတွေ
ခေတ်စား လာတဲ့လမ်းကြောင်းပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုအပ်သလိုမိ မိတို့ ဆိုင်ရောင်းကောင်းအောင်ပြု လုပ်ကြပါတယ်" ဟု
ပြောကြားခဲ့သည်။

ယခုလို WiFi အခမဲ့အသုံးပြု နိုင်တဲ့နေရာတွေတစ်ဖြည်းဖြည်းများလာ တာကြောင့်နိုင်ငံခြားခရီး သွားဧည်သည့်များကိုလည်းပိုမို ဆွဲဆောင်နိုင်
ကြောင်း သိရှိရသည်။ ထိုကဲ့သို့ WiFi အခမဲ့ အသုံး ပြုနိုင်နေတာကြောင့်
ရန်ကုန်မြို့ ၏နေရာတော်တော်များများတွင် WiFi အခမဲ့အသုံးပြုနိုင်နေ
ကြောင်း သိရှိရသည်။ WiFi အခမဲ့ အသုံးပြု သည့်နေရာများပေါ်လာခြင်းနှင့် ပတ်သက်၍ Diploma in IT တက်ရောက်နေသောကျောင်းသား ကိုပြည့်ဖြိုး
မှ "အခုလိုအသုံးပြုနိုင် တာတော်တော်ကောင်းပါတယ်။ အရင်က ဆိုဒီလို
သုံးချင်ရင် Tokyo Donuts မှာသာလူတွေသွားရောက် အသုံးပြုလေ့ရှိပါ
တယ်။ အခုတော့ နေရာတော်တော်များများ ပေါ်လာပါပြီ၊ အရင်လို ဆိုင်
တစ်ဆိုင်ထဲ တွင်လူတွေအများ ကြီးအသုံးပြု စရာမလိုတော့ပါဘူး" ဟု ပြော ကြားခဲ့သည်။ ထိုကဲ့သို့ WiFi အခမဲ့စနစ်အ သုံးပြုနိုင်သည့်စနစ်များထွန်းကား မှုသည်ရန်ကုန်တွင်သာမဟုတ်ပဲ မန္တလေး၊ ပြည်-ပုံဂံ-ညောင်ဦး ၊ ပြင်ဦးလွင် ၊ တောင်ကြီးမြို့များတွင် လည်းခေတ်စားလာပြီဖြစ်သည်။ အဆိုပါ မြို့များ
တွင်မှု စာကြည့်တိုက်၊ လက်ဖက်ရည်ဆိုင် နှင့် အခြား လူသွားလူလာ များသောနေရာအချို့တွင် အသုံးပြု၍ ရနိုင် ကြောင်း သိရှိရသည်။

Smart Journal

ရန်ကုန်မြို့ရှိလက်ဖက်ရည် ဆိုင်များတွင် WiFi အခမဲ့ အသုံး ပြုနိုင်သည့် ဓလေ့မှာ စတင်ခေတ်စား လာကြောင်းသိရှိရသည်။ ယခင်ကရန်ကုန်မြို့တွင် Supermarket နှင့် အဆင့်မြင့် Coffee Shop များတွင်သာ WiFi အခမဲ့ စနစ်ကို အသုံးပြုခဲ့သည်။ ယခု အချိန်တွင်တည်း ခိုခန်းများ ၊ လက်ဖက်ရည်
ဆိုင်များ၊ Coffee Shop တိုင်းနီးပါး WiFi အခမဲ့အသုံးပြုနိုင်သည့် စနစ်အား တွင် ကျယ်စွာအသုံးပြုလာကြပြီဖြစ်သည်။ ထိုသို့ WiFi အခမဲ့အသုံးပြုနိုင် သည့်စနစ်ထွန်းကားလာခြင်းမှာ လူကြီး၊ လူငယ်၊ လူလတ်ပိုင်းအ ကုန်လုံး သည်ယနေ့ခေတ်တွင် Smart Phone များအသုံးပြုများ လာကြခြင်းကြောင့် WiFi စနစ်နှင့် Internet ကိုလွယ်လင့်တကူအသုံးပြုနိုင်ခြင်းကို စိတ်ဝင်စား
သည့် အတွက်ကြောင့်ဖြစ်သည်။

ထိုကဲ့သို့ WiFi အသုံးပြုခြင်း နှင့်ပတ်သက်၍ မဟာရန်ကုန်၏ တာဝန်ရှိသူ
တစ်ဦးမှ "အခုခေတ်မှာလက်ဖက်ရည်ဆိုင်လူစီချင်ရင် ဘောလုံးပွဲပြ၊ သီချင်းဖွင့်၊ ရုပ်ရှင်ပြဆိုတာထက်ပိုပြီးစားသုံးသူတွေ ကိုဆွဲဆောင်နိုင်တဲ့
အချက်က တော့ Free WiFi ဆိုပြီးဆိုင်းဘုတ် ချိတ်နိုင်ဖို့ပါပဲ။ အဲ့ဒါဆို Internet အလကားအသုံးပြုရတယ်ဆိုပြီး လူကြီးလူငယ်တွေ အကုန်လုံးလာ ကြပါတယ်။ ကြာကြာလည်းထိုင်ကြပါတယ်။ လာသုံးတဲ့သူတွေကလည်း
ဖုန်းကိုအသုံးပြုပြီးလာသုံး တဲ့လူတွေများပါတယ်။ အခုလိုမို ဘိုင်းဖုန်းတွေ
ခေတ်စား လာတဲ့လမ်းကြောင်းပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုအပ်သလိုမိ မိတို့ ဆိုင်ရောင်းကောင်းအောင်ပြု လုပ်ကြပါတယ်" ဟု
ပြောကြားခဲ့သည်။

ယခုလို WiFi အခမဲ့အသုံးပြု နိုင်တဲ့နေရာတွေတစ်ဖြည်းဖြည်းများလာ တာကြောင့်နိုင်ငံခြားခရီး သွားဧည်သည့်များကိုလည်းပိုမို ဆွဲဆောင်နိုင်
ကြောင်း သိရှိရသည်။ ထိုကဲ့သို့ WiFi အခမဲ့ အသုံး ပြုနိုင်နေတာကြောင့်
ရန်ကုန်မြို့ ၏နေရာတော်တော်များများတွင် WiFi အခမဲ့အသုံးပြုနိုင်နေ
ကြောင်း သိရှိရသည်။ WiFi အခမဲ့ အသုံးပြု သည့်နေရာများပေါ်လာခြင်းနှင့် ပတ်သက်၍ Diploma in IT တက်ရောက်နေသောကျောင်းသား ကိုပြည့်ဖြိုး
မှ "အခုလိုအသုံးပြုနိုင် တာတော်တော်ကောင်းပါတယ်။ အရင်က ဆိုဒီလို
သုံးချင်ရင် Tokyo Donuts မှာသာလူတွေသွားရောက် အသုံးပြုလေ့ရှိပါ
တယ်။ အခုတော့ နေရာတော်တော်များများ ပေါ်လာပါပြီ၊ အရင်လို ဆိုင်
တစ်ဆိုင်ထဲ တွင်လူတွေအများ ကြီးအသုံးပြု စရာမလိုတော့ပါဘူး" ဟု ပြော ကြားခဲ့သည်။ ထိုကဲ့သို့ WiFi အခမဲ့စနစ်အ သုံးပြုနိုင်သည့်စနစ်များထွန်းကား မှုသည်ရန်ကုန်တွင်သာမဟုတ်ပဲ မန္တလေး၊ ပြည်-ပုံဂံ-ညောင်ဦး ၊ ပြင်ဦးလွင် ၊ တောင်ကြီးမြို့များတွင် လည်းခေတ်စားလာပြီဖြစ်သည်။ အဆိုပါ မြို့များ
တွင်မှု စာကြည့်တိုက်၊ လက်ဖက်ရည်ဆိုင် နှင့် အခြား လူသွားလူလာ များသောနေရာအချို့တွင် အသုံးပြု၍ ရနိုင် ကြောင်း သိရှိရသည်။

Smart Journal

သေတစ်ပန် သက်တစ်ဆုံး

 
နှိုင်းရင့်နွေ
သေတစ်ပန် သက်တစ်ဆုံး
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
အဲ့ဒီညက ကျွန်တော်အိမ်ပြန်ရောက်တော့ ကျွန်တော့်ဇနီးက ညစာပြင်ပေးတယ်... ကျွန်တော်သူမလက်ကိုဖမ်းကိုင်လိုက်ပြီး သူမကိုပြောစရာရှိတဲ့အကြောင်း စကားစပြောလိုက်တယ်... သူမက ဝင်ထိုင်လိုက်ပြီး ငြိမ်ငြိမ်သက်သက်ပဲ စားနေပါတယ်... သူမမျက်လုံးက နာကျင်မှုတွေကို ကျွန်တော်မြင်နေရတယ်... ကျွန်တော့်နှုတ်ဖျားတွေ ဆွံ့အသွားမတတ်ပါပဲ... ဒါပေမဲ့ ကျွန်တော်စဉ်းစားထားတာကိုတော့ သူမကိုပြောပြမှဖြစ်မှာပါ... ကျွန်တော်သူမနဲ့လမ်းခွဲချင်တယ်လို့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကျွန်တော့်လိုလားချက်ကို ပြောပြခဲ့ပါတယ်... ကျွန်တော့်စကားလုံးတွေကြောင့် သူမစိတ်ဆိုးတဲ့ပုံမပြပါဘူး... အဲ့ဒီအစား နူးညံ့တဲ့လေသံနဲ့ ကျွန်တော့်ကိုမေးခဲ့တယ်... ဘာလို့လဲ... တဲ့

ကျွန်တော်သူမရဲ့ မေးခွန်းကို မဖြေခဲ့ပါဘူး... ဒီလိုမဖြေတဲ့အတွက် သူမဒေါသထွက်သွားတယ်... သူမရဲ့ တူကို လွှင့်ပစ်ပြီး ကျွန်တော့်ကို အော်ပါတယ်... "ရှင် ယောက်ျားမဟုတ်ဘူး..." တဲ့... အဲ့ဒီညမှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် စကားမပြောကြပါဘူး... သူမကတော့ ငိုရှိုက်နေတယ်... ကျွန်တော်တို့အိမ်ထောင်ရေးမှာ ဘာတွေဖြစ်နေပြီလဲဆိုတာကို သူမအဖြေရှာနေမယ်ဆိုတာ ကျွန်တော်သိပါတယ်... ဒါပေမဲ့ သူမကို စိတ်ကျေနပ်စေမယ့်အဖြေကိုပေးဖို့ ကျွန်တော့်အတွက်ခက်ခဲပါတယ်... ကျွန်တော့်နှလုံးသားက ဂျိန်း ဆီမှာရောက်နေပြီလေ... သူမကိုကျွန်တော်မချစ်တော့ဘူး... သနားတာပဲရှိတယ်...

ကိုယ့်ကိုယ်အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်တွေနဲ့ပဲ ကွာရှင်းပျက်စဲခြင်း သဘောတူညီချက်ကို ကျွန်တော်ဆွဲထုတ်လိုက်တယ်... အဲ့ဒီထဲမှာ ကျွန်တော်တို့အိမ်ရယ်... ကားရယ်... ကုမ္ပဏီရဲ့ ၃၀% ရယ်ကို သူမကိုကျွန်တော်ပေးထားတယ်... သူမအဲ့ဒီစာရွက်ကို ဖျတ်ခနဲကြည့်လိုက်ပြီး အပိုင်းပိုင်းဆုတ်ဖြဲလိုက်တယ်... ကျွန်တော်နဲ့အတူတူ ဘဝကို ဆယ်နှစ်လောက်ကုန်ဆုံးခဲ့တဲ့ အမျိုးသမီးဟာ အခုတော့ သူစိမ်းတစ်ယောက်လိုပါပဲ... သူမရဲ့ အချိန်တွေ.. နုပျိုမှုတွေ... ခွန်အားတွေ အလဟဿဖြစ်ခဲ့ရတဲ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး... ဒါပေမဲ့ ဂျိန်းအပေါ် စုံစုံမက်မက်ချစ်နေမိတဲ့အတွက် ကျွန်တော်ပြောခဲ့တဲ့ စကားတွေကိုလည်း ပြန်မရုတ်သိမ်းနိုင်ပါဘူး... နောက်ဆုံးတော့ ကျွန်တော်မျှော်လင့်ထားသလိုပါပဲ ကျွန်တော့်ရှေ့မှာ သူမအော်ငိုပါတော့တယ်... ကျွန်တော့်အတွက်တော့ သူမငိုတာဟာ ကျွန်တော့်ကို လွတ်မြောက်ခွင့်ပေးလိုက်သလိုပါပဲ... ကွာရှင်းဖို့ကိစ္စကို ရက်သတ္တပါတ်ပေါင်းများစွာစိတ်ထဲစွဲနေတဲ့ ကျွန်တော့်အတွက် အခုတော့ ပိုပြီး ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်းဖြစ်သွားခဲ့ပါပြီ...

နောက်တစ်နေ့မှာ ကျွန်တော်တော်တော်နောက်ကျမှအိမ်ပြန်လာတော့ စားပွဲပေါ်မှာ စာရေးနေတဲ့သူမကိုတွေ့ရတယ်... ဂျိန်းနဲ့ တစ်နေကုန်အချိန်ဖြုန်းလာတဲ့အတွက် ပင်ပန်းနေတဲ့ ကျွန်တော်ဟာ ညစာမစားဘဲ အိပ်ရာထဲတန်းဝင်ပြီး ချက်ချင်းအိပ်ပျော်သွားပါတယ်... ကျွန်တော်နိုးလာတော့ သူမက စားပွဲပေါ်မှာ စာရေးနေတုန်းပဲ... ကျွန်တော်လည်း ဂရုမစိုက်ဘဲ အိပ်ယာထဲပြန်ဝင်အိပ်နေလိုက်တယ်... မနက်ကျတော့ သူမက ကွာရှင်းဖို့ကိစ္စအတွက် သူမသဘောထားကို ပြောပြပါတယ်... ကျွန်တော့်ဆီက ဘာမှသူမ မလိုချင်ပါဘူး... ဒါပေမဲ့ မကွာရှင်းခင်မှာ အချိန်တစ်လတော့ ပေးရပါလိမ့်မယ်... အဲ့ဒီတစ်လအတွင်း နှစ်ယောက်လုံးက တတ်နိုင်သလောက်ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားနေထိုင်သွားကြဖို့ သူမကတောင်းဆိုထားပါတယ်... သူမရဲ့ အကြောင်းပြချက်ကလည်း ရိုးရှင်းပါတယ်... ကျွန်တော်တို့ရဲ့သားလေး စာမေးပွဲဖြေဖို့ အချိန်တစ်လလောက်ကျန်သေးတဲ့အတွက် ကျွန်တော်တို့အိမ်ထောင်ကွဲတာကြောင့် သားရဲ့ပညာရေးကို မထိခိုက်စေချင်လို့ လို့ဆိုပါတယ်...

ဒီလောက်ကတော့ ကျွန်တော်သဘောတူဖို့မခက်ပါဘူး... ဒါပေမဲ့ သူမက ထပ်ပြီးတောင်းဆိုထားပါသေးတယ်... သူမက ကျွန်တော်တို့ မင်္ဂလာဆောင်တုန်းက မင်္ဂလာခန်းမထဲကို သူမကိုကျွန်တော်ဘယ်လိုပွေ့ခေါ်လာလဲဆိုတာကို ကျွန်တော့်ကို မှတ်မိလားလို့ မေးပါတယ်... အဲ့ဒီတစ်လတာအတွင်း အဲ့ဒီပုံစံအတိုင်း အိပ်ခန်းကနေ အိမ်ရှေ့တံခါးဝအထိ မနက်တိုင်း သူမကို ကျွန်တော်က လိုက်ပို့ပေးရမယ်လို့ သူမကတောင်းဆိုထားတာပါ... ကျွန်တော်ကတော့ သူမရူးများရူးနေပြီလားလို့ထင်မိပါတယ်... ကျွန်တော်တို့ရဲ့ နောက်ဆုံးနေ့ရက်လေးတွေကို အတူသည်းခံကျော်ဖြတ်ဖို့ သူမရဲ့ ထူးထူးဆန်းဆန်းတောင်းဆိုချက်ကိုလည်း ကျွန်တော် သဘောတူလက်ခံခဲ့ပါတယ်.... ကျွန်တော့်မိန်းမရဲ့ ကွာရှင်းဖို့တောင်းဆိုချက်တွေကို ဂျိန်းကိုကျွန်တော်ပြောပြတော့ ဂျိန်းက အော်ရယ်ပါတယ်... အထူးအဆန်းလို့လည်း တွေးနေပုံပါပဲ... သူမဘယ်လိုလှည့်ကွက်တွေပဲသုံးသုံး ကွာရှင်းဖို့ကိစ္စကိုတော့ ရင်ဆိုင်ရမှာပဲလို့ အရေးမစိုက်တဲ့ဟန်နဲ့ပြောပါတယ်...

ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ ကျွန်တော်တို့ကွာရှင်းဖို့ကိစ္စ စပြောဖြစ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် လက်ဖျားချင်းတောင် မထိမိကြပါဘူး... ဒါကြောင့် ပထမဆုံးနေ့မှာ သူမကိုကျွန်တော် ပွေ့ခေါ်လာတော့ နှစ်ယောက်လုံး အိုးတိုးအမ်းတမ်းတွေ ဖြစ်နေကြပါတယ်... ကျွန်တော်တို့ရဲ့သားလေးကတော့ ကျွန်တော်တို့ကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးနေပါတယ်... "ဖေဖေက မေမေ့ကိုပွေ့ထားတယ်ဟေ့..." လို့လည်းပြောပါတယ်... သားရဲ့စကားလုံးတွေက ကျွန်တော့်ကို နာကျင်စေပါတယ်... အိပ်ခန်းကနေ ဧည့်ခန်း.. ပြီးတော့တံခါးဝအထိ ၁၀ မီတာလောက် သူမကိုပွေ့ပြီး ကျွန်တော်လျှောက်သွားပါတယ်... သူမက မျက်လုံးကိုမှိတ်ထားပြီး ခပ်တိုးတိုးပြောပါတယ်... "သားကို ကွာရှင်းတဲ့ကိစ္စမပြောနဲ့နော်..." ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာနဲ့ ခေါင်းညိမ့်ပြလိုက်ပါတယ်...

တံခါးအပြင်ကိုရောက်တော့ သူမကိုကျွန်တော် အောက်ချပေးလိုက်ပါတယ်... သူမကအလုပ်ကိုသွားဖို့ ဘတ်စ်ကားကိုသွားစောင့်ပါတယ်... ကျွန်တော်လည်း ကျွန်တော့်ရုံးခန်းကို တစ်ယောက်ထဲမောင်းထွက်ခဲ့ပါတယ်... ဒုတိယနေ့မှာတော့ ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် နည်းနည်းအဆင်ပြေသွားပါပြီ... ကျွန်တော့်ရင်ခွင်ထဲ သူမကမှီထားပါတယ်... သူမအင်္ကျီပေါ်က ရေမွှေးနံ့ကိုကျွန်တော်ရပါတယ်... ဒီအမျိုးသမီးကို ကျွန်တော်သေချာမကြည့်မိခဲ့တာ အချိန်အတော်ကြာသွားပြီဆိုတာ ကျွန်တော်စဉ်းစားမိပါတယ်... သူမအသက်မငယ်တော့ဘူးဆိုတာလည်း ကျွန်တော်တွေးမိပါတယ်... သူမမျက်နှာမှာ အရေးအကြောင်းလေးတွေ ပေါ်နေပါပြီ... သူမဆံပင်တွေလည်း ဖြူစပြုလာပါပြီ... ကျွန်တော်တို့အိမ်ထောင်ရေးဟာ သူမဆီက အရာအားလုံးကို ထုတ်ယူသွားခဲ့ပါတယ်... သူမအပေါ် ကျွန်တော်ဘာတွေလုပ်ခဲ့လဲဆိုတာကို တစ်မိနစ်လောက်စဉ်းစားမိရင်း ကျွန်တော့်ကိုယ်ကျွန်တော် အံ့အားသင့်နေမိခဲ့ပါတယ်...

စတုတ္ထနေ့မှာတော့ သူမကိုကျွန်တော်ပွေ့လိုက်တဲ့အခါ သူမအပေါ် ကြင်နာနွေးထွေးတဲ့ ခံစားချက်တစ်ခု ပြန်လည်ဖြစ်ပေါ်မိပါတယ်... ဒီအမျိုးသမီးဟာ ကျွန်တော့်အတွက် သူ့ဘဝကို ဆယ်နှစ်လုံးလုံး ပေးဆပ်ခဲ့တဲ့သူတစ်ယောက်ဆိုတဲ့အသိနဲ့ပေါ့... ငါးရက်မြောက်နဲ့ ခြောက်ရက်မြောက်နေ့တွေမှာ ကျွန်တော်တို့ကြားက ကြင်နာနွေးထွေးမှုတွေ ပြန်လည်ရှင်သန်လာပြီဆိုတာကို ကျွန်တော်သတိထားမိလိုက်ပါတယ်... ဒီအကြောင်းကိုတော့ ကျွန်တော် ဂျိန်းကိုမပြောခဲ့ပါဘူး... တစ်လတာအတွင်း သူမကို ပွေ့ချီသွားရတဲ့အလုပ်ဟာ ကျွန်တော့်အတွက် ပိုအဆင်ပြေလွယ်ကူလာပါပြီ.. ဒီလိုနေ့တိုင်း သူမကိုပွေ့ရလို့ ကျွန်တော်ပိုသန်မာလာတာလည်း ဖြစ်နိုင်ပါတယ်...

တစ်မနက်မှာ သူမဝတ်ဖို့ အဝတ်ကိုရွေးနေပါတယ်... အဝတ်တစ်ချို့ကိုထုတ်ထားပေမဲ့ စိတ်တိုင်းမကျနိုင်သေးတဲ့ပုံပါပဲ... ပြီးတော့ အဝတ်တွေအားလုံး ကြီးကုန်ပြီလို့ သက်ပြင်းချရင်ပြောပါတယ်... သူမအရမ်းပိန်သွားတယ်ဆိုတာကို ကျွန်တော်ရုတ်တရက် သတိပြုမိလိုက်ပါတယ်... ဒါကြောင့်သူမကို ပွေ့ရတာ ကျွန်တော့်အတွက် ပိုသက်သာလာတာဖြစ်ပါလိမ့်မယ်... ဒီအတွေးက ကျွန်တော့်ကို ရုတ်တရက်ထိခိုက်နာကျင်စေပါတယ်... သူမနှလုံးသားမှာ နာကျင်ကြေကွဲမှုတွေနဲ့ ဘယ်လောက်တောင်ခံစားနေရရှာမလဲ... ကျွန်တော့်ကိုယ်ကျွန်တော်မသိလိုက်ခင်မှာပဲ သူမအနားရောက်သွားပြီး သူမခေါင်းလေးကို ပွတ်သပ်ပေးမိနေပါတော့တယ်...အဲ့ဒီအချိန်လေးမှာပဲ ကျွန်တော်တို့သားလေးက ဝင်လာတယ်... "ဖေဖေ... မေမေ့ကိုပွေ့ဖို့ အချိန်ရောက်ပြီလေ...." လို့ ပြောနေရှာပါတယ်... သူ့အတွက်တော့ အဖေဖြစ်သူက အမေဖြစ်သူကိုပွေ့ချီသွားတာကို မြင်နေရတာဟာ သူ့ဘဝအတွက် မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ်လိုဖြစ်နေရှာပါလိမ့်မယ်... ကျွန်တော့်ဇနီးက သားလေးကို အနားလာဖို့ လက်ဟန်ခြေဟန်နဲ့လှမ်းခေါ်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားပါတယ်... ကျွန်တော့်မျက်နှာကို တစ်ဖက်လွှဲထားလိုက်မိတယ်... ဘာကြောင့်လဲဆိုတော့ ဒီနောက်ဆုံး မိနစ်လေးမှာ ကျွန်တော့်စိတ်ပြောင်းသွားမှာကို ကျွန်တော်ကြောက်နေမိလို့ပါပဲ... ပြီးတော့ သူမကို ကျွန်တော်ပွေ့ချီလိုက်တယ်... အိပ်ခန်းကနေ ဧည့်ခန်းကိုဖြတ်ပြီး တံခါးဝဆီကို ထွက်လာခဲ့တယ်... သူမရဲ့လက်အစုံဟာ ကျွန်တော့်လည်ပင်းပေါ် ခပ်ဖွဖွလေး သိုင်းဖက်ထားတယ်... ကျွန်တော်သူမကို ခပ်တင်းတင်းပွေ့ဖက်ထားမိပါတယ်.... ကျွန်တော်တို့ မင်္ဂလာဦးနေ့တုန်းကလိုပေါ့... ဒါပေမဲ့ သူမရဲ့ ပိုပြီးပေါ့လာတဲ့ ခန္ဓာကိုယ်လေးက ကျွန်တော့်ကို ဝမ်းနည်းစေတယ်...

နောက်ဆုံးနေ့မှာတော့ သူမကိုပွေ့ချီပြီးတဲ့အခါ ခြေတစ်လှမ်းလှမ်းဖို့တောင် ကျွန်တော့်အတွက် အလွန်ခက်ခဲလွန်းပါတယ်... သားလေးကတော့ ကျောင်းကိုသွားလိုက်ပါပြီ... ကျွန်တော်သူမကိုခပ်တင်းတင်းပွေ့ရင်း "ငါ့တို့နှစ်ယောက်ကြား ကြင်နာယုယမှုတွေမရှိခဲ့တာကို ငါသတိမထားခဲ့မိဘူးကွာ..." လို့ပြောမိတယ်... ပြီးတော့ ကျွန်တော်ကားကိုမောင်းထွက်လာခဲ့တယ်...
ဂျိန်းရဲ့အိမ်ကို ရာက်တဲ့အခါ ကားတံခါးကိုတောင် lock မချဘဲ ပြေးထွက်သွားမိတယ်... ကျွန်တော့်စိတ်ကိုပြောင်းလဲသွားစေနိုင်တဲ့ ဘယ်လိုကြန့်ကြာမှုမျိုးကိုမဆို ကျွန်တော်ကြောက်နေမိပါတယ်... လှေခါးထစ်တွေအတိုင်း ကျွန်တော်ဆက်တက်သွားခဲ့တယ်... အပေါ်ရောက်တော့ ဂျိန်းကတံခါးကိုဖွင့်လာတုန်းမှာပဲ ကျွန်တော်သူ့ကိုပြောလိုက်တယ်... "စိတ်မကောင်းပါဘူး ဂျိန်းရယ်... ငါလုံးဝမကွာရှင်းနိုင်တော့ဘူး..."

သူမက ကျွန်တော့်ကို အံသြတကြီးနဲ့ စိုက်ကြည့်နေတယ်... ပြီးတော့ ကျွန်တော့်နဖူးကိုလာစမ်းပြီး "ရှင်နေမကောင်းဘူးလား..." လို့မေးတယ်... ကျွန်တော်သူမရဲ့လက်ကို ဖယ်ချလိုက်တယ်... "ငါတောင်းပန်ပါတယ် ဂျိန်း... ငါမကွာရှင်းတော့ဘူး" လို့ ကျွန်တော်ထပ်ပြောလိုက်တယ်... ကျွန်တော်တို့အိမ်ထောင်ရေးဟာ ငြီးငွေ့စရာဖြစ်ခဲ့ပါတယ်... ဘာကြောင့်လဲဆိုတော့ သူမကော ကျွန်တော်ပါ ကျွန်တော်တို့ရဲ့ဘဝကို တန်ဖိုးမထားခဲ့ကြဘူးလေ... ဒါဟာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်မချစ်ကြလို့လည်းမဟုတ်ဘူး... အခုတော့ ကျွန်တော်ကောင်းကောင်းနားလည်သွားခဲ့ပါပြီ... ကျွန်တော်တို့မင်္ဂလာဦးနေ့မှာ သူမကိုကျွန်တော့်အိမ်ကို ပထမဆုံးခေါ်လာစဉ်ကတည်းကသူမကို သေတစ်ပန်သက်တစ်ဆုံး ပေါင်းဖို့ရည်ရွယ်ထားခဲ့တယ်ဆိုတာကိုပေါ့... ဂျိန်းဟာ ရုတ်တရက် လန့်နိုးသွားသလိုပါပဲ... ကျွန်တော့်ပါးကိုခပ်ပြင်းပြင်းတစ်ချက်ရိုက်ပြီး တံခါးကိုဆောင့်ပိတ်သွားတယ်... မျက်ရည်တွေလည်း ကျနေပါတယ်...

ကျွန်တော်အောက်ကိုပြန်ဆင်းလာပြီး ကားကိုမောင်းထွက်ခဲ့တယ်... လမ်းမှာရှိတဲ့ ပန်းဆိုင်တစ်ဆိုင်မှာ ကျွန်တော့်ဇနီးအတွက် ပန်းတစ်စည်းမှာတယ်... အရောင်းဝန်ထမ်းမလေးက ကတ်ပြားမှာ ဘာရေးဦးမလဲလို့ မေးတယ်.... ကျွန်တော်ပြုံးလိုက်ပြီး ချရေးလိုက်တယ်... "သေတစ်ပန်သက်တစ်ဆုံး မနက်တိုင်းမင်းကို ပွေ့ခေါ်ပါ့မယ်..." အဲ့ဒီညနေခင်း ကျွန်တော်အိမ်ပြန်ရောက်တော့ လက်ထဲမှာပန်းစည်းကိုကိုင်ထားတယ်... မျက်နှာမှာလည်း အပြုံးတွေဆင်မြန်းရင်းနဲ့ လှေခါးပေါ် ပြေးတက်လာခဲ့တယ်... ဒီအတွက် ကျွန်တော်မြင်လိုက်ရတာကတော့ အိပ်ရာပေါ်မှာ သေဆုံးနေတဲ့ ကျွန်တော့်ဇနီးလေ...

ကျွန်တော့်ဇနီးဟာ လပေါင်းများစွာ ကင်ဆာရောဂါကို ခံစားနေခဲ့ရတာပါ... ကျွန်တော်က ဂျိန်းဆီမှာပဲအာရုံရောက်နေတော့ ဒီအကြောင်းကို လုံးဝသတိမထားမိခဲ့ဘူး... သူမသိပ်မကြာခင်သေရတော့မယ်ဆိုတာကို သူမသိထားခဲ့ပါတယ်... ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ကွာရှင်းတာနဲ့ပတ်သက်ပြီး သားလေးရဲ့အမြင်မှာ ကျွန်တော့်ကိုမကောင်းတာမျိုးမဖြစ်ရအောင်လည်း သူမက ကာကွယ်ပေးချင်ခဲ့တာပါ... အနည်းဆုံးတော့ သားရဲ့အမြင်မှာ ဇနီးအပေါ်ကြင်နာတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်နေခဲ့မှာပေါ့...

အချစ်တစ်ခုမှာ ဘဝရဲ့အသေးအဖွဲကိစ္စလေးတွေဟာ တကယ်အရေးပါပါတယ်... ဒါဟာ အိမ်ကြီးရခိုင်တွေ... ကားတွေ... ပိုင်ဆိုင်မှုတွေ... ဘဏ်မှာရှိတဲ့ငွေကြေးတွေနဲ့မဆိုင်ပါဘူး... ဒီအရာတွေဟာ ပျော်ရွှင်မှုနဲ့ သက်ဆိုင်တဲ့ ဝန်းကျင်အခြေအနေတွေကို ဖန်တီးပေးနိုင်ပေမဲ့ ပျော်ရွှင်မှုကို အဲ့ဒီအရာတွေသက်သက်ကနေ မရနိုင်ပါဘူး...

ဒါကြောင့် သင့်ရဲ့ကြင်ရာဖက်အတွက် အချိန်ပေးပါ.... တစ်ယောက်ကိုတစ်ယောက် အသေးအဖွဲကိစ္စလေးတွေ ဖြည့်ဆည်းလုပ်ကိုင်ပေးရင်း ကြင်နာနွေးထွေးမှုကိုတည်ဆောက်ပါ... တကယ့်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ရပါလိမ့်မယ်...

စစ်မှန်တဲ့ပျော်ရွှင်ခြင်းနဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ...
---------------------------------------------------------------
Ref: Inspire Your Friends

Cyberlink Power Director ဖြင့် ရုပ်သံဗီဒီယို ပြင်ဆင်တည်းဖြတ်နည်း

ဒီစာအုပ်လေးကတော့ Cyberlink ဗီဒီယိုတည်းဖြတ်ဆော့ဝဲ သုံးသူတွေအတွက်

ဆော့ဝဲကို အသေးစိတ်ရှင်းပြထားတဲ့ အသုံးပြုနည်း မြန်မာလိုစာအုပ်ပါ လိုအပ်

နေသူများ လေ့လာလိုသူများ အောက်ကလင့်မှာ Download ယူလိုက်ပါ......။


ဒီလင့်မှာ Download ယူပါ -www.mediafre.com-ဗီဒီယိုတည်းဖြတ်နည်းလက်စွဲ

Saturday, June 29, 2013

ကောင်းသော စေ့ဆော်မှုဖြင့် ဘဝကို ထိန်းခြင်း

 
Royal Hero Media
ကောင်းသော စေ့ဆော်မှုဖြင့် ဘဝကို ထိန်းခြင်း
=======================
လူဆိုတာ မိမိဘဝကို တိုးတက်အောင် လုပ်ရင်း ပတ်ဝန်းကျင်ကို ဖြတ်ကျော် ကြရတယ်။ အဲဒီလိုအခါမျိုးမှာ ပတ်ဝန်း ကျင်ကလူတွေကို သင်ယုံကြည် ကြောင်း၊ လေးစားကြောင်း၊ ဂရုစိုက်ကြောင်းကို အခါမလပ် ပြသနေသင့် တယ်။ မိမိရဲ့ ဂရုစိုက်မှုကြောင့် မိမိပတ်ဝန်းကျင်က မိမိကို ဝန်းရံကူညီပေးဖို့ ရှိနေကြမှာ ဖြစ်တယ်။
သူတို့ကို အသိအမှတ်ပြုပါ။ သူတို့ ဆီက သဘောထားတွေ၊ အကြံဥာဏ် တွေကို မှတ်သားရယူပါ။ သူတို့ရဲ့ အစွမ်းအစ တွေကို ဖော်ထုတ်ခွင့်ပြု သလို မိမိအနေဖြင့် အသိအမှတ်ပြု ကြောင်း ကိုလည်း ပြသဖို့မမေ့ပါနဲ့။ ဒီလို စေ့ဆော်မှုကြောင့် ပတ်ဝန်းကျင်ကလူ တွေအနေနဲ့ မိမိအတွက် ထူးထူးချွန်ချွန် ဆောင်ရွက် ပေးချင်စိတ် တွေဖြစ် ပေါ်လ...ာမှာ ဖြစ်တယ်။
မိမိလုပ်ငန်းနဲ့ ဆက်နွှယ်နေသူတွေ ရဲ့အကြောင်းကို တတ်နိုင်သမျှ လေ့လာပါ။ သူတို့နဲ့ပြုံးပြီး ဆက်သွယ်တဲ့ နည်းကိုသုံးပါ။ ဖိနှိပ်ပြီး ခိုင်းစေမှုမျိုး ထက်သူတို့ ကိုယ်တိုင်က စိတ်ပါဝင် စား စွာ ဆောင်ရွက်မှုကို မျှော်လင့်ပါ။
မိမိ ပတ်ဝန်းကျင် မှာရှိတဲ့ လူတွေကို မိမိက နှုတ်ပိတ်ပြီး ဆိတ်ဆိတ် မနေပါနဲ့။ ချီးကျူးစရာရှိရင် မှတ်မှတ်သားသား ဖြစ်အောင်ကို ချီးကျူး စကားဆိုပါ။ သူတို့ရဲ့ ဝမ်းမြောက် ကြည်နူးမှုက သင့်လုပ် ငန်းကို ထိရောက်စွာ ကူညီပေးနိုင်မှာ မလွဲပါဘူး။ ပတ်ဝန်းကျင်ကို မိမိစိတ် ဆန္ဒလိုက် လျောမှုနဲ့ စေ့ဆော်ခြင်းဟာ ဖိအားပေးခြင်း မျိုးမဟုတ်ပါဘူး။ အလုပ် တစ်ခုကို လုပ်ချင်စိတ်ရှိ လာအောင် စည်းရုံး ဆောင်ရွက် နိုင်ခြင်းသာ ဖြစ်ပါတယ်။
အဆိုအမိန့် တစ်ခုရှိခဲ့တယ်။ အခြားသူများကို အမှန်တကယ် စိတ်ဝင်စားမှု ရှိကြောင်း ပြသခြင်းလောက် ထိရောက် အကျိုးရှိသော အရာမရှိဆိုတဲ့ စကားဖြစ်ပါတယ်။ ဒါကြောင့် မိမိပတ်ဝန်းကျင်က လူတွေကို မိမိက အမှန်တကယ် စိတ်ဝင် စားကြောင်း ပြသတဲ့နည်းက အခြားသူတွေက မိမိကို စိတ်ဝင်စားအောင် လုပ်နိုင်တဲ့နည်း ထက်ပိုကောင်း ပါတယ်။
မိမိနဲ့ အမြင်၊ အကြည့်တွေ သာမက မိုးနိုင်ရေးအတွက် စကားပြောကောင်း သူတစ်ယောက် ဖြစ်ဖို့ထက် နားထောင် ကောင်းသူ တစ်ယောက် ဖြစ်ဖို့ကပို အရေးကြီးတယ်'' လို့ဆို ထားပါတယ်။ မှန်ပါတယ်။ မိမိသိသလောက် သာမက အခြား သူများရဲ့ သိမှုကိုလည်း နားထောင် တတ်ပါစေ။ စိတ်ရှည် လက်ရှည်နဲ့ ရိုးရိုးသားသား နားထောင်ပါ။
သူတို့ပြောစကားထဲမှာ မိမိခံယူချက်နဲ့ လွဲနေမှုများ ပါလာရင်လည်း စိတ်ပျက် ဟန်မပြဘဲ စိတ်ဝင်စားမှု ရှိဟန်နဲ့ နားထောင်ပေးပါ။ သူ့စကားကို နားထောင် ခြင်းဟာ မိမိကိုသူတစ်ပါးက စိတ်ဝင်စား အားကိုးလာစေတဲ့ စေ့ဆော်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။
စေ့ဆော်မှုဆိုတာ စိတ်တန်ခိုး လေ့ကျင့်မှုပဲ ဖြစ်တယ်။ ''စိတ်တန်ခိုးဆိုတာ ကာယကံမြောက် လုပ်ဆောင်ဖြစ်အောင် စေ့ဆော်သော စိတ်သာ ဖစ်တယ်'' လို့ စိတ်ပညာရှင် (Rudolph Allers) ရူးဒေါ့ အော်လားက ဆိုခဲ့တယ် မဟုတ်ပါလား။
''စိတ်ဓာတ် တန်ခိုးသည် လိုရာပြီး မြောက်အောင် ဆောင်ရွက်ရာ၌ ဖင့်နွှဲမည့် အဆီးအတား ဟူသမျှကို တွန်းလှန်အောင် မြင်ခြင်း'' လို့ ဒေါက်တာ နော်မန်ဖင်တန် (Dr.Norman Fenton) ကလည်း အဆိုအမိန့် ပြုခဲ့တယ်။
မည်သို့ပင်ဆိုစေ မိမိဆောင်ရွက် သမျှ အောင်မြင်စေရေး အတွက် ကောင်းသော စေ့ဆော်မှုနဲ့ ဘဝကို တိုးတက်မှု ရရှိ အောင် အစဉ်သဖြင့် ကြိုးစားနေ ကြရမည်...မဟုတ်ပါလား။ ။
ဆောင်းပါးရှင် ကြည်ဇော်

ဗိုလ်ချုပ်တို့ ဆရာတပည့် ပိုက်ဆံမပါဘဲ ပလာတာဆိုင်မှာအကြွေးစားခဲ့ပုံ

 
Myanmar News Update
ဗိုလ်ချုပ်တို့ ဆရာတပည့် ပိုက်ဆံမပါဘဲ ပလာတာဆိုင်မှာအကြွေးစားခဲ့ပုံ
========================================
၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် နောက်ပိုင်း တစ်လခန့်က ဟု စာရေးဆရာ တက္ကသိုလ်နေ၀င်း(ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ) ဖော်ပြထားပါသည်..။
ဆရာတပည့်နှစ်ယောက် ထိုနေ့မနက်ပိုင်းက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကျွေးသော ဘဲဥဟင်းတစ်မယ်နှင့် ထမင်းစားခဲ့ကြသည်..။ ဗိုလ်ချုပ်က ဘဲဥဟင်းနှင့် ထမင်းကိုခံတွင်းတွေ့ပုံမရ၊ ထမင်းတစ်ပန်းကန်စားပြီး အတွင်းဝန်ရ
ုံးသို့ ထွက်ခဲ့ကြသည်..။ ထိုနေ့က ယာဉ်မောင်း ရဲဘော်ကျော်စိန် နေမကောင်း၍ ဗိုလ်ထွန်းလှက ရုံးသို့ ကားမောင်းပို့ခဲ့ရသည်..။ ညနေရုံးဆင်းချိန်တွင် ဗိုလ်ချုပ် ဗိုက်ဆာလာပုံ..၊ ဗိုလ်ထွန်းလှ ကို တစ်ခုခုစားရင်ကောင်း...မည်ဟု ဆိုပုံ..၊ ဗိုလ်ထွန်းလှမှာလည်း ငွေအလုံအလောက်ကမပါ.. သို့သော်လည်း ဆရာစားချင်ရင် လိုက်ကျွေးပါ့မည်.. ပိုက်ဆံပါသည်ဟု ပြောဆိုပြီး မဂိုလမ်းက ပလာတာဆိုင်ကို ထွက်ခွါလာပုံကို ယခုလိုရေးဖွဲ့ခဲ့ပါသည်..။
"ကျနော်သည် ကားမောင်းသွားရင်း စိတ်ထဲမှာဗိုလ်ချုပ်အား သူစားချင်သော ပလာတာ နှင့် ခပတ် ကိုကျွေးရန် မည်သို့မည်ပုံ ပရိယာယ်ဆင်ရမည်ကို ကြိုတင်အကွက်ချထားပြီးဖြစ်သည်..။ မဂိုလမ်း(ရွှေဘုံသာလမ်း) ရှိ ပလာတာ နှင့် ဒံပေါက်ဆိုင် မှာ ကျနော် တက္ကသိုလ်ကျောင်းသား ဘ၀က မကြာခဏ၀င်စားလေ့ရှိသော ဆိုင်ဖြစ်ပြီး ဆိုင်ရှင်များနှင့်လည်း သိကျွမ်းနေခဲ့ပါသည်..။ ယင်းအချက်ကို အားကိုးပြီး ကျနော်က ထိုဆိုင်သို့ ရဲဝံ့စွာလာခဲ့ခြင်းဖြစ်ပါသည်..။
ထုံးစံအတိုင်း ဆိုင်ရှိလူငယ်စားပွဲထိုးများသည် အလွန်ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုကာ နေရာထိုင်းခင်းပေးကြရာ ကျနော်တို့လည်း စားပွဲတစ်လုံးတွင်ဝင်ထိုင်ပြီး တစ်ယောက်လျှင် ပလာတာနှစ်ချပ်နှင့် ဆိတ်သား ခပတ်ဟင်း တစ်ပွဲစီနှင့် နှစ်ယောက်အတွက် နှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်သည်..။ ပြီးတော့မှ ကျနော်သည် ဆေးလိပ် မီးညှိဟန်ဖြင့် ငွေသိမ်းကောင်တာတွင်ထိုင်နေသူ ဆိုင်ရှင်အနီးသို့ ကပ်သွားပြီး ခပ်တိုးတိုးပြောလိုက်ပါသည်..။ "ဒီမယ်ခင်ဗျား ကျုပ်ကိုသိတယ်မဟုတ်လား..။ ဒီဆိုင်မှာစားနေကျဖောက်သည် တစ်ယောက်ပါပဲ..။ ဟိုမှာထိုင်နေတဲ့လူက ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ခင်ဗျားတို့သိမှာပေါ့..။ အခုသူက ပလာတာနဲ့ ခပတ်စားချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်..။ ခက်တာက ကျုပ်မှာ ငွေအလုံအလောက်မပါဘူး..။ ဒါကြောင့် ကျုပ်တို့ အခုစားလို့ကျသင့်ငွေကို မနက်ဖြန်ကျမှ ကျုပ်လာပေးပါရစေ..။ နောက်ပြီး ကျုပ်တို့ပြန်ခါနီး ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီးပြီလို့လည်း ပြောပေးပါ..."
သို့နှင့် ဆရာတပည့်နှစ်ယောက် ပလာတာနှင့် ဆိတ်ခပတ်ဟင်းတစ်ပွဲစီ အကြွေးစားသောက်ခဲ့ပုံ နောက်တစ်နေ့ကျမှ အကြွေးသွားဆပ်ခဲ့ပုံများကို ရေးသားဖော်ပြခဲ့ပါသည်..။
ဆောင်းပါးရှင် သိန်းအေး ၊
သတင်းစုံလင် ဖေ.ဘုတ်တခွင်

တရားရှုမှတ်မှုအပေါ် သိပ္ပံအမြင်ဖြင့် ချည်းကပ်ခြင်း""

http://sevreadings.com/wp-content/uploads/2013/02/Alex-Grey-Meditation12.jpg

           တရားရှုမှတ်ခြင်းက ရုပ်နှင့်နာမ်တို့၏ အခြေအနေကို မည်ကဲ့သို့ တည်ငြိမ်အေးချမ်းစေသနည်းဆိုသည်ကို သိပ္ပံမှ အတိအကျနှင့် အပြည့်အဝ မရှင်းပြနိုင်သေးသော်လည်း ပုံမှန်တရားရှုမှတ်ခြင်းဖြင့် စိတ်ဖိစီးမှုနှင့် ရုပ်ခန္ဓာတွင်း ပြောင်းလဲမှုများကို ဖြစ်စေကြောင်း အထောက်အထား ခိုင်လုံစွာ သိရပြီးဖြစ်သည်။

        တရားရှုမှတ်ခြင်းကြောင့် စိုးရိမ်ပူပန်မှုများကို လျော့ကျစေပြီး သက်သောင့်သက်သာရှိစေလျက် လူတို့၏စိတ်တွင် လောဘ,ဒေါသ,မောဟများလွန်ကဲ မှုကို တားဆီးခြင်းဖြင့် စိတ်ကိုထိန်းချုပ်နိုင်စေကြောင်း တွေ့ရှိထားသည်။ တရားရှုမှတ်ခြင်းတွင် အနောက်တိုင်းနိုင်ငံအချို့တွင် ကျင့်သုံးကြသည့်တီအမ် Transcendental Meditation ခေါ်ရှုမှတ်နည်းနှင့် ဗုဒ္ဓမြတ်စွာညွှန်ပြသော သတိပဋ္ဌာန်ရှုမှတ်နည်းတို့ ဖြစ်ကြသည်။

        အာရုံလွန်ကမ္မဋ္ဌာန်းဟုခေါ်သည့် တီအမ်နည်းဖြင့် ရှုမှတ်သူသည် မန္တန်တို့ကို တစ်ရက်လျှင် မိနစ်အတန်ကြာ နေ့တိုင်းရွတ်ဖတ်ရသည်။ အမေရိကန်နိုင်ငံ ဟာဝိုင်အီတက္ကသိုလ်နှင့် ချားလ်စ်ဒရူးတက္ကသိုလ် ပညာရှင်များ၏ လေ့လာချက်အရ တီအမ်နည်းသည် အသက်ကြီးပိုင်း နှလုံးသွေးကြောရောဂါသည်များ၌ စိတ်ဓာတ်ကျခြင်းကို သက်သာစေကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွာ။ သတိပဋ္ဌာန်တရားနည်းအတိုင်းရှုရာတွင် အများအားဖြင့် ဝင်လေထွက်လေကိုမှတ်ခြင်းဖြင့် သမာဓိထူထောင်ကာ မိမိအာရုံ တွင်ပေါ်သမျှကို အလိုက်သင့် မလွတ်တမ်း လိုက်လံရှုမှတ် ရသည်။

          စိတ်ပညာသိပ္ပံဂျာနယ်တွင် ဖော်ပြချက်အရ နေ့စဉ်တရားရှုမှတ်ခြင်းသည် လူတို့၏ အာရုံစူးစိုက်နိုင်မှုအတိုင်းအတာကို မြင့်မားရှည်လျားစေသည်ဟု သိရ သည်။ တရားရှုမှတ်နိုင်မှု ပို၍ကြာလေ၊ အာရုံစူးစိုက်နိုင်မှုသည်လည်း ပို၍ထက်မြက်လေ အချိန်ပိုကြာကြာ စူးစိုက်နိုင်လေဖြစ်သည်။ အာရုံစူးစိုက်မှု တိုးတက်လာခြင်းအပြင် အနည်းငယ်မျှ တရားရှုမှတ်ခြင်းသည်ပင် နာကျင်ခြင်းကို ပြေလျော့စေနိုင်ကြောင်း သိရှိရသည်။

          လေ့လာချက်တစ်ခု၌ တရားပုံမှန်ရှုမှတ်သူတို့နှင့် ရှုမှတ်လေ့မရှိသူတို့ကို အုပ်စုနှစ်ခုခွဲသည်။ လေဆာရောင်ခြည်ဖြင့် အခါအားလျော်စွာ ပစ်လွှတ်ကာ ယင်းတို့၏ကိုယ်၌ နာကျင်မှုကို ဖန်တီးဖြစ်ပေါ်စေသည်။ နာကျင်မှု ဖြစ်ပေါ်ရာ ကိုယ်အင်္ဂါနှင့် ဆက်သွယ်ထားသော ဦးနှောက်၏အပိုင်းနှင့် နာကျင်ခြင်းကို သတင်းပို့သောနေရာများသည် တရားရှုမှတ်ခြင်းကြောင့် အလုပ်လုပ်မှုနှေးသွားကြောင်း တိုင်းတာရေးကိရိယာများက ညွှန်ပြသည်။

          ရောင်ခြည်ပစ်လွှတ်မှု ရပ်နားထားစဉ် တရားရှုမှတ်ခြင်းအကျင့် မရှိသူတို့သည် လေဆာရောင်ခြည်လာတော့မည့်အရေးကို ကြိုတင်၍ စိုးရိမ်စိတ်များဖြစ်ကြသော်လည်း တရားရှုမှတ်လေ့ရှိသူများတွင်မူ ထိုသို့ တွေးပူနေသည့်စိတ်များစွာ လျော့ပါးကြောင်းတွေ့ရသည်။ တရားရှုမှတ်သူတို့သည် ပစ္စုပ္ပန်တည့်တည့်ကိုသာ ရှုမှတ်နေသောအကျင့်ရပြီးဖြစ်၍ နောင်လာမည့်နာကျင်မှုကို ကြိုတင်တွေးပူခြင်း နည်းပါးကြောင်း ပညာရှင်တို့က ကောက်ချက်ချသည်။

       တစ်ရက်လျှင် နာရီဝက်ကြာ၊ သုံးရက်မျှ တရားရှုမှတ်ပေးလျှင် ရှုမှတ်နေစဉ်၌ သာမကရှုမှတ်ခြင်း မပြုတော့သည့်အချိန်တွင်လည်း နာကျင်ခြင်းဝေဒနာကို သက်သာစေနိုင်သည်ဟုဆိုသည်။ အခြားလေ့လာချက်တစ်ခုတွင် ပညာရှင်ဇိုင်ဒန်းနှင့်အဖွဲ့သည် လူ၁၅ဦးကို တစ်ရက်လျှင် နာရီ ဝက်နှုန်းဖြင့် လေးရက်ကြာ တရားရှုမှတ်ခိုင်းသည်။ မရှုမှတ်မီနှင့် ရှုမှတ်ပြီးချိန်များတွင် ခြေသလုံး၌ ၁၂ဝ ဒီဂရီဖာရင်ဟိုက်ရှိသော အတန်ပြင်း ထန်သည့် အပူဓာတ်ဖြင့်လည်း ကောင်း၊ ၉၅ဒီဂရီဖာရင်ဟိုက်ရှိသော မပြင်းလှသည့် အပူဓာတ်ဖြင့်လည်းကောင်း အပူဓာတ်တစ်မျိုးလျှင် ၁၂- စက္ကန့်ကြာမျှ ထိတွေ့စေသည်။

        ရှုမှတ်သူတို့သည် သူတို့ခံစားသိရှိရသော ခံစားမှုပမာဏကို ၁- မှ ၁ဝ- အထိရှိသည့် ခလုတ်များကို နှိပ်ခြင်းဖြင့် မှတ်တမ်းတင်ရသည်။ အပြင်းထန်ဆုံးသော ခံစားမှုကိုကြုံရလျှင် ၁ဝကိုနှိပ်၍ အလွန်အားပျော့စွာ ခံစားသိရှိလျှင် ၁-စသည်ဖြင့် အဆင့်ဆင့်နှိပ်ရသည်။ အမ်အာရ်အိုင်(MRI) Magnetic Resonance Imaging ခေါ် အထူးဓာတ်မှန်တစ်မျိုးဖြင့်လည်း ရှုမှတ်သူတို့၏ဦးနှောက်ကို တိုင်းတာလေ့လာသည်။ အဆိုပါ သုတေသန၏ တွေ့ရှိချက်များကို အသေးစိတ်မသိရသေးသော်လည်း နာကျင်ခြင်းဝေဒနာကို ခံစားရမှုသည် တရားမမှတ်မီကထက် မှတ်ပြီးအချိန်တွင် ၅၇ ရာခိုင်နှုန်းခန့် လျော့ပါးသွားကြောင်း ထုတ်ပြန်သည်

          အစမ်းသပ်ခံသူတို့က သူတို့ခံစားရသောဝေဒနာ၏ ပြင်းထန်မှုမှာ၎ဝ-ရာခိုင်နှုန်းခန့် နည်းသွားသည်ဟု ပြောကြသည်။ ရုပ်နှင့်နာမ်တို့၏ ဖြစ်ပျက် ပြောင်းလဲခြင်းတို့ကို စဉ်ဆက်မပြတ် ရှုမှတ်နေခြင်းကြောင့် နာကျင်မှုအပေါ် ဦးနှောက်က တုံ့ပြန်ခြင်းကို ပြောင်းလဲပုံကို အမေရိကန်နိုင်ငံ စန်ဒီယေဂိုမြို့တွင် ကျင်းပခဲ့သော အာရုံကြောသိပ္ပံအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေး၌ အဆိုပါပညာရှင်တို့ က တင်ပြသည်။

        အာရုံခံအချက်ပြမှုများကို လက်ခံစိစစ်ပို့ လွှတ်ပေးရာ ဦးနှောက်၏ အချို့အစိတ်အပိုင်းများ လှုပ်ရှားဓာတ်ပြုမှု လျော့နည်းသွားသဖြင့် နာကျင်မှု သက်သာကြောင်း သူတို့ကဆိုသည်။ အထက်ပါတွေ့ရှိချက်များအပါအဝင် တရားရှုမှတ်ခြင်း၏အကျိုးများကို သိပ္ပံနည်းကျ တွေ့ရှိလာရခြင်းများကြောင့် စိတ်ရောဂါကုသရာတွင် နာကျင်ခြင်းနှင့်အဆစ်အမြစ်ကိုက်ခြင်းတို့ကို သက်သာရာရစေရာတွင် တရားရှုမှတ်ခြင်းကို တစ်နေ့တခြား ပိုမိုသုံးစွဲ လာကြသည်။

ဖဲလစ်ကာစနိုက်ဒါသည် အဆင့်မြင့် နည်းပညာကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေရာမှ နုတ်ထွက်လိုက်ရသောအခါ သူမ၏ဘဝသည် ဖရိုဖရဲ ဖြစ်သွားသည်။ စိတ်မတည်မငြိမ် ဖြစ်သွားသည်။ သူငယ်ချင်း တစ်ယောက်၏ အကြံပြုချက်အရ တရားစခန်းတစ်ခုသို့ သွား၍ တရားထိုင်ကြည့်သည်။

တစ်ရက်လျှင် သုံးနာရီ တရားရှုမှတ်ရသည်။ တရားစခန်းအပြီးတွင် သူမ၏ဘဝသည် အကောင်းဘက်သို့ ဦးတည်သွားကြောင်း ဖယ်လစ်ကာကဆို သည်။ ”ကျွန်မရဲ့ ပတ်ပတ်လည်မှာ ပူဖောင်းတစ်ခုက ငုံအုပ်ထားပေးသလိုပဲ တည်ငြိမ်အေးချမ်းမှုကို ခံစားရပါ တယ်” ဟု သူမက ဆိုသည်။ အသက် ၂၇ နှစ်အရွယ် ဖဲလစ်ကာစနိုက်ဒါသည် ယခုအခါ အမျိုးသမီးသီးသန့် တရားစခန်းတစ်ခုကို အမေရိကန် ဘော်စတွန်တွင် ဖွင့်လှစ်ထားသည်။

သူမလိုပင် အမျိုးသမီးများ၏ဘဝတွင် တည်ငြိမ်မှုရစေရန် ရည်ရွယ်သည်။ ဗရုတ်သုတ်ခနိုင်လှသော ကမ္ဘာကြီးထဲတွင် စနိုက်ဒါကဲ့သို့ တည်ငြိမ်အေးချမ်းမှုရရန် တရားရှုမှတ်ခြင်းကို အားကိုးလာနေကြသူ အတော်များပြားလာလျက်ရှိသည်။ ယင်းတို့မှာ ဗုဒ္ဓမြတ်စွာညွှန်ပြခဲ့သော သတိပဋ္ဌာန်တရားတော်၏ အပေါ်ယံကြောမျှသာဖြစ်သော အကျိုးကို လက်တွေ့ခံစားနေရသူများဖြစ်သည်။

ဗုဒ္ဓတရားတော်ကို ကောင်းစွာသဘောပေါက်ပြီး သတိပဋ္ဌာန်တရားတော်ကို အစဉ်တစိုက် ပွားများသူများမှာ တစ်ဘဝစာ ငြိမ်းအေးမှုသာမက တစ်ချိန်တွင် မည်သည့်အခါမျှ မအိုတော့,မနာတော့ ,မသေတော့သော အကျိုးထူးကို ခံစားနိုင်ကြမည်ဖြစ်ပါသည်။။
---------------------------------------------------------------------------------------------------------------------------------------------
တရားရဲ့နယ်ထဲကို တကယ်ရောက်သွားတဲ့အခါ သိပ္ပံလည်း လိုက်မမှီတော့ပါဘူး...။ တရားရဲ့သက်မှတ်ချက်က ပါးစပ်ကပြောရခက်တယ်.. ။ သိပ္ပံနဲ့စမ်းသက်ဖို့လည်း မလွယ်ဘူး...။ တကယ်တော့ ၀ိပဿနာရဲ့သဘောကို ကောင်းကောင်းသဘောပေါက်ချင်ရင်တော့ ကိုယ်တိုင်ကျင့်မှ အမှန်တရားကိုမြင်ရတာ။ ဒါလေးက သမာဓိအဆင့်ကို သိပ္ပံနဲ့စမ်းသက်ထားတာလေးဖြစ်ပါတယ်..။

ဒကာမပိတောက်(ခေတ္ထ-USA)မှ ပေးပို့သောစာလွှာဖြစ်ပါသည်။ မူလရေးသူအမည်မှာ ကျော်ဦးဟူ၍ပါ၏။ ဓမ္မမိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ........။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ) 
 
http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A342616&

Google က Network Engineer

 
TechSpace Journal
Google က Network Engineer
ပုံမှာ မြင်တွေ့နေရတာကတော့ Google ဌာနချုပ် Data Center မှာ အလုပ်လုပ်နေတဲ့ Denise Harwood အမည်ရ အမျိုးသမီး Network Engineer တစ်ဦး ဖြစ်ပါတယ်။
Trouble Shooting လုပ်နေတာပါ။ အပူချိန်လွန်ကဲနေတဲ့ ကွန်ပြူတာ processor ကို အဖြေရှာဖို့အတွက် Diagnoses လုပ်နေပုံ ဖြစ်ပါတယ်။
ကမ္ဘာတစ်လွှားက Request လုပ်သမျှ၊ ပို့သမျှ Data များကို သိမ်းဆည်းထားပေးတဲ့ ဧရာမ ကွန်ပြူတာခန်းကြီးမှာ ပါ။ ရေခဲတိုက် လိုပဲ အေးနေအောင် ထားရပြီး Stand by Device တွေအမြဲရှိရပါတယ်။ Network Engineer များကလည်း ပုံမှာ မြင်တွေ့ရတဲ့ Denise လိုပဲ နေ့ရောညပါ မနားတမ်းအလုပ်လုပ်ရတာပါ။ တာဝန် ကျတဲ့အချိန်အတွင်း ၂၄ နာရီပတ်လို့ ဖြစ်ပေါ်တဲ့ ကိစ္စအရပ်ရပ်တိုင်းကို ချက်ချင်ြးေ...ဖရှင်းပေးရပါတယ်။
Operation လုပ်နေရပြီး Implement လုပ်ပြီးသား Data Center ကို ဆက်လက် run နေအောင် ထိန်းသိမ်းပေးရခြင်းဖြစ်ပါတယ်။ ဒီမှာ ကွန်ပြူတာ အင်ဂျင်နီယာများလည်း ပါဝင်ပါတယ်။ အခြားသော ပညာရှင် များလည်း Data Center မှာ တာဝန်ထမ်းဆောင်ရပါတယ်။
Google မှ ခေါ်ဆိုတဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို လိုအပ်ချက်များနဲ့ တကွ သိရအောင် အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
www.google.com/about/jobs/
Ref:AP
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/06/google-network-engineer.html

မေမေတို့ရဲ့ ဟိုးရှေးရှေးက

 
Nine Nine Sanay @ နိုင်းနိုင်းစနေ
မေမေတို့ရဲ့ ဟိုးရှေးရှေးက
သားရေ...
နေကောင်းလားဟေ့... မေမေ့ရဲ့ မြေးတွေရော နေကောင်းကျန်းမာကြရဲ့လား? နှစ်တစ်နှစ် ထက်ဝက်ကျိုးပြန်ပြီ သားရေ...... မေမေ့မြေးတွေကို အားရင် မေမေတို့ရဲ့ ဟိုးရှေးရှေး.. ဟိုးရှေးရှေးကအကြောင်းတွေ ပြောပြဖို့ မမေ့နဲ့နော်..
မေမေတို့ရဲ့ ဟိုးရှေးရှေးက
ကောင်းကင်ဆိုတာ အပြာရောင်... ရေကလည်း ကြည်လို့ပေါ့။
အသားငါးတွေဆိုတာ စိတ်ချလက်ချ စားလို့ရသကွဲ့
သူခိုးဓားမြဆိုတာ ရဲတွေကိုကြောက်ပြီး
တရားရုံးဆိုတာ တရားမျှတတဲ့နေရာပေါ့
လူများအသက်သတ်ရင် ကိုယ့်အသက်ပြန်ပေးရတယ်ကွယ်။

အဲဒီတုန်းက
အလှပြင်ဆိုင်ဆိုတာ ဆံပင်ညှပ်တဲ့အလုပ်ပဲလုပ်ပြီး
ကွမ်းယာဆိုင်ဆိုတာ ကွမ်းယာပဲရောင်းတယ်ကွဲ့။
မင်္ဂလာမဆောင်ခင် သုံးနှစ်သုံးမိုး ရည်းစားထားရပြီး
ဆေးဝါးပစ္စည်းဆိုတာ ရောဂါကုလို့ရတာပေါ့။
ဆရာဝန်ဆိုတာ လူနာအသက်ကိုကယ်ပြီး
ရုပ်ရှင်မင်းသမီးဖြစ်ချင်ရင် ဒါရိုက်တာနဲ့ အိပ်စရာမလိုဘူးကွဲ့။
အဲဒီတုန်းက
ဓာတ်ပုံရိုက်ရင် အဝတ်အစားဝတ်ကြပြီး
ငွေချေးရင် ပြန်ဆပ်ရတယ်။
ကျောင်းဆိုတာ ငွေရှာတဲ့နေရာမဟုတ်ဘဲ
ဦးနှောက်မကောင်းသူတွေက အကြီးအကဲမလုပ်ရဘူးကွဲ့။
အဲဒီတုန်းက
ခွေးသားရောင်းရင် ဆိတ်ခေါင်းမချိတ်ရဘူး
အိမ်ထောင်ကျပြီးသားဆို အပျိုမငမ်းရဘူးကွဲ့..
မေမေ့မြေးတွေကို ဒါတွေပြောပြဖို့ မမေ့ပါနဲ့နော်... သား..

အီးမေးလ်ထဲရောက်လာတဲ့ စာတစ်ပုဒ်..ဘာသာပြန်မျှဝေပါသည်။
နိုင်းနိုင်းစနေ(Thursday, May 24, 2012)

Friday, June 28, 2013

နှစ်ထပ်ကားခေါင်မိုးကို လက်ထောက်ကာ လေထဲလိုက်ပါ လာသည့် ပြကွက်ကို မျက်လှည့်ပညာရှင် ဒိုင်နမို ပြသ

 
Burma News
နှစ်ထပ်ကားခေါင်မိုးကို လက်ထောက်ကာ လေထဲလိုက်ပါ
လာသည့် ပြကွက်ကို မျက်လှည့်ပညာရှင် ဒိုင်နမို ပြသ
ဗြိတိန်နာမည်ကြီး မျက်လှည့်ပညာရှင် ဒိုင်နမိုသည် လန်ဒန်မြို့တွင် နှစ်ထပ်ကား ခေါင်မိုးကို လက်ဖြင့်ထောက်ကာ လေထဲ လိုက်ပါသည့် ပြကွက်ဆန်းကို ပြသခဲ့ရာ လမ်းဘေး ၀ဲယာရှိ ပရိသတ်များတင်မက ကမ္ဘာ့လှည့် ခရီးသွားဧည့်သည်များကိုပါ ပါးစပ်အဟောင်းသားဖြစ်စေခဲ့ကြောင်း အင်္ဂလန် မီဒီယာ များက ဇွန် ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ အသက် ၃၀ အရွယ်ရှိ ဒိုင်နမိုသည် Pepsi ကုမ္ပဏီ၏ ပရိုမိုးရှင်း အစီအစဉ်ဖြစ်သည့် Pepsi MAX အစီအစဉ်အရ အနီရောင် နှစ်ထပ်ကား အမိုးကို လက်ဖြင့်ထောက်ကာ မျက်လှည့်စွမ်းရည် ပြသခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နှစ်ထပ်ဘတ်စ်ကား အပေါ်ထပ်တွင် သတင်းထောက်များနှင့် ခရီးသည်များ လိုက်ပါလာခဲ့ပြီး လန်ဒန်မြို့ရှိ Millbank ဒေသ မှ စတင်ထွက်ခွာကာ ပါလီမန် အဆောက်အအုံ၊ ၀က်မင်စတာ တံတားတို့ကို ဖြတ်သန်းခဲ့သည်။ မစ္စတာ ဒိုင်နမိုသည် ခရီးစဉ်တစ်လျှောက် ကားအမိုးကို လက်ဖြင့် ထောက်ကာ မြေပေါ်တွင် မတ်တတ်ရပ်နေသလို ရပ်ပြခြင်း၊ ဒူးကွေးပြခြင်းများ လုပ်ပြခဲ့ပြီး လမ်းဘေးဝဲယာရှိ ပရိသတ်များက တစ်ခဲနက် အော်ဟစ်အားပေးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ကမ္ဘာကျော် မျက်လှည့်ပညာရှင်အများစုမှာ ပွဲကြည့်ပရိသတ်များ ရှေ့မှောက်၌ ရထားတစ်စီးလုံးကို အ၀တ်ဖြင့်အုပ်ကာ ဖျောက်ပြခြင်း၊ လေထဲတွင် ပျံဝဲ ပြခြင်းများ ပြုလုပ်ခဲ့ဖူးသော်လည်း မစ္စတာဒိုင်နမိုမှာမူ မောင်းနှင်နေသည့် နှစ်ထပ်ဘတ်စ်ကား ဘေးမှ လိုက်ပါကာ လေထဲ၌ မတ်တတ်ရပ်ပြခြင်းမှာ အံ့အားသင့်စရာ ကောင်းလွန်းလှသည်ဟု မီဒီယာများက ရေးသားခဲ့ကြသည်။
အမည်ရင်း စတီဗင်ဖရိန်း အမည်ရ မစ္စတာဒိုင်နမိုသည် ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းကလည်း လန်ဒန်မြို့ရှိ ကမ္ဘာကျော် သိမ်းစ်မြစ်အတွင်း ရေပြင်ပေါ် လမ်းလျှောက်ပြခဲ့ဖူးသည်။ ထို့ပြင် သူသည် ယူရို ၂၀၁၂ ကွာတား ဖိုင်နယ်ပွဲစဉ်များ မကစားမီ ဆီမီးဖိုင်နယ်သို့ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပေါ်တူဂီတို့ တက်ရောက်နိုင်မည်၊ ဗိုလ်လုပွဲတွင် စပိန်က အီတလီအသင်းအား နှစ်ဂိုးနှင့် သုံးဂိုးအထက်သွင်းကာ ဗိုလ်စွဲ နိုင်မည်ဟုဆိုကာ Paddy Power လောင်းကစားကုမ္ပဏီ၌ လောင်းကြေး ပေါင်စတာလင် တစ်ပေါင် မျှဖြင့် လောင်းကြေးထပ်ခဲ့သည်။ ၎င်းင်း ခန့်မှန်းခဲ့သည့် လေးသင်းစလုံး ဆီမီးဖိုင်နယ်တက်ခဲ့သလို ဗိုလ်လုပွဲတွင်လည်း စပိန်က အီတလီအသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ရာ လောင်းကြေး ပေါင်တစ်သောင်း ရရှိခဲ့ပြီး ထိုငွေ အားလုံးကို ကင်ဆာရန်ပုံငွေ သို့ ပြန်လည်လှူဒါန်းခဲ့သည်။
Automobile Journal

ဖမ်းဆုပ်ရမယ့်အခွင့်အရေး

 
နှိုင်းရင့်နွေ
ဖမ်းဆုပ်ရမယ့်အခွင့်အရေး
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
လူငယ်လေးတစ်ယောက်ဟာ လယ်သမားကြီးတစ်ဦးရဲ့ သမီးချောလေးကို လက်ထပ်ချင်ပါသတဲ့.... ဒါနဲ့သူက လယ်သမားကြီးဆီသွားပြီး လက်ထပ်ခွင့်တောင်းခဲ့တယ်....
လယ်သမားကြီးက သူ့ကိုအကဲခတ်ပြီးပြောတယ်....
"လူလေး... ရှေ့ကကွင်းပြင်ထဲသွားရပ်နေကွာ... ငါနွားသိုးသုံးကောင်ကို တစ်ကောင်ချင်းလွှတ်လိုက်မယ်... အကယ်လို့ အဲ့ဒီနွားသုံးကောင်ထဲက တစ်ကောင်ကောင်ရဲ့အမြီးကို မင်းဖမ်းနိုင်မယ်ဆိုရင် မင်းင့ါသမီးကိုယူလို့ရပြီ..."
လူငယ်လေးဟာ စားကျက်မြေထဲမှာရပ်ရင်း ပထမဆုံးနွားသိုးကို စောင့်ဆိုင်းနေပါတယ်... နွားတင်းကုပ်တံခါးပွင့်လာပြီး သူမြင်ဖူးသမျှထဲမှာ အကောင်အကြီးဆုံးနဲ့ အခက်ထန်ဆုံးပုံစံရှိတဲ့ နွားသိုးကြီးတစ်ကောင် ပြေးထွက်လာပါတယ်....
ဒီနွားသိုးရဲ့အမြီးကိုဆွဲမယ့်အစား နောက်ထပ်နွားသိုးတစ်ကောင်ကို စောင့်လိုက်တာက သူ့အတွက်ပိုကောင်းလိမ့်မယ်လို့ သူဆုံးဖြတ်လိုက်ပါတယ်... ဒါကြောင့် သူကဘေးကိုပြေးထွက်လိုက်ပြီး နွားသိုးကို စားကျက်မြေရဲ့ နောက်ဘက်ထွက်ပေါက်ကနေ ပေးဖြတ်သွားလိုက်ပါတယ်...
နည်းနည်းကြာတော့ နွားတင်းကုပ်တံခါးထပ်ပွင့်လာပြန်ပါပြီ... မယုံနိုင်လောက်အောင်ပါပဲ... သူ့ဘဝမှာ ဒီလောက်ကြီးပြီး ဒီလောက်ခက်ထန်ကြမ်းကြုတ်တဲ့ နွားသိုးမျိုး သူမမြင်ဖူးပါဘူး.... နွားသိုးကြီးဟာ ခွာနဲ့မြေကြီးကိုယက်ပါတယ်... နှာတရှူးရှူးမှုတ်ပြီး သူ့ကိုစူးစူးစိုက်စိုက်ကြည့်ရင်း သွားရည်တွေထွက်ကျနေပါတယ်...
သူ့အတွေးထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ကောင်ကို စောင့်လိုက်တော့မယ်ဆိုတဲ့ အတွေးဖြစ်လာပါတယ်... ဒီအကောင်နဲ့တော့ လုံးဝမဖြစ်ပါဘူး... ဒါနဲ့ သူကခြံစည်းရိုးဘေးကိုပြေးကပ်လိုက်ပြီး နွားသိုးကြီးကို စားကျက်မြေရဲ့ နောက်ဘက်ထွက်ပေါက်ထဲက ပေးဖြတ်လိုက်ပါတယ်...
နောက်ဆုံးမှာတော့ နွားတင်းကုပ်တံခါးဟာ တတိယအကြိမ်မြောက်ပွင့်လာပြန်ပါပြီ..... သူ့မျက်နှာမှာ အပြုံးတစ်ခု ဖြတ်ပြေးသွားပါတယ်.... သူမြင်ဖူးသမျှထဲမှာ အားအနည်းဆုံး အပိန်လှီဆုံး နွားသိုးငယ်လေးတစ်ကောင်ထွက်လာလို့ပါပဲ... ဒီတစ်ကောင်ကိုတော့ သူအမိဖမ်းပါတော့မယ်...
နွားသိုးထွက်လာတာနဲ့ သူကအပြေးလေးချဉ်းကပ်သွားလိုက်ပါတယ်... အမြီးကိုဖမ်းဖို့ ဘေးကနေအသင့်နေရာယူပြီး အချိန်ကိုက်ရောက်တာနဲ့ နွားသိုးရဲ့နောက်ကိုခုန်ထွက်လိုက်ပါတယ်... နွားသိုးရဲ့အမြီးကို ဖမ်းဆွဲလိုက်တဲ့အခါမှာတော့....
အဲ့ဒီနွားသိုးမှာ အမြီးမရှိဘူးဆိုတာ တွေ့လိုက်ရပါတော့တယ်...
----------------------------------------------------------------
ဒီဇာတ်လမ်းလေးကပေးတဲ့ သင်ခန်းစာကတော့...
ဘဝမှာအခွင့်အရေးတွေအများကြီးပြည့်နေပါတယ်.... တစ်ချို့အခွင့်အရေးတွေကနေ အကျိုးအမြတ်ရယူဖို့ လွယ်ကူပါလိမ့်မယ်... တစ်ချို့ကျတော့ခက်ခဲပါလိမ့်မယ်... ဒါပေမဲ့ (နောက်ထပ်ပိုကောင်းမယ့် အခွင့်အရေးတွေကိုမျှော်ကိုးပြီး) လက်ရှိအခွင့်အရေးတွေကို လက်လွတ်လိုက်ပြီဆိုတာနဲ့ ဒီအခွင့်အရေးတွေကို ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်မရနိုင်တော့ပါဘူး...
ဒါကြောင့် ပထမဆုံးအခွင့်အရေးကို အမြဲတမ်းအမိအရဆုပ်ကိုင်ပါလို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်....
----------------------------------------------------------------
Ref: Inspire Your Friends

လူတော်လူကောင်း(၁၀)ချက်

 
Myanmar News Update
လူတော်လူကောင်း(၁၀)ချက်
******************
၁) မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်

သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

၂) လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်

ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။
မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃) ဂရုဏာစိတ်ထားတယ်

တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။
ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၎) ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်

ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊
ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့
သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅) ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်

ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊ နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင်
အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က
ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့
အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆) ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်

တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်းဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့
ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့ မသင့်တော့ဘူး။

၇) အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်

အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊ အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာ တတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး
တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက
မြစ်ဖျားခံတာပဲ။

၈) အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်

အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉) လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်

စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့
ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yogaသင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀) အားကစားကို ခုံမင်နှစ်ခြိုက်တယ်

အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊
ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထားနိုင်လိမ့်မယ်။

သူငယ်ချင်း (၈)မျိုး(ဘယ်လိုသူငယ်ချင်းမျိုးလဲ)

 
Today Myanmar
သူငယ်ချင်း (၈)မျိုး(ဘယ်လိုသူငယ်ချင်းမျိုးလဲ)
******************************
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
-----------------------------
သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။


(၂) ဖေးမကူညီတဲ့သူငယ်ချင်း
------------------------------
သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။


(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း
----------------------------------
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။


(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
----------------------------------
ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။


(၅) အားပေးဖော် သူငယ်ချင်း
-----------------------------
ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။


(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
-----------------------------------------
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။


(၇) လမ်းပြသူ သူငယ်ချင်း
---------------------------
သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။


(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
------------------------------------
ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

ထာဝရအလင်းတန်းများ

အတွင်းကျကျ ကြည့်မြင်မယ်ဆိုရင် ခင်ဗျားတို့ အများစုက "အဆိုးမြင်စိတ်" ကဲတယ် .. ဒါကတော့ ခင်ဗျားတို့ ဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းနေရတဲ့ သမိုင်းနဲ့လဲ ဆိုင်နိုင်ပါတယ်။

 
Yekkha Ye Jee
. . . . . . . ကျွန်တော်က လူမျိုးခြား Foreigner တစ်ယောက်ကို မေးခဲ့တယ် . . လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ် တစ်ရက်က . . ကျွန်တော်တို့ လူမျိုးကို ခင်ဗျားရဲ့ အတွေ့အကြုံ ဗဟု...သုတ များအပေါ် အခြေခံပြီး မှတ်ချက်ပေးစမ်းပါလို့ . . . သူက ကောင်းတာတွေလဲ ရှိပါတယ်ဆိုပြီး ပုခုံးတွန့်ပြတယ် . . ပြောပါ ပြောသာပြော ၅ နှစ်အထက်တွေ သတ်ပစ်ဆိုတာမျိုးအထိ ခင်ဗျားမှန်တယ်ထင်တာပြောဗျာ . . ကျွန်တော်နားထောင်မှာပါ . . ဆိုမှ

. . . . . . . ခင်ဗျားတို့လူမျိုးက တော်တယ် ၊ ဒါ လူမျိုးတိုင်းကို ပြောလို့မရတဲ့ ကောင်းကွက်တစ်ခုပေါ့ . . . ဥပမာ .. ဂျူးတွေ ညဏ်ရည်မြင့်တယ် ဆိုတာမျိုးပေါ့ . . . ခင်ဗျားတို့လူမျိုးကို ညံ့တယ်လို့ပြောတာမျိုး ကျွန်တော် သိပ်မတွေ့ဘူးဘူး။
. . . . . . . နောက်တစ်ခုက သဘောကောင်းတယ် ၊ ဖော်ရွေတယ် ၊ ခင်မင်တတ်တယ် ဆိုတာမျိုးပေါ့ . . မှန်သလောက် မှန်ပါတယ် . . တခြားလူမျိုးများထက်သာပါတယ်။
. . . . . . . ဘာသာတရား ကိုင်းရှိုင်းတဲ့အတွက် အများစုက စိတ်နှလုံး နှစ်လိုဖွယ်ရာရှိတယ်။
. . . . . . . နောက် .. သိပ် မသိကြတာက ခင်ဗျားတို့က မျိုးနဲ့ ရိုးနဲ့ စစ်တိုက်တော်တဲ့ လူမျိုးပဲ။ ခင်ဗျားတို့ လူဦးရေ မများခဲ့လို့ .. မဟုတ်ရင် ခင်ဗျားတို့ဟာ ပြောစမှတ်တွင်လောက်တဲ့ အင်ပါယာတစ်ခုကို ကောင်းကောင်းထူထောင်နိုင်မှာပဲ။
. . . . . . . ကောင်းပြီ .. ခင်ဗျားတို့မှာ အဆိုးဆုံး အချက်က တခြားအာရှသားတွေလိုပဲ .. မနာလို မရှုစိမ့်မှုသိပ်ကြီးတဲ့ကိစ္စပဲ .. ခင်ဗျားတို့က တခြားအာရှသားတွေထက် ပိုဆိုးတယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျားတို့ အချင်းချင်းကြားထဲမှာဒါဟာ သိပ်ကြီးမားကျယ်ပြန့်တယ်။ ကျွန်တော်တို့လို အပြင်လူတွေအတွက် မသိသာဘူး။ ဒါဟာ ခင်ဗျားတို့အတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အံ့သြစရာကောင်းတာက ခင်ဗျားတို့လူမျိုး ပညာတတ် ၊ အဆင့်မြင့်တွေ ကြားထဲမှာပါ ဒီလိုသဘောထား မသေးတာတွေ့ရတာပဲ။
. . . . . . . ဒုတိယ .. ခင်ဗျားတို့ မညီညွတ်ကြဘူး . . သမိုင်းစဉ်ထဲက ညီညွတ်ခြင်းကလဲ အချိန် နေရာ အရ လိုအပ်ချက်ကွက်လပ်ပေါ်လာလို့ ညီညွတ်သွားခြင်းမျိုးပဲ . . Intentionally, စိတ်ပါလက်ပါ ရည်ရွယ်ချက်ရှိရှိ ညီညွတ်ခြင်းမျိုး မဟုတ်ဘူး . . ညီညွတ်ခြင်း အကြောင်းကိုတောင် သေချာနားမလည်သေးတာမျိုးပဲ . . ကျွန်တော် စိတ်မကောင်းပါဘူး။
. . . . . . . အတွင်းကျကျ ကြည့်မြင်မယ်ဆိုရင် ခင်ဗျားတို့ အများစုက "အဆိုးမြင်စိတ်" ကဲတယ် .. ဒါကတော့ ခင်ဗျားတို့ ဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းနေရတဲ့ သမိုင်းနဲ့လဲ ဆိုင်နိုင်ပါတယ်။
. . . . . . . နောက်အရေးပါမယ်လို့ ကျွန်တော်ထင်တာတစ်ခုကတော့ ခင်ဗျားတို့တွေက နည်းနည်း over confidence ဖြစ်နေသလားလို့ . . ခင်ဗျားတို့မှာ ဆရာက များပြီး တပည့်ရှားနေတာမျိုး ကျွန်တော် ခဏခဏ တွေ့ရတယ် . . နောက်လိုက်ကောင်းလည်း မလုပ်ချင်ဘူး . . အားလုံးလိုလိုက ကိုယ်ပဲတတ်တယ်လို့ထင်ကြတယ် . . . ကျွန်တော့်အမြင်မှားနိုင်တယ်နော်။
. . . . . . . နောက်ဆုံးကတော့ ခင်ဗျားတို့ သမိုင်းကြောင်းအရ လက်ဝဲ အယူအဆ အားကောင်းမောင်းသန်ရှိတုန်းပဲလို့ ကျွန်တော်ထင်တယ် . . အပေါ်ယံကို မဆိုလို ၊ အတွင်းသားကိုသာ ဆိုလိုပါတယ်၊ .. ဥပမာ . . ညှိနှိုင်းတာမျိုး အားနည်းတယ်၊ စိတ်လဲသိပ်ဝင်စားပုံမရဘူး၊ ငါအမှန်ဆို သူအမှားပဲ ဆိုတာမျိုး၊ ရန်သူကို ချေမှုန်းရမယ် ဆိုတာမျိုး၊ ငါနဲ့မတူ ရန်သူ ဆိုတာမျိုး ... ခင်ဗျား မြင်မှာပါ . . . win win situation ဆိုတာမျိုးကို သိပ်ပြီးနားမလည်နိုင်ကြဘူး . . . ။
. . . . . . . ကျွန်တော်က ဗမာ လူမျိုးတစ်ခုတည်းကိုပဲ ရည်ညွှန်းတာနော် ၊ OK , anymore ?
. . . . . . . သိပ်ကောင်းပါတယ်ဗျာ . . . ခင်ဗျားကို ကျေးဇူးလဲတင်ပါတယ်လို့ ပြောတဲ့အချိန်မှာ ကျွန်တော့် ပုခုံးက တွန့် တွန့် သွားရောဗျာ . . . . . ။
ယက္ခ (ရဲကြီး) ၂၇.၆.၂၀၁၃

လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ

Photo: လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ
Wednesday, June 26, 2013

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကပဲ အာကာသ သိပ္ပံပညာရှင်တွေဟာ လူတွေ အသက်ရှင် နေထိုင်လို့ ရနိုင်မယ့် တစ်နည်းဆိုရလျှင် လူတွေ အသက်ရှင် နေထိုင် နိုင်အောင် ထောက်ပံ့ ပေးနိုင်မယ့် ကမ္ဘာနှင့် အလားတူသော ဂြိုလ်သုံးလုံးအား တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ဂြိုလ်မှာ Gliese 667Cအမည်ရှိ ဂြိုလ်ဖြစ်ပြီး ကမ္ဘာမှ အလင်းနှစ် ၂၂နှစ် အကွာအဝေးတွင် တည်ရှိကြောင်း သိရပါတယ်။ Gliese 667Cမှာ အရံဂြိုလ် ၆ ဂြိုလ်ခန့် ၀န်းရံ လည်ပတ်လျက်ရှိသော ဂြိုလ်တစ်ခု ဖြစ်ပြီး Gliese 667Cအပါအ၀င် အရံဂြိုလ် နှစ်လုံးတို့မှာ လူသားများ အသက်ရှင်နေထိုင်နိုင်လောက်သော ပတ်ဝန်းကျင်နှင့် ရာသီဥတုများရှိနိုင်ကြောင်း ဆိုပါတယ်။

ထို့အပြင် ရေများပါ တည်ရှိနေနိုင်ပြီး ထူးခြားချက် တစ်ခုအဖြစ် နေအဖွဲ့အစည်း သုံးခု၏ အလယ်တွင် တည်ရှိသောကြောင့် နေ့အခါများတွင်
နေသုံးစင်းအား တွေ့မြင်ရနိုင်မည့် ဂြိုလ်ဖြစ်လာလိမ့်မည်ဟု သုံးသပ်ပြောဆိုနေပါတယ်။ အဆိုပါ ဂြိုလ်များ၏ မြေထု သိပ်သည်းဆမှာ ကမ္ဘာဂြိုလ် အနီးရှိ နပ်ပဂျွန်းဂြိုလ်၏ မြေထု သိပ်သည်းဆများထက် ပိုမို ပွယောင်းကြောင်း၊ ဂြိုလ်၏ လှည့်ပတ်လမ်းကြောင်းမှာလည်း တည်ငြိမ်စွာဖြင့် ပုံမှန်လမ်းကြောင်း အတိုင်းသာ လည်ပတ်လျက်ရှိကြောင်း၊ အမြဲတမ်း လပြည့်ညများ မြင်တွေ့နိုင်မယ့် ဂြိုလ်ဖြစ်ကြောင်းတို့ကိုပါ သိရှိရပါတယ်။

Ref: www.businessinsider.com
Myanmar ICT

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကပဲ အာကာသ သိပ္ပံပညာရှင်တွေဟာ လူတွေ အသက်ရှင် နေထိုင်လို့ ရနိုင်မယ့် တစ်နည်းဆိုရလျှင် လူတွေ အသက်ရှင် နေထိုင် နိုင်အောင် ထောက်ပံ့ ပေးနိုင်မယ့် ကမ္ဘာနှင့် အလားတူသော ဂြိုလ်သုံးလုံးအား တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ဂြိုလ်မှာ Gliese 667Cအမည်ရှိ ဂြိုလ်ဖြစ်ပြီး ကမ္ဘာမှ အလင်းနှစ် ၂၂နှစ် အကွာအဝေးတွင် တည်ရှိကြောင်း သိရပါတယ်။ Gliese 667Cမှာ အရံဂြိုလ် ၆ ဂြိုလ်ခန့် ၀န်းရံ လည်ပတ်လျက်ရှိသော ဂြိုလ်တစ်ခု ဖြစ်ပြီး Gliese 667Cအပါအ၀င် အရံဂြိုလ် နှစ်လုံးတို့မှာ လူသားများ အသက်ရှင်နေထိုင်နိုင်လောက်သော ပတ်ဝန်းကျင်နှင့် ရာသီဥတုများရှိနိုင်ကြောင်း ဆိုပါတယ်။

ထို့အပြင် ရေများပါ တည်ရှိနေနိုင်ပြီး ထူးခြားချက် တစ်ခုအဖြစ် နေအဖွဲ့အစည်း သုံးခု၏ အလယ်တွင် တည်ရှိသောကြောင့် နေ့အခါများတွင်
နေသုံးစင်းအား တွေ့မြင်ရနိုင်မည့် ဂြိုလ်ဖြစ်လာလိမ့်မည်ဟု သုံးသပ်ပြောဆိုနေပါတယ်။ အဆိုပါ ဂြိုလ်များ၏ မြေထု သိပ်သည်းဆမှာ ကမ္ဘာဂြိုလ် အနီးရှိ နပ်ပဂျွန်းဂြိုလ်၏ မြေထု သိပ်သည်းဆများထက် ပိုမို ပွယောင်းကြောင်း၊ ဂြိုလ်၏ လှည့်ပတ်လမ်းကြောင်းမှာလည်း တည်ငြိမ်စွာဖြင့် ပုံမှန်လမ်းကြောင်း အတိုင်းသာ လည်ပတ်လျက်ရှိကြောင်း၊ အမြဲတမ်း လပြည့်ညများ မြင်တွေ့နိုင်မယ့် ဂြိုလ်ဖြစ်ကြောင်းတို့ကိုပါ သိရှိရပါတယ်။

Ref: www.businessinsider.com

Tuesday, June 25, 2013

Windows 32 bits နှင့် 64 bit ကွာခြားချက် အကြမ်းဖျင်း



ကျနော်လည်း တစ်ချိန်တုန်းက ကွန်ပြူတာဝယ်လိုက်ရင် 32 bits နဲ့ 64 bits ဘာကွာလည်းဆိုတာကို သေချာ ကွဲကွဲပြားပြား မသိဘူး။

64 bits ဝယ်ဖြစ်ခဲ့တယ်။ ကံဆိုးချက်ကတော့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေ သွင်းတဲ့အခါ ရတာက ရပြီး မရတာက မရဘူး။ အထူးသဖြင့် Call of Duty နောက်ဆုံးထွက်တွေ၊ Need For Speed ရဲလိုက်ဖမ်း တဲ့ ပြိုင် ကားမောင်းတာတွေ သူများဆော့တာမြင်တော့ ဆော့ချင် တာပေါ့။ ဒီတော့ သွင်းလိုက်တိုင်း တစ်ခုမဟုတ် တစ်ခုက အမှားပြတယ်။ Data source ရှာမတွေ့တာတို့ ၊ အရင်းမြစ် file မရှိတာတို့ ဘာညာနဲ့ပြတယ်။ ကျနော်ညံ့ လို့နေမှာပါ။ သူများ 64 bits ကွန်ပြူတာများ ရတယ်။ ကျနော် မရဘူး။ Avira တို့လို Virus သတ်တဲ့ ဆောဖ်ဝဲတွေလည်း ပိတ်ပါတယ်။ သို့ပေမယ့် သိပ်လည်း အဆော့ချင်ကြီးမဟုတ်၊ အရမ်းလည်း အားနေသူ မဟုတ်တော့ ၁ နာရီလောက် အချိန်ပေးလုပ်လို့ ထူးမလာရင် ဒီတိုင်းပဲ ပစ်ထားဖြစ်လိုက်တယ်။ သေချာလုပ်ရင်တော့ ရမှာပါ။

ဒါက ဘာကြောင့်လဲဆို ကွန်ပြူတာရဲ့  RAM အသုံးချမှုက အဓိကပါတဲ့။ 32 bits က RAM 4GB ထက်ပိုမသုံးဘူး။ 64 bits က RAM ရှိရင်ရှိသလောက် သူသုံးဖြစ်လိမ့်မယ်။ Random Access Memory ကိုပြောတပါ။ တစ်ပြိုင်နက်တည်း အလုပ်လုပ်နိုင်မှုပါ။ အလွယ်ဆုံး ဥပမာ ပေးရရင် ဓာတ်ခဲ ၂ လုံးအား အသုံးပြုပြီး ထွန်းတဲ့ ဓာတ်မီးနဲ့ ဓာတ်ခဲ ၃ လုံးအား တစ်ပြိုင်နက်တည်း ထွန်းတဲ့ ဓာတ်မီးတို့ အားကွာသလိုပေါ့။ ၃လုံးအားက ပိုလင်းလိမ့်မယ်။

ဒီလိုပါပဲ။ 64bits ကွန်ပြူတာရဲ့  အားသာချက်က Data Transfer မှာ မြန်ပါတယ်။ တစ်ခါတည်း RAM အများအပြား အလုပ်လုပ်မှုကြောင့် သီချင်းတွေဘာတွေ Flash Drive နဲ့ ကူးတဲ့အခါ ပိုမြန်တယ်။ 32 Bits ကျတော့ Data Transfer မှာ လုပ်ဆောင်ချက် နှေးတယ်။

64 bits မှာ အားနည်းချက်က 32 bits သိမ်းဆည်းမှုစနစ်သုံး
ပရိုဂရမ် များ၊ ဆော့ဖ်ဝဲများနဲ့ သုံးလို့ အဆင်မပြေပါဘူး။ ဒါကြောင့် 64 bits များက ဆော့ဖ်ဝဲရွေးတာပါ။ 16 bits program လည်း သုံးလို့ မရပါဘူး။

32 bis ကျတော့ ရပါတယ်။ ဆော့ဖ်ဝဲအချို့  ၊ ပရိုဂရမ်အချို့ က 32 bits system နဲ့ပဲ ထုတ်ကြပါတယ်။ ဒါကြောင့် 32 bits ကို Windows တို့ ယနေ့တိုင် ထုတ်လုပ်နေခြင်းပါ။ ဆက်လည်း ထုတ်အုံးမယ့်ပုံပါ။ 64 bits နောက်ပိုင်းပေါ်လာသည့်တိုင် 32 bits စနစ်က ပျောက်မသွားဘူး။ ယနေ့အထိ Windows Hardware တွေမှာ ခွဲခြား ထုတ်လုပ်နေဆဲပါပဲ။ ဒါကြောင့် အချို့ ဂိမ်းတွေ၊ ဆော့ဖ်ဝဲတွေ 32 bits နဲ့အလုပ်မလုပ်တာပါ။ 64 bits ဗားရှင်းကို သက်သက်ပြန်ရှာရပါတယ်။

ဒီတော့ ဘယ်ဟာပိုကောင်းတယ်လို့ တပ်အပ်ပြောလို့ မရတော့ပါဘူး။ ကျနော်တောင် အရင်တုန်းက ဂဏန်းများနဲ့ 64 bits က ပိုကောင်းတယ်လို့ သိထားတာ။ ခုတော့ နှစ်ခုလုံးမှာ သူ့ဟာကွက်တွေချည်းပါပဲ။ 32 bits RAM နဲ့ compact software production ရှိနေသေးသရွေ့ ပေါ့။ 63 bits မှာ Kernel Patch Protection ရတယ်။ 32 bits မှာမရဘူး။ ဒီလိုမျိုး အခြားကွဲပြားချက်တွေ အများကြီးရှိပါတယ်။

ဒီတော့ Microsoft က တရားဝင် ရေးသားထားတဲ့ 32 bits နဲ့ 64 bits ကွာခြားချက် အကြောင်းများကို အောက်ပါလခ့်မှာ ဝင်ရောက် ဖတ်ရှု ကြည့်နိုင် ပါတယ်။

http://support.microsoft.com/kb/946765

 အောင်ခမ်း (TSJ team)
---------------------------------------------------------------------------------------------- 
http://www.bluenavyblog.blogspot.com/2013/06/windows-32-bits-64-bit.html

အလိုက်မသိတဲ့ဂျပန်

Photo: အလိုက်မသိတဲ့ဂျပန်

အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိ အအေးဓါတ်ပေးနိုင်သော ရေခဲသေတ္တာ တမျိုးကို ဂျပန်တို့က တီထွင်လိုက်ကြသည်။

ဤ ရေခဲသေတ္တာ အထဲတွင် အကြာဆုံးနေနိုင်သူအား တိုရှီဘာ ကုပ္မဏီ ကို အလကားပေးမယ်ဟု ကြောငြာလိုက်၏။

ပထမဆုံးပြင်သစ်က မိမိအရင်ဝင်ထိုင်မည်ဟုပြော၏။

အမျိုးသမီးတဦးနဲ့ အရက် တစ်သေတ္တာ ပေးရန်လည်းတောင်းဆို၏။ဂျပန်တို့ ကလည်းခွင့်ပြု၍ ပြင်သစ်လဲဝင်ထိုင်လိုက်၏။

အနုတ် ၂၀၀ ဒီဂရီတွင် တစ်မိနစ်မျှအောင် ပင် မထိုင်နိုင်ပဲပြန်ထွက်လာ၏။

နောက် ရှရုားလူမျိုးမှ လည်း ဗော်လ်ကာ အရက် နှင့်သိုး.ကင်တခု ယူဆောင်ကာ ၀င်ထိုင်လိုက်၏။

အနုတ်ဒီဂရီ ၃၀၀ ခန့်တွင် ရှရုားလူမျိုးလည်း မခံနိုင်တော့ပဲ ချက်ချင်းဆိုသလို အော်ဟစ်ပီး ထွက်လာပြန်၏။

တိုအခါ မြန်မာ ကိုယ်စားလှယ်မှ မြန်မာ့ဆက်သွယ်ရေးမှရောင်းချပေးသောအင်တာနက်ဖုန်းတလုံးနှင့်လက်တော့ တစ်လုံးကိုကိုင်ကာ မိမိ ၀င်ထိုင်မည်ဟုပြော၏။

ဂျပန်တို့က လည်း အရက်ကောယူဦးမလားဟုမေး၏။

မြန်မာက.....နိုး။......ဟုပြောကာရေခဲသေတ္တာ ထဲဝင်ထိုင်လိုက်လေ၏။

အအေးဓါတ်ကို အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိနှိမ့်ချလိုက်သည်။

၁-နာရီကြာသွား၏။မြန်မာကားထွက်မလာ။သို့နှင့် ဂျပန်အချင်း၂ ပြောကြ၏။

" ဒီမြန်မာတော့ ရေခဲပီး သေနေလောက်ပီ ထင်တယ်။တံခါးဖွင့်ပီး သူ့ကို ထုတ်ကြရအောင်ဟေ့..." ..လို့ဆိုပီးဂျပန်တယောက်မှတံခါးကို ဖွင့်လိုက်လေ၏။

ထိုအခါ ချွှေးတလုံး၂ ဖြင့် ရေခဲသေတ္တာ အတွင်းမှ ထွက်လာသောမြန်မာက ဂျပန်၏ ခေါင်းကို တယ်လီဖုန်းဖြင့်ထုလိုက်၏။

နုတ်မှလည်း......

" အင်တာနက်လိုင်းမမိလို့ ချွှေးပြန်နေရတဲ့ကြားထဲ ဒီကောင်က တံခါးကို လာဖွင့်နေရသေးတယ်။အလိုက်ကန်းဆိုးလုံးဝ မသိတဲ့ အကောင်တဲ့..." 

..တိန်

ရီမောပျော်ရွှင်ပါစေ....

Lon Ely .........

အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိ အအေးဓါတ်ပေးနိုင်သော ရေခဲသေတ္တာ တမျိုးကို ဂျပန်တို့က တီထွင်လိုက်ကြသည်။ဤ ရေခဲသေတ္တာ အထဲတွင် အကြာဆုံးနေနိုင်သူအား တိုရှီဘာ ကုပ္မဏီ ကို အလကားပေးမယ်ဟု ကြောငြာလိုက်၏။
ပထမဆုံးပြင်သစ်က မိမိအရင်ဝင်ထိုင်မည်ဟုပြော၏။အမျိုးသမီးတဦးနဲ့ အရက် တစ်သေတ္တာ ပေးရန်လည်းတောင်းဆို၏။ဂျပန်တို့ ကလည်းခွင့်ပြု၍ ပြင်သစ်လဲဝင်ထိုင်လိုက်၏။
အနုတ် ၂၀၀ ဒီဂရီတွင် တစ်မိနစ်မျှအောင် ပင် မထိုင်နိုင်ပဲပြန်ထွက်လာ၏။

နောက် ရှရုားလူမျိုးမှ လည်း ဗော်လ်ကာ အရက် နှင့်သိုး.ကင်တခု ယူဆောင်ကာ ၀င်ထိုင်လိုက်၏။

အနုတ်ဒီဂရီ ၃၀၀ ခန့်တွင် ရှရုားလူမျိုးလည်း မခံနိုင်တော့ပဲ ချက်ချင်းဆိုသလို အော်ဟစ်ပီး ထွက်လာပြန်၏။

တိုအခါ မြန်မာ ကိုယ်စားလှယ်မှ မြန်မာ့ဆက်သွယ်ရေးမှရောင်းချပေးသောအင်တာနက်ဖုန်းတလုံးနှင့်လက်တော့ တစ်လုံးကိုကိုင်ကာ မိမိ ၀င်ထိုင်မည်ဟုပြော၏။

ဂျပန်တို့က လည်း အရက်ကောယူဦးမလားဟုမေး၏။

မြန်မာက.....နိုး။......ဟုပြောကာရေခဲသေတ္တာ ထဲဝင်ထိုင်လိုက်လေ၏။

အအေးဓါတ်ကို အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိနှိမ့်ချလိုက်သည်။

၁-နာရီကြာသွား၏။မြန်မာကားထွက်မလာ။သို့နှင့် ဂျပန်အချင်း၂ ပြောကြ၏။

" ဒီမြန်မာတော့ ရေခဲပီး သေနေလောက်ပီ ထင်တယ်။တံခါးဖွင့်ပီး သူ့ကို ထုတ်ကြရအောင်ဟေ့..." ..လို့ဆိုပီးဂျပန်တယောက်မှတံခါးကို ဖွင့်လိုက်လေ၏။

ထိုအခါ ချွှေးတလုံး၂ ဖြင့် ရေခဲသေတ္တာ အတွင်းမှ ထွက်လာသောမြန်မာက ဂျပန်၏ ခေါင်းကို တယ်လီဖုန်းဖြင့်ထုလိုက်၏။

နုတ်မှလည်း......

" အင်တာနက်လိုင်းမမိလို့ ချွှေးပြန်နေရတဲ့ကြားထဲ ဒီကောင်က တံခါးကို လာဖွင့်နေရသေးတယ်။အလိုက်ကန်းဆိုးလုံးဝ မသိတဲ့ အကောင်တဲ့..."

..တိန်

ရီမောပျော်ရွှင်ပါစေ....

Lon Ely .........

Monday, June 24, 2013

ကင်ဆာမဖြစ်အောင်နေထိုင်နည်း (၁၁)ချက်

 
Myanmar Online News
ကင်ဆာမဖြစ်အောင်နေထိုင်နည်း (၁၁)ချက်
Friday, June 21, 2013
ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ ဆရာဝန်တွေဟာ လူအား ငွေအား တွေအများကြီးသုံးကြပါတယ်။ ဒါပေမဲ့ ကင်ဆာမဖြစ်အောင် ဘယ်လို ရှောင်ရမယ် ဆိုတာ သူတို့ရဲ့ လူနာတွေကို ပြောပြဖို့ကျတော့ အချိန်သိပ်မပေးတတ်ကြဘူး။
ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ရှောင်လိုက်ရင် ကင်ဆာ အန္တရာယ် မှ ၈၀ % လျှော့ချပြီးသားဖြစ်ပါမယ်။
၁။ ဆေးလိပ်၊ ဆေးတံ သောက်ပါနဲ့။ ပြီးတော့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။
၂။ အဆီပေါတဲ့ ၊ အဆီများတဲ့ အစားအသောက်တွေကို ဖြတ်လိုက်ပါ။

၃။ အသီးအရွက် အစိမ်း (မချက်မပြုတ်ဘဲ စားလိုရတာ)တွေ အများကြီးစားပါ။
၎။ အမျှင်ပါတဲ့ Fiber အစားအသောက် နဲ့ လုံးတီးဆန် ၊ လုံးတီး ဂျုံတို့နဲ့ လုပ်တဲ့ အစားအစာတွေ အများကြီးစားပါ။
၅။ မလိုအပ်ဘဲ ဓာတ်မှန်တွေမရိုက်ပါနှင့်။
၆။ နေပူထဲမှာ အကြာကြီးမနေပါနဲ့။
၇။ လျှပ်စစ်ဓာတ်ကြိုးတွေအောက် ဒါမှမဟုတ် ဓာတ်ကြိုးတွေနဲ့နီးနီးမှာ ၊ ဓာတ်အားပေးစက်ရုံနဲ့ နီးနီးမှာ နေထိုင်တာမျိုး မလုပ်ပါနဲ့ လျှပ်စစ်အသုံးအဆာင် ပစ္စည်းတွေနဲ့ သိပ်ကပ်ပြီး ထိုင်တာ၊ အိပ်တာ တွေ မလုပ်ပါနဲ့။
၈။ အရသာ ထူးကဲစေတဲ့ ထပ်ဖြည့် ပစ္စည်းတွေ အများကြီးပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။
၉။ ကိုယ်အလေးချိန် ကိုထိန်းပါ။
၁၀။ အရက်ကို အနည်းဆုံးဖြစ်အောင်လျှော့သောက်ပါ။
၁၁။ အသားငါး ကျပ်တင်၊ ဆားနယ်၊ ဆားစိမ် ဒါမှမဟုတ် မီးကင်တွေ မစားပါနဲ့။
Health Update Journal

စိတ်ခွန်အားပေးသည့်စကားပုံများ

 
Burmese Treasure
စိတ်ခွန်အားပေးသည့်စကားပုံများ
====================
ရှံးနိမ့်မူကို လက်မခံနိုင်လျှင် အောင်နိုင်မှုမရနိင်။
အောင်မြင်မူသည် ခရီးစဉ်ဖြစ်သည်၊ ခရီးဆုံးမဟုတ်။
ရောက်ရှိသည့် ပန်းတိုင်သည် နောက်ပန်းတိုင်တစ်ခုရဲ့ တာတွက်ဖြစ်တယ်။
...
လူလိမ်တို့သည် ဘယ်တော့မှ မချမ်းသာ ။
အားလုံး ပင် နှစ် တစ်ရာအတွင်း သေဆုံးကြရမည့် သူအတူတူဖြစ်၏ ။
လူမိုက်နှင့်ငွေ အတူမနေ။
မည်သူမပြု မိမိမှု။
ပညာရှိသည် မိုက်ရူးရဲ မလုပ်။
ဇွန်းသည်ဟင်း၏ အရသာကို မခံစားနိုင်ပေ။
သုံးရက်လောက် စာမဖတ်လျှင် စကားတွေက အနှစ်သာရ မရှိ။
ဘ၀ဆိုတာ လိုတာချည်းပဲ ဘ၀ မဟုတ်ပါဘူး ၊ ရှိနေတာလဲ ဘ၀ပါပဲ။
ဆင်းရဲ တစ်ခါ ၊ ချမ်းသာတစ်လှဲ့ ၊ ရေစီးတစ်ခါ ၊ ရေသာတစ်လှဲ့။
ကိုယ့် ကြမ္မာ ကိုယ်ဖန်တီး သည် ။
ပျက်လျှင်အစဉ် ၊ ပြင်လျှင်ခဏ။
လေလွင့်ရာငှက်ငယ်

ကြည့်မှန်



နယူးယောက်မြို့ရှိ မိုးမျှော်အဆောက်အဦး ပိုင်ရှင်တစ်ဦးသည် လစဉ် ကုန်ကျသော ဓာတ်လှေကားပြုပြင်ခအတွက် စိတ်ဆင်းရဲနေရသည်။ အကြောင်းမှာ မြင့်မားသော အဆောက်အအုံဖြစ်သောကြောင့် ခလုတ်နှိပ်တိုင်း ချက်ချင်းရောက်မလာသောဓာတ်လှေကားကို လူတချို့က စိတ်မရှည်သဖြင့် ခလုတ်ကို ထပ်တလဲလဲနှိပ်ကြသောကြောင့်ဖြစ်သည်။
ခလုတ်မီးလင်းနေသည်ကိုတွေ့သော်လည်း၊ တခြားလူနှိပ်ထားပြီးဖြစ်သော်လည်း လူတချို့က မိမိ၏ထူးဆန်းသောလက်ညိုးနှင့်နှိပ်လိုက်ရမှ ဓာတ်လှေကား အမြန်ရောက်လာမည်ဟု ထင်တတ်ကြသည်။ သတိပေးစာများ ရေးကပ်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ နောက်ဆုံးတွင် အကြံဉာဏ်ပေးနိုင်သူအား ထိုက်တန်သောဆုချီးမြှင့်မည်ဟု ပိုင်ရှင်ကကြေညာလိုက်သည်။

စိတ်ပညာရှင်တစ်ဦးက ဓာတ်လှေကားရှေ့တွင် ကြည့်မှန်တစ်ချပ်တပ်ဆင်လိုက်မှ ပြဿနာမှာပြေလည်သွားခဲ့သည်။ အကြောင်းမှာ ဓာတ်လှေကား အသုံးပြုသူများက မိမိ၏ အလျင်စလိုနိုင်သောရုပ်ကို မှန်ထဲတွင်တွေ့ရသောကြောင့်ဖြစ်သည်။ မှန်ထဲကကိုယ့်ပုံကိုပြန်တွေ့မှ လူအများသည် စည်းကမ်းသိမ်မွေ့ သေဝပ်သွားတတ်ကြသည်။ လူအုံကြားထဲတိုးဝှေ့နေသူများပင် မှန်ရှေ့ရောက်လျှင် ယဉ်ကျေးကုန်ကြသည်။ စိတ်ရှည်ရှည်နှင့် လှေကားအလာကို စောင့်တတ်ကြသည်။ မှန်ကား ဤမျှ အစွမ်းထက်လှသည်။

တစ်ခါတရံ လူအများက ကြည့်ရဆိုးသော အမူအရာများကို တမင်လုပ်နေကြခြင်း မဟုတ်ပေ။ ထိုအမူအရာများကို ကိုယ်တိုင် မတွေ့မြင်ရ၍သာ လုပ်မိနေကြခြင်းဖြစ်သည်။ လူအဖြစ် ဖန်ဆင်းလာစဉ်က အဘယ်ကြောင့် မျက်စိနှစ်လုံးကို တစ်နေရာစီခွဲပြီး တစ်လုံးက တခြားလူကိုကြည့်ဖို့နှင့် ကျန်တစ်လုံးမှာ မိမိကိုယ့်ကိုယ်ကြည့်ဖို့အဖြင့် မဖန်ဆင်းခဲ့သနည်း။ ယခုအခါ မျက်လုံးနှစ်လုံးမှာ တခြားလူကိုကြည့်ရန်အတွက်ဖြစ်ပြီး အကယ်၍ မှန်သာမရှိခဲ့လျှင် လူများက ကိုယ့်ပုံစံကို ကိုယ်သိနိုင်ကြမည် မထင်ပေ။

“ငါ (self referent)” ဆိုတော့ အသုံးနှုန်းသည် နောက်ကျမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကလေးငယ်များသည် မှန်ထဲကပုံရိပ်မှာ မိမိဖြစ်ကြောင်းကို (၂နှစ်)သားခန့် အရွယ်ရောက်မှသိကြသည်။ ချင်ပန်ဇီမျောက်မှလွဲ၍ အခြားမျောက်များက မှန်ထဲမှကိုယ့်ပုံရိပ်ကို မသိကြချေ။ စမ်းသပ်မှုတစ်ခုတွင် တိရစ္ဆာန်များကို မေ့ဆေးပေးပြီး မျက်နှာကိုအနီမှတ်ဖြင့် ခြစ်လိုက်ကြသည်။ မေ့ဆေးပြယ်သောအခါ မှန်ထဲက မိမိပုံကို ကြည့်စေခဲ့သည်။ ချင်ပန်ဇီမျောက်က မှန်ကြည့်ပြီး ကိုယ့်မျက်နှာကို ပွတ်သပ်တတ်သည်မှလွဲ၍ အခြားအကောင်များက မိမိပုံရိပ်ကိုမသိကြချေ။ ဤစမ်းသပ်မှုကို ကြည့်ခြင်းအားဖြင့် မှန်ထဲက မိမိပုံရိပ်ကိုသိနိုင်ရန် မှတ်ဉာဏ် အရည်အချင်း မြင့်မားရမည်ဖြစ်ကြောင်းသိရသည်။

ပို၍ စိတ်ဝင်စားစရာကောင်းသော စမ်းသပ်မှုတစ်ခုက မျိုးမတူသောဥမှ ပေါက်ဖွားလာသော ငှက်ကလေးများသည် မိမိ၏မျိုးရိုးကို သိနိုင် မသိနိုင်ခြင်းပင်ဖြစ်သည်။ ပညာရှင်များက ကျွဲဇရက် (cowbird,starling)ဟု ခေါ်သော ငှက်ဥကို စာကလေးသိုက်ထဲ ထည့်ထားခဲ့သည်။ ဥမှ အကောင်ပေါက်သော် ကျွဲဇရက်က မိမိကိုယ်ကိုယ်စာကလေးဟု မထင်ခဲ့သည့်အပြင် မျိုးတူငှက်များနှင့်သာ မိတ်လိုက်ခဲ့သည်။ မိမိကိုယ်ကိုယ် စာကလေး မဟုတ်မှန်း မည်သို့ခွဲခြား သိနိုင်ခဲ့သနည်း.?

Cornell Universityရှိ စမ်းသပ်မှုတစ်ခုမှာ ဥမှပေါက်စ ကျွဲဇရက်အား အခြားငှက်များနှင့် ခွဲမွေးခဲ့သည်။ ထို့နောက် ငှက်အချို့၏ အမွှေးများအား အရောင်ဆိုးပေးပြီး ကျန်ငှက်များကို နဂိုအတိုင်းရှိစေသည်။ ခွဲမွေးထားသော ငှက်ကလေး(၂)လပြည့်သောအခါ အရောင်ဆိုးထားသောငှက်နှင့် မဆိုးထားသောငှက်များကြား လွှတ်ပေးလိုက်သည်။ ခွဲမွေးခံရသောငှက်မှာ မိမိနှင့်အရောင်တူသည့် ငှက်နှင့်သာနေကြောင်း တွေ့ခဲ့ရသည်။ စမ်းသပ်မှုကို ကြည့်ခြင်းအားဖြင့် ငှက်မှာ မိမိ၏အကျင့်နှင့်စရိုက်ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိခဲ့သည်။ ဦးနှောက်ထဲရှိ ပုံစံပြား (template)က အခြားငှက်များနှင့် မိမိကိုယ့်ကိုယ် နိုင်းယှဉ်ကြည့်နိုင်ခဲ့သည်။ ထို့ကြောင့် “မျိုးတူချင်းစု” ဆိုသောအရာများ ပေါ်ပေါက်လာခဲ့သည်။

ဤစမ်းသပ်မှုမှာ အလွန်အရေးပါသည်။ တိရစ္ဆာန်များက မိမိ၏အကျင့်စရိုက်နှင့် မိမိကိုယ်ကိုယ် သိမြင်နိုင်စွမ်းရှိသည်။ လူဖြစ်သော ကျွန်တော်တို့မှာမှု မျက်လုံးနှစ်လုံးစလုံးကို တခြားလူ၏မျက်ချေးကိုသာ ကြည့်ရန်ထားပြီး ကိုယ့်မျက်ချေးကို မမြင်တတ်ခဲ့ကြပေ။ သို့သော် ထိုအားနည်းချက်ကို "မှန်"က ဖြည့်ပေးခဲ့သည်။ အလွယ်ဆုံး ဥပမာတစ်ခုမှာ အိမ်ရှင်၏ခက်ထန်သော မျက်နှာကိုတွေ့မှ ရိုသေသိမ်မွေ့သွားတတ်သော အိမ်စေကဲ့သို့ပင်။ "မှန်"သည် လူသားတို့အတွက် အလွန်အရေးပါသောပစ္စည်းတစ်ခုဟုဆိုလျှင် မှားလိမ့်မည် မထင်ပေ။

မူရင်းစာရေးသူ“ဟုန်လန်”မှာ ထိုင်ဝမ်ကျွန်းရှိ National Yang Ming Universityမှ Neuroscience ဆရာမတစ်ဦးဖြစ်သည်။

http://city.udn.com/50643/1125012?tpno=0&cate_no=51561

နိုင်းနိုင်းစနေ (Wednesday, March 14, 2007)

“ ဒုက္ခပါပဲ ဒကာမကြီးရာ ”


သိပ်မကြာသေးမီ အချိန်ကတောရွာကလေးတစ်ရွာတွင် ဖြစ်ပွားခဲ့ပါသည်။ အိမ်တစ်အိမ်သည် အိမ်တက်မင်္ဂလာ အဖြစ်ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်လေးအား ဆွမ်းကျွေးပင့်ပြီး
တရားပွဲပြုလုပ်ပါသည်။

၎င်းအိမ်ကလေးသည် ယနေ့ခေတ်တွင် လူ့အခွင့်ရေး အထူးလေးစားသော ပါတီမှကျေးလက်ပါတီဌာနရုံးလေး နှင့် ကပ်ရက် တည်ရှိပါသည်။

၎င်းအိမ်တက် တရားပွဲသို့ ဘေးချင်းကပ်ရက် ပါတီဌာနရုံးမှ ပါတီဝင်များနှင့် ကျေးလက်ပါတီ ဦးဆောင်အမျိုးသမီးကြီးလည်း တရားနာလာရောက်ပါသည်။

ဆွမ်းဘုဉ်းပေးပြီးသောအခါဆရာတော်လေးသည်တရားပလ္လင်ပေါ်သို့တက်ရောက်ကာတရားဟောရန် ပြင်ပါတော့သည်။

တရားပွဲမစမီ အရင် ဆုံးငါးပါး သီလ ပေးပါသည်။သူတစ်ပါး အသက်အား သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ အရှင်ဘုရား.......................................................................................................................................................................................................................................................................................................................................စသဖြင့် အစဆုံး ရွတ်ဆိုစဉ်မှာပင်လူ့အခွင့်ရေးအလေးထားသူ အမျိုးသမီးကြီးမှ မတ်တပ်ထရပ်လိုက်ပါလေတော့သည်

အားလုံးလဲ ဘာရယ်မသိ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။အကြည့်အားလုံးကထိုအမျိုးသမီး ကြီးထံ သို့ စုပြုံ ရောက်ရှိသွားစဉ်မှာပင်

" ဘုန်းဘုန်း ဘုရား ဘုန်းဘုန်းရဲ့ ငါးပါးသီလ ထဲက တစ်ချို့ထဲသော အချက်လက်တွေကို တပည့်တော်မ ကန့်ကွက်ပါတယ်ဘုရား။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ လူ့အခွင့်ရေးနဲ့ မကိုက်ညီလို့ပါ။ "
ဟု ပြောလိုက်လေသည်။

လူအုပ်ကြီးမှသက်ပြင်းချသံများထွက်ပေါ်လာပြီးဘုန်းဘုန်းလဲမျက်လုံးပြူးသွားရရှာသည်။

" ဟမ် . . . ဘာလို့လဲ ဒကာမကြီးရဲ့ ဘယ်အချက်လက်တွေကများ နိုင်ငံတကာ လူ့အခွင့်ရေးနဲ့မကိုက်ညီပါသလဲ။ "

"ဒီလိုပါ ဘုရား သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ခိုင်းတယ် ဆိုရာမှာ နိုင်ငံတကာမှာက အရက် ဘီယာ အစရှိသည်တို့ကို အသက် (၁၈) နှစ်ပြည့်ရင် တရားဝင် သောက်သုံးခွင့်ပေးထားပါတယ်။ ဒီထဲမှာ ရှိနေတဲ့ သူတွေထဲမှာ အသက် (၁၈)နှစ်ပြည့်ပြီးသားတွေအများ ကြီး ပါပါတယ်။

ဒီတော့ ဒီလူတွေကို သေရည် သေရက် ရှောင်ကြဉ်ရမယ်လို့ဘုန်းဘုန်းတားမြစ်နေတာက နိုင်ငံတကာ လူ့အခွင့်ရေး နဲ့ မညီပါဘူး ဘုရား။သူတို့သောက်သုံးချင်ရင်သောက်သုံးသင့်ပါတယ်။ ဘုန်းဘုန်းမတားသင့်ပါဘူး။

နောက်ပြီးတော့ ကာမေသု မိစ္ဆာ ဆိုတဲ့ နေရာမှာ ဘုန်းဘုန်းဆိုလိုတာက ကိုယ့်ဇနီးမယား မဟုတ်တဲ့သူတွေနဲ့ လိင်မဆက်ဆံရ သလို ဖြစ်နေပါတယ်။

အချို့ သော အမတ်မင်းများဟာ ဆိုရင်ဖြင့် ကိုယ့်ဇနီး မယားမဟုတ်တောင်မှ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် လိင်ဆက်ဆံလို့ရအောင် ပြည့်တန်ဆာ ဥပေဒေတွေတောင်မှ လွှတ်တော်မှာ တင်သွင်းနေပါတယ်ဘုရား။

နောက်ပြီးတော့ နိုင်ငံတကာမှာ တရားဝင် မယူဘဲနဲ့living togetherအဖြစ်နဲ့ကလေးတွေရသည်ထိ လိင်ဆက်ဆံ နေခွင့်ရှိပါတယ်။

ဒီတော့ ကိုယ့်ဇနီး မယား မဟုတ်ဘဲနဲ့ တခြားသူနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခိုင်းတာဟာ နိုင်ငံတကာ လူ့အခွင့်ရေး နဲ့ မညီဘူးပါဘူး ဘုရား"

ထို့နောက် . . . . . ................................................
ထို့နောက် ...............................................
ထို့နောက် ......................................................
ထို အမျိုးသမီး ကြီးကား အထက်ပါ ကဲ့သို့ ချက်နှင့် လက်နှင့် ပြည့်ပြည့်စုံစုံ ပြောပြပြီး ပြန်ထိုင်သွားလေတော့သည်။

ဆရာတော်လေးသည်ကား ငါးပါးသီလကို ဆက်ပေးရကောင်းနိုးနိုး၊ တရားပွဲကို ဆက်ဟောရ ကောင်းနိုးနိုးနှင့် တခွန်းသော စကားကို
ရေရွတ်လိုက်ပါတော့သည်။

ဒုက္ခပါပဲ ဒကာမကြီးရာ ။

(စာကြွင်း ။ ။ အဲသလိုတွေဆို မခက်ကြ ပေဘူးလား။ )

( Just imaginary postFrom my friend's idea.) စိတ်ကူးသာ လျှင် ဖြစ်ပါတယ်။

credit to ကွန်းဇော် အညာမြေ။